Part...29

1.2K 84 31
                                    

For Unicode

ကွယ်လွန်သူဖခင်၏ ဓါတ်ပုံလေးကို အသက်မဲ့စွာကြည့်ရင်း TaeHyungတစ်ယောက် စိတ်လွတ်ကိုယ်လွတ် ထိုင်နေမိသည်။
အတွေးပေါင်းများစွာ၊ခံစားချက်ပေါင်းများစွာက သူ့ရင်ကို ဓါးနဲ့မွှန်းနေသည့်အတိုင်း။

"Hyung...ငိုချင်ရင်ငိုချလိုက်ပါ ထိန်းမထားပါနဲ့..."

နှစ်သိမ့်ပေးနေသည့် ညီငယ် Yoongiအား
TaeHyung အသက်မဲ့စွာ ပြုံးပြလိုက်သည်။

"Hyung လုံလောက်အောင် ငိုပြီးပါပြီ...အဆင်ပြေတာမလို့ စိတ်မပူနဲ့နော်"

ကြားထဲမှာ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စတွေအား ရှင်းရှင်းလင်းလင်းမသိလိုက်သူတို့မှာတော့ အဖြစ်အပျက်များကို လိုက်လို့ပင်မမှီတော့ပါ။

Hyungရဲ့အမျိုးသားကလည်း အလောတကြီး ဒေါနဲ့မာန်နဲ့ ရောက်ချလာသည်။ထို့နောက် သူတို့လမ်းညွှန်လိုက်သည့် Hyungတို့ရှိရာသို့ သွားသာသွားပြီး ပြန်ပေါ်မလာခဲ့။Namjoon Hyungဟာလည်း ချက်ချင်းပျောက်သွားသည်။
Namjoon Hyungရဲ့ ညီမလေးမှာတော့ အစ်ကိုမရှိလို့ ယောင်လည်လည်နှင့်။

နောက်ဆုံး ထိုနှစ်ယောက်စလုံးကို နှင်ထုတ်ပြီး ခါးခါးသီးသီးဖြစ်နေတဲ့ TaeHyungကိုမြင်လိုက်မှ Yoongiတို့ခမျာ အခြေအနေကို ရိပ်စားမိတော့သည်။

"TaeHyung...Noonaတို့ လိုအပ်တာလေးတွေ ခဏသွားဝယ်ဦးမယ်။မင်းရော ဘာမှဦးမလဲ"

ဧည့်သည်အမျိုးသမီးများ အနားရောက်လာမှ ကိုယ်လေးမတ်ကာ စကားပြောရင်း အဆင်ပြေချင်ယောင်ဆောင်နေသည့် TaeHyungကို ကြည့်ပြီး Jimin ခေါင်းယမ်းမိတော့သည်။

Hyungက သိုဝှက်လွန်းပါ၏။

"ငါHyungကို သနားလိုက်တာ Yoongiရယ်"

အိမ်ပြန်ရန် ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်နေရင်း Jimin စိတ်မကောင်းစွာ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က Hyungကို ပိုဂရုစိုက်ပေးရုံပေါ့။ဘယ်တတ်နိုင်ပါ့မလဲ..."

Jimin ပုခုံးလေးကို ပုတ်ကာ အားပေးရင်း ပြောနေသည့် Yoongiရဲ့လက်တွေက ပြန်လည်ဖယ်ရှားမသွားဘဲ ဖက်တွယ်လျက်ပင် တစ်သမတ်တည်းနေရာယူသွားသည်။

We and Our cafe(Completed)Where stories live. Discover now