.
.
...Wow.....သိန်းနီ အဝင်ဝတင်ပဲ သူမ ရင်ခုန်သံ တွေ ရပ်ဆိုင်းသွားတော့မလိုပင်....သိန်းနီမြို့. ဆိုင်းဘုတ်နားလေးတင်ပင်...ကြာကန်အကျယ်ကြီးက ကြိုဆိုလျက်....
"ကိုကို ကားခဏရပ်ပေး"
အလန့်တကြား သူမအော်သံကြောင့် ကိုကိုက သစ်ပင်ရိပ်အောက်တွင် ကားရပ်ပေးလိုက်သည်....သူမက ခါးပတ်ကို အမြန်ဖြုတ်ပြီး ဆင်းပြေးသွားသည်...ကန်ဘောင်ပေါ်တက်၍ လေကလဲ တစ်ဖြူးဖြူး ဆော်သွေးတိုက်ခတ်လျက်....ပုံရိုက်ချင်ပေမယ့် နေပူနေတော့ ပုံထွက်ကောင်းမည် မဟုတ်....ထို့ကြောင့် ပြန်ဆင်းလာလိုက်သည်....ကိုကိုနှင့်တကွ ကျန်သူများကတော့ သူမ ခဏဆင်းတုန်း ပြောနေလိုက်ကြတဲ့ စကားတွေ....ခဏတာ လွတ်လပ်ရေးရသလား အော
က်မေ့ရသည်....
ကားဆီသို့ ပြန်လျှောက်လာတော့..ငြိမ်သက်သွားပြန်သည်. ...ကားပေါ်တက်တော့ ကိုကိုက..
"နောင့်...ကိုကိုတို့ ပွဲရုံကို ခဏသွားမယ်...နောင့်..လိုက်မလား...P:Ohm ဆီမှာ ကျန်ခဲ့မလား"
"ပွဲရုံမှာ ကြာမှာလား "
"မကြာဘူး...ပိုက်ဆံစစ်ပြီး ရှင်းစရာရှိတာ ရှင်းပြီး ပြန်လာမှာ..."
"P: Ohm ဆီ မှာ နေခဲ့ရအောင် အားပါ့မလား"
"အားတယ်လေ..ဒီနေ့တနင်္ဂနွေလေ"
"ဟုတ်...ပျင်းနေမှာ..ကိုကို မြန်မြန်လာနော်"
"စိတ်ချမပျင်းစေရဘူး...P:Ohm တို့ အိမ်အပေါ်ဖက်မှာ စော်ဘွား ကုန်း ရှိတယ်..အဲ့မှာ ဆယ်ဖီ ဆွဲလို့ ကောင်းမှကောင်း"
"အိုခေ...အဲ့မှာ ကျန်မယ်."
"အင်း"
သိန်းနီမြို့ထဲ ရောက်လာတာနဲ့ ဘယ်ဖက်က ရှေ့နောက်တောင်မြောက်လဲမသိတော့...ကိုကိုက လမ်းကြိုလမ်းကြားကနေမောင်းနေတော့ သူမ မှတ်မိဖို့ဆိုတာ ဝေလာဝေးပေါ့.. ..အဝါရောင် တစ်ထပ်တိုက်အိမ်အပုလေး ရှေ့မှာ လမ်းက ကျဉ်းကျဉ်းလေးဆိုတော့ လမ်းပေါ်မှာပင် ပိတ်ရပ်လိုက်ရသည်...ထိုစဉ် အိမ်ထဲမှ P: Ohm အိမ်နေရင်း အဝတ်အစားနဲ့ ထွက်လာသည်...ကိုကိုနဲ့အတူ သူမ အောက်ဆင်းလိုက်သည်...
"ဟယ်...နောင့် ပါ ..ပါလာတာလား"
သူမ သွားဖြီးပြလိုက်သည်..ကိုကိုက
"Ohm ရေ...နောင့်ကို ခဏ ထားခဲ့မယ်..ကိုယ်တို့ ပွဲရုံသွားမလို့"
"ရပါတယ်...."
"နောင့်ကို မပျင်းရအောင်....ဆယ်ဖီတွေ ဘာတွေ ဆွဲဖို့ ဟိုဖက်က ကုန်းဆီ လိုက်ပြလိုက်ဦး"
"စိတ်ချ...လုံးဝမပျင်းစေရဘူး...မြန်မြန်ပြန်လာခေါ်နော်...နေအရမ်းပျင်းသွားရင် ရေတံခွန်တောင် တက်တဲ့အခါ ပင်ပန်းလိမ့်မယ်"
"အင်းပါ...နောင့်..ဒါဆို ကိုကိုတို့သွားပြီ"
"ဟုတ်..မြန်မြန်လုပ်ခဲ့နော်"
ကိုကို ကားပေါ်တက် လက်ပြပြီး သူမတို့ရှေ့မှ ပျောက်ကွယ်သွားသည်ထိ ရပ်ငေးနေလိုက်သည်...သူမ သိန်းနီတစ်ခါမှမရောက်ဖူး...ခု မတော်ရသေးတဲ့ ယောင်းမနဲ့တော့ ရင်းနှီးတာ ကြာပေမယ့် သူ့အိမ်ကို ခုမှရောက်ဖူးတာမို့ စိမ်းနေသည်တော့အမှန်... P: Ohm က သူမလက်ကို လာတွဲပြီး
'လာ ...အိမ်ထဲမှာ နားဦး ခရီးပန်းလာတယ်မလား"
"ဟုတ်...ဟိုလေ..အန်တီတို့ကော"
"မေမေတို့ မရှိဘူး...မန်းလေးသွားတယ်"
"ဟင်...p: ohm တစ်ယောက်ထည်းလား "
"ညဆို ဟိုဖက်အိမ်က အဖွားလာအိပ်တယ်လေ"
"ဪ..."
P: Ohm က အအေးလား ကော်ဖီလား သွားလုပ်နေသဖြင့် သူမတယောက်ထဲ ဧည့်ခန်းတွင် ကျန်ခဲ့သည်....သူ့တစ်ယောက်တည်းရှိနေတာကို....ကိုကိုက ကြိုသိနေတာလား...ဒါကြောင့် သူမကို မခေါ်ချင်ပဲ အင်တင်တင်လုပ်နေတာကိုး...အကျိုးအကြောင်းတိုက်ဆိုင်တာလား..တမင်ကြံစည်မှုလားမသိ...သိန်းနီမှာရှိတဲ့ အပါးရဲ့ ပွဲရုံမှာ ငွေတွေကွာနေလို့ ဆိုပြီး အလုပ်ကိစ္စက ပေါ်လာလေသည်...
မတွေးချင်တော့ပါဘူးလေ....သူတို့က အရွယ်ရောက်နေကြပြီ...ပညာလဲစုံကြပြီ...စီးပွားရေး ကြီးပွားရေးလဲ နားလည်နေကြပြီပဲ...ဘာလုပ်လုပ်ကွာ...နှစ်ဖက်စလုံးက မိဘတွေလဲ သိနေကြပြီပဲ...ငါက အငယ်ဆုံး...ဘာမှ ဝင်မပါတာပဲ ကောင်းတယ်...
"နောင့် ဘာတွေစဉ်းစားနေတာလဲ'
အအေးခွက်နဲ့အတူ စားစရာအချို့နဲ့ p:ohm ရောက်လာသည်...
"ဘာမှတွေးပါဘူး .... သိန်းနီ အဝင်ဝက ကြာကန်လေးအရမ်းလှတယ်နော်...ကြာပန်းတွေ ပွင့်နေတဲ့အချိန် ရောက်ဖူးချင်တယ်"
"အအေးသောက်လိုက်ဦး...ကားစီးလာတော့ ခေါင်းကြည်အောင်လေ....ကြာပန်းပွင့်ချိန် ထပ်လာပေါ့"
"ဟုတ်..."
"မနက်စာ ဘာစားခဲ့ပြီလဲ"
"စားခဲ့သေးဘူး"
"ဟင် ဒါဆို တစ်ခုခုစားလေ...ထမင်းစားမလား"
"ရပြီ..ာကိုကိုလာမှပဲ အတူစားတော့မယ်..."
"ဆာနေမှာပေါ့"
"မဆာသေးပါဘူး"
P: Ohm နဲ့ အအေးသောက်ရင်း စကားပြောနေကြစဉ် မိန်းကလေးနှစ်ယောက် စာအုပ်တွေ ကိုင်ပြီး ဝင်လာလေသည်..
"ဟယ်..Ohm, ဧည့်သည်ရောက်နေတာလား"
သူတို့က သူမရှေ့ ဆက်တီတွင် ထိုင်ရင်းမေးလိုက်လေသည်..
"လားရှိုးကလေ...ကိုနော် ညီမလေးလေ"
ထို မိန်းကလေးနှစ်ယောက်က P:Ohm ပြောတဲ့ ကိုနော် ဆိုတဲ့ ကိုကို့ကို သိပြီးသား ဖြစ်နေဟန်တူသည်..
သူမ သိလဲမသိပဲ ပြုံးပြလိုက်သည်..
"ဟုတ်ကဲ့ ရှင့်..လားရှိုးက ခုမှရောက်လာတာ"
"Ohm ရဲ့ ယောင်းမလောင်းလေးက ချောလိုက်တာ"
"ဟဲ့.{"
တဟ်ယောက်ရဲ့အပြောကို ကျန်တစ်ယောက်က ဝင်ဟန့်လိုက်သည်...P:Ohmက အပြုံးယဲ့ယဲ့.အစအနောက်သန်ပြီး ပွင့်လင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အပြောမှာ သူမကို အားနာနေပုံရသည်.. သူ အနေရခက်စွာ ရှိနေမှာစိုး၍ သူမ ခပ်ဟဟ ရယ်လိုက်ရင်း
"ဟုတ်ကဲ့...P:Ohmရဲ့ မတော်ရသေးတဲ့ ယောင်းမလောင်းလေးပါရှင့် အစ်မတို့က P:ohm သူငယ်ချင်းတွေလား"
"ဟုတ်ပ....ဒီက ညီမကို အစ်မတို့က သိပြီးသား.."
"ဟင်...ဘယ်လိုသိတာလဲ"
"Celeလေ"
နှစ်ယောက်စလုံးဆီမှ အသံက ပြိုင်တူ ထွက်လာတော့ သူမတောင် လန့်သွားကာ ရင်ဘတ်ဖိထားလိုက်ရလေသည်..P:Ohm က သူမပုံစံကို ကြည့်ပြီး
"ဟဲ့...နင်တို့နော်....နောင့်တောင် စိတ်ညစ်နေပြီ"
"ဟူတ်နေတာပဲဟာ...နော်"
"အေးဟ"
"ကဲ...ဘာလာလုပ်ကြတာလဲ"
P:Ohm မေးလိုက်မှ သူတို့ယူလာတဲ့ စာအုပ်က်ု ဖွင့်ပြလိုက်လေသည်...ငွေစုငွေချေး စာအုပ်ပင်..
"ဒီမှာ မနေ့ကပဲ ရှင်မအားလို့ ဒီနေ့လာတာလေ အဲ့ဒါ စစ်ကြည့်ဦး မှန်မမှန်"
P:Ohm က ဘောလ်ပင် ကိုင်ပြီး စာအုပ်ထဲ စာရင်းတွက်နေလေသည်...သုံးယောက်သား စကားပြောလိုက်...စာရင်းတွက်လိုက်နဲ့ ရှုပ်နေတော့..သူမ မနေတတ်တော့...
"P:Ohm"
သူမခေါ်မှ ခေါင်းမော့လာဖော်ရတော့သည်.
"ဘာလဲ ...နောင့်...ပျင်းလို့လား"
"ဟူတ်..ဟိုအပေါ်ဖက်နားလေးက ကိုကိုပြောတဲ့ စော်ဘွကုန်းမလား.အဲ့ကို ခဏသွားလည်ကြည့်မယ်လေ"
"နောင့်...ခဏနေမှ လိုက်ပို့ပေးမယ်လေ"
"ရပါတယ် ကိုကိုလဲ လာတော့မယ့်ဥစ္စာ....နောင့် တစ်ယောက်တည်ပဲ သွားကြည့်မယ်...နီးနီးလေးပဲဟာ...နော်"
"အင်း...အဝေးကြီး လျှောက်မသွားနဲ့နော် ကလေး"
"ဟူတ်ကဲ့"
သူတို့ကို နှုတ်ဆက်ပြီး အပြင်ဖက် ထွက်လာလိုက်သည်...စော်ဘွားကုန်းလို့သာ ပြောတာ စိတ်ဝင်စားစရာလဲမတွေ့...ရုပ်တုတွေတော့ရှိသည်...ဘာ ဆယ်ဖီမှ မဆွဲဖြစ်...ပျင်းပျင်းနဲ့ နီးရာ သစ်ပင်အောက် ဝင်ထိုင်ပြီး လေအေးအေးနဲ့မို့ သစ်ပင်ရဲ့ ပင်စည်ကို မှီကာ နားကျပ်တပ် သီချင်းဖွင့်လိုက်သည်......
P:Ohm တိုက်တဲ့ အအေးခွက်ကိုလဲ လက်ထဲပါအောင် ယူခဲ့တော့ ဇိမ်ကျနေသည်လေ....မျက်စိလေးမှေးစင်းကာ ဖီးလ်အပြည့်နဲ့ သီချင်းကို တိုးတိုးလေး လိုက်ဆိုရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်...
📱📱📱
ရုတ်တရက် ဖုန်းလာတော့ လူပါ တုန်တက်သွားရတော့သည်...ကြည့်လိုက်တော့ မှုံချယ်ရီဦး ခေါ်နေတာမို့ ကိုင်လိုက်သည်.
"ဟလိုခ"
"အစ်မ ဆိုင်နွန်းလား"
မှုံ့အသံက ပုံမှန်ထက်ပိုသော စိတ်ခံစားမှုမျိုး...ဘာလဲတော့ သူမ မတွေးတတ်...
"အင်းလေ...မှုံ ဘာဖြစ်လို့လဲ"
"အစ်မ အခု ဘယ်မှာလဲ"
"အပြင်ရောက်နေတယ် မှုံရဲ့"
"လားရှိုးမှာပဲလား"
"သိန်းနီမှာ..ဘာလို့လဲ မှုံ...ဘာဖြစ်လို့လဲ..တို့ ဘာကူညီပေးရမလဲ"
"မဟုတ်ဘူး အစ်မ..ကိုအိုက်ထွေးလေ...မှုံနဲ့အတူ အစ်မရှိနေလားဆိုပြီး အဆောင်ကို လာခဲ့လို့"
ဟင်....အိုက်ထွေးက မှုံ့ဆီကိုတောင် လိုက်သွားသတဲ့လား....သူ ဘာစိတ်တွေပေါက်နေပါလိမ့်....မအားဘူးလို့ ဖုန်းမဆက်ဖို့ ပြောခဲ့ထားပြီးသားဟာကို...ဘာကြောင့် မှုံ ရှိတဲ့ အဆောင်ကို လိုက်သွားရတဲ့လဲ...သူ့စိတ်ထဲ ဘာတွေ ရှိနေတာလဲ..
"ဟလို အစ်မ ကြားရလား"
",ဪ...အင်း..ကြားတယ်. မှုံ."
"ဟုတ်...အစ်မ ဘယ်များသွားလဲလို့ မှုံလဲမသိတာနဲ့ စိတ်ပူသွားတာ..အာ့ကြောင့် ဖုန်းဆက်ကြည့်တာ"
"အင်း..ကျေးဇူးနော် မှုံ...တို့က ကိုကိုနဲ့ လာတာ...အလုပ်ကိစ္စနဲ့ လေ"
"မနက်ဖြန် ကျောင်းတက်မှာလား..ဟင်"
"တက်မှာလေ...ဒီမှာ ညမှ မအိပ်တာ..."
"ဟုတ်ကဲ့ အစ်မ"
"မှုံ ဘာပြောစရာ ရှိလို့လဲ မနက်ဖြန်'
"မနက်ဖြန်မှ ပြောပြမယ်လေ..ဒါဆို ဖုန်းချတော့မယ်..အစ်မ"
"မှုံ ဘာလုပ်နေလို့လဲ ခုက"
"ရေချိုးပြီးစ သနပ်ခါး လိမ်းနေတာ အစ်မ ကိုအိုက်ထွေးက မှူံရေမချိုးခင်လာမေးသွားတာ"
"ဪ...အင်းပါ...ဆက်လုပ်နော်"
"ဟုတ် အစ်မ ချပြီနော်"
"အင်း"
မှုံ ဖုန်းချသွားတော့မှ
တောက်..
စိတ်တိုစွာ တောက်ခေါက်လိုက်သည်.....
အိုက်ထွေး...အဲ့ကောင် ခုတလော ဘာဖြစ်နေတာလဲ...နေရာတကာ ငါ့ပဲ လိုက် ချောင်းနေတယ်...ငါ မအားဘူးဆို မအားပဲမှတ်လိုက်ပေါ့...ဘာကိစ္စ မှုံဆီ သွားမေးရတာလဲ...မှုံနဲ့ငါက ဘာမို့လို့လဲ....
နံပါတ်နှိပ်ထားပြီးသော ဖုန်းကို ခေါ်ရန် လက်က မနှိပ်ရလား နှိပ်ရမလား တွေဝေနေသည်....သူမ တကယ့်ကို စိတ်တိုနေတာပင်...သူမကို နောက်ကွယ်ကနေ အဲ့လို စပိုင်လိုက်လုပ်နေတာကို လုံးဝမကြိုက်ပါ...
"နောင့်...ကိုကိုတို့ ရောက်နေပြီ လာတော့လေ"
ကိုကို လာခေါ်တော့မှ ဖုန်းလဲ မခေါ်ဖြစ်တော့...
"ဟုတ်ကဲ့ ကိုကို လာပြီ"
ဖုန်းကို ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်.. ပြီး အအေးခွက်ထဲမှ ကျနေသော အအေးကို သွန်ပစ်လိုက်သည်....တောင်စောင်းလေး ပြေးဆင်းလာတော့ ကိုကိုက
"ဟ အဲ့လို မပြေးလာနဲ့လေ ခိုက်မိမယ်"
"ရပါတယ်..ကိုကိုရဲ့ ခု ဘယ်သွားကြမလဲ"
"တစ်ခုခု သွားစားကြမယ်လေ"
"ဟုတ်...P: Ohm ကော လိုက်မှာမလား"
"အင်း သူ အဝတ်စား လဲနေတယ်"
သူမ ကားနားရောက်တော့ ကားပေါ် ဘယ်သူမှ ရှိမနေ...
'ဟင်..ကိုကို့ သူငယ်ချငိးတွေကော"
"သူတို့ သိန်းနီမှာ ကျန်နေခဲ့ကြမှာလေ ခုတော့ တောင်ပေါ်တက်နှင့်ပြီ..ကိုကိုပဲ နောင့်တို့နဲ့နေ့လည်စာ စားရအောင် လာခဲ့လိုက်တာလေ"
"ဘာလို့လဲ"
"ကိုကို့နောက် စတည်းက လမ်းကြုံ လိုက်လာကြတာလေ.."
"ဪ..."
P: Ohm အိမ်တံခါး သော့ပိတ်ပြီး ကားဆီလျှောက်လာတာ မြင်တော့ သူမ အလိုက်သိစွာ နောက်ခန်းမှာ ဝင်ထိုင်လိုက်သည်...P:Ohm ကလဲ သူမနဲ့အတူ နောက်ခန်းတံခါးဖွင့်တော့ သူမကပဲ
"P:Ohm ရှေ့မှာထိုင်လေ"
P:Ohm က ရှက်ရဲရဲ မျက်နှာဖြင့် ကိုကို့ကို တစ်ချက်ကြည့်ပြီး ဆံပင်ကို လက်ညိုးနဲ့ လိမ်နေကာ
"မထိုင်ပါဘူး...နောင့်နဲ့ အတူ ထိုင်မယ်လေ"
"ဟာကွာ....နောင့်ကိုကိုက ဒရိုင်ဘာမှ မဟုတ်တာပဲ...ထိုင်လိုက်ပါ..နောင့်က လဲ လျောင်းပြီး စီးမှာ P: ထိုင်ဖို့နေရာမရှိဘူး..."
"ဟိုလေ..."
"ခုမှ လာရှက်မနေနဲ့..ဟမ့်.....ဒါမျိုးတွေ နောင့်တို့ နောကြေနေပြီးသား..ဟီးဟီး"
"ကဲပါ..ထိုင်လိုက်ပါကွာ"
ကိုကိုဝင်ပြောပြီးတံခါးဖွင့်ပေးလိုက်မှ ရှေ့ခန်းကို တွန့်ဆုတ်ဆုတ်နဲ့ တက်ဖော်ရပါတော့သည်....အဲ့လောက်တွဲပြနေပြီး ခုမှ လာရှက်ပြနေတာကိုး...
သိန်းနီ မြို့လယ်ခေါင်က သန့်ရှင်းသန့်ရပ်တဲ့ ဆိုင်လေးမှာ ကိုကိုတို့အတွဲလေးနဲ့အတူ နေ့လည်စာ စားရင်း စကားပြောဖြစ်ကြသည်....ကိုကိုတို့အတွဲက အသက်ကြီးနေပြီမို့လားမသိ...သူမရှေ့မှာမို့လားမသိ......တညိတည်ငြိမ်ငြိမ်ပါပဲ....ဟင်းတွေမှအစ နှစ်ယောက်စလုံးက သူမကို ထည့်ပေးနေကြသည်...သူမကသာ သူတို့ရဲ့ ကလေးလေးတစ်ယောက်လို ပင် ဖြစ်နေပါတော့သည်....p: ohm ကလဲ ကိုကို့ကို အရမ်းချစ်ရှာသားပင်...ကိုကိုကလဲ တစ်သျူးသုတ်တာလေးမှ အစ ဂရုစိုက်ပေးနေလေသည်....သို့သော် ကိုယ်တိုင် တော့ မသုတ်ပေး...တစ်သျူးစ ဆယ်ပြီး သူမတို့ရှေ့ ထားပေးရုံ....
အိုက်ထွေးနဲ့ တစ်ခြားစီ...အိုက်ထွေးက ကိုကို့လိုမဟုတ်ပါ....
ဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူ ထိုင်ကြလဲ သူမ ဘေးနား ကပ်ထိုင်...အစစအရာရာ ဂရုစိုက်...ခွံ့ကျွေးတော့မလိုကို ဂရုစိုက်လွန်းအားကြီးသည်...ဒါကို သူမ မကြိုက်...
"ကြည့်....သူ့ ကောင်လေးကို သတိရနေတာနေမှာ"
ကိုကိုကော P: ohm ကော သူမကို ကြည့်ပြီး ရယ်နေကြတာကို သူမ မသိ...အစိပ်စိပ်အမွှာမွှာဖြစ်နေသော ကြက်သားတုံးကိုပဲ ပြန်ပြီး ခွာနေသည်....
"နောင့်.."
P:Ohm ခေါ်နေတာကို မကြားမိ...ကိုကိုက
စားပွဲကို တစ်ချက်ပုတ်လိုက်ပြီး
"နန်းဆိုင်နွန်း.. ."
ထိုအခါမှ လက်ထဲမှ ခက်ရင်း လွှတ်ကျသွားတော့သည်.
"အင်း..ဟင်..အမလေး"
"ဟောဗျာ..ယောင်ချက်ကလဲ"
သူတို့ ပြုံးစစနဲ့ ကြည့်နေတော့ နဂိုနီတဲ့ သူမပါးလေးတွေ ပိုနီရဲလာသည်..
"မစားချင်လို့ပါနော်...အာ့ကြောင့်"
"ဟမ်း...ကိုကိုတို့ကို ကြည့်ပြီး ကျန်ခဲ့တဲ့ အိုက်ထွေးကို သတိရသွားတယ်ဆိုတာ မလိမ်ချင်စမ်းပါနဲ့ကွာ"
"ဟာ ကိုကိုနော် ...မဆိုင်တာတွေ လာပြောမနေနဲ့်"
"ဒါဖြင့် အိုက်ထွေးကို မချစ်ဘူး လား"
"မချစ်ဘူး "
ဘုရားရေ.....ဘယ်လိုလုပ် ဒီစကားက ဒီလို ရှောရှောရှူ ရှူ ထွက်သွားပါလိမ့်...သူမ မျက်နှာက တည်နေတာရယ်...အသံကလဲ ငြိမ်သွားတာရယ်ကြောင့် ကိုကိုနဲ့ P: ohm မယုံသလိုကြည့်နေသည်...
"တကယ်လား...နောင့်"
P:ohm ရဲ့ မေးခွန်းကို ကိုကိုလဲ သဘောတူစွာ ခေါင်းငြိမ့်ပြတော့ သူမ ဘာပြန်ပြောရမှန်း မသိ...
"ထားလိုက်တော့....ဒါစားပြီးရင် ဘယ်သွားကြမလဲ..."
"ရေတံခွန်တောင် တက်ကြမယ်..နောင့်..ဝပြီလား"
"ဟုတ်'
"ဒါဆို ကိုကို ပိုက်ဆံရှင်းလိုက်တော့မယ်"
...ရေတံခွန်ရှိရာ တောင်ထိပ်သို့ ရောင်အောင် ကားမောင်း၍ မရ...အောက်က မြေညီသော နေရာတွင် ကားရပ်ခဲ့ပြီး အပေါ်သို့ လက်ရန်းပါတဲ့ လှေကားထစ်လေးတွေကနေ ဖြည်းဖြည်းချင်း တက်ခဲ့ကြလေသည်....
သဘာဝရဲ့ ကျေးသီငှက်သံလေးတွေရယ်..ဘေးနားသစ်ပင်မှ ကျလာတဲ့ အရိပ်တွေကြောင့် လူသွားလမ်းလေးမှာ နေရောင်မထိုးပဲ အေးမြနေသည်...သူမ လွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ စနိုးတာဝါ တစ်ကဒ်...ပါဝါဘန့်ခ် ကလွဲရင် အလြှပင်ပစ္စည်း ဖုန်း စသည်တို့သာ ပါသည်...ကိုကို့လက်မှာကော p:ohm လက်ထဲမှာ စားစရာ အပြည့် သယ်လာကြသည်...သူမ ဘာမှ ကူမကိုင်ပါ...ကိုကိုတို့အတွဲကို ပုံရိုက်ပေးသလို သူမကိုလဲ ပြန်ရိုက်ခိုင်းသည်...ရေတံခွန်စီးကျရာ နေရာသို့ လမ်းမတ်စောက်နေတာကိုလဲ အားပြု၍ တက်ခဲ့ရသည်..ရေသံကြားရတာနဲ့တင် သူမတို့အမောပြေနေပါပြီလေ...
အပေါ်မှာ ကိုကို့ သူငယ်ချင်းတွေက အရိပ်ကောင်းသော သစ်ပင်ရိပ်မှာ ဝိုင်းထိုင့်နေကြလေပြီ....
ထိုအပေါ်စီးမှ ကြည့်လျှင် သိန်းနီမြို့က သေးသေးလေးပင်...ဘေးမှာတော့ လယ်ကွင်းလေးတွေ...ရိတ်သိမ်းနေဆဲကော ကောက်ပုံပုံထားပြီးသားကော...မြို့ကို ဝန်းရံထားသည်မှာ လယ်ကွင်းချည်းပင်...ဟိုး အဝင်ဝမှ ကြာကန်ကြီးကိုလဲ လှမ်းမြင်နေရသည်...
မြူ ခြေတွေ ရစ်သိုင်းနေတဲ့ သိန်းနီမြို့လေးကို အပေါ်စီးမှ ငုံ့မိုးကြည့်ရင်း ခဏက နွမ်းနေတဲ့စိတ်တွေ ပြယ်လွှင့်သွားရတော့သည်...ကိုကိုတို့ကတော့ သူ့သူငယ်ချင်းတွေကြားအဖွဲ့ကျနေပြီ..အားလုံးက အတွဲတွေချည်း..သူမတစ်ယောက်တည်း ပဲ ရေတံခွန်ရှိရာသို့ လာခဲ့လိုက်သည်..Selfie stick ပဲ အားကိုးကာ တစ်ကိုယ်တော် ပို့စ် ပေးနေလိုက်သည်....
အပေါ်ထိပ်မှကျလာတဲ့ ရေတွေ အောက်က ကျောက်သားမျက်နှာပြင်ကို ရိုက်မိတော့ ဖြာထွက်လာတဲ့ ရေမှုံရေမွှအစလေးတွေက သူမ ဆီ စင်ကုန်တော့သည်....အေးစိမ့်စိမ့်ခံစားမှုက သူမ ရဲ့ အမောပန်းကို ပြေစေသည်. .
အဲ့တောင်ပေါ်မှာ အချိန်အတော်ကြာ ဖြုန်းပြီးနောက် ပြန်ဆင်းလာကာ P:ohm ကို သူ့အိမ်ပြန်ပို့ သည်....အိမ်ရှေ့ရောက်တော့ သူမ ကားပေါ်က မဆင်းဖြစ်တော့ပေမယ့် ကိုကိုက အောက်ထိ လိုက်ဆင်းသွားပြီး သူ့ချစ်သူနဲ့ ဘာတွေမှ.တမ်းချွေနေသည်မသိ...အကြာကြီးပင်....သူမ စိတ်မရှည်သော်လဲ ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပေးလိုက်သည်...ကားထဲမှာ သီချင်းကို အကျယ်ကြီး ဖွင့်လိုသော်လဲ လမ်းမှာ ကျဉ်းရပါတယ်ဆိုမှ ကုန်ကား တွဲကားတွေချည်း လာတတ်သော လမ်းမို့လို့ ဂရုစိုက်သတိထား မောင်းရမည်ဖြစ်သဖြင့် အသံလျှော့ထားလိုက်သည်....
.တစ်ခန်းလုံးကို ကိုကိုနဲ့လဲ စကားမပြော....အိပ်လျက်သား ပြန်လိုက်လာသည်...လှေကားထစ်တွေ နင်းတက်ထားတော့ ခြေထောက်တွေ ပေါင်တွေက တောင့်တင်းနေပြီလေ....
........
"ဟတ်....စိတ်ဆိုးပြေပြီလို့လဲ ဆိုသေး..ဘာလို့ ငါ့ကို ရှောင်နေရတာလဲ"
အိုက်ထွေးတို့ကတော့ စာသင်နေတဲ့ အချိန်ကိုတောင် မရှောင်...သူမဘေးမှာ တောက်တဲ့လို ကပ်ထိုင်ရင်း တစ်မနက်လုံး ဘာတွေ တွတ်ထိုးနေလဲမသိ....သူမ ရှေ့မှ ဆရာသင်သမျှကို အလောတကြီး လိုက်မှတ်ရင်း
"တိတ်တိတ်နေစမ်းပါ ငါ စာမှတ်နေတယ် "
"ဘာလို့ ရှောင်နေတာလဲလို့...မနေ့ကလဲ မပြောမဆိုနဲ့ သိန်းနီသွားတယ် "
"ပြောပြီးသားပဲ..ငါမအားဘူးလို့....ငါ သိန်းနီ သွားတာ ငါ့အိမ်က ခွင့်ပြုချင်ရလို့ ကိုကိုနဲ့သွားခဲ့တာ"
"တစ်ခြား ကောင်လေးတွေပါသေးတယ်မလား"
"ပါတယ်လေ"
"စကားပြောလားဟင်"
"အိုက်ထွေး....နင် ဘာဖြစ်နေတာလဲ..ငါ စိတ်မတိုချင်ဘူးနော်...နေရာတကာ ငါ့ကိစ္စထဲ ဝင်မပါစမ်းပါနဲ့"
"ငါ က နင့်ချစ်သူမဟုတ်ဘူးလား ..ဟတ်ရာ.....ဟတ်ပြောသလိုဆို သူစိမ်းထက်တောင် ဆိုးနေပြီ"
"ဟာ...နင် လွန်လာပြီ ငါစာသင်နေတယ်လေ"
သူမတို့နှစ်ယောက်ရဲ့ ခပ်ကြိတ်ကြိတ် ရန်ဖြစ်နေတာကို ဆရာ ကြားသွားသည်ထင့်...ဖျပ်ခနဲဆို လှည့်လာပြီး
"အိုက်ထွေးနဲ့ဆိုင်နွန်း...စာမသင်ချင်ရင် အခန်းထဲက ထွက်သွားပေးပါ...ဒီမှာ စာသင်ခန်းနော်..သမီးရည်းစားတွေ စကားပြော အပန်းဖြေရမယ့်အခန်းမဟုတ်ဘူး"
မျက်နှာထားတင်းတင်းနဲ့ ဆရာ အော်လိုက်တော့ တစ်ခန်းလုံးမှာရှိတဲ့ သူတွေ အကြည့်က သူမတို့ခုံထံ ဝဲပျံလာလေသည်...ဆရာက ရြေှ့ပန်လှည့်ပြီး စာရေးနေသည်...ရှက်လိုက်တာ...အိုက်ထွေးကို စိတ်ရှိလက်ရှိ ဓားနဲ့မွှေပစ်လိုက်ချင်စိတ်က တားမနိုင်ဆီးမရ ဖြစ်လာသည်...စာသင်ချိန် မြန်မြန်ပြီးရန်သာ ဆုတောင်းနေလိုက်တော့သည်...
အချိန်ပြည့်၍ ဆရာထွက်သွားတော့မှ ခုံအောက်ကနေ အိုက်ထွေးဗိုက်ကြောကို လက်သည်းရှည်ကြီးနဲ့ဆိတ်လဲဆိတ် ဆွဲလဲလိမ်လိုက်လေသည်..
"အား...နာတယ်ဟတ်"
"နင် ငါ့ကို အရှက်ခွဲတယ်ပေါ့.."
"မ..မဟုတ်ဖူး...ဟတ်ရ"
"နင် နောက်ထပ်ငါ့ကို အဲ့လိုပဲ လုပ်နေမယ်ဆို ငါတို့ လမ်းခွဲရလိမ့်မယ်..ငါ့ကိုကို သူငယ်ချင်းနဲ့မကလို့ ငါ့ဖေဖေ မိတ်ဆွေနဲ့ ခရီးပဲထွက်ထွက် နင် ဝင်ပြောစရာ မလိုဘူး..."
"ဟာ...ဟတ်....ရယ် အဲ့လိုမပြောပါနဲ့ကွာ.. .တောင်းပန်တယ် နောက်မပြောတော့ဘူးနော် "
"စောင့်ကြည့်မယ်...နောက်တစ်ချိန် ငါ့ကို နင် လက်မှတ်ထိုးထားပေး"
"ဟင်..ဟတ်....အတန်းချိန် လစ်မလို့လား..ဘယ်သွားမှာလဲ ငါလိုက်ပေးမယ်လေ i
"မလိုဘူး..ငါ့မှာ အဖော်ပါတယ်"
"ဘယ်သူလဲ"
"နင်သိစရာမလိုဘူး...ဒါပဲနော် နင်ပဲလက်မှတ်ထိုးပေးရမယ် အိုကေ ငါသွားပြီ"
အခန်းပြင်ထွက်လာတော့ နောက်မှ အိုက်ထွေး အော်ခေါ်သံ ကြားလိုက်ရသလို ကျန်တဲ့သူတွေကလဲ ကြည့်နေကြမှာ သေချာသည်...သူမ လှည့်မကြည့်ဖြစ်....ဒီနေ့လောက် အရှက်ကွဲရတာမျိုး မကြုံဖူးပါ...တစ်နေ့ထက်တစ်နေ့ အိုက်ထွေးဟာ အကြောင်းမရှိ အကြောင်းရှာ သူမကို ရန်ရှာရစ်တတ်လေသည်...
အတန်းလဲ ပြန်မတက်ချင်...သူမတို့ နှစ်ယောက်အကြောင်း တစ်ကျောင်းလုံးသိသည်...ခုကျ ဆရာ့ရှေ့မှာတောင် သူမတို့က အမြင်ကပ်စရာ ဖြစ်သွားချေပြီ....တစ်တန်းလုံးရှေ့မှာမို့ အိုက်ထွေးက ယောက်ျားလေးမို့ ဘာမှမဖြစ်လောက်ပေမယ့် သူမ ရှက်သည်...အရမ်းရှက်သည်....အတန်းဆင်းတာနဲ့ တစ်ယောက်တစ်ပေါက်နဲ့ သူမတို့သတင်းက လေထက်တောင် ပျံ့ပွားချက်က မြန်နေဦးမှာ...
မရည်ရွယ်ပါပဲ မှုံချယ်ရီဦးရဲ့ အတန်းရှေ့ လာရပ်နေလိုက်သည်...မှုံတို့ စာသင်နေတုန်းပင်...စာငုံ့ရေးနေသော မှုံကို ဘေးနားကကောင်လေးတွေ တိတ်တဆိတ် ပုံတွေရိုက်နေကြသည် ...မိန်းကလေးချောချော မြင်ရင် မနေနိုင်မထိုင်နိုင် လိုက်ငမ်း မိန်းကလေးတစ်ယောက်ရဲ့ အရှက်သိက္ခာကိုမှမထောက် ပြူးပြဲ ကြည့်တတ်သော အချို့ စိတ်ထားယုတ်ညံ့တဲ့ ကောင်တွေကြောင့် မှုံလို မိန်းကလေးတွေ စိတ်အနှောင့်အယှက် ဖြစ်ရသည်လေ....
စာငုံ့ရေးနေရင်း မှုံပန်ထားတဲ့ ကလစ်လေး ခုံပေါ် ကျလာတော့ ကောက်ပန်လိုက်ရင်း အခန်းပြင် မျက်လုံးဝင့်မိစဉ် ရပ်ပြီး ငေးနေတဲ့ သူမကို မြင်သွားတော့ အံ့သြ သွားပုံရသည် ...
.သူမ ပြုံးပြလိုက်တော့ နှစ်လိုဖွယ်ပြုံးပြရင်း ခဏနေ ထွက်လာမယ် ဟု လက်ဟန်မူယာ လုပ်ပြနေလေသည်...သူမ နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်....ခဏ ကြာတော့ သင်ချိန် ပြီးသွားတော့ ဆရာမနှင့်ရှေ့ဆင့်နောက်ဆင့် မှုံလဲ ပစ္စည်းတွေ ကောက်သိမ်းကာ ထွက်လာခဲ့သည်...ထို အခန်းထဲမှ လူတွေလဲ မှုံနဲ့သူမအား အတွဲလိုက်မြင်ရတော့ အထူးအဆန်းသဖွယ် စုပြုံကြည့်နေကြတော့သည်...မှုံက ရပ်နေတဲ့ သူမလက်ကို အမြန်ဆွဲပြီး ရှေ့မှ ဦးဆောင်ကာ အောက်ထပ်ဆင်းလာလိုက်သည်...
သူမ ဆိုင်ကယ်ထားရာရောက်တော့ မှုံလဲ ဘာမှမမေး...သူမလက်ကို လွှတ်ပေးလိုက်သည်...သူမလဲ ဘာမှ မပြော..ဆိုင်ကယ်ထုတ်ပြီး စက်နိုးတော့ မှုံလဲ နောက်သို့စွေ့ခနဲတက်ထိုင်လို့တာနဲ့ မောင်းထွက်လိုက်သည်....
သူမ စိတ်တွေ မွန်းကြပ်နေသည်ကို ဘာလို့များ တစ်ယောက်တည်းမနေပဲနဲ့ မှုံကို ခေါ်တင်လာမိလဲမသိတော့ပါ....
ပန်းခြံထဲသို့ မောင်းဝင်လိုက်သည်.....နေ့လည်ခင်းအချိန်မို့လို့ လူသိပ်မရှိ....ထောင့်ကျကျ ခုံတန်းရှေ့တွင် ဆိုင်ကယ်ရပ်လိုက်သည်....
ခုံတန်းတွင် နှစ်ယောက်သား အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေလိုက်ကြသည်...
"အစ်မ စိတ်တွေ မွန်းကြပ်နေတာလား"
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းသူက မှုံပင်...သူမ သက်မမော တစ်ခုကို လေးပင်စွာ ချလိုက်သည်..
"အင်း...."
"ဖြစ်နိုင်ရင် မှုံကို ရင်ဖွင့်လေ...တစ်ယောက်တည်းခံစားနေရတာနဲ့စာရက် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တာကမှ ပိုကောင်းသေးတာ အစ်မရဲ့"
"အင်း....ဘယ်လိုမှန်း တို့လဲ မသိတော့ဘူး"
"ကိုအိုက်ထွေးနဲ့ပတ်သက်တယ်မလား"
"ဟင်....မှုံက ဘယ်လိုသိတာလဲ"
"မနေ့ညက ကိုအိုက်ထွေး မှုံ့ဆီကို ဖုန်းဆက်လာတယ်"
"ဘာရယ်...သူက ဘယ်လိုလုပ် မှုံ့ဆီ ဆက်ရတာလဲ"
ဟုတ်သည်လေ...အိုက်ထွေးက ဘာကြောင့်မှုံ့ရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုသိပြီးဆက်ရတာလဲ...
"ဟုတ်တယ် မှုံလဲ အစ်မကို မေးချင်နေတာ...အစ်မများ မှုံ နံပါတ်ကို ကိုအိုက်ထွေးဆီပေးခဲ့သေးလားလို့"
မှုံ မျက်နှာက ပကတိ ရိုးသားဖြူ စင်လျက်ပင်...
"ဟာ...ဘယ်လိုလုပ်ပေးရမှာလဲ...သူ့ဟာသူ တစ်ခြားမေးမှာပေါ့"
"မှုံ စဉ်းစားနေတာ...တစ်ကျောင်းလုံးမှာ ကျောင်းသားရေးရာကလွဲရင် မှုံ့နံပါတ်ကို ပေးတဲ့သူဆိုလို့ အစ်မပဲရှိတာလေ...ပြီး ထူးဆန်းတယ် ..အစ်မရဲ့...ကိုအိုက်ထွေးက မှုံ့ကို ဘာလာပြောလဲ သိလား"
"ဘာလာပြောတာလဲ"
"မှုံနဲ့ အစ်မနဲ့က ဘာလဲ တဲ့"
"ဟမ်"
မှုံ့စကားကို သူမနားမလည်....မှုံလဲ အိုက်ထွေးပြောတဲ့စကားက်ု သူကိုယ်တိုင်လဲ နားလည်မယ့်ပုံမပေါ်....သူမကော မှုံပါ ပြန်လည်တိတ်ဆိတ်သွားတော့သည်...အိုက်ထွေး ဘာတွေ ကြံစည်နေလဲ သူမသိချင်နေမိသည်....မှုံလို ရိုးသားဖြူ စင်တဲ့ ကလေးမလေးကို သူမတို့ ပြသနာကြားထဲ ဆွဲမသွင်းချင်ပါ...မလိုအပ်ပဲ သူမလိုချင်တောင့်တတဲ့ ညီမငယ်လေးတစ်ယောက်နဲ့ ခင်မင်ရင်းနှီးမှုပြတ်စဲသွားမှာလဲ မလိုလား...
"ကဲပါ..မှုံရယ်...နောက်ဆို သူ့ဖုန်းပဲဖြစ်ဖြစ် နံပါတ် စိမ်းနေရင် မကိုင်နဲ့...အရေးကြီးရင် တို့ကို ပြောနော်...သူ့နံပါတ်ကို black list ထဲ ထည့်ထားလိုက်..ကြားလား..."
"ဟုတ်...အစ်မကော..အဆင်ပြေရဲ့လားဟင်"
"ပြေပါတယ်...ကဲ နေချင်သေးလား..."
"အစ်မသဘောလေ"
"ရုပ်ရှင်သွားကြည့်ရအောင်...စိတ်ပြေလက်ပျောက်ပေါ့ ညနေ အတန်းတက်ချင်သေးလား"
"အစ်မနဲ့ အဖော်လုပ်ပေးမှာပါ ကြည့်မယ်လေ "
"ဒါဆို သီတာအေးကို ပဲ သွားရအောင်နော်"
"ဟုတ်ကဲ့"
သီတာအေးရုပ်ရှင်ရုံသို့သာ လာခဲ့လိုက်ကြသည်....
ဘာကားလို့လဲ သတိမထားမိ....မှုံကတော့ တကယ့်ကလေးလေးလို သဘောကျစွာ ကြည့်နေလေသည်...သူမမှာသာ....သူမကတော့....
.
"Hey, သဲ"
ဟမ်...ဘယ်လိုကြီးလဲ..စိတ်ညစ်လို့ လိုင်းတက်လာတာဆိုမှ လူက လာမှားနေသေးသည်....အကောင့်အမည်ကြည့်တော့ ဟိုအစ်မ...
"ဘာလဲ ...လူမှားနေပြီရှင့်"
ဒီတစ်ခါကျ seen ပြပြီးတာနဲ့ typing တန်းပေါ်လာသည်..
"မမှားပါဘူး...ဆိုင်နွန်းဆိုတာ မခေါ်တတ်လို့ သဲ လို့ ခေါ်တာလေ...မကြိုက်ဘူးလား"
သူမို့လို့ ပေါက်ပေါက်ရှာရှာ.. .သဲ တဲ့...သူမအမည်နဲ့ လားလားမှ မဆိုင်...
"ကြိုက်ပါတယ် ဘာလို့အဲ့လိုခေါ်တာလဲ"
"မသိဘူး ဒီလိုပဲ ကြိုက်လို့"
"မ...ဘာအလုပ်လုပ်လဲ ကျောင့းပြီးပြီလား"
"ပြီးတာ ကြာပြိ...ခုက အလုပ်ဝင်နေပြီလေ ဗိသုကာပေါ့"
"ဪ...မ ပုံလဲတစ်ခါမှမတင်ဘူးနော်"
"အင်း...မကို မြင်ဖူးချင်လို့လား"
"ဟုတ်...မ က ကျမကိုသိပြီး ကျမက မ ကို မသိဘူးလေ"
"ဟေ့ ကျမ လို့မပြောနဲ့လေ...မ က သဲ လို့ခေါ်နေတဲ့ဟာကို"
"ဟုတ်...သဲ မရဲ့ပုံ ကြည့်ခွင့်ရှိလားဟင်"
"Ok, ခဏစောင့် ရိုက်လိုက်ဦးမယ်"
မ ဒီည ဘာစိတ်ကူးပေါက်သည်မသိ...စကားပြော အဆင်ချောနေသည်...တစ်ခြားသူနဲ့ chatနေရတာထက်စာရင် မ နဲ့က ပျော်စရာကောင်းသည်လေ....
"စောင့်နေတယ်နော် မ"
Seen ပြပေမယ့် ပေါ်မလာသေး...သူမမှာ မျက်စိတောင် မမှိတ်အား...screen ကိုသာ စိုက်ကြည့်နေလိုက်သည်...ခဏကြာတော့ ရောက်လာပါပြီ...သူမ လိုချင် မြင်ချင်သော မရဲ့ပုံ
ဆံပင်အရှည်ကြီးကို ဖားလျားချလျှက်...ပါဝါမျက်မှန်လေးနဲ့..ပြီးတော့ ကော်ဖီခွက်ကိုင်ထားသေး...အိမ်နေရင်း အင်္ကျိအနီညိုရောင် လက်တိုပါးပါးလေး...မန်းလေးမှာ မအေးဘူးလားမသိ... ညအိပ်ယာဝင်ခါနီး အခုမှရိုက်ထားတဲ့ပုံပင်....ဘာမှ ပြင်ဆင်ခြယ်သခြင်းမရှိတဲ့ နဂိုမူလ မျက်နှာလေးမှာ ကျယ်ပြန့်သော နဖူးပြင်ပေါ်တွင် ဝက်ခြံအချို့ အဖုလေးတွေ စုနေလေသည်...နှုတ်ခမ်းကလဲ တည်မယောင် အပြုံးတစ်ခု တွဲလွဲခိုလို့..နှာတံသွယ်သွယ်လေးနဲ့...မ က အချောလေးပဲ..မပြင်ပဲနဲ့ အလှကြီး လှနေသည်..
"ဟိတ်...လန့်သွားပြီလား"
"မလန့်ပါဘူး မရဲ့ လှလွန်းလို့ မှင်သက်သွားတာ"
"Ok ပါကွာ အိပ်တော့ ညနက်ပြီ...မ လဲ ဆင်းပြီ ဘိုင်"
တော်သေးသည်... မ ဆင်းသွားတာ.နဲ့ အိုက်ထွေး အကောင့် မီးစိမ်းလာတာနဲ့ ကွက်တိ...သူမ လိုင်းအောက်ပြီး.ပါဝါပိတ်ကာအိပ်လိုက်ပါတော့သည်.
.
.
Zawgyi