PART 16(zaw gyi) heliophile☀(နေကိုကြိုက်နှစ်သက်သူ...)

3.3K 258 0
                                    


"ဒီနေ့တော့ နေတောင်မထွက်ဘူးပဲ..."

"ကျွန်တော် ခေါ်ထားလို့လေ...ဘေးမှာ"

"မင်းကတော့...တကယ်"

"ဗိုလ်ကြီး ကျွန်တော်မလာခင် ရက်တွေကရော ဘာလုပ်နေလဲ တစ်ယောက်တည်း အေးကအေးနဲ့ ပျင်းနေမှာပေါ့..."

"မင်းကိုဘယ်သူပြောလဲ သခင်ထွန်းတင်နဲ့နှစ်ယောက် အရက်သွားသောက်လို့ရနေတာပဲကို သူနဲ့က ဖေးကလပ်တွေသွားတယ်လေ ပြီးတော့...."

"အော် အဲလိုဆို ကျွန်တော်လာတော့ ရှုပ်နေမှာပေါ့"

"သခင်ထွန်းတင်ကတော့ ပျင်းနေမှာပေါ့ ကိုယ်တို့ကမနက်ပြန်မှာဆိုတော့ သူကနေခဲ့ရအုံးမှာလေ..."

"ခင်များ စကားပြောရင် ရယ်ပြီးမပြောလို့မရဘူးလား ဟမ်..."

"မင်းရော...အဲဒီနှုတ်ခမ်းကိုထော်ပြီး ခင်များခေါ်လိုက် ဗိုလ်ကြီးခေါ်လိုက်နဲ့ပြီးအုံးမှာလား
ကြည့်...အခုလည်း ကြိတ်ပြီးတော့ရယ်နေပြန်ပြီ ကိုယ့်ကျတော့ပြောပြီးတော့...ဟက် မင်းကတော့..."

###

.

"ဘာလို့ကော်ဖီလဲ ခင်များကျတော့ ဝီစကီသောက်ပြီးတော့...
လုပ်ပါဗျာ...ကျွန်တော်တို့လည်းသူများတွေလို ဝိုင်သောက်ရအောင်"

မျက်စောင်းထိုးနားကအတွဲတစ်တွဲကို လက်ညိုးထိုးပြီး လူကြားကောင်းအောင် ဂျီကျပြနေတဲ့ကောင်လေး...

"မင်း...ဟိုတခါကလို မူးပြီးမေလဲ့သွားရင်ဘယ်လိုလုပ်မလဲ"

"ဟင့်အင်း ဒီတခါ တစ်ခွက်ပဲ သောက်မှာ... လုပ်ပါဗိုလ်ကြီးကလဲ"

"ဟင်း ပြီးရော"

classical music တီးဝိုင်းတွေ တကိုယ်တော်တယောထိုးဖျော်ဖြေမှုတွေ စန္တာရားတီးကာ သီဆိုကပြမှုတွေနဲ့... သူခေါ်လာတဲ့နေရာလေးက ဆိုင်ခန်းအကျယ်လောက်လေးမှာ စင်အသေးလေးကို ဘေးချင်းကပ်ခုံတန်းလျားတွေနဲ့ဝိုင်းပြီး တည်ဆောက်ထားတယ်။
ဒီတခါတော့ ထိုသူနဲ့ကျွန်တော် ဘေးချင်းကပ်ရက်ပေါ့...
ကျွန်တော်တို့က ဇာတ်ခုံရဲ့လေးတန်းမြောက်နေရာ နောက်ဆုံးတန်းမှာထိုင်ကြတယ်။

ဂီတသံကိုနားထောင်ရင်း ခုံပေါ်ကိုလက်ထောက်လိုက်ပြီး ခေါင်းကိုမှီချလိုက်တယ် ပြီးတော့ ခင်များဘက်ကိုလှည့်ကြည့်နေလိုက်တယ်။

I'll Be There In 1945... [completed]Tempat cerita menjadi hidup. Temukan sekarang