PART 12(uni)နယ်သတ်မျဉ်းများ...

5.2K 656 5
                                    


"နယ်သတ်မျဉ်းများ"

တားဖို့ကိုသာသိတဲ့ခင်များနဲ့... ရပ်ကြည့်ရုံသာကြည့်နေမယ့်ကျွန်တော်...

###

.

ပွဲကအပြန် ရာထူးကြီးတစ်ယောက်ရဲ့အိမ်မှာ အရက်သွားသောက်ဖြစ်ခဲ့ကြတယ်...။

ဝိုင်ခွက်ကိုသာရွေးကိုင်ပြီး ထောင့်တနေရာမှာရပ်နေမိတဲ့ကျွန်တော်...

ထုံးစံအတိုင်း မီးရောင်မှိန်မှိန်အောက်က ခင်များကိုသာစိုက်ကြည့်နေမိတယ်။

ကျွန်တော့်ရဲ့မျက်ဝန်းအိမ်ဆီ တဖြည်းဖြည်းလျှောက်လာတဲ့ ခင်များရဲ့ပုံရိပ်ကို တလှုပ်မရပ်ကြည့်နေရတာကို ကျွန်တော်ကြိုက်တယ်။

"sorry မင်းစိတ်ညစ်နေပြီမလား မင်းတစ်ယောက်ထဲအိမ်ပြန်လွှတ်ရမှာ စိတ်မချလို့ ဒီထိခေါ်လာမိတာ"

"ဟက် ရပါတယ် ပြီးတော့ ကျွန်တော်တယောက်တည်းလည်း ပြန်လို့ရတယ်နော်"

"ဗိုလ်ကြီး! သခင်ဘသန်းရောက်လာပြီ..."

"အများကြီးသောက်မနေနဲ့အုံးနော် ခဏ..."

"ဟုတ်"

စိတ်ရှုပ်စရာစကားသံတွေကြား တိတ်ဆိတ်နေတဲ့ ဝရံတာလေးကို ရှာတွေ့လိုက်တယ်။

ကျွန်တော့်မြင်ကွင်းထဲပျောက်သွားတဲ့ ခင်များအစား ကြယ်တွေကိုဖြည့်လိုက်တယ်။

ပြီးတော့ နှလုံးသားကနေခြေဖျားအထိ ဝိုင်တွေနဲ့စီးဆင်းလိုက်တယ်။

ပြင်းလွန်းလို့ ခြေထောက်တွေတောင်ယိုင်သွားတယ်။

လှမ်းဆွဲပြီး ထိန်းလိုက်တဲ့သူက 'သူ' နဲ့သိပ်ဆင်တူနေတယ်။

"ဟန်ရိပ် မင်းမူးအောင်သောက်ပြန်ပြီ မင်းအဘွားတော့ငါ့ကိုအော်တော့မယ် အာ...! ငါ့သဲလေးကိုအိမ်ပြန်လိုက်ပို့မလို့ဟာကို မင်းနဲ့တော့ကွာ!"

"ငါ့ကိုဒီမှာထားခဲ့လေ အ့ဆို!"

"မင်းလည်းငါ့ကောင်မလေးပဲကိုထားစရာလား"

"ခွေးကောင်!"

ပါးကိုလိမ်ဆွဲနေတဲ့သူ့လက်တွေကို သပ်ချလိုက်တယ် ပြီးတော့ သူမမြင်အောင် ခပ်တိုးတိုးလေးကျေနပ်နေမိတယ်။

I'll Be There In 1945... [completed]Where stories live. Discover now