Part...23

1.2K 74 10
                                    

For Unicode

အမှောင်ထုတို့ အုပ်စိုးနေတ​ဲ့ ညကောင်းကင်က ဒီနေ့မှ ပိုပြီးအကျည်းတန်နေသလို။
ပျားပန်းခတ်အောင် သွားလာလှုပ်ရှားနေတဲ့လူတွေနဲ့ ဆန့်ကျင်စွာ ကိုယ်ကပဲ အထီးကျန်နေရတာလား။နာကျင်နေရတာက ဘဝပဲလား။

ပိုင်လည်းမပိုင်သလို ဆိုင်လည်းမဆိုင်တဲ့လူတစ်ယောက်အတွက် အော်ဟစ်ငိုကြွေးဖို့ အခွင့်အရေးရော ကျွန်တော့်မှာရှိရဲ့လား။

နာကျင်လိုက်တာ။နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားမတတ်ဘဲ။သောက်ခဲ့တဲ့ မူးယစ်စေတဲ့အရာအမျိုးမျိုးက ကျွန်တော့်ကို ချာချာလည်အောင် မူးစေပေမယ့် သွက်သွက်ခါတဲ့ထိ ရူးအောင်တော့ မစွမ်းနိုင်ဘူးထင်ပါရဲ့။

ပုခုံးချင်းတိုက်မိလို့ ဒေါသထွက်ပြီးကျန်ခဲ့တဲ့လူတွေရဲ့ ဒေါသသံခပ်ပြင်းပြင်းနဲ့ နှာခေါင်းရှုံ့နေကြတဲ့လူတွေရဲ့ အကြည့်တွေ။လောလောဆယ်တော့ ချစ်ရသူရဲ့ အပြုံးတွေလောက် ကျွန်တော့်ကိုနာကျင်အောင်လုပ်နိုင်တဲ့အရာ မရှိသေးဘူးထင်ပါရဲ့။

"Hyungလည်း မင်းကို သိပ်ချစ်ခဲ့တာပဲလေ...ဘာလို့မမြင်ခဲ့တာလဲ။ဒါမှမဟုတ် မဖော်ပြမိတဲ့ ဒီလူရဲ့အမှားပဲလား"

လမ်းဆက်မလျှောက်နိုင်တော့တာကြောင့် လမ်းမီးတိုင်လေးအောက် ငုတ်တုတ်ထိုင်ရင်း နာကျင်မှုတွေကို စကားလုံးအဖြစ်ပြောင်းလဲပြီး နှုတ်ကထွက်စေကာ ချစ်ရသူကို တိုင်တည်ရင်း ကမ္ဘာကြီးကို ရင်ဖွင့်နေမိသည်။

"ဒါပေါ့...Hyungရဲ့အမှားပါပဲ။Hyungသိပ်ချစ်တဲ့ ကောင်ငယ်​ေလးက ဘယ်တုန်းကမှ မမှားခဲ့ပါဘူး...တကယ်ဆို ညီလေးတစ်ယောက်လိုပဲဖြူဖြူစင်စင်ချစ်ပေးခဲ့သင့်တာ...KimNamJoon မင်းအသုံးမကျတာ...မင်းပဲမှားနေတာ။မင်းကြောင့်..."

ကိုယ့်ကိုယ်ကိုယ်ထုရိုက်ရင်း အပြစ်ပြောနေမိသော်လည်း ခံစားရတာက တကယ်ကို စို့စို့နင့်နင့်။

"အား... ရင်ထဲကနာတယ်"

နှလုံးသားကို ဦးနှောက်က ​ေလှာင်ရယ်နေသည်။'အသုံးမကျတဲ့လူက နာကျင်ရမှာပေါ့'ဆိုလား။

"အဟက်"

ပြုံးလိုက်ရယ်လိုက်နှင့် အော်ဟစ်နေတ​ဲ့ အမူးသမားတစ်ယောက်ကို ဖြတ်သွားဖြတ်လာ လူအများကတော့ အထင်သေးသလို လက်ညှိုးထိုးသွားကြသည်။

We and Our cafe(Completed)Donde viven las historias. Descúbrelo ahora