PART 5(uni) ဤနေရာမှစခဲ့သည်...⭐

9.5K 1K 13
                                    


ကျွန်တော်ဆိုတာ တစ်ခါက စျေးကြီးတဲ့ Luxury ကိုမှ မျှော်မှန်းနေတဲ့သူပေါ့...

ကြယ်ပေါင်း Million လောက် မြင်နိုင်ဖို့အတွက်ပေါင်းဘယ်လောက်ကြာအောင် ရေတွက်နေရမလဲ...

ခင်များတစ်ယောက်ကို မျှော်လင့်နေမိလို့နဲ့တူပါတယ် ဆုတောင်းတွေ ပြည့်ခဲ့ဖူးချင်တယ်...

.
.

"ဗိုလ်ကြီးနာမည် ဘယ်လိုခေါ်လဲ"
အရဲတင်းစွာမေးလိုက်ရပေမယ့် သူ့ဆီကအဖြေကတော့ ပျော့ပျောင်းနေပါတယ်။

"နေ‌ရောင်... မင်းအခုမှသိတာလား ငါ့နာမည်ကို"

"ဗိုလ်ကြီးနာမည်က လှသားပဲ ကျွန်တော်က ဒီခေတ်က ယောကျာ်းလေးနာမည်တွေ လှမယ်မထင်ခဲ့တာ..."

"ဟမ်!"

သူပုလင်းထဲက အရက်အနည်းငယ်ကို ဆက်သောက်နေခဲ့တယ်။
သူ့မျက်ဝန်းထဲက စိုးရိမ်ပူပန်မှုလှိုင်းတွေဟာ သေချာမကြည့်ဘဲနဲ့တောင်မြင်နိုင်တယ်။ အဲဒီအရာတွေက ကျွန်တော်ကို ရှေ့တိုးစေခဲ့လိမ့်မယ် ထင်တယ်။

"ဗိုလ်ကြီး တခုခုကို စိုးရိမ်နေတာလား..."

"မင်းသာဆို ဒီအခြေအနေမှာ အေးဆေးနေနိုင်ပါ့မလား အင်းပေါ့ မင်းက မနက်ဖြန်ဆို ဒီက ထွက်သွားတော့မှာ မင်းက တကယ်ကံကောင်းတဲ့ကလေးပဲ ရှေ့ဆက်လည်း ဒီလိုပဲဖြစ်နေမှာပါ"
ရွဲ့စောင်းစောင်းစကားလုံးများအကြား စွန့်အစေခဲ့သူ...

ကျွန်တော့်ခေါင်းထဲ ပြန်ရောက်လာတဲ့ အတွေးက '၁၉၄၅'... ကျွန်တော်မေ့နေခဲ့တဲ့ ၁၉၄၅ ခုနစ် လွတ်လပ်ရေးမရခင်ကာလ...

"အခု ကျွန်တော်တို့က ဂျပန်တွေကို တိုက်ရမှာလား"

မျက်ခုံးစတွေမြင့်တက်သွားအောင်ထိ သူရယ်လိုက်တယ်။

"မင်းအခုမှသိတာလား..."

သူက ကျွန်တော့်ကိုကြည့်ပြီး ရယ်နေပေမယ့်လို့ ကျွန်တော်ကတော့ မသိမသာ သက်ပြင်းချမိတယ်။
မနက်ဖြန် ဘယ်ကိုရွေ့နိုင်မလဲ မသိနိုင်ပေမယ့် ဒီထက်တော့ အန္တရာယ်ကင်းနိုင်လိမ့်မယ်။

I'll Be There In 1945... [completed]Where stories live. Discover now