PART 14(uni)miracle ကကိုယ့်အတွက်သာဆို...🌻

5K 626 4
                                    


ကံကြမ္မာလိုမျိုးဖြစ်တည်လာခဲ့တဲ့ ခင်များဟာ ကျွန်တော့်အတွက်တော့ အစိမ်းသက်သက်ဖြစ်မနေခဲ့ပါဘူး...

ပျော်ရွှင်နေတဲ့ခင်များကို ပြုံးပြရင်းနဲ့ပြန်ထွက်သွားရုံပဲလေ...

ဝမ်းနည်းစရာနှလုံးသားတစ်ခုက ခင်များကို ရှာတွေ့သွားတဲ့အခါတော့ ကျွန်တော်ဆိုတာ သတိရပေးနိုင်မလား....

ကျွန်တော်လား...

ကျွန်တော့်အတွက်တော့ ခင်များနဲ့သက်ဆိုင်သမျှ အစိတ်အပိုင်းတွေတိုင်းမှာ ပျော်ရွှင်မှုတွေပဲချန်ထားချင်မိတာ.....

'happy ending'ဆိုတာ ခင်များအပြုံးတစ်ခုနဲ့တင် အဆုံးသတ်သွားစေတတ်တာမျိုးပေါ့.....

####

အရာအားလုံးတိတ်ဆိတ်နေခဲ့တယ်
နာကျင်စရာနေ့တွေကတော့ တဖြည်းဖြည်းလျော့ရဲလာခဲ့ပါပြီ
ဘေးမှာခင်များကတော့ရှိမနေခဲ့ပြန်ဘူး...။

တီးတိုးပြောနေကြတဲ့ စကားလုံးတွေက ကျွန်တော့်အကြောင်း ဖြစ်နေလို့နဲ့တူတယ် ရှင်းလင်းစွာကြားနေရတယ်။

အားလျော့ပြီး ဖြူစုတ်လာတဲ့ ခန္ဓာကိုယ်က ရက်တွေကိုထိုင်ရေတွက်နေသလိုပဲ တကိုယ်ကောင်းဆန်နေတယ်။

နေ့တွေညတွေကြားမှာ ရုတ်တရက်ဆိုသလို ဒီခန္ဓာကိုမပိုင်ဆိုင်နိုင်ခဲ့တော့ရင် ခင်များကိုမနှုတ်ဆက်နိုင်လိုက်မှာ ကျွန်တော်သိပ်ကြောက်တယ်...။

ရှည်လျားတဲ့မြစ်ပြင်ကျယ်ထဲမှာ ရွက်လွှင့်ရမယ်ဆိုရင်တောင် နေရောင်လိုတောက်ပနေတဲ့ ခင်များအပြုံးလေးကိုတော့ ရင်ဘက်ဘေးမှာချိတ်ပြီး သိမ်းသွားပရစေ...။

.

.

"တင်မောင် ကိုနေကဒီတစ်ပတ်ပြန်မလာနိုင်တော့ဘူးတဲ့ မင်းကိုလည်း ကျန်းမာရေးဂရုစိုက်ပါလို့ မှာခဲ့တယ်"

"သူ....အခုဘယ်မှာလဲ"

နွေရွက်မရှိတော့တဲ့နေ့ကစပြီး သူကျွန်မမျက်နှာကိုကြည့်ပြီး စပြောလာတဲ့ပထမဆုံးသောစကား......

"ကိုနေ....အာ....ဘိလပ်ကို သွားတယ် ပါတီကလွှတ်တာလို့တော့ပြောတာပဲ အရေးကြီးကိစ္စကြောင့်နဲ့တူပါတယ်"

I'll Be There In 1945... [completed]Where stories live. Discover now