Part...4

2K 128 26
                                    

For Unicode

Jung kook အရုပ်လေးနဲ့တူတဲ့ ထိုကောင်လေးရဲ့ Cafeကို ထပ်သွားဖို့ပြင်ဆင်နေသည်။မနေ့က သူသွားတုန်းကတော့ ကောင်လေးကရှိမနေ။ဘယ်ချိန်လာမလဲဆိုပြီး စောင့်နေရတာ (၃)နာရီလောက် အချိန်ကုန်သွားခဲ့ပေမဲ့ ကောင်လေးကပေါ်မလာ။ဒါ့ကြောင်​့ စိတ်ရှုပ်ရှုပ်နဲ့သာ ပြန်လာခဲ့ရသည်။ဒီနေ့တော့ ကောင်လေးရှိကောင်းပါရဲ့။

ပြင်ဆင်ပြီးနောက် အပြီးသတ်အနေနဲ့ ဘယ်ဘက်လက်လေးတွင် ပလက်တီနမ်ဟန်းချိန်းလေးကို ဝင်ဆင်ကာ အခန်းထဲကထွက်လာလိုက်သည်။အတူနေတဲ့ Hoseokနဲ့ SeokJinကလည်း အလုပ်သွားပြီမလို့ အိမ်မှာ သူတစ်ယောက်တည်း။သူတို့သူငယ်ချင်း (၃)ယောက်က Hoseokအိမ်တွင် အတူတူနေကြခြင်းပင်။

သူတွေးမိသည်။သူ့သူငယ်ချင်းနှစ်ယောက်က Clubဖွင့်တဲ့အချိန်ကတည်းက ခြေ​ငြိမ်သွားပြီး အလုပ်မှာပဲ အာရုံစိုက်နေကြတာ။အလုပ်လုပ်ရတာ ဘယ်လောက်များ စိတ်ဝင်စားစရာကောင်းလို​့ပါလိမ့်။သူကတော့ စိတ်မဝင်စားပါ။လူတစ်ယောက်နဲ့တစ်ယောက် ဝါသနာပါရာချင်း မတူလို့လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။

အိမ်မှာလူမရှိတာကြောင်​့ အိမ်တံခါးကို သော့သေချာခတ်ကာ ကားဂိုဒေါင်ထဲက သူ့ရဲ့ ဆိုင်ကယ်အနက်ရောင်လေးကို ထုတ်ယူလိုက်သည်။ထို့နောက် ဆိုင်ကယ်စီးဦးထုပ်ကို အကျအနတပ်ဆင်ပြီး ဆိုင်ကယ်အနက်လေးကို စီးနင်းကာ ခြံထဲမှ ထွက်ခွာလာခဲ့သည်။ဒါပေမ​ဲ့ အိမ်တံခါးပိတ်ပြီးနောက် ခြံတံခါးကို ထပ်ပိတ်ရပြန်တာက အလုပ်တစ်ခု။ဆိုင်ကယ်ကိုမရပ်တမ်းစီးသွားချင်ပေမဲ့ SeokJinရဲ့အမိန့်အရ ခြံတံခါးရော၊အိမ်တံခါးကိုပါ သေချာပိတ်ရသည်။မပိတ်ရင် ပြောလို့ပြီးမှာမဟုတ်တော့။အိမ်ရှင်Hoseokတောင် သူ့လောက်ပွစိပွစိမပြောတတ်ဘူး။

ဝူး...ဝူး...ဝူး

လီဗာကို အရှိန်ပြင်းပြင်းဆွဲကာ စက်နှိုးလိုက်တော့ ထွက်ပေါ်လာတဲ့ဆိုင်ကယ်သံက တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ဆူညံသွားစေသည်။

ထို့နောက် အရှိန်ပြင်းပြင်း ထွက်ခွာသွားတဲ့ အနက်ရောင်ဆိုင်ကယ်လေး။ထိုဆိုင်ကယ်လေးက မောင်းနှင်သူရဲ့ လက်ထဲမှာတော့ လေဟုန်ဆန်ပြီး ပျံသန်းနေတဲ့ ငှက်တစ်ကောင်အလား။တစ်လမ်းပြီးတစ်လမ်း ဖြတ်မောင်းလာပြီး နောက်ဆုံးတွင် ရည်ရွယ်ရာနေရာသို့ ရောက်ရှိလာခဲ့လေပြီ။

We and Our cafe(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ