Part...18

1.2K 82 0
                                    

For Unicode

"သားနဲ့သမီး စောစောအိပ်ကြနော်"

"ဟုတ်ကဲ့ ကျွန်တော်လည်း အိပ်တော့မလို့"

"သမီးရောပဲ မေမေ"

"ဟုတ်ပါပြီကွယ်...ဒါဆို အမေလည်း အိပ်ယာဝင်ပြီ"

မနက်ဖြန်အတွက် ကြိုပြီးအားမွေးထားရမှာကြောင့် ဒီနေ့တော့ စောစောအိပ်မှဖြစ်မည်။မနက်ဖြန်ဟာ NamJoonမိခင်ဖြစ်သူရဲ့ (၅၃)နှစ်ပြည့် မွေးနေ့မင်္ဂလာ။

အချမ်းသာကြီးမဟုတ်ပေမယ့် အမေ့ရဲ့အလိုကျ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ ကုသိုလ်ပြုဖို့ အဖေက စီစဉ်ပေးခဲ့သည်။အယောက်(၅၀)မကတဲ့ ဘိုးဘွားတွေရဲ့ ဝေယျာဝစ္စအနည်းငယ်အား တတ်နိုင်သလောက်ကူညီကြဖို့ သူတို့လူငယ်တွေ စဉ်းစားထားသည်။
ဒါ့ကြောင့်လည်း TaeHyungလေးတို့ကိုပါ ဖိတ်ကြားထားခဲ့ခြင်းပင်။

"ကိုကို...မနက်ဖြန်လာမယ့် ကိုကို့အသိတွေက ချောလားဟင်"

စပ်စပ်စုစုနဲ့ အနားကပ်ကာ သတင်းနှိုက်နေသည့် ညီမငယ်အား နားရွက်ကနေ လိမ်ဆွဲလိုက်တော့ အော်သံတွေက ပလုံစီလို့။

"အဲ့တာ ကလေးနဲ့ဆိုင်လား...ညည်းလေးနော် အစ်ကိုကို အစ်ကိုမှန်းသိ...ကြားလား...အရိုက်ခံရမယ်"

"အား...နာတယ်ကိုကိုရ...ညီမလေးက ဒီတိုင်းသိချင်လို့ မေးကြည့်တာကြီးကို ဟွန့်"

နားရွက်လေးကို ပွတ်ရင်း ရှုံ့တွနေတော့လည်း သူ့လက်များ ကြမ်းသွားသလားလို့ အားနာမိရသည်။

"ချောပါတယ်...နှစ်ယောက်က ညီမလေးနဲ့ ရွယ်တူလေ...ကျန်တဲ့တစ်ယောက်က ညီမလေးထက် နည်းနည်းပိုကြီးတယ်...ဘွဲ့ရပြီးသား"

"ဟုတ်လား...ဘယ်လိုပုံစံလေးတွေလည်း...ဟီးဟီး...ထပ်မဆွဲနဲ့နော်...ဒီတိုင်းစပ်စုကြည့်တာ"

နားနှစ်ဖက်ကို ကြိုအုပ်ကာ ကာကွယ်ထားသည့် မနိုင်စိန်လေးရဲ့ လွတ်နေတဲ့ နဖူးကိုတောက်လိုက်သည်။

"တစ်ယောက်က အသားဖြူဖြူ ခပ်အေးအေးနဲ့...တစ်ယောက်က ခန္ဓာကိုယ်သေးသေး စတိုင်မိုက်မိုက်လေး...သူတို့က ရွယ်တူဆိုတော့ အမြဲရန်ဖြစ်နေကြတာ...မနက်ဖြန်လည်း ဘယ်လိုသတ်ကြဦးမယ်မသိဘူး"

We and Our cafe(Completed)Where stories live. Discover now