PART 19 (final 💙) uni

11K 727 84
                                    


၁၉၆၅ခုနှစ်

မင်းမရှိတဲ့အချိန် ကိုယ့်အနားမှာ ပန်းလေးတစ်ပွင့်တောင်မပွင့်တော့ပါ...။

ငေးကြည့်နေတဲ့မျက်ဝန်းတွေ မရှိတော့တဲ့အခိုက်အတန့် ကိုယ်အချိန်နဲ့အမျှပြေးလွှားနေခဲ့တယ်...။

အချိန်တွေရဲ့အခြားတဖက်မှာ ကိုယ့်ကိုစောင့်နေမှာလား ဟန်...။

အခုအချိန် အနာဂတ်မှာရှိနေမယ့်အချိန်တွေက ထပ်တူစီးဆင်းနေမယ်ဆိုရင် မင်းရောကိုယ့်ကိုလွမ်းနေမှာလား ဟန်...။

.......................

တခါတလေ ကိုယ်စိတ်ညစ်တဲ့အခါ ခါးသပ်သပ်ဝိုင်တွေအစား အရက်ပြင်းပြင်းတွေပဲသောက်နေမိတယ်။
ဒါတွေက မူးဖို့အချိန်ပိုမြန်စေတယ်လေ။

တခါတလေမှ မင်းကိုသတိရမိလောက်အောင် အလုပ်တွေဖိလုပ်ရင်း ကိုယ်ကုန်ဆုံးနေပါတယ်။

မင်းနဲ့လဲလှယ်ခဲ့ရတဲ့အရာတွေအတွက် ကိုယ်အရှုံးသမားမဖြစ်ချင်ခဲ့လို့...။

မင်းအတွက် သူရဲဘောင်ကြောင်တဲ့ကောင် တစ်ယောက်ဆိုရင်ပဲလုံလောက်နေပါပြီ။

အကယ်၍သာ မင်းရှိရာဆီ ရောက်နိုင်ခဲ့မယ်ဆိုရင် ကြယ်ပေါင်းသန်းပေါင်းများစွာကိုလည်း ကိုယ်ရေတွက်နိုင်ပါတယ်... စွမ်းနိုင်ခဲ့မယ်ဆိုရင်ပေါ့...

ညတိုင်းမှာတော့ မင်းပေးခဲ့တဲ့ မွတ်သိပ်တဲ့အနမ်းတွေကို လွမ်းနေရမယ့်အစား...အပြစ်တစ်ခုသာချမှတ်ပေးပါလို့ ကြယ်တွေဆီအော်ပြောနေမိတယ်...

ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ချစ်တဲ့သူ ရှိနေသ၍ အသက်ရှင်နေနိုင်သေးတယ်။
အသက်မရှင်ချင်တော့တဲ့အခိုက်အတန့်ဆိုတာ အချစ်ကိုမမြင်တော့တဲ့အခါမှာ ဖြစ်တည်တယ်။
မင်းဆက်ပြီးရှင်သန်နေသေးမယ်လို့ ကိုယ်ယုံကြည်တယ်။
ကိုယ်မမြင်နိုင်တဲ့နေရာတခုမှာပေါ့...။

အမြဲတမ်း ရုတ်တရတ်ဆိုသလို ငါ့ရှေ့ရောက်ချလာတတ်ခဲ့တဲ့မင်းကြောင့် အခုတော့ မကုန်ဆုံးနိုင်တဲ့ မျှော်လင့်မှုတွေနဲ့ ငါဟာရစ်တွယ်လျက်...

ဒီနှစ်ကော မင်းရောက်လာမလား... မိုးတွေရွာတဲ့အခါများ မင်းတစ်နေရာရာက ငါ့ကိုကြည့်နေမလား...

I'll Be There In 1945... [completed]Where stories live. Discover now