Part...31

1.2K 81 7
                                    

For Unicode

ကျွီ...

တံခါးဖွင့်သံ မတိုးမကျယ်က တိတ်ဆိတ်နေသည့် ဧည့်ခန်းလေးတွင် သဲ့သဲ့ကြားနေရသည်။

Jungkook ပင်ပန်းနေပြီဖြစ်၍ အနားယူရန် အခန်းထဲသို့ တန်းဝင်လာလိုက်သည်။နာရီကြည့်တော့လည်း (၁၁)နာရီပင် အတော်ကျော်လွန်နေပြီ။

"အချစ်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီပဲ"

အိပ်မောကျနေသည့် ချစ်ခင်ပွန်း၏ နှာတံသွယ်သွယ်အား နှုတ်ခမ်းလေးနှင့်ထိကာ နမ်းရှိုက်ရန်အလို့ငှာ အနားသို့ တိုးကပ်လိုက်၏။

ရွှတ်...

"ဟင်..."

အသံနှစ်ခုက တစ်ပြိုက်နက်ထွက်ပေါ်လာသည်။TaeHyung၏အသားလေးဟာ ပူခြစ်နေပြီး အဖျားတက်နေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် Jungkookအံ့အားသင့်မိသည်။

"အချစ်က တကယ်နေမကောင်းတာလား..."

လိုအပ်တာထက် ကို်ယ်ပူတက်ပြီး ချွေးစေးတွေပြန်နေတဲ့ ကိုယ်ငယ်ကြောင့် Jungkookမှာ ခြေမကိုင်မိလက်မကိုင်မိ။အအေးပတ်တာဖြစ်မည်။

ပင်ပန်းလို့နားမည်ဟု တွေးထားတာတောင် မေ့ပျောက်သွားရသည်။

'အဖျားတက်နေသူအား ကိုယ်ပူကျအောင် လုပ်နည်း'

အင်တာနက်မှ နည်းလမ်းတွေရှာဖတ်ကာ အချစ်သက်သာအောင်လုပ်ဖို့ ကြိုးစားရသည်။

"ရေပတ်...ရေပတ်တိုက်ရမယ်...နေပါဦး ဘာနဲ့တိုက်ရမလဲ။ တဘက်နဲ့လား"

ပျာယာခတ်နေသည့် Jungkookမှာ ရေချိုးခန်းထဲမှာ တဘက်နဲ့ ရေကိုယူကာ TaeHyungအိပ်နေသည့်နားအသွား ရေတွေဖိတ်စင်ကျလို့ ဘောင်းဘီအောက်ဖျားတွေလည်း စိုစွတ်နေလေပြီ။ကုတင်နဲ့ တိုက်မိသဖြင့် ညာဘက်ခြေထောက်ဟာလည်း အောင့်သက်သက်။

"အင်း...မောင်လား..."

"ဟုတ်တယ် မောင်နော် အချစ်။ခဏလေး မောင် အချစ်သက်သာအောင်လုပ်ပေးမယ်..."

"မောင် မျက်လုံးတွေစပ်တယ်...ခေါင်းလည်းကိုက်တယ်"

မျက်ရည်ပူတွေကျနေသည့် TaeHyung။ထိုမျက်ရည်တွေကို Jungkook ခပ်ဖွဖွသုတ်ပေးကာ မျက်နှာလေးတွေကိုပါ ရေပတ်တိုက်ပေးမိသည်။တစ်ကိုယ်လုံး ရေပတ်တိုက်ပြီးသည့်နောက် အဝတ်လဲပြီးသည်အထိ အချစ်က ငြိမ်ငြိမ်လေးနေပေး၏။

We and Our cafe(Completed)Where stories live. Discover now