Final1

1.9K 80 5
                                    

For Unicode

ကိုယ့်ရဲ့အမျိုးအဆွေတွေနဲ့ အဆင်ပြေပြေရှိနေပြီး စကားကောင်းနေတဲ့ Hyung ကို Taehyung မပြုံးမရယ်ကြည့်နေမိသည်။
Hyungဟာ ကိုယ့်ကို ဒီလောက်ထိအလေးနက်ထားပြီး ဂရုစိုက်ပေးခဲ့တာပါလား။

"မင်းက Taehyungနဲ့ရင်းနှီးတာကြာပြီလား"

"ဟုတ်အဘွား တစ်နှစ်ကျော်ပါပြီ"

ယဉ်ယဉ်ကျေးကျေးပြန်လည်ဖြေကြားတဲ့ Hyungကို အဘွားက အသိအမှတ်ပြုကြောင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
အစ်မတွေနဲ့ အဒေါ်တွေကလည်း Hyungကို နှုတ်ဆက်ရင်း စကားစမြည်ပြော၏။

လူကြီးတွေနဲ့စကားပြောနေသည့် Hyungက တစ်ချက်တစ်ချက် Taehyungကို လှည့်ပြီး အကဲခတ်သည်။

Taehyung...Hyungကို မြို့ထဲမှာ တွေ့လာခဲ့တာ။Hyungလားလို့ တွေးရင်း တကယ်Hyungဖြစ်နေတော့ အံ့ဩတကြီးဖြစ်ရသေး၏။တည်းခိုခန်းမှာတည်းနေကြောင်းကိုသိလိုက်ရတော့ အိမ်ကိုသာခေါ်လာမိ၏။Hyungက ကိုယ့်ဆီ လိုက်လာခဲ့သူမလား။

Taehyung ဧည့်ခန်းထဲမှ ထွက်ကာ အိမ်နောက်ဖေး သစ်ပင်ရိပ်အောက်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေမိသည်။

ရင်ထဲကနာကျင်မှုတွေကို အနည်ထိုင်ပြီထင်ခဲ့တာ။လက်တွေ့မှာတော့ တက်တက်စင်အောင်လွဲသည်။Hyungကိုတွေ့လိုက်ရရုံနဲ့ မေ့ထားခဲ့တဲ့အဖြစ်အပျက်တွေက ဦး​ေနှာက်ထဲကို အစီအရီရောက်ရှိလာပြီး အိပ်မက်ဆိုးတွေ ပြန်လည်ပုံပေါ်လာ၏။

ဟုတ်ပါသည်။အရာအားလုံးရဲ့ တရားခံဟာ မောင်သာ။သိပ်ကိုချစ်ပေးခဲ့သလို ဆိုးဝါးတဲ့အဖြစ်အပျက်တွေကိုလည်း ဖန်တီးပေးခဲ့သူ။မောင်နဲ့တွေ့ဆုံခဲ့ခြင်းတွေကို Taehyung ဖျက်ဆီးပစ်လိုက်ချင်သည်။

နာကျည်းရတဲ့ မောင့်အတွက် Taehyungဆီမှာ အချစ်တွေရှိနေဦးမလား။ဒီမေးခွန်းရဲ့အဖြေကို Taehyungမသိသလို သိလည်းမသိချင်။

"Bearလေး..."

NamJoon အိမ်ရှင်တို့အားခွင့်တောင်းကာ ကောင်ငယ်လေးရှိရာသို့ လိုက်လာခဲ့သည်။နာမ်စားလေးအား ခေါ်ဆိုလိုက်တော့ မော့ကြည့်လာသည့် မျက်ဝန်းအိမ်မှာ ပုလဲတို့ခလို့။

We and Our cafe(Completed)Where stories live. Discover now