PART 18 (uni)

5.7K 674 27
                                    


အနွေးဓာတ်လေးရစေရန်အလို့ငှါ စောင်ပုံတွေကြားထဲက ကောင်လေးကို ဆွဲဖက်ရန်ပြင်လိုက်သည်။

သူရှိမနေပါ...အဲ့ဒီကစ
ကျွန်တော့်ဘဝထဲ သူ ပျောက်ရှသွားခဲ့ပြီ။

သစ်ရွက်ခြောက်လေးတစ်ခုကိုတောင် ချန်လှပ်မထားခဲ့ပါ။
အရာအားလုံးကို အစအနပါမချန် သူသိမ်းဆည်းသွားခဲ့ပြီ။

ခုံပေါ်မှာ အဆင်သင့်တင်ထားတဲ့စာကို ဖတ်ဖို့ခဏတော့ နှလုံးသားကြေကွဲပရစေ...။

" . . . မိုး
ကိုနေ... ကိုနေဘာကိုဆိုလိုတာလဲ ကျွန်မနားမလည်ဘူး။
တင်တင်မောင် မောင်လေး... ဆုံးသွားပြီကိုနေ။
နေကြာခင်းထဲမှာ လဲနေတဲ့သူ့ကိုတွေ့တော့ အရာအားလုံး နောက်ကျသွားခဲ့ပြီ။
သူ နှုတ်ဆက်သွားခဲ့ပြီ ကိုနေ။
ကလေးရဲ့ ရက်လည်အချိန်မှီ အဆင်ပြေရင် အမြန်ဆုံးပြန်လာခဲ့ပါနော်...။"

ရန်ကုန်ကလာတဲ့ကြေးနန်းပြန်စာလေးက ပြီးသွားပြီ သူမရှိတော့ဘူးလို့ အော်ပြောပြနေပေမယ့် ကျွန်တော်သာသိသည်။
ကျွန်တော်မမြင်နိုင်သော တဖက်ခြမ်းမှာတော့ သူရှိနေမှာပါ။
အခုငါ့မှာ ကျန်ရှိနေတာကတော့ ပဝါတထည်သာ...။

ဒီအချိန်နေ့ရက်တွေကစပြီး မင်းဆိုတာ ကိုယ့်အတွက်တော့ ကင်းမဲ့ခြင်းတွေပါပဲ...။

.

.

###

၁၉၆၀ခုနှစ်

မင်းမပါတဲ့ နွေရာသီကတော့ ဒီအတိုင်းလေးပဲ ထပ်ပြီးကုန်ဆုံးသွားတယ်။
တကယ်ပါ...ဒီလိုသာအစောကြီး မင်းထွက်သွားခဲ့မယ်ဆိုရင် မင်းအတွက်...ဆိုတဲ့သုံးမရတော့တဲ့ ရည်ညွှန်းမှုတွေနဲ့ ငါဟာ နောင်တတွေကိုပွေ့ဖက်ထားပါသေးတယ်...။

ချစ်ရတဲ့သူက မင်းပါလို့ပြောရင် ရင်ဘက်ထဲကကောင်လေးကတော့ ငိုမယ်ထင်တယ် မိုး....

သူပြောတယ် "ခင်များသူ့ကိုမချစ်ပါဘူးတဲ့"
ဟုတ်တယ်...ကိုယ်က သူ့ကိုချစ်နေတာပါ
ရင်ဘက်ထဲကကောင်လေးကိုပေါ့....မိုး

မင်းသိရင် ဒါတွေကိုနားလည်နိုင်မှာမဟုတ်ဘူး... ကိုယ်လည်း နားမလည်ခဲ့ပါဘူး
ဒါပေမယ့် အချစ်က ဦးနှောက်ကိုရှင်းပြပေးနေဖို့ မလိုဘူးနဲ့တူပါတယ်
ဒီလိုပဲ အချစ်က တိတ်တိတ်လေးပဲရောက်လာပြီး တိတ်တိတ်လေးပဲပြန်ထွက်သွားတယ်။

I'll Be There In 1945... [completed]Tempat cerita menjadi hidup. Temukan sekarang