PART 6(uni) romanceတို့၏အဆက်💝

8.3K 911 2
                                    


"ဟိုမှာ ဗိုလ်ကြီး အဲဒါ ဓူဝံကြယ်... ဒါနဲ့ ဗိုလ်ကြီးသိလား ဓူဝံကြယ်က ကြယ်စုံတွဲဆိုတာ သူက ကြယ်သေးသေးလေးတစ်လုံးနဲ့ အမြဲတမ်း အပြန်အလှန် လှည့်ပတ်နေတာတဲ့... အမြဲတမ်းအတူရှိနေလို့ ကျွန်တော်တို့က တစ်ခုတည်းလို့ပဲ မြင်ရတာနဲ့ တူတယ်နော်"

"အင်း..."

"ပြီးတော့... ဟိုမှာက ခွေးကြယ် ပြီးတော့ မေထုန်ကြယ်စုထဲက ပေါလပ်စ်ကြယ် အဲဒါတွေက နေထက်အဆပေါင်းများစွာကြီးတယ်။ သူတို့ကို ဇန်နဝါရီကနေ မတ်လလောက်ထိ တောင်ဘက်ကောင်းကင်ယံမှာတွေ့နိုင်တယ်တဲ့"

"အင်းး... ပြီးတော့ ခွေးကြယ်ရဲ့အပေါ်ဘက်မှာရှိတဲ့ မုဆိုးကြီးတာရာထဲက ဘီးတဲလ်ဂုစ် ကြယ်ကြီးဆိုလည်း နေထက် အဆပေါင်းတစ်ထောင်ကျော်တယ်တဲ့"
"သူတို့ဆီမှာလည်း ကျွန်တော်တို့လို သက်ရှိတွေရှိနေကြမှာပဲ"

"အဲဒါဆို ဟိုနားက ကြယ်ကရော"

"အာ... အဲ့ဒါတော့မသိဘူး"

"ဟက်! အကုန်သိသလိုလိုနဲ့"

သူကတော့ မှောင်မိုက်စွာအုပ်မိုးထားတဲ့ အနက်ရောင်ပဝါလှလှတချက်ပေါ် လက်ညိုးတထိုးထိုးနဲ့ အပ်ပေါက်ရာလေးတွေအကြောင်းပြောပြနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး နှစ်ခြိုက်စွာရယ်မောနေခဲ့တယ်။
သူ့ကိုကြည့်ပြီး ကျွန်တော်လည်း ထပ်တူကျစွာ လိုက်ပြုံးနေမိတယ်။
အဲဒီညက ကျွန်တော်တို့စကားတွေအများကြီးဖွင့်ဟခဲ့ကြတယ်။ ဘယ်သူအရင်အိပ်ပျော်သွားလည်း မမှတ်မိလောက်အောင်...
သူက သူ့ဘဝတလျှောက် ရယ်မောစရာတွေ ဗိုလ်သင်တန်းသွားတက်တုန်းကအကြောင်းတွေ ရှေ့ဆက်လုပ်ဖို့ သူမျှော်မှန်းထားတဲ့ နိုင်ငံရေးအကြောင်းတွေ သူကျွန်တော့်ကိုပေါ့ပါးစွာပြောပြတယ်။

ကျွန်တော်သိလိုက်ရတာကတော့ သူကော ကျွန်တော်ကော လေနှင်ရာအတိုင်း ပင်လယ်ထဲရွက်လွှင့်ခဲ့ကြတယ် ဆိုတာပါပဲ။
တယောက်ယောက်ကိုရှာတွေ့ဖို့ ခဲယဥ်းတဲ့ပင်လယ်ထဲ တစုံတဦးကို လိုအပ်မှန်းမသိ လိုအပ်နေခဲ့ကြတဲ့သူတွေလို...
ရွက်လွှင့်ရင်း မျောပါရင်း...
အထီးကျန်ခဲ့ကြမယ် နာကျင်ခဲ့ကြမယ်
ဒီလိုနဲ့... ကြီးပြင်းလာခဲ့ကြတယ်။

#####

.

"နွေရွက်‌ခြွေ"

အချစ်က ငေးကြည့်ရုံနဲ့ ကိုယ့်အတွက် လုံလောက်ပြီလို့ မှတ်ယူခဲ့တယ်။

တိုက်ဆိုင်မှုတွေကို အမှတ်တရအဖြစ်ပြောင်းလဲချင်ခဲ့တဲ့ ကိုယ့်ကိုခွင့်လွတ်ပါ။

ကျွန်မဟာ ရှင်မသိခဲ့တဲ့ နေကြာပွင့်ဖက်တွေပါ...

ရှင်မမြင်ခဲ့တဲ့ မနီးမဝေးမှာပဲ တည်ရှိနေပါတယ်။

တောင်းပန်ပါတယ် ရှင့်ကိုပဲချစ်ခဲ့လို့...

I'll Be There In 1945... [completed]Where stories live. Discover now