6

970 95 0
                                    


.
"ဟင်...မေမေ...နေမကောင်းဘူးလား"
အလုပ်မှ ပြန်ရောက်ရောက်ချင်း ကျောပိုးအိတ်တောင် မချွတ်ရသေး...လှေကားထစ်ဘေးက ဖိနပ်စင်တွင် ဆိုဒ်ထဲစီးသည်. ဘွတ်ဖိနပ်လေးကို ချွတ်တင်လိုက်သည်....အိမ်ထဲမှာတော့ မေမေရယ်..ဆက်တီပေါ်ထိုင်ပြီး တဘက်ကလေးခြုံကာ ရှူ ဆေး ရှူ နေတော့ စိုးရိမ်တကြီး မေးပြီး ခြေလှမ်းကျဲကြီးနှင့် မေမေ့ဘေးရောက်လာခဲ့လေသည်...မေမေက ရျူ ဆေးအဖုံးပြန်ပိတ်ရင်း
"ခေါင်းထဲ ငြီးစီစီ ဖြစ်လာလို့ သမီးရဲ့..."
အိမ်တံခါး ကြား ခြေရင်းဖက်မှ သောက်ရေအိုးစင်လေးထဲက ရေကို ဖန်ခွက်နဲ့ ခပ်ယူပြီး မေမေ့ကို ပေ:လိုက်လေသည်..
"ရေအေးအေးသောက်လိုက်မေမေ...."
"ရပါတယ် သမီးရဲ့...မေမေ အဆင်ပြေပါတယ်"
"သံပုရာရည်သောက်မလား မေမေ...ခေါင်းကြည်တာပေါ့..သမီး ဖျော်လိုက်မယ်နော်"
"နားပါဦး.ကွယ်....ခုမှ အလုပ်က ပြန်ရောက်တာမလား"
"သမီး မပင်ပန်းပါဘူး မေမေရဲ့"
မေမေ့ကို ရေအေးတိုက်ပြီး အနောက်ခန်းထဲ ဝင်လာပြီး ရေခဲသေတ္တာထဲမှ ရေအေးအေးနဲ့ သံပုရာသီးတစ်ခြမ်းခွဲထည့်..သကြားနည်းနည်းထည့်ပြီး သမအောင် မွှေပြီး အိမ်ရှေ့ခန်းထဲသို့ ပြန်လာလိုက်သည်...
"သောက်လိုက်..မေမေ...ပန်းကကော"
"လာယူသွားပြီ သမီး"
ဆိုဒ်ထဲမှာ ဘယ်လိုပဲ ပင်ပန်းခဲ့ ပင်ပန်းခဲ့ အိမ်ပြန်ရောက်လို့ မေမေ့ မျက်နှာလန်းလန်းလေး မြင်လိုက်ရရင် တစ်နေ့တာ အမောအပန်းတွေ ပြေနေကျပဲလေ... မေ့မေ့ ခြေသလုံးသားလေးတွေ ပုခုံးသားလေးတွေ နှိပ်နယ်ပေးရင်း သားအမိနှစ်ယောက်စကားဆိုဖြစ်ကြသည်..ဒါက ညနေတိုင်းရဲ့ လုပ်မြဲ ဖြစ်စဉ်တစ်ခုလိုလိုပဲလေ...
"အလုပ်ထဲ အဆင်ပြေရဲ့လား"
"ပြေတယ် မေမေ ခုမှ အုတ်မြစ်အုတ်ခုံတည်မလို့ ရွယ်တုန်း..သမီး က လိုက်ကြည့်ရုံတင်ပါပဲ"
"အလုပ်သမားတွေကော တတ်ရဲ့လား"
"ကြည့်တော့ ကြည့်ပေးနေရတာပေါ့ မေမေရယ်....ဒါကြောင့်ပြောတာ သမီးတို့အလုပ်က သည်းခံနိုင်မှရတာရယ်....သမီးတို့ကို အလုပ်ရှင်တွေက ယုံယုံကြည်ကြည်အပ်နှံထားတာ အာဏာအကုန်လွဲထားတာဆိုတော့ မကောင်းဘူးထင်ရင် လုပ်ပြီးသားလဲ ပြန်ဖျက် ပြန်လုပ်...အဲ့လို စိတ်တိုင်းမကျမချင်းခိုင်းတော့ တစ်ချို့ သည်းမခံနိုင်တဲ့သူတွေ ထွက်သွားတာပဲ...အလုပ်ကြမ်းလုပ်သူတွေက ရှာရတာမခက်ပါဘူး...ဒီလိုပဲ တစ်နေ့တစ်ယောက်နှစ်ယောက်လောက်တော့ လဲနေရတယ်"
"ကိုယ့်လက်အောက်ငယ်သားတွေကို စေတနာထားပါ သမီး"
"ဟုတ်ကဲ့မေမေ..."
"ကဲ..ကဲ..နားချေဦး ...အဝတ်တောင်မလဲရသေးဘူး"
"ဟုတ်ကဲ့..ဒါဆို သမီးရေချိုးလိုက်ဦးမယ်"
"မေမေ ထမင်းခူးထားလိုက်မယ်"
"ဟုတ်"
အခန်းထဲ ပြန်ဝင်ပြီး ရေချိုးဖို့ ပြင်ဆင်လိုက်သည်....မြန်မြန်လုပ်မှ မေမေ ထမင်းခူးပြီးတာနဲ့ အစားသင့် ဖြစ်ရန် မေမေ မီးဖို ရောက်သွားပြီလေ...
ရေချိုးရုံမက ခေါင်းပါလျှော်လိုက်သည်.. ..ဆံပင်က ထူထူ ရှည်ရှည်....လောလောဆယ် တော့ တဘက်နဲ့ ပေါင်းထုတ်ထားပြီး ထမင်းစားခန်း အရင်ဝင်လိုက်သည်...ထင်သည့်အတိုင်း မေမေ ခူးခပ်ပြင်ဆင်ပြီး ထိုင်စောင့်နေပြီလေ..
"ခေါင်းတွေပါ လျှော်လိုက်တာလား"
"ဟုတ်ကဲ့ ဒီနေ့လေအရမ်းတိုက်တော့ သဲမှုံ့တွေနဲ့ ညစ်ပတ်လို့လေ"
"တစ်ခါတည်း အခြောက်ခံလိုက်တာ မဟုတ်ဖူး"
"ထမင်းအရင်စားမယ်လေ...မေမေ စောင့်နေတာ ကြာသွားရင် ဆာနေမှာပေါ့"
"ခဏလေးကိုကွယ်"
"အားပါး...ကြက်ဥသုပ်ထားတာ အရင်မြင်တော့ ဗိုက်က ပိုဆာလာပြီ....မုန်ညှင်းရွက် ကြော်ကောပဲ...စားပြီနော်"
မေမေ့ပန်းကန်ထဲသို့ ဦးအဖြစ် ဟင်းတွေ အရင်ပုံပေးလိုက်သည်. ပြီးမှ အားရပါးရ စားတော့သည်....
သူမတို့က သားအမိနှစ်ယောက်တည်း လိုင်းခန်းမှာ နေကြသည်လေ...မေမေက အငြိမ်းစား ကျောင်းဆရာမကြီး..ခြောက်ဆယ့်တစ် ဆိုတဲ့ အသက်နဲ့မလိုက်အောင် နုပျိုနေသည်...ဖေဖေကတော့ ဆုံးတာ ကြာလှပြီလေ...ဖေဖေက စစ်သားဟောင်း..ခုက ဝန်ထမ်းအိမ်ယာလိုမျိုးမှာ သူမတို့မိသားစု နေလာတာ...မကြာမီတော့ ပြောင်းရတော့မည်လေ...မေမေက မီးဖိုချောင်စရိတ်အဖြစ် အိမ်အနောက်ဖက်က မြေကွက်လပ်လေးမှာ ရေမွှေးပန်းတွေ စိုက်ထားတယ်လေ...လိုင်းခန်းဆိုတော့ လူတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ရောထွေးနေရတာပေါ့...သူမ အဲ့လို ဆူညံတာမကြိုက်.. သူမက အင်ဂျင်နီယာဆိုတော့ နေ့တိုင်း ဆိုဒ်ထဲ ဆင်းရသည်....အိမ်မှာ နားနားနေနေ နေချင်သော်လဲ ရပ်ကွက်က ဆူသံတွေကြောင့် နားရက်ကို အများသူငှါ တောင့်တ ကြပေမယ့် သူမတွက်တော့ ရလဲမထူး...အပြင်လဲ သိပ်မထွက်...အလုပ်နဲ့အိမ်...အိမ်နဲ့အလုပ်..သွားသွားပြန်ပြန်နဲ့...ရတဲ့ လခလေးတွေစုပြီး တိုက်ခန်းလေးတစ်ခန်း အပိုင်ဝယ်နိုင်ဖို့ ကြိုးစားရလေသည်....နောက် သုံးလလောက်ဆို သူမတို့ ဒီနေရာ လေးက စွန့်ခွာရတော့မည်ဖြစ်သည်...
ထမင်းစားပြီးတာနဲ့ မေမေနဲ့အတူ ဘုရားခန်းဝင်....ပြီး မေမေက သူ့အခန်းထဲ ဝင်သွားတော့မှ သူမ တနေ့တာ အလုပ်တွေကို အပြီးသတ်အနေနဲ့ အိမ်မှာ စာရင်းရေးသည်...အလုပ်သမား ခ...ပစ္စည်းစာရင်း စသည်တို့ကို အလုပ်မှာ အကြမ်းမှတ်ပြီးအိမ်ရောက်တာနဲ့ စနစ်တကျ ပြန်စီရသည်...ဒါတွေကို ရုံးကို တင်ရမည်လေ...
အိမ်ရှေ့ ဆက်တီလေးမှာ မေမေဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ရယ်...Laptop တစ်လုံးရယ် ...ဖုန်းတစ်လုံးရယ်..စားပွဲပေါ်တင်ပြီး အလုပ်ရှုပ်ရတော့သည်....
တစ်နေ့တာ စာရင်းဇယားတွေ ပြုလုပ်ပြီးသကာလ...ခေါင်းတွေ ထူပူသွားတော့သည်...
အပျင်းပြေ အကြောဆန့်လိုက်ရင်း
Laptop နဲ့ပဲ facebook ဖွင့်ကြည့်လိုက်သည်....လက်က သူ့အလိုလို Nang Seng Noong account သို့ နှိပ်လိုက်မိသည်....
သူမနဲ့ စကားမဆိုတာဖြစ်တာ တစ်ပတ်လောက်ရှိနေပြီလေ...သူမလဲ မအား..အလုပ်ကိစ္စနဲ့ အသစ်တွေ လက်ခံထားတော့ အလုပ်ထဲ စိတ်နှစ်နေရတာကြောင့် Online လဲ သိပ်မတက်ဖြစ်....လွန်ခဲ့တဲ့ နှစ်ရက်က တင်ထားတဲ့ Stauts တစ်ခုကို ဖတ်ကြည့်လိုက်တော့..
ကိုယ်လိုချင်တဲ့ ချစ်သူဆိုတာ
ကိုယ့်ရှေ့ကပဲ ဦးဆောင်မယ့်သူ မဟုတ်ဘူး
အရာရာ ကိုယ့်သဘောကျ
ကိုယ့်အကြိုက်လိုက်ပေးမယ့် သူ မျိုး မဟုတ်ဘူး
လက်တွဲဖော်ဆိုတာ
ဘေးနားကနေ ကိုယ်လဲကျရင် ထူပေးမယ်
ကိုယ့်လက်ကို တွဲပြီး ရှေ့ဆက်နိုင်မယ့်သူ ပဲ ဖြစ်ရမယ်
ကိုယ် ငိုနေတဲ့အခါ မငိုနဲ့လို့ ပိတ်ပင်မယ့်သူထက်
ကိုယ်ငိုဖို့ ပခုံး မှီဖို့ရင်ခွင် ငှါးပေးသူပဲ ဖြစ်ရမယ်
ကိုယ်အမှားလုပ်တဲ့အခါ ဆူနေမယ့်သူထက်
ကိုယ်နားလည်အောင်ပြောပြ အမှန်ပြင်ပေးနိုင်သူဖြစ်ရမယ်
ကိုယ် စိတ်ဓာတ်ကျတဲ့အခါ ကူပြီး ဝမ်းနည်းပေးသူထက်
ကိုယ့်တွက် စိတ်ခွန်အားမြှင့်တင်ပေးနိုင်သူ ဖြစ်ရမယ်
ကိုယ် မကျေနပ်လို့ စိတ်ဆိုးရစ်တတ်တဲ့အခါ
စိတ်ကုန်စိတ်ပျက်တယ် ပြောတဲ့သူထက်
ကိုယ့်ရဲ့ ခံစားမှုကို အဖြေကူရှာပေးပြီး တမင်အရစ်ခံပြီး ဒေါသလမ်းလွှဲဖို့ သေချာ စိတ်ရှည်လက်ရှည် ချော့ပေးနိုင်သူ ဖြစ်ရမယ်
ကိုယ်ကဆိုးတယ် ရစ်တတ်တယ် တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီးတယ်
ကိုယ်နဲ့အတူ ဆိုးတတ်ရစ်တတ်နေရင်တော့ ကိုယ့်ဘဝထဲ ဝင်မလာပါနဲ့
အသွင်တူမှ အိမ်သူဖြစ်ရမယ် ဆိုတဲ့စကားဘေးမှာထားပြီး
ကိုယ်နဲ့ အရာရာ ဘာမှမတူတဲ့ သူကိုပဲ ရွေးပါမယ်
ခပ်ချေချေ N.S.N
"သဲ...ပေါက်ကွဲထားလိုက်တာများ..အရွယ်နဲ့တောင် မလိုက်ဖူး"
တိုးတိုးလေး သူမတစ်ယောက်တည်း ရဲ့ မူပိုင် ခေါ်ခွင့်အမည်လေး သဲ ဆိုပြီး ညည်းလိုက်မိသည်....
သူ့ချစ်သူနဲ့များ အဆင်မပြေတာလား
သူငယ်ချင်းတွေနဲ့လား
ခုတလော သူ့ချစ်သူနဲ့ ပတ်သက်တဲ့ ပုံတွေ စာတွေတောင် တက်မလာတာ ကြာပြီလေ...
လိုင်းတက်လား ကြည့်လိုက်တော့ 23 hours ago ဆိုပါလား
တရက်တောင် ပြည့်တော့မယ်....ဘာများ ဖြစ်လို့ပါလိမ့်...အမြဲတမ်း လိုင်းပေါ်တွေ့နေရတတ်တဲ့ သဲ က ခုမှ ဘာလို့ တရက်တောင် ပျက်ကွက်နိုင်ရတာပါလိမ့်...
COMMENTS တွေလဲ တစ်ခုမှ မပြန်ထားသလို like လဲ မပေးထား...
သဲ နဲ့ ပြောထားတဲ့ စာ တွေ ဖတ်နေစဉ် ချက်ချင်း သူ့ရဲ့ အကောင့်လေး မီးစိမ်းလေး ပြလာသည်...သူမ ဝမ်းသာစွာဖြင့် စာပို့လိုက်သည်..
"သဲ....ဘယ်မှာ ပုန်းနေတာလဲ"
သူမ စာရောက်သွားပြီ ဖြစ်သော်လဲ seen မပြသေး...စိတ်ရှည်ရှည်နဲ့ ငါးမိနစ်လောက် စောင့်လိုက်ရသေးသည်....
ပြီးမှ
"ဘယ်သူက ပုန်းတာလဲ😒😒"
Emoji က တစ်ဆက်တည်း...ဘာကို မကျေနပ်လဲ မသိ...
"သဲလေ"
"သဲက ရှိတယ်...မ ပဲ မရှိတာ ပျောက်နေတာ တစ်လလောက်ရှိတော့မယ်😠"
သဲက အဲ့လို ကလေးဆန်ဆန်ဖြင့် စကားကို အပို ပြောတတ်သော ကလေးလေးတယောက်ပင်...
"ဟားဟား....မ က မအားလို့လေ..."
"ခုကော..မအားပဲနဲ့ ဘာလို့ တက်လာရတာလဲ...ဆင်းပေါ့"
"လွမ်းလို့လေ"
"ဘယ့်သူကိုလဲ"
"သဲကို"
"😨😨😱😱ဘာလို့ လွမ်းတာလဲ"
"အကြောင်းပြချက်မရှိ လွမ်းတယ်"
"အလကား.လျှောက်ပြောနေတာ"
"သဲ ကော မ ကို မလွမ်းဘူးလား"
တမင် အရဲစွန့် မေးလိုက်တာရယ်....ဘယ်လို လွမ်းမှာလဲနော်...ကိုယ့်ထက်ခင်တဲ့သူတွေ သိတဲ့သူတွေ အများကြီး ရှိနေတဲ့သူက ခုမှ စကားပြောဖြစ်တဲ့ သူမလို လူကို သတိတရ ရှိပါ့မလား...
"မလွမ်းပါဘူး😒 လွမ်းစရာလား"
ထင်သားပဲ...ဟူတ်တယ်လေ...ဘာလို့ လွမ်းရမှာတုန်းနော်...One year Two year ခင်ခဲ့ကြတဲ့ သူတွေမှ မဟုတ်တာပဲ...သို့သော် သူမရဲ့ သဲ ကို စချင်နေသေးသည်...
"မလွမ်းပဲနဲ့ ဘာလို့ မ ပျောက်နေမှန်းသိတာလဲ"
"ဟင်....လိုင်းတက်တိုင်း မ က စာပို့နေတာလေ...ပို့မလာတော့ မတက်ဘူးပေါ့...အဲ့လိုပဲ တွေးတာလေ...အားအားယားယား လွမ်းစရာလား"
"😔😔😔"
"ဘာဖြစ်တာလဲ ရုပ်က"
"မ က ကျောင်းသူတော့မဟုတ်ပေမယ့် မ မှာလဲ အလုပ်ရှိတယ်လေ "
"ဘယ်သူက ဘာပြောနေလို့လဲ😠😠"
"ဘာပြောရမှာလဲ သဲ ပဲ အားအားယားယား လွမ်းစရာလားဆို....မ မှာ အလုပ်က တစ်ဖက် အိမ်ကိစ္စတစ်ဖက်နဲ့ မအားတဲ့ကြားက သဲ ကို လွမ်းနေရတာလေ..အားမှ လွမ်းရမှာလား လို့......အဲ့ဒါဆို အားမှဆိုရင် တစ်ချို့ ချစ်သူတွေ အလုပ်တွေကြားမှ ဗျာများနေရတာနဲ့ ပြတ်ကြပြီပေါ့"
"အမ်....ဒါဆို သဲ က မ ချစ်သူမို့လို့လား...မ အဲ့လောက် အလုပ်ရှုပ်နေတဲ့ ကြားက လွမ်းနေရအောင်ကလေ..."
အဲ.....ဘာဆက်ရေးရမှန်း မသိတော့...
သဲ..ကလေးစုတ်...အလိုက်မသိ.ဒီ Fa မ ကို အဲ့လိုမေးစရာလား...သူ မေးမှပဲ ကိုယ့်စာကိုယ် ပြန်ဖတ်ကြည့်သည်...ဟုတ်လဲဟူတ်သည်...ကိုယ်ရေးတဲ့စာရဲ့ သဘောက အဲ့လိုဖြစ်သွားတာကိုး....
"သဲ ....ဂွတ်နိုက်နော်.."
"ဟင်..အိပ်ပြီလား"
"အင်း...အိပ်ပျော်ပါစေ သဲ bye"
ခပ်မြန်မြန် နှုတ်ဆက် ဆင်းလိုက်သည်...မဟုတ်ပဲ ဆက်ပြောနေရရင်ဖြင့် ဒီသဲမမကို နိုင်မည်မဟုတ်...
"သဲ က မ ချစ်သူမို့လို့လား..တဲ့ အဟင်း.. ခုတော့ မဖြစ်သေးဘူးပေါ့နော်..ဒါပေမယ့်လဲ....အင်း.နောက်လဲတော့ မဖြစ်နိုင်ပါဘူး...သဲ မှာ ချစ်သူက ရှိနှငိ့နေပြီးသားကြီးလေ....ဘယ်လို ဖြစ်ဖြစ် သဲ နဲ့ မ စကားတွေ ပြောခွင့်ရတာနဲ့ပဲ မ ဘဝ ပြည့်စုံနေပါပြီ"
စိတ် နွမ်းလျစွာ နောက်မှီကို မှီကာ ခေါင်းလှန်ချရင်း အနားယူလိုက်သည်..
တစ်နေ့တစ်နေ့ ဖုန်းနဲ့တွက်ချက်လိုက် laptop ကြည့်လိုက်နဲ့ သူမ ဟာ တစ်နှစ်ထက်တစ်နှစ် မျက်မှန်က ပါဝါ တိုးနေရသည်လေ....မျက်မှန် မတပ်ရင် ဘာမှ ကောင်းကောင်း ဖတ်မရ....မျက်ရည်တွေပါ ယိုလာတတ်သည်......ငယ်ငယ်တည်းက စာအရမ်းဖတ်တဲ့ အကျိုးကျေးဇူး....တီဗီသိပ်ကြည့်တတ်တဲ့ အကျိုးကျေးဇူး...ခုကျ ကွန်ပျူ.တာကော ဖုန်းပါ မနားတမ်းကြည့်ပြီး သကာလ အလုပ်ထဲမှာလဲ နေပူမှာ များများဆိုတော့ မျက်စိက မခံနိုင်ဘူးလေ....
..
"နှင်းနှင်းဝေ.. .ဆရာက ခေါ်နေတယ်"
"အမ်.... ခုပဲ သူ့ရုံးခန်းက ထွက်လာတဲ့ဟာ"
"သွားကြည့်လိုက်ပါဦး...တော်ကြာ ဟောက်စားလုပ်နေဦးမယ်"
အိမ်ပုံစံ ဒီဇိုင်းလေးကို အပြီး မဆွဲရသေး.....ခုလေးပဲ သတင်းပို့ပြီး ရုံးခန်းထဲက ထွက်လာတာကို ထိုင်နေတာ ထိုင်ခုံတောင်မနွေးသေးခင် အခေါ်လွှတ်လာသည်....နုနု ပြောသလိုပဲ သူမတို့ရဲ့ မန်နေဂျာကြီးက မထင်ရင် မထင်သလို လူကြားထဲလဲ မရှောင် အော်ငေါက်တတ်သည်...
စိတ်လဲ မရှည်...ဘာမှလဲ စိတ်တိုင်းမကျ...သို့သော် စိတ်ရင်းကတော့ အကောင်း.. .....လကုန်ရက်ဆို ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတွေကို ဧည့်ခံတတ်သည်လေ....ပြီး အခက်အခဲရှိသူတွေဆိုလဲ သူ့အိတ်စိုက် ကူညီပေးတတ်သည်....မနောကောင်းပြီး အပေါက်ဆိုးတာလေး တစ်ခုသာ ပြောစရာ ဖြစ်နေတာ...ဒါကြောင့်မိုလဲ ခုချိန်ထိ အပျိုကြီး မယ်ကပ်စီး ဖြစ်နေတာ နေမှာ....
အခန်းထဲသို့ ခပ်ရွံရွံ့ ဝင်လိုက်သည်.... မဝံ့မရဲ ဂျာကြီး စားပွဲကို တစ်ချက် ကြည့်မိတော့ စာရွက်တွေကြား ခေါင်းနစ်နေဟန်တူသည်...စားပွဲအနီး အသာ သွားရပ်နေသည်ထိ ခေါင်းမမော့လာသေး.
"အဟမ်း...မမ"
မလိုအပ်ပဲ သူမရောက်နေပြီဖြစ်ကြောင်း သိစေရန် ချောင်းဟန့် ပြပါမှ..မော်ကြည့်ဖော်ရလာသည်..
"ဪ...နှင်းနှင်းဝေ..ရောက်လာပြီပဲ"
"ဟူတ်ကဲ့"
သူခေါ်ထားလို့ ရောက်လာတာကို အရေးမစိုက်တဲ့ ပုံစံ.....
စိတ်ထဲ ဘယ်ပြန်ညာပြန် နားရင်းပါးရင်အုပ်ပြီးနေပြီ....
သူမ လာရပ်နေတာ ကြာတော့ကြာနေပြီ...ဘာမှပြောမလာ...သူ့ ကြောင်ခြစ်ထားသလို ပေါက်ကရ Sign သာ တစ်ရွက်ချင်း လိုက်ထိုးနေသည်....
ဟင်း...ကိုယ့် ထက် အကြီးဖြစ်နေလို့သာပေါ့...မဟုတ်ရင်တော့လား...
"နှင်းနှင်းဝေ"
"ရှင်.မမ"
"မင်း ကားမောင်းတတ်တယ်မလား"
"မတတ်ဘူး မမ"
ဟုတ်တယ်လေ....ဆိုင်ကယ်လေး.တစ်စီးတောင် မနည်းဖဲ့ရွဲ့ပြီး ဝယ်ထားလို့သာ ရှိတာ....ကားမောင်းတတ်ဖို့က အဝေးကြီး ဆိုမှ အဝေးကြီး...
သူမရဲ့ မတတ်ဘူး ဆိုတဲ့ အဖြေစကားက သူ့အတွက် အံ့သြစေတဲ့ အရာများလားမသိ...ပါးစပ်ကြီးကို ပျံနေတဲ့ ယင်တွေ ဝင်ပြီး ဥ ချသွားရင်တောင် ရမယ့်ပုံမျိုး..ဟ ထားလိုက်ပုံက...
"မင်း ကိုယ်ရေးဖိုင်ထဲမှာ.ကိုယ် မြင်လိုက်သလားလို့"
ဟ...ဘာလဲ ဟ...ရစ်တာလား...သူများအလုပ်လုပ်တာကို ခေါ်ပြီးတော့ ရစ်စရာလူ ရှာနေတာလား...ပြီး သူကျတော့ ဆုံလည် ကုလားထိုင်လေးနဲ့ ဟိုဝှေ့သည်ဝှေ့ ...လက်ထဲက ဘောလ်ပင်လေးကိုလဲ လက်နဲ့ လှည့်နေသလို အရင်ပတ်က ဖြောင့်ထားလေတဲ့ ဆံပင်လေးကိုလဲ မစည်းနှောင်ရက်ပဲ ဖြန့်ချထားတော့ဘမနေတတ်လို့လားမသိ...ခေါင်းလေးကို ဘယ်ယိမ်း ညာယိမ်း...
ဘယ်လိုပဲနေနေ သူမ မျက်စိထဲ ဒီမမဂျာကြီးရဲ့ ပုံစံကိုက အနှုတ်လက္ခဏာပဲ ပြနေသည်...စိတ်ထဲ မကျေနပ်ဖြစ်နေသော်လဲ အပြင်ပန်း မှာတော့ ပြုံ့းဖြဲထားရသည်..
"မင်းရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကားမောင်းသင်တန်း တက်ဖူးတယ် လို့ ကိုယ်ဖတ်မိသလိုပဲ"
"မမ မှားတာ ဖြစ်လိမ့်မယ်...ကျမ ကားမမောင်းတတ်ပါဘူး. ကိုယ်ရေးမှာလဲ မတင်ထားရပါဘူး"
ကိုယ်က အမှန်ပြောတာကို သူက မယုံသလိုနဲ့ တည်တည် စိုက်ကြည့်နေပြီးမှ..
"မြို့ပြင်က ဂိုဒေါင်မှာ ပစ္စည်းတွေ အသစ်လာပို့တယ်တဲ့ အဲ့ဒါ သွားစစ်ပေးနိုင်မလားလို့...ကားမောင်းတတ်ရင် ကိုယ့်ကား ယူသွားလို့ရတယ်လေ..."
တကယ်က ဒီလိုစစ်ဖို့ သူမတာဝန်မဟုတ်ပါ...ဆိုဒ်မန်နေဂျာ ဖြစ်တဲ့ မမပဲ စစ်ရမယ်လေ...
"မမကကော..."
"ဒီနေ့ ခေါင်းထဲ ငြီးစီစီ ဖြစ်နေလို့...ကားသာ မနက်က မောင်းလာရတယ်...အဆင်မပြေဘူး.."
"ဪ....ရတယ် ..ကျမ ဆိုင်ကယ် ပါလာတယ်....ဒါမယ့် ကျမတစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး...မမ ပါမှပဲ ရလိမ့်မယ်.ဆိုင်ကယ်နဲ့ဆို မမ လိုက်နိုင်ပါ့မလား"
ဟုတ်မှာ...သူ့ရဲ့ ဖြူ ဖွေးနေတဲ့မျက်နှာကြီးက နေမကောင်းလို့လားမသိ နီရဲနေသည်လေ...ခဏကြာ စဉ်းစားပြီးမှ
"အင်း...ဒါဆိုခုပဲ သွားကြတာပေါ့"
"ဟို ဆေးခန်းအရင်ပြကြည့်ပါလား မမ နေမကောင်းရင်လေ"
"ရတယ်...ညနေမှပဲ ဝင်မယ်"
စိတ်မြန်လက်မြန်ရှိလှတဲ့ ဂျာကြီးကြောင့် သူမရဲ့ စားပွဲပေါ်က ပစ္စည်း ဘာမှ မသိမ်းရ...ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားတဲ့ ဖုန်းနဲ့ ဆိုင်ကယ်ဦးထုတ်သာ ယူခွင့်ရတော့သည်.....
တစ်နေကုန် ဂိုဒေါင် က အသစ်ရောက်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေကို မမ လိုက်စစ်နေတုန်း သူမ အစက လိုက်မှတ်ပေးနေပေမယ့် ကြာတော့ ပျင်းလာတာမို့ နီးရာ ကုလားထိုင်တွင် ထိုင်နေလိုက်သည်...ပြီး ဗိုက်ကလဲဆာ...fb ကို အကြောင်းမဲ့ ဖွင့်လိုက်သည်....
နေ့လည် နှစ်နာရီ အချိန်ကို သူမရဲ့ သဲက လိုင်းပေါ်မှာ...tit tok ဆော့ထားသေးသည်...
ဘေးနားက မှုံနေအောင် လှနေသော ကောင်မလေးတစ်ယောက်ကို မုန့်တွေခွံ့ကျွေးနေသော ပုံပင်..
ကြည့်နေရင်းနဲ့ သဲက ထို ကလေးမကို နမ်းလိုက်သည်...ထိုအခါကျ သူမ ရင်ထဲ ဟာခနဲပင် ဖြစ်သွားသည်...ဘယ်လိုခံစားမှုမှန်းလဲမသိ...ဘာသီချင်းစာသားလဲမသိ...ရှမ်းလို ဆိုထားတာကိုး...
Video file က ခဏလေးမှ တကယ့်ကို့ ခဏလေး...ဆယ့်ကိုးစက္ကန့်လောက်ပဲရှိမည်...ခဏခဏ ပြန်ကြည့်မိသည်...
ပြီး တက်လာနေတဲ့ comment တွေ ဖတ်ကြည့်တော့ တစ်ဖန်အံ့သြရပြန်သည်....
Love emotion တွေ များစွာ ကြားထဲမှ haha တွေ ပါလာသလို angry တွေလဲပါလာသည်...
ထိုအထဲမှ Sai Aik Htwe ဆိုသော Account မှ
'ကျလဲ ကျလောက်ပါပေတယ် 😂😂'
ဆိုပြီး ment ပေးထားတော့ သဲ က
မိန်းမတွေက ယောက်ျားထက် ပိုရွဲ့တတ်တယ်
ဟု reply ပြန်ထားလေသည်...ကျန်တဲ့ စာတွေကိုတော့ တစ်ခုမှ မပြန်...
သူမ သဲ ကို စိတ်ပူသွားသည်...အဘယ်ကြောင့်ဆိုသော် တချို့ မှတ်ချက်တွေက သဲကို ဆဲ နေကြသည်လေ...ပြီး ထိုကလေးမနဲ့ သဲက ချစ်သူ လိုလို...
လက်ထဲက ဖုန်း စက်ပူနေပေမယ့် မပိတ်ဖြစ်သေး....သဲ ဆီ စာရေးရမလား မရေးရလား ဝေခွဲနေရင်းနဲ့ သဲတောင် လိုင်းဆင်းသွားလေပြီ...
သူမ စိတ်ထဲ အလိုမကျသလို...ဝမ်းနည်းသလို နဲ့...
ရင်ထဲ တစ်ဆို့ဆို့ဖြစ်လာသည်...
ဘာကြောင့်မှန်းမသိ...သဲ ကို သူမ ချစ်နေတာလား
သူမကိုယ်သူမ same sex မှန်း သိထားတာ ကြာပြီလေ..မေမေလဲ သိသည်...သို့သော် သူမ မှာ ခုထိ ရည်းစား မထားဖူးသေးပါ...
သဲ ကိုကျမှ အပြင်မှာ မတွေ့ဖူးသေးပဲနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကရင်း လိုင်းပေါ်မှာ စ သတိထားမိရာမှ စိတ်ဝင်စားမိတာကြောင့် သွားrequest လုပ်လိုက်သည်...သူငယ်ချင်းဖြစ်ဖို့ကို တောင် စိတ်ကူးမယဉ်ရသေးခင်ပဲ စကားတွေပါ ပြောဖြစ်ခဲ့ကြပြီလေ....ခုတော့ .....ခုကျတော့...
အစက သဲမှာ ကောင်လေးချစ်သူ ရှိပြီးသားမို့ မမျှော်မှန်းရဲခဲ့...
ဒီတစ်ခါ ကောင်မလေးနဲ့မြင်ကာကျမှ...
ဘယ်လိုတောင် ဖြစ်နေတာလဲ နှင်းနှင်းဝေ ရယ်.....
.

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now