Present 🌻

5.4K 236 31
                                    

*****

ဖွင့်လို့်မရတဲ့တံခါးမှန်းသိရက်နဲ့ ဆွဲဖွင့်နေခဲ့မိတာ
မင်းရဲ့နှလုံးသားတံခါးလေး ဖြစ်နေလို့ပါ....

ပြတင်းပေါက်လေးကိုတော့ လုံအောင်ပိတ်ထားပေးပါ...

ကိုယ်မဟုတ်ရင်တောင်....မင်းကိုတော့ နွေးထွေးစေချင်မိပါတယ်

တစုံတယောက်ထွက်သွားလို့ ဖွင့်ဟသွားတဲ့အခိုက် တံခါးအောက်ကကိုယ့်ရဲ့နှလုံးသားကိုတော့ မင်းမြင်တွေ့နိုင်ပါစေ....

.
#####
.

*****

သူလား...
သူကbusကားပေါ်မှာဆို ဖိနပ်နှစ်ဖက်ကိုဖွဖွလေးစီးပြီး တချိန်လုံးအိပ်နေတတ်တယ်...

သူ့ကိုအိပ်ပျော်စေတဲ့ သူနားထောင်နေတဲ့သီချင်းတေကို သိချင်လိုက်တာ...

သူလား... သူကလမ်းလျှောက်ရင်သိပ်ရယ်ရတယ် ဖြောင့်ဆင်းနေတဲ့သူ့ဆံနွယ်နုနုလေးတေကို မနားမပေး ခါယမ်းနေစေတဲ့သူလေ...

အချစ်အကြောင်းပြောရင် သူစိတ်ဆိုးလိမ့်မယ်ထင်တယ်
ဒီအတိုင်း မင်းဆိုတာလေးကိုပဲ ချီးကျူးချင်မိပါတယ်...

ဒီအတိုင်း မျက်နှာချင်းဆိုင် ရပ်ထားတဲ့busကားပေါ်ကနေပဲ ငေးကြည့်နေတော့မယ်...

ဘေးမှာသာ ထိုင်ခွင့်ရခဲ့ရင် ကျီစယ်သွားတဲ့ကံကြမ္မာကို မျှော်လင့်နေမိလိမ့်မယ်လေ...

အ့လိုဆို... မဖြစ်ဘူးမလား ...

.
#####
.

*****

ရှည်လျားလွန်းတဲ့ အချိန်တွေကိုဖြတ်ကျော်ပြီးတဲ့နောက် poရဲ့ first loveလေး ပြီးဆုံးသွားခဲ့ပါပြီ။
ကြားတွေထဲမှာ ရပ်တန့်ထားခဲ့တာတွေအတွက် readerတွေကိုတောင်းပန်ပါတယ်။

Completeဖြစ်ဖို့ထိကို တကယ်အားခဲခဲ့ရပါတယ်။ပထမဆုံးဖြစ်လို့ရော ယုံကြည်မှုမရှိလို့ရော လက်လျော့ဖို့ဆုံးဖြတ်ခဲ့ဖူးတယ်။
အဲဒီအချိန်တိုင်း ပုံမှန်စောင့်မျှော်ပေးနေတဲ့စာဖတ်သူတယောက်ကလည်း poကို ဆက်ရေးစေခဲ့ပါတယ် ကျေးဇူးပါ...

readerတို့လည်း အနာဂတ်မှာစောင့်နေကြမယ့် right personတွေဆီ အမြန်ဆုံးရောက်နိုင်ကြပါစေ...
စောင့်ဆိုင်းရခြင်းတွေ ထိုက်တန်ကြပါစေ...
လို့ po ဆုတောင်းပါတယ်....

I'll be there in 1945 လေးကတော့ poအတွက် ပြန်ဖတ်တဲ့အချိန်တိုင်း အမှတ်ရပြီးပြုံးနေစေမယ့် storyလေးတပုဒ်ပါ

ဟန်ရိပ်ဘက်ကိုဦးစားပေးရေးဖွဲ့ ဇာတ်ကောင်ကိုယ်တိုင် ပြန်ပြောပြနေတဲ့ပုံစံမျိုးလေးပါ
စာရေးသူမပါဝင်တဲ့ ရေးဖွဲ့ပုံလေးမို့
စာဖတ်သူတွေက နောက်ကြောင်းပြန်ပြောပြနေဟန် အတိတ်ကိုရောက်သွားစေမယ်လို့ယုံကြည်ပါတယ်။HEလေးပေမယ့် storyတပုဒ်လုံးကို အလွမ်းဓာတ်လေးတွေနဲ့ဖြည့်တင်းထားပါတယ်

ထပ်ပြီးတော့ reader တယောက်ချင်းဆီကို တကယ်ကျေးဇူးတင်ပါတယ်....

I'll be there in 1945💙
po_flo 🌻

[PS- မကြာင်မှာ စာအုပ်လေးအစြ် ထွက်ရှိလာပါတော့မယ်... ❤]

I'll Be There In 1945... [completed]Where stories live. Discover now