Part...34

1.3K 82 14
                                    

For Unicode

ဒီကာလအတွင်း အရက်ပုလင်းထဲ အချိန်အတော်ကြာခေါင်းစိုက်ဖြစ်ခဲ့တာကြောင်​့ မသောက်ရသေးဘဲ မူးရိပ်ရိပ်ဖြစ်နေသည့်ခေါင်းအား လျစ်လျူရှုကာ ချိန်းဆိုထားသည့်နေရာသို့ သွားနေမိသည်။

တလှုပ်လှုပ်ကနေသည့်လူများနှင့် ရှုပ်ယှက်ခတ်နေသည့် Dancing floorကြီး။မြောက်မြားစွာသောလူများထဲမှ JiYoonByeolဆိုသည့် မိန်းမအား ရှာဖွေနေရသည်။

"Hello...ကိုယ်မင်းကိုရှာမတွေ့ဘူး။မင်းပဲကိုယ့်ဆီလာပေးမလား ကိုယ်ဘားကောင်တာမှာ"

မျက်စိတွေပါ နောက်လာသဖြင့် YoonByeolအား ဖုန်းသာဆက်လိုက်သည်။ကိုယ့်ဘက်က​ အကူညီတောင်းစရာရှိလို့လာခဲ့တာဖြစ်ပေမယ့် သိပ်တော့အောက်ကျို့မခံချင်။

(၃)မိနစ်လောက်အကြာတွင် JungKookထိုင်နေသည့်အနားသို့ရောက်လာသည့် ထိုမိန်းမပျို။

"ထူးထူးဆန်းဆန်းပါလား ချာတိတ်ရဲ့...ဘာပြောစရာရှိလို့လဲ။တို့အချိန်သိပ်မရလို့ မြန်မြန်ပြောနော်"

JungKook ဘေးခုံအား လက်ညှိုးထိုးကာ ပြလိုက်တော့ YoonByeolက ထိုနေရာမှဝင်ထိုင်သည်။

"ကိုယ်ပိုက်ဆံ နည်းနည်းလိုနေတယ် ... အဲ့တာ မင်းကိုယ့်ကို နည်းနည်းလောက်ချေးပေးနိုင်မလား။အခုက အရေးကြီးတဲ့အခြေအ​ေနမလို့ပါ...မဟုတ်ရင်  ကိုယ်လည်း မင်းနဲ့ငွေရေးကြေးရေးအကြောင်းမပြောချင်ပါဘူး"

"အမယ်လေး ချာတိတ်ရယ်...ပိုက်ဆံချေးတာကလည်း အကြောကြီးနဲ့။ထားပါ မင်းကဘယ်လောက်လိုလို့လဲ"

JungKook ဝိုင်ခွက်လေး၏ နှုတ်ခမ်းလေးအား အဝိုင်းလိုက်လေး လက်နဲ့ ပွတ်တိုက်နေမိသည်။ထို့နောက် ထိုခွက်ဆီမှ အကြည့်မလွှဲဘဲ...

"ဝမ်သိန်း(၁၀၀)"

JiYoonByeol မျက်ခုံးပင် ပင့်လိုက်မိသည်။ဒီကောင်လေး ဘယ်လိုဖြစ်လို့ ဒီလောက်များတဲ့ ပိုက်ဆံကိုလိုနေပါလိမ့်။

"မင်းအမျိုးသားဆီကမတောင်းဘူးလား"

"သူ့ကိုမသိစေချင်ဘူး"

သူများအိမ်ထောင်ရေးကိစ္စထဲ သိပ်ဝင်မပါချင်တာကြောင့် သူ(မ) ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။

We and Our cafe(Completed)Where stories live. Discover now