PART 3(unicode)

11.4K 1.2K 2
                                    


အကယ်၍ ကျွန်တော့်တို့ရဲ့ မထင်မှတ်တဲ့တွေ့ဆုံမှုဟာ ကတိပေးထားခဲ့တဲ့ရင်တုန်းကကိစ္စတစ်ခုသာဆိုရင် Canna ပန်းတွေနဲ့ အဆုံးသတ်ပေးနိုင်လား...
.
.

အားလုံးထဲမှာကွဲထွက်နေတဲ့ သူတစ်ယောက်...
တူညီတဲ့ဝတ်စုံကိုပဲ ဝတ်ဆင်ထားပေမယ့် ထူးခြားစွာကြည့်ကောင်းနေတယ်။ သူရဲ့နောက်ကျောက ကျွန်တော်ဒီကိုရောက်တဲ့တခဏအတွင်းမှာ ပထမဆုံးနှစ်သက်မိတဲ့ အရာတစ်ခု...
အင်း.... ဟုတ်တယ် အဲ့ဒီလိုပြောလို့ရတယ်။

"မင်း ဘယ်သူလဲ"

"ဗျာ"

အေးချမ်းစေတတ်တဲ့ သူ့ရဲ့ကျောပြင်ကို လှည့်ပြီး သူ ကျွန်တော့်ကိုမေးတယ်။
တည်ငြိမ်တဲ့လေသံတွေ ရပ်တန့်နေတဲ့မျက်လုံးတွေ...... ဒီအချိန် လေပြေတွေက အေးစက်မှုတွေကို ယူဆောင်လာပေမယ့် ထူးဆန်းစွာ ရင်ဘက်ထဲက နွေးထွေးမှုတစ်ခုကို အသေအချာ ခံစားမိလိုက်တယ်။
ပုန်းအောင်းနေတာ ကြာခဲ့ပြီဖြစ်တဲ့ နှလုံးသားကနာကျင်မှုတစ်ခုနဲ့ ခင်ဗျားဟာ ထပ်တူညီနေတယ်။

"မင်း ဒီထဲကို ဘယ်လိုလုပ် ပါလာတာလဲ!! မင်းဒီလို ဟန်ဆောင်ပြီးရောက်လာတာ တခြားသူတွေသိသွားရင် ငါတို့ကို ပြသာနာြဖစ်စေလိမ့်မယ်။ သာမန်ပြည်သူတွေလည်း ရရာလက်နက်စွဲကိုင်တော်လှန်နေကြတာမှန်ပေမယ့် ဒီတပ်ထဲမှာတော့ မင်းလို ဘာမှမသိတဲ့ လူတစ်ယောက်ဝင်လာတာက အားလုံးကို ဒုက္ခရောက်စေနိုင်တယ်။ ဟေ့! မင်းငါပြောတာ နားထောင်နေလား။"

သူ ကျွန်တော့်ကို သိနေတာလား...
ကျွန်တော် ဘယ်လိုတုံ့ပြန်ရမလဲ...
ရုတ်တရတ် တိုးဝင်လာတဲ့ စကားစုတွေအတွက် ကျွန်တော်အဖြေကို ပြင်ဆင်မထားမိဘူး။

"ကျွန်တော် တောင်းပန်ပါတယ်..."

ဪ... နောက်ဆုံးတော့ စကားတစ်ခွန်း... ဒါဟာ ကျွန်တော့်ရဲ့အကျင့်...
ကျွန်တော့်အတွက် မစိမ်းလွန်းတဲ့ အဖြစ်အပျက်တွေရဲ့အဆုံးသတ်...
တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ နောက်ဆက်တွဲ တိတ်ဆိတ်ခြင်း...
တောင်းပန်လိုက်တာက ပြေလျော့သွားစေတယ်...အချို့အရာတွေကိုပေါ့

"မင်းကနေမကောင်းတဲ့ သူပဲ ဒါကြောင့်ငါတို့အဖွဲ့ထဲမှာ ပိုလို့တောင်မရှိသင့်ဘူး"

"အာ... ဟုတ် ကျွန်တော် ခေါင်းနဲနဲတော့ ထိထားတယ်"

သူ့ခြေလှမ်းတွေက ရှေ့ကိုတိုးပြီး လျှောက်လာတယ်။
ပြီးတော့ ကျွန်တော့်ပုခုံးကို ဆုပ်ကိုင်လိုက်တယ်။

"ငါပြောနေတာ မင်းရင်ဘက်ထဲက နှလုံး..."

"ဗျာ!"

"ဒီထိရောက်အောင် လျှောက်လာတာကိုပဲ ငါအံ့သြနေပြီ..."

"မင်းဘာကို ထပ်ပြီးကြောင်တောင်တောင်လုပ်နေတာလဲ! မင်းဦးလေးက ငါ့အပေါ်ကျေးဇူးရှိနေလို့ ငါခွင့်ပြုပေးလိုက်တာ... မနက်ဖြန် မင်းကို သူတို့ပြန်လာခေါ်လိမ့်မယ်။ အသင့်ပြင်ထားပါ။"

သူကတော့ ပြောချင်တာတွေကို စီစဥ်ထားပြီးသား စကားလုံးတွေအတိုင်း ပြောချသွားတယ်။
အခုမှပွင့်ထွက်လာမယ့် ကျွန်တော့်ရဲ့ မေးခွန်းတွေကတော့ လူမရှိတဲ့တဲလေးထဲ မျှော်လင့်ချက်မဲ့စွာ ကြွေကျသွားတယ်။ စားပွဲခုံပေါ်က မီးမကုန်သေးတဲ့ ဆေးလိပ်ဖွာလေးလိုပါပဲ အခုတော့ တွေးစရာမေးခွန်းပေါင်းများစွာနဲ့ တစ်ယောက်တည်းဖြစ်နေခဲ့ပြန်ပြီ။
မနက်ဖြန်ဆိုတဲ့အခိုက်မှာ ကျွန်တော်ဟာ ၂၀၁၉ကို ပြန်ရမှာလား... ဒါမှမဟုတ် ဘယ်သူတွေနဲ့ ထပ်တွေ့ရမှာလဲ... ကျွန်တော်ဘယ်ကိုသွားရမလဲ...
ရေအိုင်ထဲက မျက်နှာကတော့ ကျွန်တော့်မျက်နှာပါလို့ ပြောနေတယ်။ ကြီးကြီးမားမား ပြောင်းလဲသွားတဲ့အရာမရှိပေမယ့် ကျွန်တော်ဟာ ကျွန်တော်မဟုတ်ပြန်ဘူး။

ထူးဆန်းစွာနဲ့ပဲ နေဝင်သွားတာကို ကြည့်ပြီး ပျင်းစရာကောင်းတဲ့ဘဝကိုပဲ တမ်းတမိပါရဲ့ အံ့သြစိတ်လှုပ်ရှားမှုတွေကို မတောင့်တခဲ့လို့ ရွေးချယ်ခဲ့ရတဲ့ ဘဝ...

ဒါတွေဟာ အိပ်မက်တွေပဲလား...
အိပ်မက်မဟုတ်ခဲ့သည်ရှိသော်... ဒီလောကမှာ ကျွန်တော်ဟာ ဘယ်သူဖြစ်မလဲ... သူက ဘယ်လိုပုံစံမျိုးလဲ...

I'll Be There In 1945... [completed]Onde histórias criam vida. Descubra agora