'Book Announcement'

2.6K 124 11
                                    


hello! မင်္ဂလာပါ

အားလုံးကို "1945ခုနစ်များမှ" ကြိုဆိုပါတယ်...

_____________________

စာရေးသူ po_flo ပါ။ အကြာကြီးနေမှ 1945ခုနစ်များသို့ သေးငယ်တဲ့လက်ဆောင်နဲ့အတူ ပြန်လည်ရောက်ရှိလာပါတယ်။
ဒါကတော့...

1945 လေးဟာ အိပ်မက်တွေလိုပါပဲ... နောက်ဆုံးတော့ စာရွက်သားတွေပေါ်မှာ အကျအနနေရာယူကာ စာအုပ်တစ်အုပ်အဖြစ်နဲ့ တည်ရှိလာတော့မှာပါ။
"I'll be there in 1945" ကို စာအုပ်အဖြစ်နဲ့ ကြိုးစားထားပါတယ်။

.

***********

.
.

ဒီလိုကာလမှာ စာအုပ်အဖြစ်ကိုမျော်လင့်ခဲ့မိလို့ များစွာအားနာရပါတယ်။ poလည်း အခြေအနေအမျိုးမျိုးကြောင့် စာဆက်မရေးတော့တာလည်း ကြာပါပြီ။ 1945နဲ့ပဲ wpထဲစရောက်ခဲ့သလို အခုလည်း 1945ကြောင့်ပဲ wpထဲပြန်လာစေခဲ့ပါတယ်။

မမေ့လျော့ပဲ မှတ်မိပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ လှပပြီးအဖိုးတန်တဲ့ ထပ်တူခံစားမှုလေးတွေကို 1945လေးအပေါ် မျှဝေပေးကြလို့လည်း ကျေးဇူးပါ။

စာအုပ်လေးကို သိမ်းပြီးဖတ်မယ့်သူတွေ ရှိမယ်လို့လည်း မျှော်လင့်မိပါတယ်။

.

***************

.

စာအုပ်အကြောင်းပြောရရင်တော့....

po စာအုပ်ထုတ်ဖို့ကမ်းလှမ်းတာအချို့ကိုလည်း အရင်က ဝမ်းနည်းစွာငြင်းခဲ့ပါတယ်။ အကြောင်းကတော့ 1945လေးကို စာအုပ်အဖြစ်မရည်ရွယ်ခဲ့တဲ့အပြင် စာအုပ်အဖြစ် လိုအပ်ချက်များစွာရှိပါတယ်။
1945က ရိုးရှင်းတဲ့ဇာတ်အိမ်နဲ့ Art Film ပုံစံတွေးပြီး ရေးသားပုံဖော်ထားတာမို့ စာမျက်နှာအရေအတွက်လည်းနည်းပါတယ်။
poအတွက်တော့ ဒါက fiction တပုဒ်မဟုတ်ပါဘူး။ ခံစားပြီးတွေးပြီး ပုံဖော်ထားရတဲ့ စာသားတွေနဲ့ art တစ်ခုပါ။
အခုအချိန်အထိလည်း ပြန်ဖတ်တိုင်းပြန်ပြီးပုံရိပ်တွေ မြင်ယောင်နေဆဲပါ...

(အများစု feedback ပြန်ပေးကြသလို wattpadမှာ မတွေ့ရတဲ့ပုံစံလို့ပြောကြလို့ poလည်း စာအုပ်အဖြစ်နဲ့ဆို ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ တွေးကြည့်ပြီး ရင်ခုန်မိပါတယ် ဒါကတော့ စကားချပ်ပါ )

I'll Be There In 1945... [completed]Where stories live. Discover now