PART 13(uni) အပြစ်ကင်းသော...

5.1K 646 7
                                    

"ဗိုလ်ကြီး...နေသာ တိမ်ထူ မိုးရွာ ဘာကိုကြိုက်လဲ"

ကျွန်တော့်ရဲ့ အဘိုးရီးဟာ တွေဝေစရာလိုတွေးနေပြန်ပြီ။

"ဟမ်! အာ...တိမ်ထူ "

"ကျွန်တော်နဲ့တူတာပဲ"

"ဘယ်လို..."

နေကြာခင်းတွေကြားထဲ ကျွန်တော်တို့နှစ်ယောက်ပြန်ရောက်သွားကြတယ်။ ကြွေကျနေတဲ့ သစ်ရွက်‌ခြောက်တွေပေါ် ဖိထိုင်ထားကြတယ်။ သူက ကျွန်တော့်ဘေးမှာပေါ့...

"အ့ဆို...နေ လမင်း ကြယ်"

"ကြယ်တွေ"
ဒီတစ်ခါတော့ သူက စိတ်ဝင်စားလာပုံ...

"အင်းး...ဒါတော့ ကျွန်တော်နဲ့မတူဘူးပဲ"

"မင်းက..."

"ကျွန်တော်က...နေရောင်ကိုကြိုက်တာ"

"ဟမ်!"

"ဟုတ်တယ် ကျွန်တော်နေရောင်ကိုကြိုက်တယ်"

"မင်းငါ့ကိုတော့ ကြိုက်လို့မရဘူးနော်"

"ဘာ...လို့လဲ"

"ဟမ်!"

ဘာလို့လဲဆိုတဲ့ အမေးမှာ သူမဖြေတတ်တော့တာ သေချာပါတယ်။

"ကျွန်တော့်ကို တစုံတယောက်ကပြောဖူးတယ်...
ရင်ခုန်သံတွေသာထပ်တူညီရင် 'ဒါအချစ်ပဲတဲ့'
နှလုံးသားမှာ ကျားမ မရှိဘူး အချစ်ပဲရှိတယ်"

"......ပေါက်ကရတွေပြောမနေနဲ့ သွားမယ် ထ"

ကြိုတင်တွေးဆထားသလိုပါပဲ မြန်မြန်ဆန်ဆန်ပဲ သူက ရှောင်လွဲဖို့ကြိုးစားပြီ...
သူ့မျက်နှာမှာ တခါက ပြုံးပြဖူးတဲ့ ရှက်ပြုံးတွေနဲ့လား စိတ်ရှုပ်နေတဲ့ပုံပေါ်မယ့် နှုတ်ခမ်းသားတွေနဲ့လား...

နေကြာပန်းခင်းတွေကြားတိုးဝှေ့ကာ လာရာလမ်းတလျှောက်သယ်ဆောင်လာသော ဝတ်စံမှုန်တို့ကြောင့် ကျွန်တော့်နှလုံးသား အောင့်တက်သွားရသည်။

"မင်းရရဲ့လား...အဲဒါကြောင့်ငါပြောပါတယ် ဘာကြောင့်အိမ်မှာမနေဘဲ အပြင်ထွက်ချင်နေတာလဲ!! "

"ကျွန်တော်က ဆိုးလို့လား..."

"စကားနားထောင်!"

အပြာရင့်ရင့်အပေါ်ဝတ်ဆွယ်တာလေးကို ချွတ်ပြီး ကျွန်တော့်အပေါ်လွှမ်းခြုံပေးလိုက်တာ ဒီတသက်တော့ ခင်များရဲ့ကိုယ်သင်းနံ့လေးကို ပန်းရနံ့တွေကြားလည်း မေ့တော့မည်မထင်...။

I'll Be There In 1945... [completed]Where stories live. Discover now