.
.Active now မြင်ရက်နဲ့ စာတောင် ပို့မလာသော ဟိုအစ်မအား အမြင်တွေ ကပ်ကာ block လုပ်ပေးလိုက်သည်....
အိုက်ထွေးက အခုကျ မြို့ပြင်က CU ကျောင်းသူကြီးနဲ့ တွဲနေသည်ဟု သတင်းကြားလိုက်မိသည်....
အရင်နေ့က အခန်းထဲ သူမ သောင်းကျန်းလိုက်စဉ်က စပြီး သူမကို ဘယ်သူကမှ စေ့စေ့မကြည့်ရဲတော့...သူမကလဲ အားလုံးကို နောက်တစ်ရက်မှာ ပြန်ပြောထားသည်လေ..
"ငါ့ဟာငါ မိန်းကလေးချင်းပဲ ကြိုက်ကြိုက် ပြောချင် ငါ့ကိုပြော
ဘာမှ မသိတဲ့ အဖြူ ထည် ရိုးသားတဲ့ မှုံချယ်ရီဦး ကို သွားမထိနဲ့....ပါးစပ်လေးနဲ့တောင် မပြောနဲ့...ငါ သည်းခံမှာမဟုတ်ဖူး
ဘာလို့ဆို မှုံချယ်ရီဦး ကို ငါ့ညီမလေးအရင်းလို ချစ်လို့ပဲ...
ငါတို့ဟာ ညီမလိုပဲ ပြီးတော့ အစ်မက ညီမကို နမ်းတာ ဘာလို့ လောကကြီးက ကြားနေဝင်ရှုပ်ချင်ရတာလဲ...
ပြီးတော့ ငါနဲ့ အိုက်ထွေး ဘာမှမဆိုင်တော့ဘူး"
,သူမ ထိုစကားကို အတန်းရှေ့က စတိတ်စင်ပေါ် တက်ရပ်ပြီး ပြောလိုက်တာပါ..
သူမ ရဲ့ လမ်းခွဲပုံက အဲ့လိုပင်...
ရှေ့ဆုံးက ထိုင်နေတဲ့ အိုက်ထွေးကတော့ တည်ငြိမ်စွာ ပြောနေသော သူမနှင့် ဆန့်ကျင်ဖက် မျက်နှာတွေ ပျက်လို့နေသည်...ထို့အတူ စိုင်းခေးတို့အစု အေးလှရီ တို့ အစုကလဲ မျက်နှာတော့ မကောင်းကြ....
ဘာပဲဖြစ်ဖြစ်လေ...ကိုယ့်ကြောင့် အပြစ်မရှိတဲ့ သူ မနစ်နာစေချင်တာတော့ အမှန်......
အဲ့နေ့ကစ အိုက်ထွေး စ ပြောင်းလဲတော့တာပဲ...
ဘယ်တော့မှ ပုဆိုး ရှပ်အင်္ကျီ ဝတ်ခိုင်းလို့ မရခဲ့တဲ့ သူက အခု ပုံစံတွေ ပြောင်းလာခဲ့သည်...
ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖြီးသင်တတ်လာသည်...
ဘာကြောင့်ရယ်မသိ...သူမကတော့ ဝမ်းနည်းသလို ခံစားရသည်....အဲ့လောက် လေးနှစ်စလုံးတွဲလာခဲ့တဲ့ ချစ်သူကို ဘယ်သူက သံယောဇဉ်ပြတ်နိုင်ပါ့မလဲလေ....
"ပီဆိုင်နွန်း"
Practical အခန်းမှ တစ်ယောက်တည်း အရင်ထွက်လာလိုက်စဉ် အနောက်မှ အော်ခေါ်သံကြောင့် လှည့်ကြည့်တော့ နန်းခမ်းဝါ ...
"ဪ....နောင့် ...ဘာလဲ"
"ညနေခြောက်နာရီလောက်ကျ ပွဲအတွက် အလှူခံကြမယ်လို့ ပြောတယ်....ပီဆိုင်နွန်း ကော"
"အင်း...ဒီနှစ် မလိုက်ဖြစ်တော့ဘူး"
"ဟင်...ဘာလို့လဲ"
"ညဆို အိမ်ပြန်ရ မလွယ်ဘူးလဲ ပြီး အခြေအနေမှ မကောင်းတာ"
"အရင်နှစ်ကကော အမြဲ ပါနေကျကို"
"အင်း...ဒီနှစ်တော့ မလိုက်တော့ဘူးနော် နေလဲ သိပ်မကောင်းချင်လို့ပါကွာ"
"ပီဆိုင်နွန်း မပါရင်တော့ မပျော်ရတော့ဘူး"
မျက်နှာညိုးသွားသော ခမ်းဝါကို ပြုံးပြလိုက်ရင်း သူ့လက်ကို ဖွဖွ ဆုပ်ကိုင်လိုက်သည်..
"တို့ မပါလဲ ပျော်မှာပါ...နောင့်ရဲ့...တို့ အဆင်မပြေလို့ပါနော်...နားလည်ပေး...နောက်ရက်ကျ မုန့်ကျွေးမယ်"
"ခုကျွေး"
"အင်းပါ ဘယ်မှာ စားချင်လဲ"
"ဘုရားကြီးလမ်းကြားက"
"ဟုတ်ပြီ လာသွားမယ်"
"ပီအေးလှတို့ကောလေ "
"အွန်း ခေါ်လေ...တို့ ညီမ မှုံကို သွားခေါ်လိုက်မယ် ပြီး ဆိုင်ကယ်နားမှာ ထုတ်ပြီး စောင့်နေမယ်လေ.လာခဲ့နော်"
"ဟုတ်"
လက်တွေ့ ခန်းထဲသို့ အပြေးလေးဝင်သွားလေသည်...သူမလဲ မှုံလဲ လက်တွေ့ခန်းရောက်နေလားတော့မသိ....
အောက်က ဆိုင်ကယ်ထားရာ ရောက်တော့မှ ဖုန်းဆက်ကာ ခေါ်လိုက်သည်....ခုထိ လုပ်လို့ မပြီးသေးဘူးလားမသိ...
ဖုန်းလဲမကိုင်...
သူမ ဆိုင်ကယ် ထုတ်နေစဉ် ခမ်းဝါတို့ စိုင်းခေးတို့ပါ ခေါ်လာသည်......အိုက်ထွေးတစ်ယောက်က လွဲလို့ပေါ့....
စိုင်းခေးက
"ဆိုင်နွန်း သဘောတွေ ကောင်းနေပါလား"
"နင်တို့ကို က ကံကောင်းလို့ပါ...ကဲ ဘာနဲ့ သွားကြမလဲ"
"ငါတို့ ဆိုင်ကယ်ပါတယ် နှစ်ယောက်တစ်စီးလေ"
"နေဦးလေ ငါက မှုံပါတယ်"
"သိတယ်လေ"
'အင်းလေ"
"ငါတို့ ရှစ်ယောက်လေ နင်နဲ့ မှုံချယ်ရီဦး နဲ့ဆိုမှ ဆယ်ယောက်လေဟာ"
"ဪ..ဟုတ်သားပဲ"
သူမရဲ့ မထင်မှတ်တဲ့ အမှားကိုး..
အရင်ကဆို သူမတို့ အုပ်စုက ဆယ်ယောက်လေ..အိုက်ထွေးကော သူမကောပေါ့...ခုက အိုက်ထွေးမှမပါပဲ....ဒီနေ့ သူ ကျောင်းမလာဘူးလေ...
အပြင်သွားမယ်ဆို အိုက်ထွေးက သူမဆိုင်ကယ် ယူမောင်းနေကျ...ခုကျတော့...
ကျန်တဲ့လူတွေ ဆိုင်ကယ်ပေါ်တက် အဆင်သင့် ဖြစ်နေချိန် သူမ ဒေါက်ထောက်ထားတဲ့ ဆိုင်ကယ်ဘေး ခြေစုံရပ်လျက် တွေဝေနေမိသည်...ဝေ့သီလာတဲ့ မျက်ဝန်းဝက ငွေရည်ဖွဲ့မျက်ရည်စ အချို့ ခြေဖမိုးပေါ် ကျလာသည်...
"ဟေ့ ဆိုင်နွန်း သွားမယ်လေ"
အေးလှရီ အော်လိုက်မှ ထပ်မံ ကျမလိုဖြစ်နေသော ပုလဲဥတွက် မျက်တောင်ခတ်က တစ်ချက် ကျစေလိုက်သည်..ပြီး ဘာမှမဖြစ်သလိုဖြင့် ခေါင်းမော့ကာ
"အင်း...ခဏ မှုံ မလာသေးဘူး"
"ခေါ်ထားတယ်မလား"
"ဖုန်းဆက်တော့ သူမကိုင်ဘူး ခဏနော် ငါခေါ်လိုက်ဦးမယ်"
သူမ ထပ်ခေါ်သည်...မကိုင်..
စောင့်နေသော သူတို့ကို အားနာလာသဖြင့်
"နင်တို့ သွားနှင့်ကြလေ...ငါ သူ့ကို စောင့်ခေါ်လာလိုက်မယ် မှာထားနှင့်ကြ"
"ရပါတယ်ဟ"
"သွားကြပါ...ငါ လာတာ နဲ့ အစားသင့်ပေါ့...
ကြိုက်ရာ မှာ...ငါ့တွက် မုန့်ဟင်းခါး တစ်ပွဲ ကြိုမှာထားပေး"
"အေးပါ...ဒါဆို သွားကြမယ်ဟေ့"
ဆိုင်ကယ်လေးစီး သူမရှေ့ကနေ ပျောက်ကွယ်သွားသည်ထိ ငေးကြည့်နေလိုက်သည်....ပြီးတော့..မှုံ့ပြန်ခေါ်လိမ့်မည်ဟု ယုံကြည်ကာ ကံကော်ပင်အောက်က ခုံတန်းလေးမှာ ထိုင်စောင့်နေလိုက်သည်.. ....
ခုရက်ပိုင်း သူမ လိုင်းမတက်ဖြစ်....
ဖုန်းကို အိမ်ရောက်ရင် မသုံးဖြစ်တော့တာရယ်..စောအိပ် စောထနဲ့ သာယာလို့နေသည်...အရင်လို ဖုန်းဆက်ပြီး စကားပြောနေရမယ့် သူမှ မရှိတော့တာကိုး...
အမ်း.....သူတကယ် ကိုယ့်အပေါ် ပြတ်သားပြနေတော့ သူမ မှာ မနေသာ မထိုင်သာ ခံစားရခက်လို့ နေသည်... တွဲလာခဲတဲ့ ချစ်သူသက်တမ်း လေးနှစ်ထဲမှာ သူမ အိုက်ထွေးကို တကယ်ပဲ ချစ်ခဲ့သလား မပြောတတ်...
သူ့အမူအကျင့်ကိုမကြိုက်..
တွဲလာတဲ့ နေ့ရက်တွေ များလာလေလေ သူမ မျက်စိထဲ သူပုံစံက အနုတ်လက္ခာဏာကို ပဲ ပြလာသည်လေ...
အတွေးနဲ့ နစ်မျောနေစဉ် လက်ထဲက ဖုန်း တုန် လာတော့ မှုံ ပြန်ခေါ်နေတာပင်..
"ဟလိုမှုံ"
"အစ်မ ဘာဖြစ်လို့လဲ "
"ပြီးပြီလား အတန်း အစ်မတို့ သူငယ်ချင်းတွေကို ဘုရားကြီး လမ်းကြားမှာ တစ်ခုခု လိုက်ကျွေးမလို့လေ"
"ဪ"
"အဲ့ဒါ မှုံ လိုက်မလားလို့ ခေါ်တာ"
"မှုံ လိုက်တော့ လိုက်ချင်တယ် အစ်မရဲ့"
"လိုက်လာလေ ဘာလုပ်ဦးမှာလဲ"
"Ec ကလေ မှုံ ကျောင်းက ဖွဲ့စည်းတဲ့ အသင်းတွေထဲမှာ ဘယ်နေရာမှ မပါသေးလို့ ဝင်ရမယ်ဆိုလို့"
"ဘယ်ထဲဝင်မှာလဲ ယဉ်ကျေးမှုထဲဝင်လေ တို့က အကနဲ့ ယဉ်ကျေးမှုရယ်..ကျောင်းရန်ပုံငွေ ရှာဖွေရေးထဲ ပါတယ်"
"ဟာ အစ်မကလဲ မှုံက ရှမ်းလဲမဟုတ်ဘူး ပြီးတော့ အစ်မတို့လိုလဲ မကတတ်ဘူး"
"ဟယ်...ရှမ်းမှမဟုတ်ပါဘူးကွ...ဒါဆို ဘယ်ထဲဝင်မှာလဲ"
"ဝတ်ရွတ်အသင်းထဲကို ပြီး ကြက်ခြေနီ"
"အမ်...ဝတ်ရွတ်အသင်း"
"ဟုတ်ကဲ့ အဲ့ဒါ အခု ဋ္ဌာနမှာ ဖောင်တွေယူပြီး သွားဖြည့်မလို့ အစ်မရဲ့...ဒါကြောင့် မှုံ လိုက်လို့မရတော့ဘူး.."
"အင်းပါ"
"အားတော့နာတယ် အစ်မ...အရေးတယူ ခေါ်ပေးတာ ကျေးဇူးပါပဲ နော်"
"ရပါတယ် ညီအစ်မပဲ ကျေးဇူးလိုပါဘူး"
"ဟုတ်ကဲ့ အစ်မသူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး စားခဲ့နော်"
"အင်းပါ စားမှာ မပူနဲ့ ဒါဆို အစ်မ ဖုန်းချပြီ"
"ဟုတ်ကဲ့"
ဖုန်းချလိုက်ပြီး လွယ်အိတ်ထဲထည့်ကာ ဆိုင်ကယ်ဆိ ပြန်လျှောက်သွားရပြန်သည်..
ဒီကလေးမ ....လိုက်လာလဲရသားနဲ့..
အဲ့ကိစ္စက အရေးမှမကြီး တဲ့ ဥစ္စာ...ငါပဲ နောက်ကျန်ခဲ့တယ် ဟမ့်
ကျောင်းထဲမှ ထွက်ပြီး ဘုရားကြိး လမ်းကြားသို့ အရောက်မြန်းရလေတော့သည်....ဘုရားကို ပတ်ပြီး ဘုရားဝင်းအစပ်တွင်ပင် ဆိုင်ကယ် ထားလိုက်သည်...အပြင်ကထက် ဘုရားဝင်းက စိတ်ချရတယ်လေ....ဇက်သော့ သေချာခတ်ပြီး အပြင်ဖက်သို့ လှည့်အထွက်..
ဟင်...
ကိုင်ထားတဲ့ သော့ပင် လွတ်ကျ သွားမလို ဖြစ်သွားရသည်..
တွေ့လိုက်ရတဲ့ မြင်ကွင်းမှာ ဘုရားဝင်းထဲက ကံကော်ပင်ရိပ်မှာ တစ်ယောက်ကိုတစ်ယောက် မုန့်စားရင် ကျီစယ်နေကြတဲ့ အိုက်ထွေးနဲ့ ကောင်မလေးတစ်ယောက်....
ဖက်ထားတာကလဲ ဘုရားဝင်းဆိုတာ မေ့နေလေသလားမသိ....
မြင်ကွင်းက ဆိုးရွားလွန်းလှသည်မို့ သူမ လှည့်ထွက်မည် ပြုစဉ်
"ဟေ့ ဆိုင်နွန်း...ဘယ်လာတာလဲ"
မမြင်ချင်လို့ ရှောင်ထွက်ကာမှ ကိုယ့်ကို မြင်ဖြစ်အောင် မြင်သွားတော့ တမင် ဟန်ဆောင်လို့မရတော့....မျက်နှာထားကို ပြင်ကာ လှည့်လိုက်သည်..
"ဪ....မုန့်လာစားတာလေ.."
မျက်နှာထား မဟန်တဲ့ အိုက်ထွေးနဲ့ သူမကို ထိုကောင်မလေးက တစ်လှည့်စီ ကြည့်နေသည်..သူမကို ကြည့်နေပုံက ရည်းစားလုဖက်လိုလို ဘာလိုလို ...ထ သတ်တော့မယ့် အကြည့်မျိုးနဲ့"
"တယောက်ထဲ လာတာလား ဒီနေ့ ပရယ်တီကယ် ရှိတယ်လေ "
အမယ်...သူ့လို ကျောင်းလစ်တဲ့သူများမှတ်နေတာလမသိဘူး.. လာပြောနေပုံက ပြောင်းပြန်
"ပါတယ် အကုန်အဖွဲ့လိုက်လာတာ...ပရယ်တီကယ် လုပ်ပြီးမှလေ...ဪ..ဒါနဲ့ နင်ကောင်မလေးအသစ်ရပြီပေါ့"
တမင်ရွဲ့မေးလိုက်တာပါ.. .အိုက်ထွေး ခေါင်းကုပ်ရင်း ဘာဖြေရမှန်မသိဖြစ်နေစဉ် ကောင်မကေ အိုကိထွေး လက်မောင်းကို ကိုင်ကာ
"ဟုတ်တယ်....ကျမ ကိုကိုရဲ့ ကောင်မလေးပဲ ကွန်ပြူ တာ က"
"ဪ...ဪ..သွားလိုက်ဦးမယ်...ဒါနဲ့ပျင်းရင် နှစ်ယောက်လုံး သူငယ်ချင်းတွေနဲ့အတူ လိုက်စားပါလား....မိတ်မဆက်ပေးချင်ဘူးလား"
"နောက်ရက်မှပေါ့ဟာ နော် ကလေး"
အိုက်ထွေးက ဘာစိတ်ကူးပေါက်သည်မသိ သူမရှေ့တွင်ပင် သူ့ကောင်မလေးနဖူးကို နမ်းပြလိုက်သည်.....
စိတ်တိုသွားပေမယ့် သူမ မျက်နှာက အပြုံးမပျက်ပါပဲ..
"See u"
သူတို့အတွဲရှေ့ ဟန်မပျက် ထွက်လာရပေမယ့် ရင်ထဲ လှိုင်းထန်နေသည်...အုတ်တံတိုင်းကွယ်ရာရောက်မှ ခြေထောက်ယိုင်လဲတော့မလို ဖြစ်သွားသေးသည်...
အားတင်းစမ်း ငါ ဘာလို့ လဲ ပြိုနေရမလဲ...
ငါ စဖြတ်ခဲ့တာပဲ ပြတ်နိုင်ရမှာပေါ့...
အားတင်းပြီးသာ မုန့်ဆိုင်ရောက်လာတာ....ရင်ထဲတော့ အစိုင်အခဲများစွာနဲ့...
သူမတစ်ယောက်တည်း ခုံဆွဲယူထိုင်ပြီး ချက်ချင်းလာချပေးသော မုန့်ဟင်းခါးခွက်ကို အငမ်းမရ ကော်စားနေလိုက်သည်..အေးလှရီက
"မှုံချယ်ရီဦး မပါဘူးလား"
"မအားဘူးတဲ့ စားကြလေ. "
သူမ က လွဲုပီး ကျန်သူတွေ ဟေးလားဝါးလား ပွဲကျနေပေမယ့် သူမ တိတ်ဆိတ်နေသည်...ခဏက မြင်ကွင်းကြောင့်လား...မှုံ ပါမလာတာကြောင့်လား..
အမြဲတမ်း သူမ လိုချင်တာ ဆို မရရအောင် ယူတတ်နေကျ ခုတစ်ခါမှ သူမဖက်က ခေါ်တာကို အကြောင်းပြချက်ကောင်းကောင်းပေးပြီး ငြင်းလိုက်တဲ့ မှုံချယ်ရီဦးကိုလား
သူမ ပိုင်ဆိုင်ဖူးခဲ့တဲ့ လူတစ်ယောက်ကို အခြားသူ ရင်ခွင်မှာ ပျော်ပိုက်နေတာကို မြင်ခဲ့ရလို့လား
မပြောတတ်...အဲ့လို အတွေးတွေကြောင့် သူမ အရမ်းကြိုက်တဲ့ မုန့်ဟင်းခါး တစ်ပွဲသာ ကုန်သွားတာ ဘာအရသာ ရှိမှန်းမသိလိုက်ပါ...သူမ အခြေအနေကို ကျန်တဲ့လူတွေကလဲ အစားပဲ မဲ နေကြတော့ သတိမထားမိခဲ့.....
.
အိုက်ထွေးကို အတွဲနဲ့
အခြားသူနဲ့ မြင်လိုက်ပြီးတဲ့ နောက်ပိုင်း သူမဟာ မနာလိုစိတ်လိုလို ရှုံးနိမ့်စိတ်လိုလိုနဲ့ ဝမ်းနည်းသလိုတွေ နေ့စသင်ဖြစ်လာသည်...
ဘာလုပ်လုပ်စိတ်မပါ...ကျောင်းမှာလဲ ငြိမ်သက်...အိမ်မှာလဲ တိတ်ဆိတ်...ဖုန်းလဲ မသုံး...
သူမ ချစ်တဲ့ အိမ်ထဲက ပူစီလေးကိုတောင် မပွေ့ချီနိုင်တာ ကြာလှပြီ...
ကိုယ်ပိုင်ဆိုင်ဖူးတဲ့ လူတစ်ယောက်
ကိုယ့်ကို ချစ်ပါတယ် ဆိုပြီး ကိုယ်ဆိုးသမျှ သည်းခံ ချော့ပေးခဲ့နိုင်သူ တစ်ယောက်
လေးနှစ်တာ အတွင်း နမ်းဖို့အနေသာ လက်ကိုတောင် သူ
ငယ်ချင်းစိတ်နဲ့သာ ကိုင်ဖြစ်ခဲ့ကြတဲ့ သူတွေ
ခုကျမှ သူ ပြောတဲ့ ချစ်ပါတယ် နားလည်ပေးပါတယ် ဆိုတာက
တစ်ဘဝစာ အတွက်မှ မဟုတ်တာပဲ..
အမှန်ဆို ဘယ်လောက်ဆိုးဆိုး တကယ်ချစ်ရင် လမ်းခွဲမယ် ဘယ်လိုပဲပြောနေပါစေ
စိတ်ဆိုးနေတုန်း မချော့ပဲ ပစ်ထားလဲ ရသားနဲ့ ချက်ခြင်းကြီးကို အသစ်ကောက်တွဲလိုက်တာတော့ တော်တော် တရားလွန်သည်လေ..သူမကိုလဲ စော်ကားနေသလိုပင်..
အရင်အဆင်ပြေချိန် ပြန်တွေးရင် ငိုချင်သည်...တကယ်လဲ ငိုသည်..သူပေးခဲ့တဲ့ ပစ္စည်း အမှတ်တရ အားလုံး. ခြံက အလုပ်သမားတွေကို ပေးလိုက်သည်...
သူမကို ရွဲ့သလို လုပ်ပြနေတော့ ဒေါသထွက်ရသည်...
နောက်ဆုံးကျ သူမ အသဲကွဲနေခဲ့တာလား....
ဘယ်လိုခံစားချက်မှန်းတော့ နားမလည်ချင်တော့....
မချစ်တာတော့ အမှန်တရားထင်တာပဲ...အနေနီးလို့ သံယောဇဉ် ကြီးပြီး တွဲဖြစ်သွားတာ နေမှာ...
ဘယ်လို လှည့်တွေးကြည့် လှည့်တွေးကြည့် သူမ စိတ်ကို မပြေ
ခုဖြစ်နေပုံချည်းသာဆို သူမဟာ အိုက်ထွေးမှ မရှိရင်ပဲ ဘဝကို ရပ်တည်နိုင်တော့မယ့်ပုံမပေါ်....အရာရာကို အရှုံးပေး ဒူးထောက်ရမလို ဖြစ်နေသည်...
ဒီနေ့လဲ သူမတစ်ယောက်တည်း ကျောင်းပိတ်လို့ ဈေးလာစဉ် အိုက်ထွေးနဲ့ သူနာပြု သင်တန်းကျောင်းရှေ့မှာ ဆုံမိသည်...
မမြင်ချင်ပါဘူးဆိုမှ ထိပ်တိုက်တိုးသည်...သူက အတွဲနဲ့...
"ဆိုင်နွန်း ဈေးလာတာလား"
"အင်း"
မဖြေချင်ဖြေချင်နဲ့ စိတ်မပါလက်မပါ အင်း လိုက်ရသည်...
ပြီး အိတ်ထဲ ဆိုင်ကယ်သော့ ရှာသလို ဘာလိုလို လုပ်နေလိုက်သည်..ထုံးစံတိုင်း သူ့ဘေးက ကောင်မလေးကတော့ သူမနဲ့ အိုက်ထွေး အကြောင်းကို သိပြီး သားမို့လားမသိ...အိုက်ထွေးလက်ကို ပြုတ်တူနဲ့ ညှပ်ထားသလို သူ့လက်နဲ့ ခိုင်မာစွာ ဂဟေဆက်ထားပြီး သူမကိုလဲ စားမတတ် ဝါးမတတ် မီးဝင်းဝင်းတောက်တဲ့ မျက်စိမျိုးနဲ့ စိုက်ကြည့်နေသည်...
ဘေးနားက သူ့ကောင်မလေးပုံစံကို မသိတဲ့ အိုက်ထွေးက သူမကို သေချာကြည့်ရင်း
"ဆိုင်နွန်း နင်နေကောင်းရဲ့လား"
"အင်း...ဟင်..ကောင်းပါတယ် ဘာလို့လဲ"
"ပိန်သွားသလိုပဲ ပြီးတော့ ညလဲ မအိပ်ဖူးလား မျက်ကွင်းတွေ ညိုနေတယ်"
"ထင်လို့ပါ"
"ကျန်းမာရေး ဂရုစိုက်ပါ ဟတ်ရယ် ညနက်ထိ လိုင်းတွေ သုံးမနေပါနဲ့တော့"
"ကျေးဇူးပဲ ငါသွားရတော့မယ်"
သူ့ပါးစပ်က ဟတ် ဆိုတဲ့ အခေါ်လေးကို လွမ်းဆွတ်သံအပြည့်နဲ့ ကြားလိုက်ရသည်..
အပြင်မှာ နှစ်ယောက်တည်းသာ ဆုံခွင့်ရရင် သူမ ပျော့ပါသွားလိမ့်မည် ထင်ပါသည်...ခုတော့ သူ့ဘေးက မီးနဂါးမလေးကြောင့် သူတို့ရှေ့က အမြန်ထွက်ပြေးရတော့သည်..
ဒါတောင် သူမ နားက ထိုကောင်မလေး စကားကို ကြားဖြစ်အောင် ကြားလိုက်သေးသည်..
ကိုကို့ကို အဲ့လူ မပြတ်နိုင်ဘူး ဘာလို့ ဟတ် သွားခေါ်တာလဲ ကိုကို့မှာ ခလေးရှိနေပြီနော် သူဘာတွေ ညဏ်သုံးပြီး ကိုကို့ ကို လာဆွဲဦးမလဲမသိဘူး..."
"ခလေးကလဲကွာ...ကိုကိုမှာ သူ့ပေါ် ဘာစိတ်မှမရှိပါဘူး"
"အဲ့ဒါ သူ အသည်းကွဲပြနေတာလေ အစားအအိပ်တွေပျက်လို့ ပိန်ကပ်နေတာ ဟွန့် ကိုကို သူ့ဆီပြန်သွားရင် ခလေး နှစ်ယောက်လုံးကို သတ်မှာနော်"
"အေးပါ ကလေးရာ"
တောက်....စော်ကားလိုက်ကြတာ....
ကားပေါ်တက် မောင်းထွက်သွားပြီဖြစ်တဲ့ အတွက် ကားနောက်မြီးလေးကို ကြည့်ရင်း ဒေါသတွေ ထွက်ကျန်ခဲ့ရသူက သူမပါ....ပါးပြေးရိုက်ချင်စိတ်က တားမနိုင်ဆီးမရ...
ဒေါသကြောင့် လူလဲ တစ်ဆတ်ဆတ် တုန်ယင်နေသည်....
မေမေ မှာလိုက်တဲ့ ဘုရားတင်ရန်ဆိုသော လိမ္မော်သီး ဆယ်လုံးခန့် ထည့်ထားတဲ့ အိတ်ကလေးကား CZI ဆိုင်ကယ်လေး ထွက်သွားတဲ့အခါ ပလက်ဖောင်းပေါ်မှာ ပြန့်ကျဲ ကျန်ခဲ့သည်....
.
"မေမေ"
အိမ်ထဲ ဝင်လိုက်တည်းက ဆိုင်ကယ်စက်မရပ်သေး အရင်အော်လိုက်သည်.....
မေမေရယ် အူယားဖားယားနဲ့ မီးဖိုခန်းထဲက ပြေးထွက်လာသည်...အပြင်မှာ ပြောင်းဖူးအိတ်ထမ်းနေသောအလုပ်သမားတွေကလဲ အငေးသား ရပ်ကြည့်နေကြသည်..
"ဟဲ့ ဘာဖြစ်လာတာလဲ"
"ဗိုက်ဆာလို့ မေမေ ...တစ်ခုခု လုပ်ပေးပါ မြန်မြန်"
မီးဖိုခန်းထဲထိ လိုက်ဝင်လာပြီး မြင်သမျှ စားတော့သည်...ဆိုင်ကယ်ဦးထုတ်ပင်မချွတ်အား