For Unicode
(၃)ပတ်၊(၃)ပတ်ရှိပြီဖြစ်သည်။ကျွန်တော့်ရဲ့ ဂျလေပီလေး ခြေငြိမ်နေသည်မှာ (၃)ပတ်နီးပါးပင်ရှိနေပြီ။အလုပ်ကြိုးစားသည်ဟု မဆိုနိုင်သော်ငြား အလုပ်မပျက်ဘဲ ပုံမှန်လုပ်နေသည်ဟု မောင့်သူငယ်ချင်းတွေက ကျွန်တော့်ကိုသတင်းပေးကြသည်။ဘယ်ချိန်လောက်ထိ လိမ္မာနေမလဲမသိပေမဲ့ အမြဲတမ်းအတွက် လိမ္မာနေဖို့သာ မျှော်လင့်မိပါရဲ့။
"TaeHyung မုန့်အတွက် ဂျုံမှုန့်နဲ့ တခြားလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ပြတ်နေတယ် မောင်လေး...Noonaတို့ ပြန်ဝယ်ဖို့ လိုနေပြီ"
"ဟုတ်သားပဲ ကျွန်တော် ဟိုရက်ကတောင် သတိရသေးတယ် ခုမှဘယ်လိုမေ့သွားတယ်မသိဘူး။ဒီလိုဆို မနက်ဖြန်ကျရင် ကျွန်တော်တို့ ဈေးဝယ်သွားကြရအောင်...ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပေးလို့ရမလား LiLi Noona"
"Noonaနဲ့ ChaeSoo အတူသွားပေးရမလား"
မနက်ဖြန် ပိတ်ရက်ဖြစ်တာကြောင့် ဈေးဝယ်သွားဖို့ သူ့အတွက်တော့ အဆင်ပြေသည်။Noonaအတွက် အဆင်မပြေမှာ စိုး၍ ခွင့်တောင်းကာ မေးမြန်းလိုက်တော့ လက်ခံရှာသည်။
Lili Noonaနဲ့ ChaeSoo Noonaတို့ဟာ သူ့ဆိုင်ကို အသစ်ရောက်လာသည့် ဝန်ထမ်းနှစ်ယောက်။
ဝန်ထမ်းတစ်ယောက်သာ လိုအပ်ခဲ့ပေမဲ့ ညီအစ်မနှစ်ယောက်လုံး အတူတူအလုပ်လုပ်ပါရစေဟုဆိုလာတာကြောင့် လစာအနည်းငယ်လျှော့ကာ နှစ်ယောက်လုံးကို အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်။
နှစ်ယောက်လုံးက အလုပ်အတွေ့အကြုံရှိသူတွေ့ဖြစ်လို့ အဖျော်ပိုင်းမှာရော မုန့်လုပ်ရာမှာရော ကျွမ်းကျင်လှသည်။"ရပါတယ် ကျွန်တော်လည်း လိုက်ခဲ့ပါ့မယ်"
Taehyung ပြုံးကာ ပြောလိုက်တော့ Noonaဟာလည်း သဘောတကျပြုံးသည်။
"ဒါဆို Noonaအလုပ်ဆက်လုပ်လိုက်အုံးမယ်နော်"
"ဟုတ် Noona"
Noonaတို့ ဆိုမှ မောင့်ကို သတိရမိပြန်သည်။Noonaတို့ကို အလုပ်ခန့်စက အသက်ကြီးကြီးဝန်ထမ်းကို မခန့်ဘဲ လူငယ်တွေကို ခန့်ရမလားဟုဆိုကာ NamJoon Hyungကို ပတ်ရမ်းပြီး ပြဿနာရှာခဲ့တဲ့ သူ့ရဲ့ မောင်။
တကယ်ဆို Noonaတို့ဟာလည်း အသက်(၃၀)ပြည့်ပြီးသား အမျိုးသမီးတွေပင်။ဒါကို လူငယ်ဟုဆိုကာ မကြည်မလင်ဖြစ်ခဲ့သေးသည်။
VOUS LISEZ
We and Our cafe(Completed)
Fanfictionမင်းရယ် ကျွန်တော်ရယ် ကျွန်တော်တို့ Cafeလေးရယ်... OTP-TaeKook(Not SE) JungKook × Taehyung × NamJoon Started date-8.12.2021 End date-3.10.2022 Idol imageကို ထိခိုက်စေဖို့မရည်ရွယ်ပါ။ ကြမ်းတမ်းတဲ့စကားတွေကြောင့် အဆင်မပြေဖြစ်ခဲ့ရင် wp messengerမှာဖြစ်စေ၊F...