PART 7(uni) အချစ်ဦး...

7.9K 876 3
                                    


#မင်းခန့်အိမ်

"အာ့..."
အနောက်ကပြေးဝင်လာတဲ့ တစုံတယောက်ကြောင့် ကျောင်းဝင်ပေါက်ရှေ့မှာ ဟန်ရိပ်ည ပုံလျက်သားလေးလဲကျသွားသည်။

"Sorry ... ငါမမြင်လိုက်လို့"
ကမ်းပေးတဲ့ လက်တစုံကို လှမ်းမဆွဲမိခဲ့ရင် နာကျင်စရာသည် ရောက်လာခဲ့မည်မဟုတ်။ သို့သော်...

"မင်းနာမည် ဘယ်လိုခေါ်လဲ ဒီမှာငါမသိတဲ့သူမရှိပါဘူး အသစ်ပြောင်းလာတာလား..."

လိုက်လဲစွာပြုံးပြရင်းပဲ ကျွန်တော့်ဆီပထမဆုံးဝင်ရောက်လာခဲ့တဲ့ သူငယ်ချင်း သို့မဟုတ် ချစ်ရသူ...

"အင်း... ဒီနှစ်မှပြောင်းလာတာ"

"အဲ့ဒါဆို လာလေ မင်းနဲ့ငါနဲ့အခန်းတူတူပဲကို တူတူသွားမယ်"

ရင်ဘက်ပေါ်က တံဆိပ်လေးကို ဘယ်အချိန်ကဝေ့ကြည့်လိုက်မှန်းမသိ သွက်သွက်လပ်လပ်စကားပြောပုံနှင့် ကောင်လေး။

သူက ကျွန်တော့်ထက် မဆိုသလောက်အရပ်ရှည်တယ်။ အနဲငယ်မြင့်ရုံသာပါ...။
တူညီတဲ့အဖြူအစိမ်းကိုပဲ ဝတ်ဆင်ထားပေမယ့် တောင့်တင်းတဲ့ခန္ဓာကိုယ်ကတော့ ဘာပဲဝတ်ဝတ်လှသည်ဟု မာန်ထောင်နေသလို...

ကျွန်တော်...
ကြီးမားတဲ့ကျောပိုးအိတ် ဖြူဖတ်နေတဲ့အသားအရေပေါ်မှာ မီးပုံပျံလို ပွယနေတဲ့အဖြူလေးကို ခြေမျက်စိဖုံး ဖရိုဖရဲ အနားသတ်နှင့် ပုဆိုး...

"ငါ့နာမည်က မင်းခန့်အိမ် ခန့်အိမ်လို့ခေါ်ပေါ့..."

"ဟေ့! မြတ်နိုး နင်ဒီနှစ်ပိုလှလာတယ်နော်"

"ဟေ့ရောင်! ညနေဘောလုံးကန်မယ်နော်"

"ခန့်အိမ်ရေ..."

"အေး ငါအတန်းပြီးရင်လာခဲ့မယ်"

ကျွန်တော့်ပုခုံးပေါ်လက်တင်ကာ ခြေလှမ်းတလှမ်းချင်းစီအလိုက် စကားတစ်ခွန်းစီချကာ တွေ့တဲ့သူတိုင်းနှင့်ပြောနေသောသူ...

ဟုတ်ပါတယ်... ထိုလိုလူမျိုးသာ ကျွန်တော့်လိုအနေအေးတဲ့ကောင်မျိုးဆီ တဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့တာ...

ကိုးတန်းမှာ စတွေ့ခဲ့တယ်။ အပေါင်းအသင်းများလွန်းတဲ့သူကတော့ အတည်တကျမရှိ လျှောက်ထိုင်ခဲ့တယ်။
သူမရှိတော့ရင် ကျွန်တော့်ဘေးက ထိုင်ခုံကတော့ နေရာလွတ်ပေါ့။ ဒါပေမယ့် တချိန်ချိန်မှာတော့ သူအမြဲပြန်လာထိုင်တတ်တယ်။

I'll Be There In 1945... [completed]Where stories live. Discover now