Part...35

1.3K 83 12
                                    

For Unicode

ညတစ်နာရီနီးပါးအချိန်တွင် Taehyung တစ်ရေးနိုးခဲ့သည်။ဆိုင်မှာပင်ရှိနေသေးကြောင့် သတိရမိ၍ ရုတ်တရက်ထကာ မတ်တပ်ရပ်လိုက်ချိန် ဆူညံသွားသည့်ခုံသံကြောင့် အရှေ့မှလူက လှုပ်ယွလာသည်။

"JeonJungKook..."

အံ့အံ့ဩဩ ရေရွတ်လိုက်မိသည်။
ထိုလူဟာ ဘယ်အချိန်ကတည်းက Taehyungအနား ရောက်​ေနခဲ့တာလဲ။

"နိုးပြီလား Hyung...အိမ်ပြန်ကြမယ်နော်"

အိပ်ချင်မူးတူးထလာကာ Taehyungလက်ကို ဆုပ်ကိုင်သည်။

သူ့ရဲ့လက်ထဲမှရုန်းကာ ဖယ်ချလိုက်သည့် TaeHyungကြောင့် JungKookဝမ်းနည်းမိသော်လည်း မချိပြုံးလေးပြုံးမိ၏။

"နောက်ကျနေပြီ ငါဒီမှာပဲ အိပ်လိုက်တော့မယ် မင်းဘာမင်းပြန်"

"ဟင့်အင်း ဒါဆို ကိုယ်လည်း Hyungနဲ့ အတူနေမယ်နော်"

ဘာမှတုံ့ပြန်မှုမပေးသော်ငြား ငြင်းဆန်စကားလည်း မပြောလေတာကြောင့် JungKookကျေနပ်မိသည်။သူနဲ့မျက်နှာချင်းဆိုင်မှ ထွက်ခွာကာ ဆန့်ကျင်ဘက်ဝိုင်းမှာ ပြောင်းထိုင်ပြီး ကျောခိုင်းသွားသည့် သူ့ရဲ့ မာနမင်းသားလေး။

ကိုယ့်ကို အရွဲ့တိုက်ချင်တာ တစ်ခုတည်းနဲ့ အပင်ပန်းခံရသလားလို့ JungKookကို တွေးမိလိုက်တိုင်း ဆူပူလိုက်ချင်သည်။

"အိပ်ပျော်အောင်အိပ်နော် Hyung...ကိုယ် Hyungကို အရမ်းချစ်တယ်။ကိုယ့်ကို ယုံပါနော်"

Taehyung မောင့်စကားသံကို ကြားသော်လည်း လျစ်လျူရှုလိုက်သည်။ဘယ်ဘက်ပါးပေါ်တွင် ကျဆင်းလာသည့် မျက်ရည်စလေးအား အလျင်အမြန်ဖယ်ရှားလိုက်၏။

မင်းကိုငါ ခွင့်မလွှတ်နိုင်သေးဘူး မောင်။

မိနစ်ခြောက်ဆယ်ထက်မနည်း ကြာညောင်းခဲ့သည့် အချိန်တွင် Taehyung တစ်ဖန်ပြန်လည်ကာ အိပ်စက်ဖြစ်ခဲ့သည်။

Taehyungရဲ့ ရှေ့သို့ ပြောင်းရွေ့လာခဲ့သူဟာလည်း ငိုက်မြည်းလို့နေပြီ။အိပ်ပျော်သွားပြီဖြစ်သည့် ချစ်ရသူအား အကဲခတ်ကာ JungKookလည်း စိတ်ချလက်ချ အိပ်စက်တော့မည်။

...

NamJoon ဖုန်းလေးကိုကိုင်ကာ ထိုင်မရထမရဖြစ်နေ၏။တဒီီဒီမြည်နေတဲ့ ဖုန်းလေးအား ဆုပ်ကိုင်ရင်း ပြောရမည့်စကားလုံးတို့ကို စာစီနေမိသည်။

We and Our cafe(Completed)Where stories live. Discover now