PART 11(uni)date...^•^

5.8K 703 3
                                    


*ရန်ကုန်မြို့လဟာပြင်ကဇာတ်ရုံ*

အိပ်ပျော်နေမယ်ထင်မိခဲ့တဲ့ ခင်များဟာ စိတ်ပါဝင်စားစွာပြုံးနေခဲ့ပါတယ်...

ကျွန်တော်ကတော့ ခင်များကိုတလှည့် ပီယာနိုသံစဉ်တွေကြားတလှည့် စီးမျှောလိုက်ပေါ့...

###

.

.

မတွေ့တာ 3လနဲ့ 5ရက်ရှိသွားပြီ...
ကြယ်တွေတောင်သွားမကြည့်နိုင်ခဲ့ပဲ နောက်နေ့မနက် သူပြန်သွားခဲ့သည်။

ကျွန်တော်စိုးရိမ်တယ် ဗိုလ်ကြီး... တောခိုတဲ့စစ်သားတွေထဲ ခင်များပါသွားမှာ
ဗွတ်ထနေတဲ့နိုင်ငံရေးထဲ ခင်များဟာပျောက်ကွယ်သွားမှာ...

ကျွန်တော်ကတော့ နေ့တိုင်း တစ်ခုတည်းရှိတဲ့လွမ်းစရာလေး ခင်ဗျားကိုပဲ တွေးရင်း ပျင်းရိဖွယ်နေ့ရက်တွေထဲ သနားစဖွယ် ဆက်ရှင်သန်နေပါတယ်...

'ရန်ကုန်မြို့'

ခါတိုင်းကျောခိုင်းငြင်းဆန်နေတတ်တဲ့ ကျွန်တော်က အခုခင်များရှိရာဆီ မမမိုးတို့နွေရွက်တို့မခေါ်သော်လည်း အတင်းအဓမ္မလိုက်ပါလာတတ်ပါပြီ။

အဆောင်တော်၌သာ ကွက်၍ရွာနေသောမိုးဖွဲဖွဲတို့က လိပ်ပြာအလာကိုစောင့်နေသော ပန်းပွင့်ငယ်လေးအား ဆွေးမြေ့စေဖို့ ရည်ရွယ်နေသလားပဲ။

"နွေရွက် ငါဟိုနားဒီနားလမ်းသွားလျှောက်မယ်"

"မိုးရွာနေတာကို ခဏလေးငါလိုက်မယ်"

"နေပါ နင်အအေးမိနေအုံးမယ် ငါမကြာပါဘူး မလိုက်ခဲ့နဲ့တော့နော်"

ကျွန်းတံခါးကြီးဘေးမှာ အညိုရောင်ထီးရှည်လေးကို အသင့်ကိုင်ထားနေမိတဲ့ နွေ...
စိတ်ပူတဲ့စကားလေးတစ်ခွန်းက ဝမ်းသာရမယ့်ရင်ကို တွန်းထုတ်နေသော အကူစကားလုံးတွေမှန်း ကိုယ်သိပြီးသားပါ
အမြဲနင့်ကိုပဲငေးကြည့်နေမိတဲ့ငါက နင့်နှလုံးသားကို မမြင်ချင်ယောင်ဆောင်လို့မှ မရတာ...

အစ်ကိုနေရောင်ဆီမှာသာ ပိုနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့အပြုံးတွေကို ငါလိုလူက သိနှင့်နေပြီးသားပါ... ဟန်ရိပ်

I'll Be There In 1945... [completed]Kde žijí příběhy. Začni objevovat