PART 8(uni) တွေ့ဆုံမှုတို့က...

6.9K 845 6
                                    


"မင်းဒီလမ်းအတိုင်းဆက်သွားပြီး ဆင်ခြေလျှောအောက်ကိုထိုးဆင်းလိုက်ရင် အဲဒီမှာ မင်းကိုလာခေါ်တဲ့သူကိုတွေ့လိမ့်မယ်။ ငါဒီမှာ မင်းကို သတင်းပေးဖို့သွားတယ်လို့ပဲ ပြောထားမယ်"

"ကျွန်တော် တကယ်ပဲသွားလို့ဖြစ်ပါ့မလား... နောက်မှ"

"မင်းဒီမှာရှိနေတာက ငါ့ကိုပိုပြီးအလုပ်ရှုပ်စေတယ် နားလည်လား ထပ်ပြီးမနှောက်ယှက်နဲ့တော့! သွားလို့ရပြီ"

"အာ... ဟုတ်"

ကျွန်တော့်ကို ကြည့်မနေတော့ဘဲ စားပွဲပေါ်ကမြေပုံတွေနဲ့ အလုပ်ရှုပ်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် ကျွန်တော်လည်းထွက်လာခဲ့တယ်။

"စစ်ပြီးတော့ ငါတို့ပြန်တွေ့ရင် မင်းပြောတဲ့အကြောင်းတွေဆက်ပြီးနားထောင်ချင်ပါသေးတယ်..."

သူဟာဒီအနေအထားလေးနဲ့ပဲ ကျွန်တော့်ကိုလှမ်းနှုတ်ဆက်တယ်။

ကျွန်တော့်ရဲ့ ခွန်းတုံ့ပြန်မှုတို့အား နောက်တခေါက်အတွက် သိမ်းထားလိုက်ပါ့မယ် ဗိုလ်ကြီး...
.
.

#နေရောင်
ငါတို့တွေကောင်းမွန်တဲ့ အ‌ခြေအနေမှာ ကောင်းမွန်တဲ့ တွေ့ဆုံခြင်းတွေနဲ့ ပြန်တွေ့ကြဖို့မျှော်လင့်ပါတယ် ကောင်လေး...

.
######
.

တောလမ်းတွေမို့ မျက်စိမမှားအောင် သတိထားပြီးသွားနေရတယ်။
တနေရာရောက်တော့ လူတစ်ယောက်အသံကိုကြားရတယ်။

"ဟေ့ တင်မောင်! တင်တင်မောင်! ဟေ့ ဒီဘက်မှာ"
အသံလာရာဘက်ကို သူ့ဘာသာသူ ရင်းနှီးနေသလို ကျွန်တော့်ခန္ဓာကိုယ်က လှည့်ကြည့်မိတယ်။
သို့သော် မလှမ်းမကမ်းတနေရာမှ လက်ယက်ကာခေါ်နေသော ထိုသူကို ကျွန်တော်မသိပါ။
သေချာတာတော့ သူခေါ်နေသော တဦးတည်းသောသူဟာ ကျွန်တော်...။
'တင်တင်မောင်'

"ကျွန်တော့်ကိုလာကြိုတဲ့သူလား"

"အေးလေ... ငါမင်းဦးလေးရဲ့လူယုံလေ... ငါတို့မှာမင်းပျောက်သွားလို့ ဘယ်လောက်တောင်လိုက်ရှာလိုက်ရလဲ ဟ! မင်းခေါင်းမှာ ဘာဖြစ်လာတာလဲ"

ဒီအချိန်တွေးမိတာက ရုပ်ရှင်ဆန်တဲ့ ဘဝ...
"ကျွန်တော်... ကျွန်တော်အတိတ်မေ့နေလို့ပါ ဘာမှမမှတ်မိ‌တော့ဘူး..."

I'll Be There In 1945... [completed]Where stories live. Discover now