PART 10(uni) အကို...တဲ့လား

6.4K 754 20
                                    


သူနှင့်နံရံလေးသာခြား၍ နီးကပ်ခဲ့ပြန်ပြီ။
စေ့ရုံစေ့ထားတဲ့ ကျွန်းတံခါးလေးရှေ့ ကော်ဖီခွက်လေးကိုကိုင်ကာ ရပ်တန့်နေသောခြေအစုံ......

"ဗိုလ်ကြီး ကျွန်တော်ဝင်လာခဲ့လို့ရမလား..."

"အင်း"

"ညစာမစားဘူးဆိုလို့ ကော်ဖီယူလာတာပါ"

"အင်း...ငါပင်ပန်းနေလို့ မစားတော့တာ... ကော်ဖီအတွက် ကျေးဇူးပါ"

"ရပါတယ်"

ဘွတ်ဖိနပ်ကိုချွတ်လိုက်တော့ သူ့ရဲ့ခြေဖဝါးနုနုတွေအစား နေရာယူထားတဲ့ခြေတုလေး...

"ဘာကိုကြည့်နေတာလဲ"

"ဗျာ"

"မင်းငါ့ကိုသနားနေတာလား..."

"မဟုတ်ပါဘူး..."

"ဒါဆို ဘာလို့မထိုင်ဘဲ ကြောင်ကြည့်နေတာလဲ"

"အ့လိုမဟုတ်ဘူး! ကျွန်တော် ဗိုလ်ကြီးကိုသနားလို့မဟုတ်ဘူး!"

.
.

ဝရန်တာသွယ်သွယ်လေးမှာ လှဲထိုင်ကုလားခုံနှစ်လုံးကိုယှဉ်ချထားကာ အလယ်မှာ အဝိုင်းပုံခုံသေးသေးလေး ချထားသည်။
သူ့ဘေးမှာထိုင်မိရင်း သူငေးရာအရပ်သို့သာ လိုက်ကြည့်နေမိသည်။

"မိုးတို့က ဘယ်နေ့ပြန်ရောက်မှာလဲ"

"မမမိုးလား"

"အင်း"

"ကျွန်တော်သေချာတော့မသိဘူး"

"တင်တင်မောင်...မင်းသကြားထည့်မှာလား"

လက်ဖက်ရည်ကြမ်းကရားလေးကိုငဲ့ကာ ငါးနှစ်ကြာတောင် နေသားမကျသေးတဲ့အမည်နာမအတွက် ခင်များဆီကကြားရတာ မနှစ်မြို့နိုင်။

"ကျွန်တော့်ကို အ့လိုမခေါ်ပါနဲ့လား..."

"ဟ့! အ့ဆိုဘယ်လိုခေါ်ရမှာလဲ မင်းကငါ့ထက်ငယ်မယ့်ပုံကို"

"အဲ့ဒီလို ပြောတာမဟုတ်ဘူး...ဒီတိုင်း တခုခုပေါ့"

"ဟင်..."

"အင်း...မင်းစတွေ့တုန်းကနဲ့ ပုံပြောင်းသွားသလိုပဲ... အခုလို အလင်းရောင်တွေကြားမှာမြင်ရတော့ ငါလမ်းမှာတွေ့ခဲ့တဲ့ ကြယ်ပန်းသေးသေးလေးတွေနဲ့တောင် တူတယ် ချစ်စရာလေးပဲမင်းက ဟက်!..."

I'll Be There In 1945... [completed]Tempat cerita menjadi hidup. Temukan sekarang