part 17(uni)ဒီနေ့ နေသာတယ်...❤

5.2K 568 2
                                    


ဖွင့်မရနိုင်တဲ့တံခါးမှန်းသိရက်နဲ့ ဆွဲဖွင့်နေခဲ့မိတာ

ခင်များရဲ့နှလုံးသားတံခါးလေး ဖြစ်နေလို့ပါ

###

"ကျွန်တော့်နာမည်အပြည့်အစုံက ဟန်ရိပ်ည..."

"..........."

"ကျွန်တော်သိတာ...ခင်များ မမမိုးကို မချစ်ဘူး ပြီးတော့...ပြီးတော့..."

".........."

နှင်းတွေက မလှုပ်ယှက်ဘဲ ရပ်နေကြတဲ့ ‌ခြေထောက်တွေကို တိုက်စားချင်လာတယ်။

"ကျွန်တော့်မှာ အချိန်မရှိတော့ဘူး အဲဒါကြောင့်နဲ့တော့ ကျွန်တော်နောက်မဆုတ်ချင်ဘူး... ခင်များမှာကျွန်တော့်အတွက် စကားမရှိတော့ဘူးလား... အဲဒါက ကျွန်တော့်ကိုသတ်နေသလိုပဲ..."

"ငါဘာပြောမလဲ...မင်းသိပြီးသားပဲကို"

"ဟင့်အင်း...ကျွန်တော်သေချာမသိဘူး"

"ငါမင်းကို မရွေးချယ်ဘူး ဟန်...တော်သင့်ပြီ ဒီလောက်ဆို"

ဆုတ်ကိုင်ထားမိတဲ့ ခင်များရဲ့အင်္ကျီစကို လွှတ်ချလိုက်မိတယ်
ထပ်ပြီးဆွဲထားဖို့အတွက် ကျွန်တော့်မှာအကြောင်းပြချက်မရှိတော့ဘူး။

"မင်း ဒါတွေကိုမေ့နိုင်ဖို့ ငါမျှော်လင့်တယ်...ဟန်"

"ခဏလေး... ကျွန်တော့်ရှေ့ကသွားလို့ရမလား ခင်များနောက်ကလိုက်လာမယ်မလား..."

.

.

မြေပြင်ပေါ်ကနေတဆင့် သူပြေးလာတဲ့ခြေသံတွေကိုတော့ ကျွန်တော် ကြားနေရတယ် ပြီးတော့ သူ့ခေါ်သံတွေ... နားထဲမှာစူးခနဲဖြစ်သွားတဲ့အခိုက်အတန့် ကျွန်တော်ကလဲကျသွားခဲ့ပြီ။


ခဏကြာတော့
ခင်များရဲ့အသက်ရှူသံပြင်းပြင်းတွေ... ခြောက်ကပ်နေတဲ့ခံတွင်းတလျှောက်ကို ဖြတ်ကျော်လာရတဲ့စကားသံတွေ... ခန္ဓာကိုယ်ထဲ စီးဝင်လာတဲ့ဆေးရည်တွေက အသိစိတ်ကို လှုပ်နိုးကုန်တယ်... ထပ်ပြီး ကျွန်တော် ရှိနေသေးပြန်တယ်။

အမြင်အာရုံကိုဆွဲဖွင့်ရမယ့်အချိန်လေးကို ကျွန်တော်ကြိုက်တယ်...ဘာလို့ဆို ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ ခင်များက...အဲဒီအချိန် ကျွန်တော့်ကိုစိုးရိမ်စွာနဲ့ သေချာစိုက်ကြည့်နေမှာလေ...

I'll Be There In 1945... [completed]Where stories live. Discover now