20

994 98 0
                                    


.
MDY က ပြန်လာပြီးတဲ့ နောက်ပိုင်း သဲ နဲ့ မ တို့နှစ်ယောက် ဇာတ်လမ်းကား.....
Online.. ..
"မ ဘာလုပ်နေလဲ"
"ခုဏလေးတင် ဆိုက်က ပြန်ရောက်... ခု နားနေတာ.မောလို့"
"အာဘွား မ အမောပြေစေ"
"ဟဟ"
"ဘာလဲ မ လှောင်တာလား"
"မဟူတ်ပါဘူး သဘောကျလို့ပါနော်"
"ဟုတ်ပါပြီ ဖုန်းပြောချင်တယ် မ"
"ပြောလေ မ ခေါ်ရမလား"
"စတာ မ ရဲ့ သဲ အခု အပြင်မှာ သူငယ်ချင်းတွေနဲ့"
"ဪ....ဘာလုပ်နေတာလဲ"
"ရန်ပုံငွေ ရှာ ထွက်"
"ဘာတွက်လဲ သဲ"
"သဲတို့ ဖက်က ဘုန်းကျောင်း ပြင်တာလေ အာ့ အလှူခံထွက်ပေးတာ အိုးစည်ဝိုင်းနဲ့"
"သဲ က တယ်ပေါ့"
"အင်းပေါ့ ဒါနဲ့ မ"
"ရှင့်"
"သဲ ဆီ ဘယ်တော့လာမှာလဲ"
"နောက်ရက်"
",နောက်ရက်တွေ များနေပြီ"
"အစကနဲ့ စာရင် နီးလာပြီလေ"
"မ သဲ ကားပေါ်ကနေ ဆင်းတော့မှာမို့"
"ဪ...အင်း ဂရုစိုက် သဲ"
"ဟုတ် ချစ်တယ် မ"
.....
Phone.....
"ဟလို မ အိပ်ပြီလား"
"မအိပ်သေးဘူး စာရင်းလုပ်နေတာ"
"သဲ စာကျက်နေတယ် မ ပုံပေးဦး"
"မ ရုပ်က ဂါနေတာ သဲ"
"ဂါ ဂါ သဲ က ချစ်တဲ့မျက်စိနဲ့ ကြည့်ရင် လှပြီးသား နော် မ"
"အင်းပါ လိုင်းဖွင့်တဲ့ အခါ ပို့ပေးမယ်နော် မ စာရင်းမပြီးသေးလို့"
"မရဘူး ခု"
"ခဏလေးနော်""
"မရဘူးဆို ခုဆို.ခုပဲ"
"အင်းပါ သဲရယ်"
"သဲ လိုင်းဖွင့်ထားပြီနော်"
..
"အား.....မ က အိမ်နေရင်းတောင် ဘယ်လိုလှမှန်းမသိဘူး သဲ အရမ်းချစ်တာပဲ အာဘွား"
.....
Online
"ဟင် သဲ ဒီချိန် စာသင်ချိန်လေ"
"မ လဲ ဆိုက်.ထဲရောက်နေတဲ့ အချိန်လေ ဘာလဲ မ က သဲ နဲ့ မဆုံအောင် တမင် တက်တာလား"
"မဟုတ်ပါဘူးနော်. ..ရုံးကို လူစာရင်း လိုင်းကနေ ပုံရိုက်ပို့ပေးနေတာမို့ ခဏတက်လာတာ သဲက စာမသင်ပဲ ဘာလုပ်"
"မ ကို လွမ်းလို့ပေါ့"
"ကလေးစုတ် မ ဆင်းတော့မယ်"
"ဟာ မ"
"အယ် ဘာတုန်း"
"မရဘူး ပြန်ထူး"
"ဘာကိုလဲ"
"မ"
"ရှင့်"
"ရမ်း ရမ်းချစ်တယ် ရမ်း ရမ်းလွမ်းတယ် မ ကျောင်းပိတ်ရင် မ ဆီ လာဦးမယ်"
"လာပါ သဲရယ် မ ဆင်းရတော့မယ်နော် ဘိုင်"
"မပြောမဆို အဲလေ...တန်းဆင်းတယ်ကွာ
် ကြည့်...မခေါ်ဘူးကွာ"
တစ်ယောက်ထဲ ဒေါသတွေထွက် ကြိတ်မနိုင် ခဲမရ ကျန်ခဲ့ရသူက အမြဲလိုလို ဆိုင်နွန်း ချည်းပင်...
နှင်းနှင်းဝေကတော့ သိတဲ့အတိုင်း ခဏ အား ခဏတက်တောင် သူ့အလုပ်ကိစ္စနဲ့ သူမို့လို့ ပေါ်လိုက်ပျောက်လိုက်....သူမ ချစ်တဲ့ သဲ နဲ့လဲ စကားပြောဖို့ စာပို့ဖို့ အချိန်က ပေးနိုင်တယ် သိပ်မရှိတာရယ်.....ည ဆိုလဲ အလုပ်နဲ့ နေ့ဆိုလဲ မအားလပ်ရနဲ့....
"သဲ ဖုန်းမကိုင်ဘူး ဘာတွေ လုပ်နေတာလဲ"
Seen ပြပြီး ပြန်စာ ပေါ်မလာ....
ဆက်တိုက်ဖုန်းခေါ်ရမယ့် စိတ်ပေါ်လာပေမယ့် မအားလို့လား...လူကြားထဲ ရောက်နေလို့များလား....ဘာလား...ညာလား...ပေါင်းများစွာနဲ့ မခေါ်ဖြစ်သေး...
ဆယ်မိနစ်ခြားတစ်ကြိမ်ခေါ်သည်...
မကိုင်...
ကိုင်သာမကိုင်...လိုင်းပေါ်တော့ ရှိနေသည်လေ...
ချက်ချင်း သူမ ကြည့်နေတုန်း သဲရဲ့ My Day မှာ Angry ပုံတွေအများကြီးနဲ့ တင်လာသည်...ဘာမှတော့ မရေးထား...
သူမ ကို စိတ်ဆိုးနေတာ လား မသိ...
သို့သော် စိတ်ဆိုးရအောင် သူမ ဘာမှ မလုပ်ထားဘူးလေ...
စာပို့ရပြန်သည်...
"သဲ မအားလို့လား မ ခေါ်တာ မကိုင်ဘူးကော အပြင်မှာလား"
Seen သာ ပြသွားပြန်သည်...
ကိုယ့်မှာဖြင့် စာရင်းမြန်မြန်လုပ်ပြီးတာနဲ့ သတိရလို့ ဆက်လိုတဲ့ဟာကို ဖုန်းလဲ မကိုင်....စာမြင်ရက်နဲ့ စာလဲ မပြန်.....လာ မန့်သမျှ Comment တွေကို ပြန်နေလိုက်တာလဲ ပလူပျံလို့.....
"သဲ မ ထပ်ခေါ်မယ်နော် သဲ ဘာဖြစ်နေတာလဲဟင် မ ပေါ် ဘာများမကျေနပ် ဖြစ်နေတာလဲ"
"........."
ဖုန်းထပ်ခေါ်တော့ ကိုင်တော့ ကိုင်ပါသည်...
"ဟလို သဲ ကြားလား "
"......"
မဖြေပါ....ကြားမှ ကြားရဲ့လားမသိ...ထို့ကြောင့်...
"သဲ မ အသံကြားလား"
တိတ်ဆိတ်နေပြန်သည်....
သူမ ဘယ်လိုမှ နေလို့ မရတော့....တစ်နေ့တနေ့ သဲ အစံ မကြားရရင် သဲဆီက စာတစ်ကြောင်းလေးမှ မရရင် လုံးဝကို မနေနိုင်တော့....သဲ သာ သူမရဲ့ နေထိုင်မှုအတွက် အဓိက အစိတ်အပိုင်းတစ်ခုခုလိုလို ဖြစ်လာနေပြီလေ...
သဲ ကို ချစ်သည်...သို့သော်လဲ....သို့သော်လဲ ပေါ့လေ...
"ဟလို သဲ မ ကို စကားမပြောချင်ဘူးလား....မအားလို့လားဟင်...ဒါဆို မ မခေါ်တော့ပါဘူးနော် ဆောရီး မ အလိုက်မသိပဲ ဖြစ်သွားတယ် မ က သဲ များ ဘာဖြစ်နေတာလဲလို့ စိတ်ပူ သွားလို့ပါကွယ် သဲ မကြိုက်ရင် မခေါ်တာ့ဘူးနော် ပြီးတော့လေ...."
ဟမ်း....ပြောရင်းနဲ့ ငိုသံက ပါလာနေပြီ.....
တဖက်က ကောက်တေးမလေး ဆိုင်နွန်းမ မနေနိုင်တော့ချေ...
"မ လူဆိုး အလိုက်ကန်းဆိုးလဲ မသိသူကြီး"
"အမ်....သဲ မကို ဘာလို့ အဲ့လိုပြောတာ လဲ"
"ပြောရမယ် ပြောရမှာပေါ့"
"ဟင်"
"မ"
"ရှင့်"
"မ ကို သဲ စိတ်ဆိုးနေတာလေ"
"အမ်....မ ဘာလုပ်မိလို့လဲ "
"ဘာ....ဘာလုပ်မိလို့လဲ ဟုတ်လား. .... မ ရယ် စိတ်ဆိုးနေတဲ့ သဲတောင် ဘယ်လို စိတ်ဆိုးရမယ်မှန်းကိုမသိတော့ဘူး"
"ပြောပြလေ သဲ ပြောမှ သိမှာပေါ့ အရင်က လဲ သဲ စိတ်ဆိုးရင် မ ချော့နေကျပဲကို"
"အဖြေရှာပါလား ကိုယိ့ဟာကို"
"မ မသိဘူးလေ....မ ထင်တာ သဲ စိတ်ဆိုးအောင် မ ဘာမှမလုပ်ထားဘူးထင်တာပဲ သဲ ပြောပေါ့"
"ဟွန်း....စိတ်ဆိုးတယ် ဆိုတာ လဲ မသိဘူး...
စိတ်ဆိုးနေတာပါ ပြောတာတောင် ဘာစိတ်ဆိုးနေမှန်းလဲ မသိဘူး ...လေပါတယ် မရယ်"
"သဲ ပြောပြလေ သဲ ပြောပြမှ မသိမှာ ပေါ့လို့ နော် သဲ ကလေး"
"အင်း ပြောမယ် "
"ပြောစေ"
"နေ့ခင်းက မ ကို Tag တွဲတဲ့ ကောင်က ဘယ်သူလဲ"
"ဟင် ဘယ်ဟာလဲ"
"မ အကောင့်မှာလေ...သူ့ပုံနဲ့ အရမ်းချစ်တယ် ဆိုပြီး မ ကို tag တွဲထားတာ"
"ဪ...အဲ့ဒါ မ ရဲ့ သူငယ်ချင်း ဇေယျာပါ"
"ဘယ်လို သူငယ်ချင်းလဲ"
"သူငယ်တန်းတည်းက ခုထိပေါ့ မ တစ်ယောက်တည်းကို တွဲထားတာ မဟုတ်ပါဘူး သဲရဲ့ အခြားသူတွေလဲ ပါတယ် အရမ်းချစ်တယ်ဆိုတာ သူ့ရဲ့ လက်မှာ ကိုင်ထားတဲ့ တံဆိပ်ပြားလေးကို ပြောတာလေ""
"မသိဘူးလေ မ ကို ပြောတာလားလို့"
"အဲ့ဒါနဲ့ စိတ်ကောက်တယ်ပေါ့"
"အင်းပေါ့ "
"မ သူငယ်ချင်းပါ သဲရယ် မ က ဘာများလဲ လို့ လန့်သွားတာပဲ"
"ဘာလို့လန့်တာလဲ"
"သဲ စိတ်ဆိုးမှာကြောက်လို့လေ"
"ဘာဖြစ်လဲ ချော့ပေါ့ သဲ စိတ်ဆိုးလဲ"
"မ မှ မနေတတ်တာ နောက်ဆို ဘာတွက် စိတ်ဆိုးတယ် ဆိုတာ ပြောနော် စိတ်ဆိုးနေတယ်ဆိုလဲ အသိပေး အဲ့လိုမှ မ ချော့လို့ရမှာ "
"မပြောပါဘူး စိတ်ဆိုးနေရင် ဘာမှမပြောချင်တာ"
"ခဏက မ တောင် ငိုချင်သွားတာ"
"ဘာလို့တုန်း"
"သဲမှ ပြန်မပြောတာ"
"ဘာဖြစ်လို့လဲ သဲက မ တွက်အရေးပါတဲ့ လူမို့လို့လား"
"အင်း"
"ဘာရယ် မ ဒါဆို မ သဲကို ချစ်နေပြီလားဟင်"
"ဂွတ်ည သဲ မ အိပ်ချင်ပြီ အိပ်တော့နော် ဘိုင်"

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now