.
.
နိုးလာတော့ မျက်စိတွေ မနည်းအားယူဖွင့်လိုက်စဉ် ပထမဆုံး လက်မောင်းဆီမှ စူးရှသော နာကျင်မှုကို.ခံစားလိုက်ကတာကြောင့် ကြည့်မိစဉ်ဝယ်
ဟင် ဆေးပုလင်းကြီး ချိတ်ထားတာကိုး ငါက ဘာလို့ ခုလို အပ်စိုက်ခံနေရတာလဲ...
"နောင့် နိုးလာပြီလား"
တံခါးပွင့်သံနဲ့အတူ ကိုကို ပန်းကန် လေးတစ်ချပ်ကိုင်လို့ ဝင်လာခဲ့သည်..မနက်က ပုံရိပ်တွေက ခေါင်းထဲသို့ တကွက်ပြီး တကွက် ပြန်မြင်ယောင်လာသည်
...ဒါဆို ငါ မေ့လဲသွားတာပေါ့....
ဟာ.....မ ငါ့ကို တကယ်ကြီး ပဲ လမ်းခွဲသွားပြီပဲ...မ သဲကို မုန်းသွားပြီ...သဲ ဘဝကနေ ထွက်သွားပြီ....
တွေးရင်း အခန်းထောင့်မှာ ချိတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ့်တစ်နာရီ လေးဆယ့်ရှစ်....ဒါဆို သူမနဲ့ မ တို့ တွေ့တာက ကိုးနာရီခွဲ ...အဲ့ကြားလေးမှာ သူမ အိပ်ပျော်နေခဲ့တာ...ဒီကို မေမေ ခေါ်လာပြီး ဆရာဝန်ပင့် ဆေးသွင်းပေးထားတာ နေမှာ....ကိုကိုက သူမဘေးလာထိုင်ရင်း
"ဆေးသောက်ဖို့ လာပို့ပေးတာ နောင့်...အပြင်သွားပြီး ဘယ်လိုဖြစ်လာတာလဲ"
"မေမေ မပြောဘူးလား"
"မပြောလို့ပေါ့ ကြည့်စမ်း နေမကောင်းတဲ့သူက အသံလေးမာနေတာပဲ"
"ခုမေမေဘယ်သွားလဲ"
"အပါးနဲ့ စံလောင်းသွားတယ်"
"ကိုကိုကော ဘယ်သွားစရာရှိလဲ"
"ခင်ဗျားလေး ဆိုင်လုပ်နေတော့ စောင့်ပြီး ကြည့်နေရတာပေါ့"
"သွားလေ နောင့် နိုးလာပြီပဲ"
"ဆေးသောက်လိုက်ဉိး ပန်းကန်ထဲ မုန့်ပါတယ် စားလိုက်ဦး မနက်တည်းက ဘာမှမစားရသေးဘူးမလား"
"ဟုတ်"
"ကိုကို သွားပြိ"
ကိုကို ထွက်သွားတော့မှ မ ကော ဘယ်လိုနေမလဲ သိချင်သဖြင့် အလွတ်ရနေတဲ့ မ ဖုန်းကို ဆက်ကြည့်တော့ စက်ပိတ်ထားသည်....တစ်ခါ မ ဖုန်းဆက်မရတော့ မှုံ ကို ဆက်သည်...မှုံရဲ့ ဖုန်ူက ဝင်နေသော်လဲ ကိုင်သူကင်းမဲ့နေသည်.....အားမလျော့ပဲ ထပ်ခေါ်သည်...လေးကြိမ်မြောက် ခေါ်ကာမှ လာကိုင်သည်...
"ဟလို မှုံ မ ရှိနေလား မ နဲ့ အတူရှိနေတာလား"
"တစ်ဖက်က အဖြေစကား မလာသေးခင် သိလိုသမျှကို အလောတကြီး ဆက်တိုက်မေးချလိုက်သည်....
"ဟလို ဘယ်သူလဲမသိဘူး "
"အမ်....မှုံလဲ မဟုတ်ဘူး ဒါ မှုံချယ်ရီဦး ဖုန်း မဟုတ်ဖူးလား"
"ဪ...ဟုတ်ပါတယ်ရှင့်"
"သူ့ကို ခေါ်ပေးပါ အရေးကြီးလို့"
"မှုံချယ်ရီဦး အပြင်သွားပါတယ် သူ့ဖုန်းက အခန်းထဲမှာ ထားခဲ့တာ"
"ဟင် အပြင်ဟုတ်လား ဘယ်သူနဲ့ သွားတာလဲ"
"ဘယ်သူလဲတော့မသိဘူး အစ်မ တစ်ယောက်နဲ့ပဲ ပီဆိုင်နွန်း လားတော့မသိဘူး"
ဟဲ့ ခုဆက်နေတာက ငါဟဲ့ ဆိုင်နွန်းဆက်နေတာ....ဒါဆိုသေချာပြီ...မ နဲ့အတူ ရှိနေတာနေမှာ...
"ဘယ်ချိန်က ထွက်သွားတာလဲ"
"ဆယ့်တစ်နာရီလောက်ထင်တယ် မနက်အစော ထွက်သွားပြီး ပြန်လာတော့ အဆောင်အပြင်ဖက်မှာ အစ်မတစ်ယောက်ပါလာတယ် အထဲတော့မဝင်ဘူး ပြီးကျ ပြန်ထွက်သွားတယ် စာအုပ်နဲ့ ဖုန်းထားခဲ့တယ်.."
"Ok ကျေးဇူးပါနော်"
ဖုန်းချလိုက်ပြီး အပေါ်မှာ ချိတ်ထားတဲ့ ဆေးပုလင်းကို ကြည့်လိုတော့ ဆေးရည်ကုန်ဖို့ နည်းနည်းသာ ကျန်တော့သည်...ထိုကြောင့် လက်မှာ ပိုက်နဲ့ ဆက်ထားသော အပ်ကလေးကို အရဲစွန့်ဆွဲဖြုတ်လိုက်သည်....သွေးစအချို့ ကပ်ပါလာသည်ကို စားပွဲပေါ်က ဂွမ်းစလေးနဲ့ သုတ်ဖိထားလိုက်ရင်း အိပ်ယာထပုံစံဖြင့်ပင် ဆိုင်ကယ် သော့ယူကာ အောက်ဆင်ားလိုက်သည်....ခြံဝမှာ ဆိုင်တွက် ဆောက်လုပ်နေကြတော့ ကိုကိုလဲ အဲ့ထဲမှာ ရှိနေမှာ....ဆိုင်ကယ်စီးထွက်လာတာကိုလဲ မည်သူမှ မမြင်လိုက်...
မတို့ ဒီချိန် ဘယ်မျာ ရှိနေမလဲ...အရင်ဆုံးအိမ်နဲ့နီးတဲ့ အဝေးပြေးစခန်းမှာ သွားရှာမယ်...
အဝေးပြေးစခန်းကို ဆိုင်ကယ်ခပ်ကြမ်းကြမ်းမောင်းနှင်ရင်း စိတ်တွေ လောနေမိသည်....ဆေးသွင်းပြီးရာမှ ချက်ချင်းထလာတာမို့ ခေါင်းထဲတော့ အားနည်းနေသ လို မူးဝေဝေကြီးကို ဖြစ်လို့နေသည်...သို့သော် ခုချိန်မှာ ဂရုမစိုက်အား...မ ကို တွေ့ချင်သည်...သူမ တစ်မျက်နှာအတွက်နဲ့ လာခဲ့တဲ့ မ ကို စိတ်မချနိုင်ပါ....မ မျက်နှာလေးမြင်ရဖို့က အရေးကြီးနေသည်...
ရွှေမန်းကား မှန်သမျှ လိုက်ကြည့်သော်လဲ မ အရိပ်အယောင်ပင်မမြင်....ထို့ကြောင့် မြို့တွင်းရှိ မန်ဆူဂိတ်ကို အသော့နှင်ရပြန်သည်...ဆံပင်စုတ်ဖွားနဲ့ အရူးရုပ်ပေါက်နေသော မိမိကိုယ်ကို သိပ်ဂရုမစိုက်အားတော့...
မန်ဆူ ကားကြီးကွင်းရောက်တော့လဲ အူလည်လည်နဲ့ ခေါင်းမီးတောက်အောင် ရှာဖွေသော်လဲ မတွေ့ပါ.....စိတ် ဒုံးဒုံးချကာ ကားဂိတ် ဝင်ပေါက်တည့်တည့်တွင် ဆိုင်ကယ်ရပ်ပြီး ငိုချလိုက်သည်....
အသံထွက်ပြီး ငိုနေတော့ ဘေးမှ လမ်းသွားလမ်းလာတွေလဲ ကြည့်သလားမမေးနဲ့...သို့သော် ပတ်ဝန်းကျင်ကို ဂရုမစိုက်အားတော့.....ဘဝကြီးတစ်ခုလုံး ပျက်စီးသွားသလို ခံစားနေရတဲ့အချိန် ခုလိုအချိန်မှာ တစ်ခြားသူ ကားနဲ့ဖ်တ်ြကြိတ်သွားတာတောင် သိလိုက်မည် မဟုတ်..အပြင်ကနာကျင်တာထက် ရင်ထဲက ဝေဒနာက ပိုဆိုးသည်...အပြင်က ဒဏ်ရာ က ဆေးကုရင် ပျောက်ပေမယ့် ဒီတစ်ခါက မရတော့....
မ နဲ့ တသက်လုံး ဝေးသွားရတော့မည်...
မ အမုန်းဒဏ် ခံရတော့မည်....
.
"မနှင်း.တကယ်ပဲ လမ်းခွဲလိုက်တာလား"
"အင်း လမ်းခွဲပေးလိုက်တယ်"
မငိုမိအောင် မနည်းထိန်းချုပ်ထားတဲ့ ပုံစံမှန်း မနှင်း ဘယ်လိုပင် ဟန်ဆောင်ကောင်းတဲ့လူဖြစ်နေပါစေ မှုံ သိတာပေါ့....မနှင်းကော ဆိုင်နွန်းပါ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြမှန်း သိတာပဲလေ..
"မနှင်း ချစ်ရက်နဲ့ ဘာလို့ လုပ်ခဲ့တာလဲ"
"သူမှ အစ်မကို မလိုအပ်တော့တာပဲ မှုံကလေးရယ်...
အချစ်ဆိုတာ အဲ့လိုပဲလားတော့ အစ်မလဲ ရည်းစားများများ မထားဖူးတော့ မပြောတတ်ဘူး..ကိုယ့်ကို မလိုအပ်တဲ့သူအနားမှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ဖက်တွယ်မနေချင်ဘူးလေ"
"ပီဆိုင်နွန်းက မနှင်းကို မချစ်တော့ဘူးလို့ ဆိုလိုတာလား"
မှုံ့အမေးကို သူမ မဖြေပါ.....တစ်မနက်လုံး ဘာမှမစားရသေးတာမို့လို့ မှုံ ခေါ်လာတဲ့ မာလာဟင်းဆိုင်မှာ လာစားနေကြခြင်းပင်...မစားလို့ကလဲ မရဘူးလေ...မနေ့ညနေကလဲ မစားထားဘူး...သူမ တို့လို့ အမေတစ်ခုသမီးတစ်ခုက အချစ်တွက် လဲပြိုသွားလို့ မရတာ သူမ နားလည်ထားသည်လေ...တစ်ကမ္ဘာလုံးပြေးကြည့်လို့ အနီးစပ်ဆုံးဆိုမှ ဒီအမေ ဒီသမီးပဲ ရှိတြဲ့ဟာမလား...
"တစ်နာရီလောက် ပြန်မယ်လေ...ခု စားပြီးရင် အစ်မကို ကားဂိတ်လိုက်ပို့ပေးနော် ဘယ်ဂိတ်ကပိုနီးလဲ"
"ဒီကနေဆို မြို့ပြင်ဂိတ်က နီးတယ် "
"ဒါဆိုရင် မှုံက မြို့ပြင်ထိ လိုက်ပို့နေရဦးမယ် မြို့တွင်းဂိတ်ပဲ အစ်မကို ပို့ပေးတော့ အစ်မကြောင့် မှုံလဲ အလုပ်ရှုပ်သွားရပြီ အားလဲနာတယ် ကျေးဇူးလဲတင်တယ် သိလား"
"ရပါတယ် မနှင်းရယ် ဒီမြို့ကို မှုံ မကျွမ်းဘူးလေ....မနှင်း နောင်ချိုလာရင်တော့ လုံးဝဧည့်ဝတ်ကျေစေရမယ်"
"ဟုတ်ပါပြီ....တစ်ခေါက်တော့ နောင်ချိုလာခဲ့မယ်လေ"
"လာခဲ့ပါ....ဓနုတို့ဋ္ဌာနေ မှုံတို့မွေးရပ်နောင်ချိုမြေမှာ သဘာဝရေတံခွန်တွေ သမိုင်းဝင်ဂုတ်ထိပ်တွေ အကုန် လိုက်ပို့ပေးမယ်...ပြီးတော့ ချစ်စရာကောင်းတဲ့ ဓနုတွေရဲ့ ရိုးရာထုံးစံလေးတွေကိုလဲ ပြောပြမယ်"
"စိတ်ဝင်စားလာပြီကွာ"
"ရောက်မှ အဲ့ထက်စိတ်ဝင်စားစရာတွေ အများကြီးရှိသေးတာ မနှင်းရ"
တကယ့်တမ်းကျ မှုံ ဟာ သူမ စိတ်ပြေစေရန် စကားပြောင်းနေခြင်းပါ...သူမ လဲ သိတာပေါ...ဒီကလေးရှေ့မှာတော့ သိပ်ပြိုလဲနာကျင် ကြေကွဲနေပုံကို မမြင်စေချင်ပါ...သူမ တစ်ယောက်တည်း ဒါမှမဟုတ် မေမေ့ရှေ့မှာပဲ သူမ ကျဆုံးခန်းတွေ နာကျင်တာတွေ မျက်ရည်တွေ ဒီပုံစံတွေကို မေမေကလွဲ ဘယ်သူမှမသိစေရ....ဖခင်မရှိပဲ မေမေ့ရင်ခွင်မှာပဲ နေခဲ့ရလို့ အသဲမမာပေမယ့် စစ်သားတစ်ယောက်ရဲ့သွေးတွေ သူမကိုယ်မှာ စီးနေသည်လေ....ဘယ်လောက်ပဲ ခံစားရပါစေ...ဟန်ဆောင်ရဦးမှာပေါ့ကွယ်....
"မနှင်း စားလို့ပြီးပြီလား သွားကြမယ်လေ"
မှုံပြောမှ လက်မှာပတ်ထားတဲ့ ငွေရောင်နာရီလေးကို တစ်ချက်ကြည့်ပြီး ထရပ်လိုက်သည်...ပိုက်ဆံရှင်းဖို့ အိတ်ထဲပိုက်ဆံထုတ်တော့ မှုံက
"မှုံ ရှင်းလိုက်မယ် မနှင်း..."
"ဟာ မဟုတ်တာ အစ်မရှင်းပါ့မယ်"
"မနှင်းက ဧည့်သည်ပါနော် ကဲပါ မှုံရှင်းလိုက်မယ်နော် မနှင်း"
ဆိုင်ထဲပိုက်ဆံရှင်းပြီး အထွက် အိုက်ထွေးနဲ့ စိုင်းခေးတို့နှစ်ယောက်လဲ ဆိုင်ကယ်နဲ့ ဆိုင်ရှေ့အရောက်...သူမနဲ့မှုံ ကိုလဲ မြင်ရော
"ဟာ မနှင်းပါလား ဘယ်တုန်းကရောက်တာလဲ"
"ဒီမနက်ပဲ"
"ဟုတ်လား ဆိုင်နွန်းကော ပါလား"
ဆိုင်ထဲကို ဝေ့ဝဲကြည့်ရင်း အိုက်ထွေးပြောတော့ မှူံ ဖြေမည်အပြု သူမကပဲ မှုံကို အခက်အခဲမတွေ့စေချင်တာနဲ့
"မနက်က တွေ့ပြိးပြီလေ...ခုက မှုံနဲ့နှစ်ယောက်ထဲလာတာ မာလာဟင်းစားချင်လို့လေ..."
"ထပ်စားပါဦးလား ကျွန်တော်တို့ ကျွေးပါရစေ"
"စားတော့ဘူးလေ ခုပဲ ကားဂိတ်သွားတော့မလို့"
"ဟုတ်လား ချက်ချင်းကြီး ပြန်တော့မှာလား"
"အင်း အလုပ်ကိစ္စရှိသေးတယ်လေ....သဲ ကို လွမ်းလို့ လာဆုံတာ"
"ဪ ဆိုင်နွန်းကလဲကွာ....မနှင်းကို တစ်နေကုန်တောင် အချိန်မပေးထားဘူး အာ့ဆို ခု ဂိတ်သွားမှာလား ကျွန်တော်တို့ လဲ လိုက်ပို့မယ်လေ"
"ဟာ ရပါတယ် အစ်မတို့ပဲ သွားလို့ဖြစ်တယ် အားနာစရာကြီး"
"မဟုတ်တာ ကိုယ့်မြို့ကို ရောက်လာရက်သားနဲ့ ဧည့်ဝတ်မကျေမိပြန်ဘူး နောက်တစ်ခါ လာမယ်ဆို ကြိုပြောနော်"
"အင်း အင်း"
တားမရတဲ့အဆုံး နှစ်ယောက်စလုံး သူမတို့ ဆိုင်ကယ်နောက်မှ ပါလာသည်...ဒါကလဲ ရှမ်းတိုင်းရင်းသားတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုလား မသိ....ကားဂိတ် အဝင်ဝတွင် သူမ မျက်ဝန်းထောင့်လေးမှာ တစ်စုံတစ်ရာကို မြင်လိုက်သလို...သို့သော် လူက ရှုပ်လွန်းတော့ သေသေချာချာ မမြင်လိုက်ရ...
ကားသေးသေးလေးထဲမှာ လူတွေက ကျပ်သိပ်နေပြီ...တစ်နေရာစာတောင် အနောက်ထဲမှာပဲ ကျန်တော့သည်မို့ မှုံတို့က
"မနှင်း.နောက်ကား ရှာကြည့်ဦးမယ်လေ"
"ဟုတ်သားပဲ မနှင်း ဒါက ကြပ်သိပ်နေပြီ...နောက်မှာ ဆို အနံ့ကသိပ်ကောင်းတာ မဟုတ်ဖူး"
"အာ့ဆို ထပ်ရှာကြည့်လေ"
အိုက်ထွေးတို့ ကားဝင်းတစ်ခုလုံး ကားပတ်ရှာနေကြသည်..ဒိချိန် Expressကားတွေ မထွက်သေးတာမို့ taxiတွေသာ ရှိနေသည်..ရှိပေမယ့်လဲ လူက ပြည့်...လူမကြပ်တော့လဲ ယောက်ျားခရီးသည်ချည်း အဆင်ကမပြေ...
"မနှင်း ကားက ခဏက ကားပဲ ရှိတော့တာ တစ်ချို့ကားကျ နှစ်နာရီမှထွက်မှာတဲ့ ခုချိန်ဆို လေဆိပ်ကလဲ ရမလားမသိ"
"အစ်မ လေယာဉ်မှ မစီးဖူးတာ ဈေးလဲ ကြီးဦးမယ်"
"အွန်း ဟုတ်တယ်"
လေးယောက်စလုံး နေပူကြီးထဲမှာ ချွေးတွေသံတွေနဲ့ ပြည့်နေစဉ် သူမတို့ လေးယောက် ခပ်လှမ်းလှမ်းတွင် ခြေစုံလေးရပ်လျက် ကြည့်နေသော ကောင်မလေးတစ်ယောက်ကို သူမတို့ မမြင်လိုက်...ကိုယ့်ဇောနဲ့ကိုယ် ရှုပ်နေကြသည်...
အိုက်ထွေးတို့ကလဲ သူတို့ သိသမျှ ကားစုံစမ်းပေးနေကြစဉ် သူမ စိတ်ထဲ တမျိုးတမည် ခံစားလာရ၍ ကှေ့တည့်တည့်သို့ အကြည့်ပို့မိခိုက်
သဲ.....
ဟုတ်သည်...သဲ ရယ် သူမ တို့ကို အဝေးကနေ ရပ်ကြည့်နေတာပင်....ပြီးတော့ အဝေးကနေတောင် ကြေကွဲရိပ်စွန်းထင်းနေတဲ့ သဲ ရဲ့ ကြောင်စီစီ မျက်လုံးလေးတွေ....သူမ ကြည့်နေမှန်းသိတော့ အလန့်တကြား နောက်ပြန်လှည့်ပြီး ထွက်သွားတော့ သူမ ခြေလှမ်းတွေ အလိုအလျောက် သဲ နောက် လိုက်မိမလို ပြင်စဉ်မှာပဲ ဘောင်းဘီအိပ်ထဲမှ ဖုန်းမြည်လာ၍ ထုတ်ကြည့်တော့ ခက်ရဲ့ ဖုန်းပင်...
မနေ့ကမှ ဟန်းနီးမွန်းက ပြန်ရောက်လာတဲ့ မိခက်.ခုအရေးတကြီး ဘာတွက် ဖုန်းထဆက်ပြန်သည် မသိ...သဲ နောက် ပြေးလိုက်လုဆဲဆဲ ခြေလှမ်းတွေ ရပ်ပစ်ကာ ဖုန်းကိုင်လိုက်သည်..
"ဟလို မိခက် ဘာတုန်းဟ"
"ဟဲ့ နင့်ဖုန်းက ဘာလို့ ခေါ်လို့မရတာလဲ ငါခေါ်နေတာ ကြာလှပြီ "
"ဘာတွေများ အရေးကြီးနေတာတုန်း"
ဖုန်းထဲ ခက်အသံက တကယ့်ကို အလျင်လိုနေဟန် ဖြစ်နေသလို စိတ်လဲတိုနေဟန်မို့လို့ သူမ စိတ်ထဲထင့်ခနဲ ဖြစ်သွားသည်...
"ဟဲ့ နင် ရောက်လေရာကနေ ဆေးရုံကို အမြန်သာလာခဲ့တော့"
"ဟင် ဘာဖြစ်လို့လဲ ဆေးရုံမှာ"
"ဆရာမလေ"
မေမေ...ဆိုတော့ သူမ ခေါင်းတည့်တည့် မိုးကြိုးပစ်ချလိုက်သလို....
"မေမေ မေမေက ဘာဖြစ်လို့ ဆေးရုံမှာလဲ ခက် ပြော...ပြောစမ်းပါ....မြန်မြန်..မေမေ..ဘာဖြစ်လို့ ဆေးရုံရောက်နေတာလဲ"
"ဆရာမ အက်စီးဒင့်ဖြစ်လို့ နှင်းရဲ့....မြန်မြန်လာနော်..."
"ဘုရားရေ မေမေ.."
မျက်စိထဲ သဲလဲ မမြင်တော့ .....မှုံတို့အိုက်ထွေးတို့ကိုလဲ မမြင်တော့....ကမ္ဘာကြီး ဇောက်ထိုးပြောင်းပြန် လှန်သွားသလို...သူမရဲ့ ကမ္ဘာကြီး ပြိုလဲ သွားသလို....
မေမေ မေမေ ဘာမှ မဖြစ်ပါစေနဲ့....
ပါးစပ်မှလဲ အရူးတစ်ယောက်လို ရေရွတ်ရင်း စမ်းတဝါးဝါးလျှောက်နေသည်....မှုံက သူမ ဘေးလာရပ်ရင်း
"မနှင်း...ဘာဖြစ်လို့လဲဟင်"
သူမ ပုံစံကို သတိထားမိလို့လား မသိ...မှုံက သူမလက်ကို ဆုပ်ကိုင်ရင်း မေးလိုက်တော့ သူမ ဖုန်းကော ပိုက်ဆံအိတ်ကော မှုံ့လက်ထဲထည့်ကာ မြေပေါ် ငုတ်တုပ်ထိုင်ချပြီး ငိုကြွေးလိုက်သည်..ဒီအချိန်မှာ သူမ ဟန်ဆောင်ခြင်းကင်းမဲ့နေတဲ့ အခိုက်ပင်...
"မေမေ မေမေ အက်စီးဒင့် ဖြစ်လို့တဲ့ မှုံရဲ့ အစ်မ ပြန်မှ ဖြစ်မယ်"
"ဟင်.....အစ်မ ထပါ မငိုရဘူးလေ....ဘာမှမဖြစ်လောက်ပါဘူး မ စိတ်မပူနဲ့နော် "
သူမကို အားပေးပြီး အတင်းဆွဲထတော့ အိုက်ထွေးတြိ့လဲ ကြားနေသည်ထင် သူမကို ကြည့်နေသည်မှအပ တွေငိုင်ငေးနေကြသည်...
စိတ်က မရည်ရွယ်ပါပဲနဲ့ ခဏု ကြပ်တယ်ဆိုပြီး မစီးဘူးလုပ်နေခဲ့သော ကားပေါ်က အတင်းတက် တံခါးပိတ်ရင်း
"မန်းကို မြန်မြန်လေး မောင်းပေးပါ ဦးလေး"
"ခဏကပဲ မလိုက်ဖူးဆို"
"ခု လိုက်မယ် ခုပဲ မောင်းပါတော့ နော်"
"နေဦးလေ ခုပဲ ခရီးသည်တစ်ယောက် ရေသန့်သွားဝယ်ခဲ့တယ်"
ဖြစ်ပြီ...အလျင်လိုပါမှ အနှေးကိန်းဆိုက်ပြီ.....ဒုက္ခပဲ....ချွေးတွေ တကိုယ်လုံး ပြန်တက်လာပြီ....
"ခုပဲ မောင်းပေးပါ မြန်မြန်လေး ဦးလေးရယ် သမီးနှစ်ယောက်စာ ပေးပါ့မယ် ဟိုမှာ သမီးမေမေ အက်စီးဒင့် ဖြစ်လို့တဲ့ ဆေးရုံတင်ထားရတယ် အဲ့ဒါ အမြန်ဆုံးရောက်ချင်လို့ပါရှင်"
သူမရဲ့ ငိုကြီးချက်မနဲ့ ပြောနေသော စကားတွေကြောင့် ဒရိုင်ဘာဦးလေးကြီးမှာ အခက်တွေ့နေရှာသည်....သူမကိုလဲ သနားဂရုဏာသက်နေပုံရသည်...ကားမှန်တင်ထားတော့ မှုံတို့ အိုက်ထွေးတို့ကလဲ ဘာမှ ဝင်ပြောလို့ကမရ......အကုန်လုံး စိတ်ပူနေကြပုံဖြင့် မျက်နှာလေးတွေ မကောင်းကြ..
ရေသန့်သွားဝယ်တဲ့ သူ ပြန်ရောက်လာတော့မှ ကားမောင်းသူက
"ကဲ သမီး စိတ်လျော့ထား ဦးလေး အန္တရာယ်အကင်းဆုံးနဲ့ အမြန်ဆုံးမောင်းပေးမယ် သိပ်လဲ စိတ်မပူပါနဲ့ ဟုတ်ပြီလား"
"ကျေးဇူးပါ ဦးလေးရယ်"
ကားစထွက်တော့ မှန်ကနေ မှုံတို့ကို လက်လှမ်းပြလိုက်ရင်း မျက်စိမှိတ်ကာ ဘုရားအာရုံပြုထားလိုက်သည်...
ဘုရားတရားကြည်ညိုလေးစားတဲ့ မေမေ...
ဘာမှမဖြစ်လောက်ပါဘူး....
လက်အုပ်ကလေးချီ ရှိုက်သံတွေနဲ့မို့ တကားလုံးက သူမရှိုက်သံကလွဲ၍ အကုန် ငြိမ်သက်နေကြသည်...သူမ ဘေးမှာထိုင်နေတဲ့ အဖွားကတော့ သူမ လက်ကလေးကို ဆုပ်ထွေးရင်း အားပေးနေရှာသည်..တလမ်းလုံး ထိုအဖွားကို မှီပြီး ငိုနေရင်းနဲ့ပဲ...
ငါဂရုမစိုက်လို့...ဒီမေမေလေးတစ်ယောက်ရှိတာကို ပစ်ထားခဲ့မိလို့....မေမေ့ကို မေ့ထားပြီး ငါ အချစ်စိတ်တွေ မွှန်နေလို့...မေမေ ဒီလိုဖြစ်ရတာ မေမေသာ တစ်ခုခုဖြစ်ရင်တော့ သမီး ကိုယ့်ကိုကိုယ် ခွင့်မလွှတ်ဘူး....
ခေါင်းကို မှီပြီး မျက်စိမှိတ် ငိုနေတဲ့ သူမရဲ့ ကားနောက်မှာ ဆိုင်ကယ် နှစ်စီး အပြိုင် လိုက်လာနေသည်ကို မသိတော့....
ကားမောင်းတဲ့ ဦးလေးကလဲ သူမ အလိုကျ အမြန်မောင်းနေတာဆိုတော့ နောက်က ဆိုင်က်ာတွေ လမ်းကြပ်ကာ ရပ်ကျန်ခဲ့ရတော့သည်...
တစ်စီးက အိုက်ထွေး...မှုံလက်ထဲ ယောင်ယောင်မှားမှားနဲ့ ထည့်ထားမိခဲ့တဲ့ ဖုန်းရယ် ပိုက်ဆံအိတ်ရယ် ကို လိုက်ပေးတာ....တစ်စီးက ဆိုင်နွန်း...
ဘယ်လိုပဲနေနေ မ နဲ့ လုံးဝ မခွဲနိုင်တော့တာမို့လို့ ရှင်းပြရန် ကားနောက်ကို အမှီလိုက်လာတာ....
ကားကြပ်တဲ့အထဲ သူမတို့ ကားက လွတ်သွားပြီး ဘေးလမ်းကြားက ကုန်ကားကြီး ဖြတ်တက်လာတော့ ဆိုင်ကယ်နှစ်စီးလုံး လမ်းလယ်ခေါင်မှာ စိတ်ပျက် ဝမ်းနည်းခြင်း ကြေကွဲစိုးရိမ်ခြင်းတွေ ရောပြွန်းလျက်.....
.
"မေမေ မေမေကောဟင်...."
ညကြီးမိုးချုပ်မှ အူယားဖားယားရောက်လာသော သူမအား ခက်က ထိုင်နေရာမှ အပြေးကြိုရင်း
"နင် ဘယ်တွေ ရောက်နေလို့ ခုမှ ရောက်လာရတာလဲဟာ...ဖုန်းလဲ မကိုင်ဘူး "
"အဲ့ဒါတွေ အရေးမကြိးဘူး ခု မေမေ့ကို တွေ့ချင်တယ် မေမေ ဘ်ာမှာလဲ"
"အရေးပေါ်ထဲမှာ ခုထိ သတိမရသေးဘူး"
အရေးပေါ်ခန်းထဲမှာ ဆိုလို့ သူမ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်....ပြီးတော့ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ငိုမိပြန်ပြီ....
"သမီး ကားခမရှင်းရသေးဘူးလေ အဲ့ဒါ..."
ကားသမား က ဆေးရုံထဲအထိ လိုက်ပို့ပြီး သူမ ပြေးဆင်းလာတော့ ကားခပေးဖို့ မေ့ခဲ့သည်...
"ဪ ဆောရီး ဦးလေး သမီးမေ့သွားတယ် "
ဦးလေးအား ထိုသို့ပြောပြီး ဘောင်းဘီအိတ်ထဲ စမ်းကြည့်တော့ ဘာပိုဆံအိတ်မှ ရှိမနေ...အင်္ကျီအိတ်ထဲ စမ်းတော့လဲ ရှိမနေပါ...သူမ ဘယ်နားချပစ်မိခဲ့လဲ မမှတ်မိတော့...ထို့အတူ ဖုန်း....ဖုန်းကော...ဖုန်းလဲပါမလာ..ပိုက်ဆံအိတ်လဲ မရှိတော့ ...
ခက်က သူမ ပုံစံကြည့်ရင်း သဘောပေါက်သွားပုံဖြင့်
"ကဲ ဦးလေး ဘယ်လောက်လဲ ဟင်"
".......ပါ"
"ဟုတ်ကဲ့ ဂှင့်"
ခက် ပိုက်ဆံထုတ်ပေးလိုက်သည်ကို သူမ ကြောင်ငေးကြည့်နေမိသည်....သူမ အရမ်ူကို သတိလက်လွတ်ဖြစ်သွားတာပင်...တလမ်းလုံး ဘာမှလဲ မစား...မေ့မေ့ဆီရောက်ဖို့ပဲ စိတ်စောနေသည်မို့လေ...
"ခက် ဘယ်လိုဖြစ်ရတာလဲဟာ ညနေက ငါ့ကို ကားဂိတ်လိုက်ပို့သေးတာ"
"ဟင် ကားဂိတ်ဟုတ်လား"
"အင်း ငါ သဲဆီသွားတာ"
သဲ ဆိုသောကြောင့် ခက်မျက်နှာ တစ်မျိုးဖြစ်သွားသည်..သို့သော် ဘာမှတော့ မပြော...
"ဆရာမ ကားတိုက်ခံရတာ လမ်းက နေ့လည် ကျောင်းဆင်းချိန်ဆိုတော့ ရှုပ်တယ်လေ...အဲ့မှာ ကလေးတစ်ယောက် ပြေးလာနေတုန်း ကုန်ကားနဲ့ တိုက်မိမလိုဖြစ်တာကို ဆရာမက ဝင်ကယ်လိုက်ရင်း ကလေးက လွတ်သွားပေမယ့် ဆရာမ ကတော့....😭😭😭😭😭"
"မေမေ ဘာမှမဖြစ်လောက်ပါဘူးနော်"
"မသိသေးဘူး ဒဏ်ရာက ပြင်းတယ်တဲ့ ဆေးရုံရောက်စက လိုအပ်တာ ကုသပြီး ခဏ ဆေးသွင်းထားတဲ့အထိ သတိမရသေးဘူး....ခုဏလေးတင်ပဲ တစ်ခါ ညာဖြစ်တယ်မသိဘူး ဇေယျာကော ငါကော ရှိနေတာ အဲ့ချိန် ဆရာဝန်တွေ ဝင်လာပြီး အရေးပေါ်ခန်းထဲ ကုတင်ရွှေ့သွားတယ် ခွဲစိပ်နေတာလား ဘာလားမသိဘူး ငါ နင့်ဖုန်းကို ခေါ်လဲ စက်ပိတ်ထားတာမို့..."
"မေမေ က ဘာမှမဖြစ်လောက်ပါဘူး ခက်ရယ်...မေမေက ဘာသာတရားကို ယုံကြည်ကိုးကွယ်သူပဲ..ပြီးတော့ ကလေးကို ကယ်လိုက်နိုင်တာပဲ...မေမေ့ကိုလဲ ဘုရားကယ်မှာပါနော်...နော်...ခက်"
"အင်းပါ ဆရာမ ကံကောင်းမှာပါဟာ ငါတို့တူတူ ဆုတောင်းပေးကြမယ်လေ"
သူငယ်ချင်းဖြစ်သူကို စိတ်သက်သာစေရန် ချော့ပြောပြီး ခက်လဲ နှင်းနည်းတူ ဆရာမကို စိတ်ပူရပါသည်....အချိန်တွေလဲကုန်လို့ တိတ်ဆိတ်တဲ့ ညတစ်ခုမှာ အခန်းတံခါးပွင့်လာသံက ခြောက်ခြားဖွယ်ရာအတိ....
ခေါင်းငုံတိတ်ဆိတ်နေရာမှ အခန်းထဲက ထွက်လာတဲ့ ဆရာဝန်တစ်ဦးအား ခက်ကော နှင်းပါ မရည်ရွယ် မညှိထားပဲ အပြိုင်ထရပ်လိုက်ပြီး
"မေမေ့ အခြေအနေ"
"ဆရာမအခြေအနေ"
ပြိုင်တူ စိုးရိမ်လွန်းအားကြီးစွာ မေးလိုက်မိစဉ် ဆရာဝန်က သူတို့နှစ်ယောက်စလုံးကို ကြည့်ပြီး
"စိတ်မကောင်းပါဘူး လူနာက ဒဏ်ရာသိပ်ပြင်းလို့ ဆရာတို့လဲ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ် ဒါပေမယ့် လူနာ ကံမကောင်းဘူး "
"ရှင်"
"စိတ်မကောင်းပါဘူး လူနာ ဆုံးသွားပါပြီ"
ဆရာဝန် သူမတို့ ရှေ့မှ ထွက်သွားသည်အထိ နှစ်ယောက်စလုံး ကျောက်ရုပ်ဖြစ်ကျန်ခဲ့သည်...ခဏကြာတော့ အခန်းထဲမှ တွန်းလှည်းတစ်ခု ထွက်လာသည်...တွန်းလှည်းပေါ်မှာ တစ်ကိုယ်လုံး ပတ်တီးဖြူ ဖြူ တွေနဲ့ အသက်မဲ့နေတဲ့ ခက်ရဲ့ ချစ်သော ဆရာမကြီး...သူမရဲ့ မာတာ မိခင် ကောင်းကင်ကြီး ကမ္ဘာကြီး မေမေ....
"မေ.....မေ....မေမေ...မေမေ....ထပါဦး သမီး ရောက်လာပြီလေ...မေမေ....မျက်လုံးလေးတွေ ဖွင့်ကြည့်ပါဦးမေမေရဲ့...သမီးတို့ အိမ်ပြန်ရအောင်လေ...မေမေ"
ညနက်သန်းခေါင်ကြီးမှာ ငိုသံတွေ ဆူညံသွားသည်....ဆေးရုံထဲ ပြေးလာတဲ့ ဇေယျာရဲ့ ခြေလှမ်းတွေ တုံဆိုင်းသွားရတော့သည်...သူ့ရဲ့ သူငယ်ချင်းလေး နှင်း ပြီးတော့ ခက်....ပြီးတော့ သူတို့ရဲ့ ဆရာမ ကြီး ဒေါ်နှင်းမြရဲ့ ရုပ်အလောင်း....
တွန်းလှည်းပေါ်က သွေးစတွေ ပေကျံနေသေးတဲ့ ဆရာမ မျက်နှာကို ဖက်ပြီး ငိုနေတဲ့ ယူကြုံးမရဖြစ်နေတဲ့ နှင်း...ငိုနေလျက်နဲ့ပင် သူငယ်ချင်းဖြစ်သူကို ထိန်းနေရတဲ့ ခက် ...
"မေမေ ညနက်ပြီလေ....သမီး မအိပ်ရသေးဘူး မေမေရဲ့...မေမေ ကော်ဖီဖျော်ပေးဦးလေ....မေမေ စောင်ခြုံပေးပါဦး...ပြီးတော့ သမီး ခု အသည်းကွဲလာတယ်မေမေရဲ့....မေမေ အဖြေရှာပေးပါဦး...မေမေရယ်....သမီးကို တယောက်ထဲ ထားခဲ့ပြီလား....သမီးကို ထားခဲ့ပြီလား မေမေရဲ့😭😭😭😭😭"
"ဆရာမ ထကြည့်ပါဦး ဆရာမရယ် သမိးတို့ကိုခွဲမသွားပါနဲ့ဦး အရင်လို ဆုံးမပါဦး .😭😭😭"
သူမကြည့်ရက်နိုင်စွာ မျက်စိမှိတ်လိုက်စဉ်မှာ ပါးပြင်ပေါ်သို့ ပူနွေးနေတဲ့ မြစ်နှစ်စင်း ဖြတ် စီးဆင်းသွားသည်...
...
"မေမေ ကျေနပ်တယ် မလား"
မနက်စောစီး သမီးဘာတွေ မကျေမနပ်ဖြစ်သည်လဲ မသိ...တစ်နေ့က ကားပျက်နေတာကြောင့် စံလောင်းကို မရောက်ပဲ သီပေါက ပွဲစားကို အကူညီတောင်း၍ ကားလာပြင်ခိုင်းရသည်...လမ်းမှာပဲ အချိန်ကုန်သွားတာကြောင့် သွားတဲ့ရက်က ဘာမှ မလုပ်ရ..မနေ့ကလဲ တနေကုန်အောင် အလုပ်လုပ်နေရတာကြောင့် ညမိုးချုပ်မှ အိမ်ပြန်ရောက်ခဲ့သည်...သမီးကတော့ ထပင်မကြည့်လာ....
မနက် ထမင်းဟင်းချက်ပြုတ်နေမှ မီးဖိုခန်းထဲကို ဒေါနဲ့မောနဲ့ ဝင်လာရင်း မေးလိုက်တာမို့
"ဘာကိုလဲ"
"မ သမီးကို မုန်းသွားတာလေ မေမေ ကြားတယ်မလား မ သမီးကို လမ်းခွဲသွားတာ"
ငိုသံကော ဒေါသသံပါ ရောစွက်နေသည်...
"ဪ..ဒါများ ဆိုင်နွန်းရယ် ဟင်းဟင်း...လမ်းခွဲတာကို နင်က ကြေကွဲနေတာလား"
"မေမေ ဘယ်လိုပြောလိုက်တာလဲ"
"နင်ကတိပေးထားတာကို မမေ့နဲ့....နင်ပဲ နင့်ရဲ့မကို မဆက်သွယ်ပဲ တစ်နှစ်လောက် နေနိုင်ရင် ငါ့ကို ဘာမှမပြောပဲ မတောင်းပဲ မ ကို လက်ခံပေးရမယ်ဆို နင်ပဲ တောင်းဆိုခဲ့တာမလား...ပြီးတော့ လက်မဖြန့်ပဲ အလုပ်လုပ်မယ်ဆို...ခု ဆိုင်တောင် ဖြစ်တော့မယ် ခုမှ ငါ့ကို အဆိုးဆိုတာလား"
"ဒါမဲ့ မ က သမီးကို မုန်းပြီလေ"
"နင့်ကို မချစ်လို့နေမှာပေါ့...တကယ်ချစ်ရင် မဆက်သွယ်ရလဲ မေ့မသွားဘူး မုန်းမသွားဘူး နင် ကံတောင်ကောင်းသေးတာ မိန်းကလေးချင်း စတည်းက မဖြစ်နိုင်တာကို အချစ် ဆိုတာနဲ့ မွှန်ထူပြီး ကိုင်မပေါက်ပြနဲ့ ဘဝမှာ အချစ်ထက်အရေးကြီးတာတွေအများကြီး"
"မေမေ ကမှ မချစ်ဖူးတာ"
"မချစ်ပဲနဲ့ နင့်အပါးကို ယူမလားဟဲ့"
"အပါးထက် အပါးဖက်ကတင်တောင်းတဲ့ ပစ္စည်းတွေကို ပိုမက်တာပါ"
"မက်ရမယ်...အချစ်က ဗိုက်မပြည့်ဘူးဟဲ့...နေရာတကာ အချစ် အချစ်နဲ့ ဖြတ်ကျော်လို့မရဘူး နင်တို့အချစ်က အလကား သုံးစားမရတဲ့ အရာတွေ ဘယ့်နှယ် မိဘကိုပဲ ပြန်အမှားလုပ်နေတယ် "
"မေမေ အဲ့လို မစော်ကားနဲ့ သမီးဘဝမှာ မ ပဲ လိုအပ်တယ် မေမေသာ ဘယ်ကောင်နဲ့ လာမဟပ်စပ်ပေးမိစေနဲ့ မ ရဲ့ ချစ်ခြင်း မုန်းခြင်း သမီး တသက်ခံသွားမယ် ဒါပဲ "
"ဟဲ့ ဒါက ဘယ်လဲ"
"ကျောင်းပေါ့ ဘယ်အလေလိုက်နေရမှာလဲ"
ဆူဆောင့်အောင့်ပြိး ထွက်သွားတဲ့ သမီးအစား ရင်လေးမိပါသည်...ဘယ်မိဘမဆို ကိုယ့်သားသမီး အပေါ် အတ္တကြီးကြတာချည်းပါပင်...သမီးကို မေမေ ကောင်းစားစေချင်လို့ စီမံရတာပါကွယ်....မိန်းကလေးချင်းယူတော့ ဘယ်သူက ရှာကျွေးမှာလဲ...ကျောင်းတောင်သေချာမပြီးသေးပဲနဲ့ သမီးတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် တာဝန်ယူနိုင်ပါ့မလဲ...ပြီးတော့ ပတ်ဝန်းကျင်....ဘယ်လိုနေနေ အပြစ်ရှာတတ်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကလေး သိမ်ငယ်နစ်မြုပ်နေတာမျိုးကို မကြည့်ရက်ဘူးလေ....တစ်နေ့တော့ သမီးနားလည်မှာပါ...အနေဝေးပြီး အဆက်သွယ်မရှိတဲ့အခါ သွေးအေး တည်ငြိမ်သွားကြမှာပါ..ငယ်စဉ်က အိမ်မက်တွေကို ခဏနဲ့ မေ့ပျောက်သွားကြမှာပါ...
.
.
.ကံတရားကြောင့် ဆုံတယ်
ကံတရားကြောင့်ပဲ ငါတို့တွေ ဝေးကြတာပေါ့
ကံတရားကြောင့်ပဲ ငါတို့တွေ ........😭😭😭😭😭😭😭😭😭😭
.Next to o==[]::::::::::::::::>