..
ကမ႓ောဇ ရှမ်းတိုင်းဋ္ဌာနီ မြောက်ပိုင်းဆီတွင် ငွေနှင်းမြူ အချို့အုံ့ဆိုင်းနေသော အောက်တွင် လားရှိုးတက္ကသိုလ်ကြီးသည် ပျားပန်းခတ် ဥဒဟို သွားလာနေကြသော ကျောင်းသားကျောင်းသူ ဆရာ ဆရာမ များနှင့် အသက်ဝင်နေလေသည်....
ကျောင်းမျက်နှာစာရှေ့တည့်တည့်မှ ကံကော်ပင်ရိပ်လေးတွေအောက်က ခုံတန်းလေးတွေမှာလဲ လူတွေ သူ့အစုနဲ့သူ သူ့အတွဲ ကိုယ့်အတွဲနဲ့...အားလုံးကတော့ ရိုးရာဝတ်စုံကိုယ်စီနဲ့ပေါ့...ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး တက္ကသိုလ်တက်ပြီဟေ့ဆိုရင် ဒီလားရှိုးတက္ကသိုလ် ပဲ လာတက်ကြရတာပင်.မူဆယ်.ကွတ်ခိုင်.နမ့်ခမ်း .သိန်းနီ.မိုင်းရယ်.လောက်ကိုင်...မိုးမိတ်.မဘိမ်း.ကျောက်မဲ.သီပေါ.နောင်ချို..တန့်ယန်း.စသဖြင့်...စသဖြင့်ပေါ.့...တစ်ချို့ကျ အခြားဖက် ပြောင်းလျှောက်ကြတာလဲ ရှိတာပေါ့...အများအားဖြင့်တော့ ဒီမှာပဲ တက်ကြတာ များတယ်လေ...တိုင်းရင်းသားပေါင်းစုံ....ရှမ်း.ပလောင်.ကချင်.ကရင်.ဝ.လီဆူး.ပအိုဝ်းလဲ ပါသေးတာ..ပြီး ကိုယ်တို့လို့ ဓနုတွေလဲ ပါသေးတယ်...
မယုံမရှိနဲ့...
အကုန်လုံးက တောင်ပေါ်ဒေသမှာ နေထိုင်ကြလို့လားမသိဘူး တိုင်းရင်းသားတွေ တိုင်းရင်းသူတွေ အကုန် အသားမဲတဲ့သူကို မရှိသလောက်ရှားတယ်..ပါးအို့နီနီအသားဖြူ တဲ့ ရှမ်းပျိုဖြူ လေးတွေကတော့ အလှဆုံး အများဆုံးပေါ့...နေရာတကာ နေရာတိုင်းမှာ ဘာပဲလုပ်လုပ် သူတို့မပါရင်ကို မပြီး..အေးလေ..ဒါသူတို့ တိုင်း သူတို့ပြည်နယ်ဆိုတော့.သူတို့ခြေ သူတို့လက်ပဲပေါ့...
လားရှိုးတက္ကသိုလ် ပင်မဆောင် ကြီး၏ အောက်ဆုံးထပ်တွင် wifi free ရလို့လားမသိ....ချထားသော ခုံများတွင် ထိုင်စရာ နေရာလပ်မရှိအောင် ပြည့်နေလေသည်...ထိုထဲမှ အနောက်ဆုံး Notic board ထားရာ အောက်တွင် ရှမ်းရိုးရာ ဝတ်စုံများနှင့် ကျောင်းသားကျောင်းသူ အချို့ စကားကို တစ်ယောက်နဲ့တစ်ယောက် အလုအယက်ပြောနေကြသည်...တစ်ခုခုကို တိုင်ပင်နေဟန်မျိုးလဲ ရှိသည်.. အဝါရောင် ရှမ်းရိုးရာပိုးဝတ်စုံလေးနဲ့ တစ်ယောက်က
"ပီဆိုင်နွန်း ခုထိ ပေါ်မလာသေးဘူး...အချိန်က နီးနေပြီနော်"
သူမ စကားကို နောက်ထပ် ဝတ်စုံတူ မိန်းကလေးတစ်ယောက်ကလဲ
"ဟုတ်ပ နောက် ငါးမိနစ်ဆို ခန်းမထဲ ဝင်ရတော့မှာ..ဘာလို့နောက်ကျနေပါလိမ့်"
ကောင်လေးကောင်မလေးအကုန်လုံး ဆင်တူကို ဝတ်ထားကြသည်..ကောင်လေး လေးယောက် ကောင်မလေး လေးယောက်..စုစုပေါင်း ရှစ်ယောက်က လမ်းဝမှာ ပိတ်ရပ်နေသလို အပြင်ဖက်လဲ ခဏ ခဏ ထွက် ကြည့်နေကြသည်..
"အိုက်ထွေးကောပဲ ဒီနှစ်ယောက် ပွဲကို မေ့ပြီး အပြင်မှာ သွား ချိန်းတွေ့နေကြလား မသိ"
ရွတ်နောက်နောက်ပြောလိုက်သော ထိုကောင်လေးကျောပြင်ကို မိန်းကလေးတွေရဲ့ ဗြောတင်ခြင်း ခံလိုက်ရလေသည်..
"လုပ်စရာလား ဒီိကိစ္စမှာ သူတို့က မပါမဖြစ်လေ..ခါတိုင်းအမြဲ ရောက်နေတတ်တဲ့ ပီဆိုင်နွန်း က ဒီနေ့ကျမှ တစ်ခုခုဖြစ်နေလား"
"ငါတို့ လိုက်သွားကြည့်ရမလား"
"မလိုက်နဲ့ နင်တို့အကြောင်းမသိတာကျလို့..သွားလိုက်ရင် ပေါ်လာတော့မှာမဟုတ်ဖူး"
"နင်ကလဲဟာ..."
"ဟိုမှာ လာပြီ"
အားလုံးအကြည့်က ကျောင်းရှေ့ စိန်ပန်းပင်အောက်မှာ ထိုးရပ်လိုက်တဲ့ အနီရောင်ကားတစ်စီးဆီသို့...
တော်တော်နဲ့ဆင်းမလာကြ..စိတ်မရှည်စွာ အားလုံးထွက်ခေါ်ကြမယ်ပြင်ကာမှ ပထမဆုံး ဘယ်ဖက်က တံခါးပွင့်လာသည်..
ခြေဖဝါးနုနုလေးက ကတ္တီပါ ဖိနပ်အဝါရောင်လေးကို စီးလို့...အထက်အောက် အဝါရောင်ပိုးဝတ်စုံ ပင်...မျက်နှာပြင်က မိတ်ကပ်လိမ်း ထားပုံပင် မပေါ်...သို့သော် ပါးအို့နဂိုနီနီလေးနဲ့ မျက်တောင်တွေလဲ ရှည်ပြီး ကော့တက်နေသည်...နှုတ်ခမ်းကလဲ နီနီရဲရဲ ဆေးဆိုးထားတဲ့အထဲ Duck face ဖြစ်နေသည်.
ဂျိုင်း
ကားတံခါးကို နောက်ပြန်လိုက် ဆောင့်ပိတ်လိုက်သံကြောင့် ခဏက ထွက်ကြည့်နေတဲ့ လူရှစ်ယောက် ခြေလှမ်းရပ်သွားသည်...သူမလေးက ရပ်နေတဲ့ အုပ်စုဆီကို ဆောင့်ကြီးအောင့်ကြီးနဲ့ လက်ထဲမှာ တပွေ့တပိုက်ကိုင်လာသေးသည်..ခေါင်းပေါင်းလဲ မပါ...ကျန်မိန်းကလေးတွေက ခေါင်းပေါင်းနဲ့ ဝတ်စုံပြည့်..သူမတစ်ယောက်တည်း..အဲ...သူမရဲ့နောက်မှ လိုက်ဆင်းလာသူကတော့ ဝတ်စုံတူ ကောင်လေးတစ်ယောက်..မိန်းကလေး တွေလွယ်သော လွယ်အိတ်ကို လွယ်ထားပြီး ခေါင်းပေါင်းကိုလဲ ကိုင်ထားသေးသည်.
"ဟေ့ကောင်..အိုက်ထွေး..ဘာဖြစ်ကြတာလဲ"
"အထဲဝင်လေကွာ"
နောက်မှာ ရောက်လာတဲ့ အိုက်ထွေးဆိုသူက နီးရာမိန်းကလေးတယောက်ကို ပစ္စည်းတွေ ပေးလိုက်သည်. ပြီးတော့ ကျန်ယောက်ျားလေးတွေနဲ့အတူ ထောင့်နားလေးမှာ ချထားသော ရှမ်းအိုးစည်ရှည်ကြီးကို လွယ်လျက် လှေကားအတိုင်း ဒုတိယထပ်က ကမ္ဘောဇခန်းမကို သွားလေပြီ...ကျန်နေခဲ့တဲ့မိန်းကလေးအဖွဲ့ကတော့ လိုက်မတက်လာသေးပဲ နောက်မှရောက်လာတဲ့ မိန်းကလေးက ထိုင်ခေါ်ပေါ်.ဆောင့်ထိုင်နေသေးသည်.
"ပီဆိုင်နွန်း...ဘာဖြစ်လာတာလဲ ခေါင်းပေါင်းတွေလဲ မရိုဖရဲနဲ့"
"အိုက်ထွေးလေ...စတည်းက ငါ့ဆိုင်ကယ်နဲ့ လာရင်.ဟုတ်နေပြီကို. ခု သူ့ကားနဲ့ လာခေါ်တာ လမ်းမှာပျက်နေတယ်လေ..စိတ်တိုလိုက်တာ အချိန်လဲအရမ်းကပ်နေပြီ ငါ ဘာမှမပြင်ရသေးဘူး"
မပြင်ရသေးသော်လဲ မျက်နှာက လှနေသည်...ကျန်သူမျကခေါင်းပေါင်းလုပ်ပေးသူ ဆံပင်ပြင်ပေးသူ မိတ်ကပ်လုပ်ပေးသူနဲ့ အလုပ်ရှုပ်သွားသည်...
"ရပြီ သွားရအောင်.."
အားလုံးစုစု..စုစုနဲ့အပေါ် ခန်းမဆီသို့ မြန်မြန် ချီတက်ကြရလေတော့သည်...ခန်းမထဲမှာ လူတောင်စုံနေကြပြီလေ..ဒီနေ့ မေဂျာ အကုန်လုံးရဲ့ Fresher welcome day လေ..သူမလေးတို့ ရှမ်းတိုင်းရင်းသူတွေက လဲ အကနဲ့ ဖျော်ဖြေရမှာ..ကျန် တိုင်းရင်းသားတွေကလဲ အပြိုင်ကကြမှာလေ....ဒီကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ လာတက်ကြတာမို့ the whole king queen ရွေးသလိုမျိုး တစ်ကျောင်းလုံးရဲ့တိုင်းရင်းသားကွင်းနဲ့ကင်းကို ရွေးချယ်ကြမှာဆိုတော့အားလုံးကလူစုံတက်စုံ။ ကွင်းတွေကင်းတွေရွေးချယ်တာကို ပထမနှစ်သီးသန့်ပဲမလုပ်ကြ။ နှစ်ပေါင်းစုံကျောင်းသားကျောင်းသူပေါင်းစုံကိုဝင်ပြိုင်ခွင့်ပေးထားလေသည်။
သူမတို့ဝင်တော့ ထိုင်စရာက မရှိတော့...နဂိုတည်းက ဒေါသမပြေသေးတဲ့ သူမလေး ရှေ့မှာ အိုးစည်ထောင်နေသော အိုက်ထွေးအား မျက်စောင်းတွေ တစ်ဒိုင်းဒိုင်း အဆက်မပြတ် ပစ်လွှတ်နေသည်...ဘေးနားက ကောင်မလေးတစ်ယောက်က
"နင် အဲ့လိုချည်း မျက်စောင်းထိုးနေနော်"
"ဘာဖြစ်လဲ သူ့ကြောင့် ငါတို့ မတ်တပ်ရပ်ရတာ ဘယ်လောက်ရှက်စရာကောင်းလဲ"
"နင်သာ နဂါးဆို သူ ပြာကျနေလောက်ပြီ"
"လာမပြောနဲ့ နင်တို့ကောပဲ အရင်ရောက်နှင့်သားနဲ့ နေရာလဲ မယူထားဘူး နင်တို့လဲ အသုံးမကျဘူး"
"အေး...ငါတို့ အဲ့လိုဝင်နှင့်နေရင်လဲ နင်က စိတ်ဆိုးသွားဦးမှာ ခုမှ လာအပစ်ရှာမနေနဲ့ "
"ဟဲ့ ရန်ဖြစ်မနေနဲ့ ဆရာတွေ ကန်တော့ရတော့မယ် ထိုင်ကြ "
"ဘယ်မလဲ ထိုင်စရာ"
"အဲ့လိုပဲ တိုးဝှေ့ပြီး ထိုင်ရမှာပဲ ထိုင်ကွာ ဟိုမှာ ပါမောက္ခချုပ် လာနေပြီ"
ဟုတ်သည်...အပေါက်ဝကနေ ဆရာ ဆရာမတွေ ပါမောက္ခချုပ် တွေပါ ဝင်လာနေကြပြီ...ရှေးမြန်မာ ဝတ်စုံတွေ ဝတ်ထားသူတွေက မတ်တပ်ရပ်အတန်းလိုက်ကြိုဆိုနေကြသည်...သူမလေးက စိတ်တိုနေပါတယ်ဆိုမှ အရေးထဲ
"ဟဲ့ ဒေါ်မာလာကြီးကိုလဲ ကြည့်ဦး နှုတ်ခမ်းနီအရောင်နဲ့ နှင်းဆီပန်းပန်ထားတာနဲ့ နီရဲလွင်နေတာပဲ ဟဟ"
တော်သေးတာပေါ့...သီချင်းဖွင့်ထားလို့သာ သူမလေးအသံမကြားရတာလေ...မဟုတ်ရင်ဖြင့် အကျယ်ကြီး ထွက်သွားမှာ..
ဒေါ်မာလာဆိုတာ မြန်မာစာ ပါမောက္ခကြီးလေ...အမြဲ ပန်းပန်တတ်သည်...ကိုယ်တို့တော့ အဲ့ဆရာမကြီးကို ချစ်တယ် projector နဲ့ စာဝင်သင်တိုင်း တစ်ယောက်ချင်း ထမေးတတ်လွန်းလို့ အမြဲရှေ့ဆုံးမှာ ထိုင်ခဲ့ဖူးတာလေး သတိရမိ😭😭😭😭...
ပီဆိုင်နွန်းဆိုတဲ့ သူမလေးက မြင်မြင်သမျှကို လိုက်ပြောနေရမှ စားဝင်အိပ်ပျော်တဲ့လူလေ...ခုလဲ သူ့ဟာသူ ပြောပြီး တစ်ခစ်ခစ်နဲ့ သဘောကျနေလေရဲ့...
ဆရာ ဆရာမတွေကို ကန်တော့...ပစ္စည်းတွေပေးပြီး...ပထမဆုံး ရှေးမြန်မာ အကနဲ့ ဖျော်ဖြေတယ်...ပြီးကျတော့
"ကဲ ဒုတိယဖျော်ဖြေဖို့ အလှည့်ကျတဲ့ အဖွဲ့ကတော့ Physics မေဂျာက ရှမ်းအကအဖွဲ့ဖြစ်ပါတယ် ကြိုဆိုလိုက်ကြရအောင်"
လက်ခုပ်သံတွေက စည်းချက်ညီညီပေါ်လာသည်... သူမလေးတို့ ဆယ်ယောက်အဖွဲ့ တက်လာပြီး ပရိတ်သတ်ကို နှုတ်ဆက်လိုက်သည်..ပြီးတော့ ကီးဘုတ်နဲ့ ရှမ်းအိုးစည်ဝိုင်းနဲ့ ရောထွေးပြီး ရိုးမအလှ ကို ကလေသည်..
....ရှမ်းရိုးမက အိုးစည်သံ...ဗေဗေထုံလို့ညံ.....ကကြိုးကဟန်....
အဆိုတော်က အိုက်ထွေးလေ...အလိုက်မသိတဲ့ အောက်က ပရိတ်သတ်တွေ လာပြီး ပန်းကုန်းစွပ်သူစွပ်...ပန်းပေးသူပေးနဲ့ ရှုပ်ယှက်ခတ်လို့...တကယ်ဆို အကုန်ပြီးမှ ဆုငွေလေးပေးသင့်တာ...ကနေရင်းနဲ့တောင် ကောင်မလေးတွေ ပန်းကုံးတက်စွပ်ရင် ပြုံးဖြီးနေတဲ့ အိုက်ထွေးကို ပြေးကုတ်ချင်စိတ်က ထိန်းမနိုင်... သူမကို ပန်းလာစွပ်သူတိုင်းကိုလဲ တမင်ပဲ ပြုံးဖြဲပြမိတော့ အိုက်ထွေးခမျာ မျက်နှာငယ်လေးနဲ့ ကြည့်နေရှာသေးသည်..
သူမတို့ ကလို့ပြီးသွားတော့ အကုန် ဝိုင်းဆုချကြတာ ငါးသောင်းလောက်ရသည်...သူမကပဲ ခေါင်းဆောင် လို ဖြစ်နေတော့ အဲ့ငွေတွေကို ကျောင်းရန်ပုံငွေအနေနဲ့ ပြန်ထားခဲ့လိုက်သည်.. မနက်ပိုင်းပြီးတော့ သူမတို့ မေဂျာက ဒီအဆောင်ပဲဆိုတော့ အခန်းထဲ ဝင်လာလိုက်ကြသညိ...စာသင်ခန်းထဲ သူမတို့အဖွဲ့မှလွဲ၍ မညိသူမှ ရှိမနေ..
"အေးလှရီ ငါ့ကို ဒါလေး ဖြုတ်ပေးကြည့်"
လက်မောင်းကို မရမက ပင့်တင်ပြီး လက်ထိုးပေးနေသောကြောင့် အေးလှရီဆိုတဲ့ ကောင်မလေးက
"ဘာကို ဖြုတ်ရမတုန်း"
"Hand chain လေ"
"ဟင် ဘာလို့ ဖြူတ်မှာတုန်း"
"ရှုပ်လို့"
"ဟဲ့ အဲ့ဒါ နင်တို့ တစ်နှစ်ပြည့်တုန်းက အိုက်ထွေးပေးထားတာမလား"
"အေးလေ...ဘာလို့ ဖြုတ် မှာတုန်း"
"စကားများမနေနဲ့ ငါ ဖြုတ်ဆို ဖြုတ်နော် မဟုတ်ရင် ငါ ဆွဲဖြုတ်လိုက်မြှပတ်ကျသွားဦးမယ် ငါ အိုက်ထွေးကို စိတ်တိုလို့"
"နင်ကလဲ ဘာမဟုတ်တာလေးနဲ့ ဟန်းချိန်းကိုပါ ဖြုတ်တော့မလို့လား"
"ဘာလဲ အိုက်ထွေးဖက်က နေတာလားနင်တို့က"
ကျန်သူတွေ ဘာပြောရမှန်းမသိ ဖြစ်နေစဉ် အိုက်ထွေးတို့အဖွဲ့ဝင်လာလေသည်...
"ဟိုမှာ အိုက်ထွေး..နင့်ဟာ နင်ပြောယူတော့ ငါတို့ ထမင်းထုတ်သွားယူလိုက်ဦးမယ် "
"ဟဲ့ ငါကော လိုက်မယ်လေ"
"ယူခဲ့ပေးမယ် စိုင်းခမ်း နင်တို့ကော လိုက်လာ အိုက်ထွေးနဲ့ ဆိုင်နွန်း တို့အတွက် ယူခဲ့ပေးမယ်"
"အေး...အေးဟ"
ရှစ်ယောက်စလုံးထွက်သွားတော့ စာသင်ခန်းကျယ်ကြီးထဲတွင် အိုက်ထွေးနဲ့ ဆိုင်နွန်း သာ ကျန်ခဲ့တော့သည်..အိုက်ထွေးက ဆိုင်နွန်းဆီသို့ မရဲတရဲ ကပ်သွားရင်း
"ဟတ်....ဘာလို့ အဲ့ဟန်းချိန်းကို ဖြုတ်မှာလဲ"
"မရချင်တော့လို့ ပြီးတော့ ပလက်တီနမ်နဲ့ မတည့်ဘူး.လက်ယားတယ် .ပြီး ဝတ်လဲ မဝတ်ချင်တော့ဘူး"
ပြောရင်း တကယ်စိတ်ပါလာကာ မရည်ရွယ်ပါပဲ ဟန်းချိန်းလေးကို ဒေါသနဲ့ ဆွဲချွတ်လိုက်တော့ ပြတ်ကျသွားသည်....
"ဟာ..ဟတ်"
အိုက်ထွေးက မယုံနိုင်စွာဖြင့် ကြမ်းခင်းပေါ်ကျသွားတဲ့ ဟန်းချိုင်းအပိုင်းအစကို စိတ်ထိခိုက်စွာ ဒူးထောက်ကောက်ယူလိုက်သည်...ပြီးတော့ ဆိုင်နွန်းရှေ့မှာ ဒူးထောက်လျက်သားပင်..
"ဟတ်....တကယ်တောင်းပန်ပါတယ်...ငါက.ဟတ် အလှပျက်သွားမှာစိုးလို့ ကားနဲ့ လာကြိုတာပါ စေတနာနဲ့ပါ...ဒါမယ့် ကားပျက်မယ်ဆိုတာ ငါ ကြိုသိခဲ့ရင် လာခေါ်မှာ မဟုတ်ပါဘူးဟာ"
"လာမပြောနဲ့.....အိုက်ထွေး...နင်ဟာလေ အမှတ်ကို မရှိဘူး...ငါ့ရှေ့မှာ ဒူးမထောက်နဲ့လို့ ဘယ်နှစ်ခါပြောနေရမှာလဲ...နင် ယောက်ျားဖြစ်ပြီး.နည်းနည်းလောက်လေးများ သိက္ခာ ထိန်းပါဦးလား"
"ငါ....ငါက...နင့်ကို အရမ်းချစ်လို့ပါဟာ...ဟုတ်တယ်..ငါ နင့်ရှေ့မှာ နင် စိတ်ကျေနပ်စေဖို့ ငါ ဒူးထောက်ရုံတင် မကဘူး...ဘာပဲလုပ်ရ လုပ်ရ ငါလုပ်နိုင်တယ်...နင်နဲ့ပတ်သက်ရင် ငါ့မှာ သိက္ခာဆိုတာလဲ ထည့်မစဉ်းစားဘူး..ကျေးဇူးပြုပြီး စိတ်ကောက်ပြေပါတော့ဟာ...နော်."
အဲ့ဒါတွေ မကြိုက်တာ....အိုက်ထွေးနဲ့က ကိုးတန်းတည်းက တွဲလာတာ...သူက လောက်ကိုင်ကနေ လားရှိုးမှာ အဆောင်လာနေရင်းနဲ့ စသိကြတာလေ...အဲ့တည်းက စိတ်ဝင်စားနေတာ.. .အရာရာကို စိတ်တိုင်းမကျဖြစ်လေတိုင်း တစ်ယောက်ယောက်ကို စိတ်ကောက်လိုက်ရမှ...ရစ်လိုက်ရမှ ကျေနပ်တဲ့ ဆိုင်နွန်းရဲ့ အနွံအတာ ခံသူကတော့ အိုက်ထွေးပဲပေါ့...အိုက်ထွေးက လောက်ကိုင်မှာ အချမ်းသာဆုံး သူဋ္ဌေးရဲ့ တစ်ဦးတည်းသော သားလေ....ကျောင်းလေးတက်တာတောင် ကားနဲ့ ဘာနဲ့....သူ့သား.ကျောင်းတက်ဖို့ကို အဆောင်မထားပဲ လုံးချင်းအိမ် ဝယ်ထားပေးသေးတာ...မာလီနဲ့ ဘာနဲ့...
အိုက်ထွေးက ချမ်းသာပေမယ့် မာနခေါင်ထိတက်မနေ..လူတိုင်းကို ဖော်ဖော်ရွှေရွှေဆက်ဆံသည်.. ရုပ်ကလဲ ဖြောင့်တော့ ခင်သူချစ်သူကလဲ များလှသည်...အဲ့ထဲမှာမှ ဆိုင်နွန်းရဲ့ချစ်သူ လာဖြစ်နေသေးသည်... ဆိုင်နွန်း က ဆိုးသည်...ရစ်စရာမရှိကြံဖန်ရစ်သည်....သူမလေး စိတ်ဆိုးစိတ်ကောက်တိုင်း နေမထိ ထိုင်မသာတြွေဖစ်....မနေနိုင်မထိုင်နိုင်တြွေဖစ်ကာ ချော့မော့နေရသူက အိုက်ထွေး...ခုလဲ ဘာမဟုတ်တာကို အကြီးအကျယ်စိတိကောက်ကာ တစ်နှစ်ပြည့်တုန်းက သူပေးထားတဲ့ ပလက်တီနမ် ဟန်းချိုင်းကို ဆွဲဖြတ်လိုက်တာ...ပြတ်သွားတဲ့ ဟန်းချိုင်းကြိုးလေးကို ကောက်ရင်း မျက်ရည်ဝဲမိသည်.. ခါတိုင်းဆို စိတ်ကောက်ပေမယ့် အဲ့လို တစ်ခါမှ မလုပ်ဖူးဘူးလေ...
"ဟဲ့ ထတော့လေ...ဟိုမှာ ဆရာမတွေ ဒီဖက်လာနေတယ်"
သူမ မေးငေါ့ရာသို့ ကြည့်တော့ ဟုတ်သည်...သူတို့မေဂျာက
ဆရာမတွေ ဒီဖက်လျှောက်လာနေကြသည်...
"ဟင့်အင်း မထဘူး...ဟတ် စိတ်ကောက်ပြေမှ ထမယ်"
"အိုက်ထွေး ငါစိတ်တိုအောင် လုပ်နေတာလား"
"မထဘူးနော် ..ဟတ် ...တောင်းပန်ပါတယ်နော်...နောက်မဖြစ်စေရဘူးကွာ...ကတိပေးတယ်နော်.."
အိုက်ထွေးစကားကို မကြားမိတော့...အကြည့်က အခန်းထဲ ရောက်တော့မည်ဖြစ်သော ဆရာမတွေရဲ့ခြေလှမ်းကိုသာ ကြည့်နေတော့သည်...အိုက်ထွေးနဲ့သူမ ချစ်သူတွေဆိုတာ ဟိုး အထက်တန်းမှာတည်းက လူသိများပြီးသား..ခုကျောင်းမှာလဲ မသိတဲ့သူက ခပ်ရှားရှားရယ်...ခုလို ဒူးထောက်တောင်းပန်နေတာ ဆရာမတြွေမင်ရင် တော့. သူမကို တစ်မျိုး မြင်နေဦးမှာပင်..ထို့ကြောင့် ဆတ်ခနဲ ထရပ်ကာ
"ဟဲ့ ထတော့"
"ဟတ်....ငါ ပြောပြီးသားနော်.ဒါဆို.စိတ်ကောက်ပြေပြီလား"
"အင် အင်း...ပြေပြီ ထ.ထ "
Hand chain ကို ပြန်တပ်ပေးရန် လက်ဆန့်ပေးလိုက်တော့ အိုက်ထွေးက သူမလက်ကို အသာယာ ကိုင်ရင်း
'မတပ်ပေးတော့ဘူး"
"ဘာလို့လဲ"
"ပြတ်နေပြီလေ...နောက်မှပဲ အသစ်ထပ်ပေးမယ်..နော်.."
"မပေးနဲ့ အသစ်မလိုချင်ဘူး"
"မကောင်းတော့ဘူးလေ..ကွား.."
စိတ်လိုက်မာန်ပါ အော်ပစ်ချင်သော်လဲ အခန်းထဲ ဆရာမရောက်လာတော့ ဒေါသကို မြိုချ ပြီး အပြေးအလွှား ပြုံးပြလိုက်ရလေသည်..
"တီချယ် စားပြီးပြီလား"
"ပြီးပြီ သမီး တို့ကော"
"အေးလှရီတို့ သွားယူခဲ့တာ ပေါ်မလာသေးဘူး"
-ဘာဖြစ်နေတာလဲ....ရန်ဖြစ်ပြန်ပြီလား"
ကြည့်စမ်း..အိုက်ထွေးက ငိုထားလို့ မျက်နှာတွေနီနေတာပဲ...တီချယ်တွေမသိပဲ နေမလား.....သူမက ရှက်သွားသလိုနဲ့ နောက်ကနေ အိုက်ထွေးကို လိမ်ဆွဲလိုက်သေးသည်..
"ဟုတ်ပါဘူး တီချယ်ရ...သူ့လက်က ဟန်းချိုင်း ပြတ်ကျသွားလို့လေ..."
လက်ထဲက ဟန်းချိုင်းကို.မြှောက်ပြရင်းပြောလိုက်တော့မှ အဆင်ပြေသွားသည်...တီချယ်က သူ့အဖော်ဆရာမ နှစ်ယောက်ကို တစ်ခုခုပြောပြီး ဆိုင်နွန်းတို့ဖက် ပြန်လှည့်လာပြန်သည်..
"ဆိုင်နွန်း Queen မလျှောက်ဘူးလား"
"မလျှောက်ဘူးတီချယ်.."
"သား...အိုက်ထွေး ပါတယ်မလား စာရင်းပေးထားတယ်ဆို'
အိုက်ထွေးက ဆိုငိနွန်းကို တချက်မဝံ့မရဲ ကြည့်ပြီး
"ဟုတ်ကဲ့"
"ဆိုင်နွန်း...ဘာလို့မလျှောက်တာလဲ သူများပြောသလိုပဲလား"
တီချယ်ပြောတဲ့ သူများပြောသလို ဆိုတာကြောင့် သူမ ပြုံးလိုက်မိသည်..အမှန်ဆို ပြုံးတယ်ဆိုတာထက် ပိုတဲ့ စိတ်ပေါက်ပေါက်နဲ့ ဟား ပစ်ချင်တာရယ်...တီချယ်နေရာမှာသာ အခြားကျောင်းသားကျောင်းသူတစ်ယောက်ယောက်သာဆို ဖျစ်ညှစ်ပြီးဟားမှာ အမှန်....ခုတော့ စိတ်ထိန်းပြီး မနည်း ဘရိတ်အုပ်ထားရကာ ဘာမှမသိတဲ့ ကလေးသူငယ် မျက်နှာမျိုးဖြင့်
"သူများ ဘာတွေပြောကြလို့လဲ တီချယ်"
တီချယ့်ကိုလဲ ပေါ်တင် ကြပ်ဦးမလား ဆိုပြီး အိုက်ထွေး ဆိုင်နွန်းဘေးရပ်ပြီး ကြက်သီးတွေ ထနေလေပြီ..တီချယ်ကလဲ
အလိုက်မသိစွာ
"ဆိုင်နွန်းကပြောတယ်တဲ့
သူသာ ဝင်ပြိုင်ရင် Queen အသစ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဖူးတဲ့"
"ဟား.."
စိတ်လွတ်စွာ ရယ်သံထွက်သွားသေးသည်.
"မဟုတ်လို့လား တီချယ်"
"အဲ့ဒါတော့ ဟုတ်တယ် သမီးက သုံးနှစ်ဆက်တိုက် တှုင်းရင်းသားပေါင်းစုံမှာ တစ်ကျောင်းလုံးရဲ့ ကွင်း အဖြစ်ရပ်တည်နေခဲ့တာ...ဒါပေမယ့် ဒီနှစ်မလျှောက်တော့ တစ်မျိုးကြီးပဲ..အားလုံးကလဲ သမီးကို မဲပေးမှာ အမှန်"
"အဲ့ဒါပြောတာပေါ့ သမီး ကွင်းမဖြစ်ချင်တော့ဘူး"
"ဘာလို့လဲ"
"ပြိုင်ဆိုင်ပြီး မှ ရလာမယ့် အောင်မြင်မှုထက် မျက်နှာလိုက်ခံရလို့ ပေးတဲ့ အောင်မြင်မှုမျိုးမလိုချင်တော့ဘူး...ခု သမီး ဖိုင်နယ် တက်နေပြီလေ..လူကြီးဆန်လာပြီ..အငယ်တွေကို ဦးစားပေးတော့မယ်..."
"မျက်နှာလိုက်တာ မဟုတ်ဘူးသမီး အမြင်မှားနေပြီ လူတိုင်းက သမီးကို ချစ်ကြတယ်လေ...ထားပါတော့...ပြောချင်တာက သမီးမှာ ပင်ကိုယ်အရည်အချင်းရှိလို့ အောင်မြင်တာ ပါ..သမီး Tit tok မှာတောင် အမည်ကျော်ဖြစ်နေသေးတာပဲ...ဘယ်သူမှမသိဘူး..သမီးကို ချစ်ကြတယ်လေ.."
"ဟုတ်ကဲ့ သမီးနားလည်ပြီ တီချယ် ညနေမှ ပဲ တက်လာတော့မယ်..ခု ဗိုက်ဆာနေလို့ ကန်တင်း သွားဦးမယ် တစ်ခုခု လိုက်စားပါဦးလား"
"ကျေးဇူးပဲ မစားတော့ဘူး..."
"ဒါဆို သွားပြီ "
ဖျတ်ခနဲ အိတ် ကို ဆွဲယူပြီး အခန်းထဲမှ ထွက်သွားတော့ အိုက်ထွေးလဲ နောက်မှ လိုက်ပြေးရတော့သည် ....ကျန်သော တီချယ်က
"အဲ့နှစ်ယောက် အရမ်းလိုက်တယ်နော်"
"ဟုတ်တယ် ဆိုင်နွန်းက မဟုတ်မခံနော် ဒေါသကြီးမယ့်ပုံပဲ"
'အင်း...ကောင်လေးပဲ ချော့နေရတာများတယ်"
"သုံးနှစ်ဆက်တိုက် ကွင်း ဖြစ်ခဲ့တာ ဒီနှစ်မှ ဘာစိတ်ကူးပေါက်တာလဲ သူ့ကောင်လေးနဲ့ အတူ ပြိုင်တာမဟုတ်ဘူး"
"တစ်ခုခုပေါ့ဟာ"
"ဓာတု က ကလေးမလဲ ဒီနှစ်တော်တော်ကျော်တယ်နော် ဆိုင်နွန်းမပါရင် သူပဲ ရလိမ့်မယ်"
"First year ကမလား...နောင်ချိုက ထင်တယ် အဲ့ ကလေးမလဲ မှုံနေအောင်လှတာနော် ဓနုမလေးပဲ😂😂😂"
"ဟုတ်တယ် ...ဆိုင်နွန်းကတော့ ရှေးက မင်းသမီးတွေလိုပေါ့ အကြမ်းလဲခံတယ် အကြည့်လဲခံတယ် အိနြေ္ဒရှင် လေးလို လှတာ ဆိုင်နွန်းက စွာတယ် အပေါင်းအသင်းဆန့်တယ်..အာ့ကြောင့် နေရာတကာမှာ ခင်သမားလဲ သိပ်များတာ...မှုံချယ်ရီဦး လေးကတော့ ထိရက် ကိုင်ရက်စရာကို မရှိတာ မှုံနေအေါင်လှတာပဲ"
"ဓနုဆိုတဲ့ အဓိပ္ပါယ် ကိုက အသားဝင်းဝါစိုပြည်သူတဲ့....ဆိုင်နွန်းက အသားဖြူ ဖြူ လေးနဲ့လှ သလို မှုံချယ်ရီဦးက အသားဝင်းဝင်းလေးနဲ့ လှ....ခုနှစ်က ကျောင်းမှာ ကွင်း အပြိုင်ထွက်လာတာ ဆိုင်နွန်းသာ ဝင်ပြိုင်ရင် ပွဲကြီးပွဲကောင်းပဲ ..နှစ်သစ်လေးပဲ ရမလား..နှစ်ဟောင်းကပဲ ရမလား...ကလေးတွေ ဘယ်သူ့ကို မဲပေးကြမလဲဆိုတာ စိတ်ဝင်စားရင်ခုန်ဖို့ကောင်းတာ..ဒါပေမယ့် King ကတော့ ခါတိုင်းလိုပဲ ပြိုင်ဘက်ကင်း အိုက်ထွေးပဲ ရမှာပါ"
တီချယ်တွေသာ ဆိုတာ ....ကျောင်းသားကျောင်းသူတွေ အကြောင်း ပြောနေပုံများ အကြိတ်အနယ်....
ဟုတ်လဲ ဟုတ်သည်လေ.. ဒီတက္ကသိုလ်တစ်ခုလုံးမှာ ပထမနှစ်တည်းက ရုပ်ချောတာကော စွာတာကော ခင်တတ်တာကော ပွင့်လင်းတာကော ပြီးတော့ အိုက်ထွေးဆိုတဲ့ကောင်လေးနဲ့ အတွဲညီညီ လူမှုကွန်ယက်ပေါ်ကနေ လူသိများတာကော ချစ်စရာ့ဟန်ပန်ဖြင့် တစ်ယောက်တည်း ဖြစ်စေ..အဖွဲ့လိုက်ဖြစ်စေ
..Online ပေါ် အမည်ကျော်လာတဲ့ Tit Tok player အနေနဲ့ အတော်များများ ပရိတ်သတ် ရှိပြီးသား..
စိုင်းအိုက်ထွေး နဲ့ နန်းဆိုင်နွန်းဆို မသိသူ ခပ်ရှားရှား.... Anniversary တိုင်းမှာ ဆင်တူ.ဝတ်စုံလေးတွေ ဝတ်ပြီး Ro ပြတတ်နေကျမို့ သူတို့အတွဲဆို ချစ်ကြပြီးသား..
သူတို့ကို ချစ်သမား.ခင်သမားများတော့ ဘာပြိုင်ပြိုင် သူတို့ကိုပဲ အားလုံးက မဲပေးနေကြတာလေ..အားကစားမှာဆိုလဲ အိုက်ထွေးပါတဲ့အသင်းက အမြဲ အားပေးသူများပြီး အပြတ်အသတ် နိုင်စမြဲပင်..ခုလဲ King ကတော့ အိုက်ထွေး Queen ဆို ယခုမှ first year chemistry က မှုံချယ်ရီဦး ဒါတော့ အသေအချာကို ဖြစ်နေပါပြီ...
.
မီးရောင်စုံများကြားထဲက မောင်မယ် အနုအရွ အလှအပကို ကြည့်ရင်း ဆိုင်နွန်းတစ်ယောက် လက်ထဲမှ ဇီးထုတ်တွေကို တွင်တွင်စားသောက်နေသည်...
"ဆိုင်နွန်း "
"အမ်း ပြော"
ထူးသံကိုက ပလုတ်ပလောင်းအသံနဲ့...
"နင် ဘယ်သူ့ကို မဲပေးလဲ"
"မြန်မာက စိုးမိုးကျော် ရယ် ဓာတုက မှုံချယ်ရီဦး ရယ်"
"ဟယ်.နင် အိုက်ထွေးကို မပေးဘူးလား"
"မပေးပါဘူး ငါ အိုက်ထွေးကို မှ မရစေချင်တာ"
"ဘာလို့တုန်း"
"အမြင်ကပ်လို့"
"ဘာလဲ မှုံချယ်ရီဦး နဲ့ တွဲလျှောက်ရမှာကို မမြင်ချင်လို့ လား..စိတ်ချနေတော့ သူပဲရမှာ စိုးမိုးလောက်တော့ အမှုန်လေးပါကွာ"
"နင်က ငါ အိုက်ထွေးကို သဝန်တိုမယ်ထင်နေတာလား"
"မဟုတ်လို့လား ညာမယ်မကြံနဲ့"
"အထင်တော် လွဲရက်ပလေတော်....အဲ့ အိုက်ထွေးကို သာ သဝန်တိုနေရင် ငါ ကိုယ်တိုင် ပြိုင်နေမှာပေါ့"
"ဒါဆို ဘာကြောင့်လဲ"
"ငါလေ...အင်း ..ငါပြောရင် နင်ယုံပါ့မလား"
တီးလုံးသံတွေ ကြားမှာ တစ်ယောက်အသံတစ်ယောက်ကြားရဖို့မလွယ်...အော်ပြောနေရသည်...အရေးထဲ စကားပြောနေတာတောင် စားနေတာမပျက်...ဗလုံးပထွေးနဲ့ ပြောတဲ့ ဆိုင်နွန်းစကားကို မနည်း နားစိုက်ထောင်နေရသည်...
စတိတ်စင်ပေါ်မှာလဲ ဆူသံ...စင်အောက်က လူတွေ အော်သံနဲ့ ပွက်လောရိုက်နေသည်...
"ဘာပြောမလို့လဲ ပြောလေ"
"ငါ အိုက်ထွေးကို မကြိုက်ချင်တော့ဘူး"
ဟေးးး
အသံက တစ်ခဲနဲ အပြိုင်အော်လိုက်တော့ ဆိုင်နွန်းပြောတာ မကြားလိုက်...
"ဘာလဲ ဆိုင်နွန်း"
ဒီတစ်ခါကျ ခုဏကလို ဖြစ်မည်စိုး၍ ပါးစပ်ထဲက အစား အရင်မျိုချလိုက်ပြီးမှ တမင်အသံကိုမြှင့်ကာ
"ငါ အိုက်ထွေးကို မကြိုက်ချင်တော့ဘူး "
"ဟာ"
ပြောပြီးကာမှ သူမ လန့်သွားရသည်...ဘေးနားက နန်းမိုခမ်းရယ် ပြီးတော့ရှေ့ကကော နောက်ကကော လူတွေအကုန်လုံးအကြည့်က သူမထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာသည်....အဘယ်ကြောင့်ဆိုသော်....သူမက အသံမြှင့်အော်ပြောလိုက်ချိန်မှာ အတီးကလဲ တိခနဲ ရပ်သွားတော့ သူမအသံချည်းပဲ ကျယ်လောင်သွားရခြင်းဖြစ်သည်....သူမ ထိတ်လန့်စွာ စင်ပေါ်ကြည့်လိုက်တော့ အိုက်ထွေးရယ်...သူမဆီကို ကြောင်ကြည့်နေလေတော့သည်....သူမ....သူမ...သူမ...လူကြားထဲအတင်းတိုးကာ အပြင် ထွက်လာခဲ့လိုက်တော့သည်.....
.
.
.
Zawgyi