.
.
အမယ်လေးလေး....အရင်ကဆို အိမ်မှာ မီးဖိုခန်းမဝင်ဖူးတဲ့ ကလေးသေးသေးလေးက သူမရဲ့ မီးဖိုချောင်ထဲမှာ စားဖိုမှူးကြီးပမာ ဘာတွေ ချက်ပြုပ်နေသည်မသိ....ချွေးတွေ သံတွေနဲ့..စားပွဲပေါ်မှာလဲ ဟင်းခွက်တွေက အများကြီး ရှိနေပြီ...
"ဟိတ် ကလေးမ...ဘာတွေ အများကြီး ချက်နေတာလဲ"
"မ နိုးလာပြီလား မျက်နှာသစ် သွားတိုက်ဖို့ အသင့်လုပ်ထားပေးတယ်နော်"
သူမကို တစက်ကလေးမှကို လှည့်ကြည့်ဖော်မရပဲ သူ့ဟာသူ ဟင်းအိုးလောက်သာ ခဲမဲ ကြည့်နေတာ....အသဲတွေ ယားလာသဖြင့် သဲ နောက်မှ ကပ်ရပ်ပြီး ခါးလေးကို ဖက်ထားလိုက်သည်..
"ဟာ..မ ဘာလာလုပ်တာတုန်း မျက်နှာလဲမသစ်ပဲ မီးဖိုခန်းကို မလာနဲ့လေ"
"ကဲ သစ်ပြီးပါပြီ ရှင်....အာ့ ဘာဟင်းလဲ"
"ဘူးသီးနဲ့ ကြက်သားချက်နေတာဆို"
"တတ်လို့လား"
"မတတ်ဘူး စမ်းကြည့်နေတာ"
"ဗုဒ္ဓေါရေ.. "
ဟုတ်သား...မီးဖိုဘေးမှာ ဖုန်းချထားတာ...အင်တာနက်ဖွင့်ပြီး ဟင်းချက်နည်းတွေ ရှာ...အဲ့ကနေ ဖတ်ပြိး ချက်နေတာကိုး...
"ဖယ် မ ချက်မယ်...ဟင်းက မကျက်သေးဘူး ကပ်နေပြီ...တော်ကြာ တူးသွားမယ်"
"ရပါတယ် မ က ပါးစပ်ကနေပဲ ပြော သဲ လုပ်မယ်"
"ခုံမှာ သွားနေ ပေး ဇွန်း "
သဲ လက်ထဲက ဇွန်းကို ယူရင်း ဟင်းအိုးမွှေလိုက်သည်..
"ခုံမှာ ထိုင်မနေချင်ပါဘူး"
"ဒါဆို ဒီနား ဘာရပ်လုပ်နေမှာလဲ"
"မ ဟင်းချက်နေတာလေးကို ဒီလိုလေး မ ကို ဖက်ပြီး နောက်ကနေ အားပေးနေမယ်လေ"
"အား...ဟုတ်ပါပြီကွာ...အချွဲလေး"
"မ သဲကို အရသာရှိရှိလေး ချက်ကျွေးပါနော် နောက်ကျ သဲ သင်တန်းတက်ပြီးမှ မ ကို သေချာချက်ကျွေးမယ်"
"သင်တန်းတက်ဦးမလို့လား"
"တက်မှာပေါ့ မ အလုပ်သွားတဲ့အခါ နေ့လည်ဆို သဲ ချက်ပြီး လာပို့မယ်လေ မ ကိုလဲ ဝင်ချောင်းရင်းပေါ့ ဘ်ာသူကများ မ ကို ကြိတ်ကြွေနေလဲလို့"
"ကလေးစုတ်....ကျွေးချင်တာကနည်းနည်းရယ် အကြံကြီးနဲ့"
"အင်းပ တစ်ချက်ခုတ် ဆယ်ချက်ပြတ်လေ".
...
နှစ်ယောက်သား တပတ်စာကို ရိက္ခာအပြည့်သွင်းပြီး အိမ်ခန်းအောင်းနေကြတာ...အပြင်လဲ မထွက်ကြ....
ဘယ်သူမှလဲ အဝင်အထွက်မရှိ...ဘယ်ကမှလဲ ဖုန်းမလာ..နှစ်ယောက်တည်း တစ်ကမ္ဘာတည်နေကြတာ...
ခုလဲ မက ဧည့်ခန်းဆိုဖာကြီးပေါ်မှာ လက်ပ်တော့ တစ်လုံးနဲ့ အလုပ်တွေ လုပ်နေတာကို သဲက ဘာလုပ်နေတယ် ထင်သလဲ....
ထိုင်နေတဲ့ မ ပေါင်ပေါ် ခေါင်းအုံးလုပ်ပြီး ဟာသတွေ ဖတ်နေတာ....
"ခ်ခ် ရီရတယ်....ဟဟား"
ကိုယ်လေး သိမ့်သိမ့်တုန်အောင် ရီနေတော့ မ က အပလ်ုမဖြောင့်တော့...သဲရီတာက ရိုးရိုးရီတာမဟုတ်ဘူး.လက်ခုပ်ပါတီးပြီး ရီနေသလို တခါခါကျ မ ကိုလဲ ရိုက်လိုက်သေးတာလေ..
"သဲ...ကလေး...ရိုးရိုး ရယ်လဲ ရပါတယ်ကွာ...ဒိမှာ မ လုပ်နေတဲ့ ဒီဇိုင်း စောင်းကုန်ပြီ"
"ဘာလဲ မ က ငြိုငြင်တာလား"
လုပ်ပီ....အပေါ်မိုးနေတဲ့ မ မျက်နှာလေးကို မျက်တောင်လေး ပေကလပ်နဲ့ မော့ကြည့်ပြီး ပြောနေတာ....
"မဟုတ်ပါဘူး....မ လက်ကို မထိနဲ့လေ...မ ဟိုတယ်ဆောက်ဖို့ အကြမ်းဒီဇိုင်းဖော်နေတဲ့ဥစ္စာ..သဲ တစ်ခါ ထိလိုက်တိုင်း စောင်းစောင်းသွားတာမို့"
"ဘယ်မှာ ထိလို့လဲ"
ထိရက်နဲ့ တမင်ရစ်ပါပြီ...ကလေးက အဲ့လို..တခါခါကျ လူကြိးလေးလိုလို ပုံစံဖမ်းပေမယ့် စိတ်ကတော့ ခုထိကလေးစိတ်...
"ကဲ ဘာဖတ်နေတာလဲ မ လဲ ရယ်ချင်တယ် "
"မဖတ်ဘူး မရီနဲ့"
"လုပ်ပါကွာ မ ဆက်မဆွဲတော့ဘူး ဟုတ်ပြီလား သဲ မ အသားကို တစ်ခါထိလိုက်တိုင်း ရင်ခုန်လွန်းလို့ စောင်းစောင်းသွားတာပါကွာ...မ အပြစ်ပါ..."
ခြွေလဲ ခြွေတတ်တဲ့ မ..စိတ်ကောက်မလို့ပါဆို...ကောက်လို့မရအောက်ကို ခြွေတတ်နေတာ...ဒီ မ နဲ့တော့ ဆီလိအြပေါက်ရှာပြီး စိတ်ကောက်ဖို့ ရှာနေပေမယ့်လဲ တွေ့ကို မတွေ့တော့ဘူး...
....
"မ..."
"မ လို့"
ညကြီးမင်းကြီး အိပ်ပျော်နေတာကို
အတင်းလှုပ်နှိုးနေတော့တာမို့ အအိပ်မက်ပေမယ့်လဲ ဒီကလေးမလေးကြောင့် နိုးလာရပြန်ပြီ....
"အင်း...ဘာလဲ သဲ"
"မ ... မ မနက်ကျ အလုပ်သွားမှာလား"
"အာ....မသွားသေးဘူးလေ....သဲရာ အဲ့ကိစ္စ မနက်ကျမှ ပြောပါလားကွာ နော် "
"မ အရင်ရုံးပဲလား မ ပြောတော့ ရုံး ပြောင်းရမှာဆို"
သဲ ကို ဖက်ထားတဲ့ ဥစ္စာကို အတင်းရုန်းထွက်ပြီး ခေါင်းထောင်ထနေတာ....လက်ထောက် ပြီးကို သူမ အိပ်ချင်နေတဲ့ ရုပ်ကို စီိးမိုးကြည့်နေတာရယ်...
"အရင်ရုံးပဲ တက်မှာ....လိုအပ်ရင် ဖက်စပ်ရုံးသွားရမှာပေါ့...လောလောဆယ် မ တလ နားထားတယ်လေ..အိမ်ကနေပဲ ဒီဇိုင်းပေးရုံလုပ်ပေးနေတာ သဲက ဘာလို့တုန်း"
"ဪ....ကောင်းတာပေါ့ မ သဲတို့ မှုံ့ဆီ သွားလည်ရအောင်"
"ဟာ..ဘာစိတ်ကူးပေါက်နေတာလဲ"
"သွားရအောင်နော် မ .... နောင်ချိုဖက်က အရမ်းသာယာတာ...အဲ့မှာဆိုလေ...."
"ကဲ ကဲ သွားမယ် သွားကြမယ် ဟုတ်ပြီလား...သဲ သဘော"
အရမ်းအိပ်ချင်နေပြီမို့လို့ သဲ ပြောသမျှ အင်းလိုက်ပေးရသည်...ပြီးတော့ လက်ထောက်နေတဲ့ သဲကို အတင်း ရင်ခွင်ထဲ ဆွဲသွင်း အိပ်ခိုင်းရပြန်သည်.....ဒါတောင် ဒေါ်ရွှေသဲလေးက လှုပ်စိ လှုပ်စိနဲ့....သာမာန်အချိန်ဆို သူမက အိပ်နေတဲ့အချိန် သူငယ်ချင်းမပြောနဲ့ မေမေ လာနှိုးရင်တောင် မကြိုက်ပါ...ဒါကြောင့် မေမေက အကြောင်းသိမို့လို့ အချိန်တန် အချိန်မှန်ပဲ နှိုးတတ်တာ...ခုမှ ဘယ်ရှေးဘဝက ဝဋ်တွေ လည်နေလဲမသိပါ...
"မ....မ လို့"
အိပ်လို့မှ ကောင်းကောင်း မပျော်သေးဘူး....
ဖြစ်လာပြန်ပြီ...
"အင်း သဲ ဘာလဲ"
"သဲ ဗိုက်ဆာလို့"
"ခု ဘယ်နှစ်နာရီလဲ"
"မနက် တစ်နာရီ ထိုးတော့မယ်"
"အာ့ဆို မနက်မှ စားတော့ သိလား မ စောစော ချက်ပေးမယ်"
"ဟင့်အင်းမရဘူးမ အခုဆာနေတာ"
"ညနေက ကော မကျန်ဘူးလား ငါးပေါင်းတွေ ရှိနေသေးတယ်မလား သွားစားလေ"
"မကျန်ဘူး...မကျန်ဘူးဆိုတာက သဲ သွန်ပစ်လိုက်တာ အာ့ကြောင့် မကျန်တော့ဘူးလို့ မ သဲ ဗိုက်တွေ အရမ်းဆာလှပြီ"
"ဟာ သဲရာ"
"ဘာလဲ မ က သဲကို ငြိုငြင်တယ်ပေါ့"
"မဟုတ်ရပါဘူး "
"ဒါဆို သဲကို ခေါက်ဆွဲပြုတ် ပေး"
"အင်း"
"ထ မ နော်...သဲ နဲ့ အတူနေတာ ဘယ်လောက်မှ မရှိသေးဘူး မ ငြိုငြင်ချင်နေပြီ...သဲမှာ မိဘတွေ ပစ်ပီးတော့မှ မကို ချစ်လို့ မ ဆီ လာနေနေတာ....မ မကြည်ဖြူ ရင် သဲ ဘယ်သူ့မျက်နှာနဲ့ နေရပါ့မလဲ"
"မယ်မင်းကြီးမ မငိုလိုက်ပါနဲ့ မ လဲ အိပ်လို့ရမှာ မဟုတ်တော့ဘူး ကဲ သွားနှင့် မ ထလာပြီ"
ငေါက်ခနဲကို ထထိုင်တော့တာ....ဒီကလေး ဘယ်လိုတွေတောင် ဂျီကျနေရတာတုန်း..ငိုသံတွေပါ ရောစွက်လာတာမို့ ဘယ်လောက်ပင် အိပ်ချင်နေပါသော်လဲ ထပြီးတော့ ခေါက်ဆွဲတော့ ပြုတ်ပေးတော် မူလိုက်ဦး နှင်းနှင်းဝေရေ...
အဲ့ဒီ ကလေးမက သူမ ခေါက်ဆွဲပြုတ်နေတာကို စားပွဲဝိုင်းမှာ သေချာထိုင်ကြည့်နေတာ....တကယ်တမ်း စားဆိုတော့လဲ မစားနိုင်ပဲနဲ့.....အာ့များ ပြောလိုက်သေးတယ်...
အိမ်မက်ထဲမှာ မ ခေါက်ဆွဲပြုတ်ကျွေးနေတာကို မက်လို့တဲ့..
တရေးနိုးထပြုတ်ကျွေးခိုင်းတာတဲ့လေ...အံ့ရော...
သူမ စိတ်တိုပုံကြီးကို တစ်ခစ်ခစ်နဲ့ သဘောတွေကျပြီး ရီနေတာများ အူယားစရာ....
စားလို့ သိမ်းဆည်းပြီးတော့လဲ အိပ်ရမလားမှတ်တာ....
ရေအတင်းချိုးခိုင်းပြီး စောစီး လမ်းထလျှောက်ရမယ်တဲ့...
ဂျစ်တူးမ....
....
"ဘာရယ်....အစ်မတို့ နှစ်ယောက်လုံးက ဂုတ်တွင်း ရေတံခွန်ကို လည်ချင်တာ ဟုတ်လား"
"အင်းလေ"
မနှင်းတို့ နှစ်ယောက်စလုံး ဘယ်လိုကနေ ဘယ်လို ဆုံတွေ့ခဲ့ကြတာလဲ မသိ...တိုက်တိုက်ဆိုင်ဆိုင် မှုံ အိမ်မှာ ရှိနေချိန်ကို ရောက်ချလာကြပြီး ဂုတ်တွင်း ရေတံခွန်ကို သွားချင်လို့တဲ့လေ...ပြီးတော့ အစ်မတော် ဆိုင်နွန်းက တိမ်ပင်လယ်လည်း ကြည့်ချင်သည်တဲ့...တိမ်ပင်လယ်က ထားပါတော့..တောင်တက်ရုံပဲမို့...
ခက်တာက ဂုတ်တွင်းအောက်ချိုင့်ထဲက ရေတံခွန်ကိုတဲ့...
သူများတွေ သွားထားပြီး အင်တာနက်ပေါ် တင်ထားတာ မြင်ရုံနဲ့ သွားချင်လှချည်ရဲ့ ဖြစ်လာတာ....မနှင်းကတော့ အရာရာ အစ်မ ဆန္ဒဖြစ်နေပုံရသည်...အစ်မက လိမ်မာသလိုနဲ့ မနှင်းအပေါ်ကိုတော့ အနုနည်းနဲ့ ဆိုးနေမှာ သိသာလှသည်....
"ဘာလို့လဲ..."
"အစ်မက သိလို့လား အဲ့ ရေတံခွန်ကို "
"အင်း လိုင်းပေါ်မှာ တင်ထားတာလေ...ဂုတ်ထိပ်တံတား အောက်ခြေမှာ ရှိတာတဲ့"
လက်ထဲက ကိုင်ထားတဲ့ မုန့်ထုတ်ကို အစားမပျက် ပြောနေတော့တာပင်....မနှင်းကတော့ အိမ်ခြံထဲက မေမေ့ရဲ့ ကန်စွန်းခင်းထဲမှာ လေသွားပစ်နေသည်...
"ခရီးလမ်းအကြောင်းကော မတင်ဘူးလား"
"မသိဘူးလေ ပုံတွေနဲ့ နေရာပဲ ကြည့်ထားတာ အရမ်းလှတာ ရေတံခွန်က"
"လမ်းက အရမ်းကြမ်းတာ အစ်မရဲ့ ခက်ခက်ခဲခဲ ဆင်းရတာ.....မနှစ်က အကိုဝမ်းကွဲ တွေနဲ့ တစ်ခါ လိုက်သွားဖူးတယ် မှုံ့မှာ ဖျားတောင် ဖျားသွားတာ...အရမ်းပင်ပန်းတယ်..."
"လမ်းက ဘယ်လောက်ပဲ ကြမ်းကြမ်း သဘာဝအလှတရား မြင်ရင်တော့ ပင်ပန်းသမျှ ပျောက်ကွယ်ကုန်မှာပဲလေ"
"ဟာ..အစ်မရာ...လမ်းက လူသွားလမ်းတောင်.မနည်းကို"
"ဘာလဲ မှုံက မပို့ပေးချင်တာလား....ရတယ်လေ....ဂိုက် ငှါးပေး...လမ်းညွှန်တစ်ယောက်ငှါးပေး"
"မဟုတ်ဖူးနော် မှုံက လိုက်မပို့ချင်လို့မဟုတ်ဖူး....မိန်းကလေး မသွားတာ ကောင်းတယ်....မှုံလဲ နယ်မကျွမ်းဘူး အစ်မ သွားချင်တဲ့ တိမ်ပင်လယ်ကတော့ ပို့ပေးမယ်...တိမ်ပင်လယ် ဖြစ်မဖြစ်တော့ မပြောတတ်ဘူး..အာ့က ရာသီဥတုအခြေအနေပေါ် မူတည်တာ..."
"မသိဘူး....စိတ်ဆိုးတယ်"
"အစ်မကလဲကွာ....တခြားနေရာတွေပြောလေ...ရေပျံတောင်တို့မှာလဲ ရှု့ခင်းသာ ပါတယ်...လမ်းလဲ ကားနဲ့သွားရင် အဆင်ပြေတယ်....ဂုတ်ထိပ် ကြည့်ချင်တာမလား....အဲ့မှာ ရထားအတိုလေးရှိတယ် မောင်းပေးတယ် ရထားအကြီးမလာခင် ဂုတ်ထိပ်ပေါ် လည်ချင်သူတွေကို ဟိုဖက် ဂူအဆုံးထိ....အသွားအပြန် စီးလို့ရတယ် အဲ့နေရာက ဆိုင်ကယ်နဲ့ သွးလဲရတယ် ပို့ပေးမယ်....အဲ့ လျှိုကြီးထဲက ရေတံခွန်ကိုတော့ ဒုက္ခခံပြီး မသွားပါနဲ့"
"ဒါဆို ခုသွားမယ် ရေပျံတောင်ကို"
"အာ....ခုကလား...နားဉိးလေ...ခရီးရောက်မဆိုက်ကွာ နက်ဖြန်မှ သွားမယ် ဟုတ်ပြီလား...မှုံမေ့မေ့ကို ပြောရဦးမယ်...မှုံတို့ချည်း သွားလို့မရသေးဘူး"
"ဘာလို့လဲ"
"တောထဲမှာလေ...မိန်းကလေးတွေပဲ သွားသင့်တဲ့နေရာ မဟုတ်ဘူး "
တကယ့် ဂျစ်တူး...အရင်ကထက်ကို ပိုဆိုးလာသလား အောက်မေ့ရသည်....မှုံတို့အိမ်မှာ အခန်းပို မရှိတာမို့ မှုံက အလိုက်သိစွာ မှုံ အခန်းကို မနှင်းတို့အတွက် ပြင်ပေးပြီး သူမက သူမ မေမေ အခန်းတွင် ဝင်အိပ်ပေူးသည်...
"မ"
"အင်း...."
"အိပ်ပျော်နေပြီလား"
"ဟော....အိပ်မပျော်လို့ပဲ ထူးနေတာလေ"
"မှုံက ဂုတ်တွင်းရေတံခွန်ကို လိုက်မပို့ဘူးတဲ့ "
"မှုံပြောတာ စေတနာနဲ့လေ သဲ...ညနေက သူ့အမေပြောနေတာ ကြားတယ်မလား လမ်းကြမ်းပါတယ်လို့ အဲ့အစား မတို့ ရေပျံတောင်တို့သွားလို့ရတာပဲလေ"
"သဲ...စိတ်ထဲ တမျိုးကြီးပဲ"
"ဘာလို့လဲ"
"မှုံလေ စိမ်းနေသလိုပဲ....ဝတ်ကျေတန်းကျေကြီး"
"ဘယ်ကလာ ကွာ....မှုံ က အဲ့လိုမဟုတ်ပါဘူး..."
"သူ့ကို သဲ မနာလိုဘူး သိလား"
"ဘာဖြစ်လို့လဲ "
"သဲနဲ့မ တို့အပေါ်ကို သူက ဘယ်ဖက်ကပဲ ကြည့်ကြညိ့ နားလည်ပြီး သိနေတာ...သဲကကျ ဘာလို့ မ အပေါ် မှုံလောက်တောင် နားမလည်ရတာလဲ မသိဘူး"
တကယ့်ကို တမ်းတမ်းတတလေး ပြောနေတော့လဲ ရင်ခွင်ထဲက ကလေးလေးက သနားစရာ.....နဖူးပြင်က ဆံပင်လေးတွေကို လေနဲ့မှုတ်တင်ပေးလိုက်ရင်း
"အဲ့ဒါ မနာလိုစရာလားကွ...မ ပြောပြမယ်....တလောကလုံးမှာ မှုံကလေးလို မိန်းကလေးမျိုးက ရှားတယ်....ရှိချင်မှလဲ ရှိနိုင်လိမ့်မယ်....မှုံက သူများအတွင်းစိတ်ကို ဖတ်တတ်တယ် သဲရဲ့.....အဲ့နေ့ကလေ...မ လဲ တော့်တော့်ကို ကြေကွဲနာကျင်နေခဲ့ရတာ...ကားဂိတ်မသွားခင်လေးမှာ မှုံက မကို ဆိုင်တစ်ခုမှာ ကျွေးရင်း ပြောပြခဲ့တာ....သဲ ဖက်က အခက်အခဲကို မှုံသိနေတယ်လေ....ဒါကြောင့် ဘယ်လောက်ပဲ ကွာဝေးဝေး
သဲ မကို ချစ်နေတယ် ဆိုတဲ့ စိတ်ကလေးကို ယုံကြည်ပေးခဲ့လို့ မ ခုလိုရပ်တည်နိုင်ခဲ့တာ..."
"မ ကိုကျ ပြောပြပြီး သဲ ကိုကျ မှုံ ဘာလို့ မပြောပြတာလဲ"
"သဲ လဲ မ ကို ချစ်နေတယ်.ဆိုတာ သူသိလို့ မပြောခဲ့တာပါ...မှုံက ပါရမီရှင်လေးနော် သဲ မပစ်မှားနဲ့....မှုံကြောင့် မတို့ ဒီအခြေအနေထိ ဖြစ်ခဲ့တာကို"
"အင်းပါ...မှုံက သဲနဲ့ အရင်စသိတာပါနော် မ ပဲ အရင်သိသလို မလုပ်ပါနဲ့ ဟွန့်"
"ဟုတ်ပါပြီ...အိပ်တော့နော် မနက်ကျရင် လည်ရမှာဆိုတော့ စောအိပ်မှ"
"မ ချော့သိပ်လေ"
"ဟာ...သူများတွေ အိပ်ချိန်လေ"
"မရဘူး တိုးတိုးလေး သိပ်...မဟုတ်ရင် သဲက အိပ်မပျော်ဘူး မ နော်...ဒါတွေကို အကျင့်ဖြစ်နေအောင် မ ပဲ စခဲ့တာ"
"လုပ်ပီ"
"မ"
"အင်း အင်းပါ သဲရာ"
ကျောပြင်လေးကို ဖွဖွ ပွတ်ရင်း တိုးတိုးလေး သီချင်းဆိုပြနေတဲ့ မ ကို သဲ အသက်တမျှ ချစ်မြတ်နိုးရပါသည်....သဲ ဘယ်လိုပဲ ဂျီကျကျ...ဆီလိုအပေါက်ရှာပြီး စိတ်ဆိုးဆိုး....အရာရာကို လိုက်လျောပြီး သဲ အလိုကျ မညည်းမညူ လုပ်ပေးခဲ့တာချည်း...တမင်လုပ်နေတာပါ....
မှုံ အပေါ်လဲ ဘယ်လိုမှ မမြင်ပဲ သဲထက်တောင် အကောင်းဖက်က တွေးပေးတတ်သေးတာ....
မ ဟာ သဲတွက် ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုဟုဆိုလျှင် မှားမယ် မထင်....
ဘာလို့ဆို အိမ်မှာ မေမေက မှုံနဲ့သူမနဲ့ကို တွဲနေခဲ့တာ ဟု ထင်နေသည်ကိုး...မ ကို ဒီကနေ အိမ်မှာ ခေါတွေ့ပြီးလျှင် ကြိုတင် မှန်ူထားသလို မေမေက အရင်ဆုံး တိုက်ခိုက်ဦးမှာလေ...ဒါကြောက့် မှုံနဲ့လဲ အမြင်ကြည်အောင် မနဲ့အရင် ပေးဆုံလိုက်တာပါ...မ လို လူတစ်ယောက်ကတော့ ဘယ်ဖက်က စမိးစမိး ရှုံးနိမ့်စရာကို မတွေ့....
"ကလေးမလေး ပြုံးနေတယ် ဘာလို့လဲ"
"ဟင့်အင်း မ"
"ပြောလေ "
"မ ကို အရမ်းချစ်တယ် မ အိပ်တော့နော် တူတူအိပ်မယ်"
မ ရင်ခွင်ထဲ အတင်းတိုးဝင်ပြီး မ ကို တင်းတင်းကျပ်ကျပ် ဖက်အိပ်ရတာ သူမတွက် ညတိုင်း လုပ်နေကျ....
မ ကတော့ သူမ ဆံစဖျားလေးကို အနမ်းပေးလို့ပေါ့....
ဒီလိုညလေးတွေ ပိုင်ဆိုင်ဖို့ မျက်ရည်များစွာ စတေးခဲ့ရသည်ပဲ....
.....
ရေပျံတောင် သွားလမ်း ကြမ်းချက်...
တောတွေတောင်တွေ ရှု့ခင်းသာတွေက စိတ်ရွှင်လန်းစေသည်မို့ လမ်းဝဲယာတစ်လျှောက်ငေးမော၍ မဆုံးတော့...သူမ ခရီးလဲ ထွက်နေကျလူ မဟုတ်တာမို့ အနီးမှာ ထိုင်နေတဲ့ သဲကိုပဲ ကျေးဇူးတင်နေမိသည်...မန်းမြို့တော်ကလွဲလို့ သူမမှ ဒီလိုတောတောင်ဒေသကို မထွက်ဖူးတာပဲလေ...
သစ်ပင်စိမ်းစိမ်းလေးတွေစိမ့်စမ်းလေးတွေ..ဘေးဖက်မှာ ကြံခင်းလေးတွေ ပြောင်းခင်းပြင်ကျယ်ကြီးတွေနဲ့...
မှုံကတော့ ကားရှေ့ခန်းလေးမှာ သဲပြောပြဖူးတဲ့ သူ့အိမ်က သဘောတူထားတဲ့ ကောင်လေးဆိုလား အဲ့သူနဲ့ အတူထိုင်ရင်း ငိုက်လာနေလိုက်တာ....ဟိုကောင်လေးကလဲ ကြည့်ရတာ မှုံကို မြတ်နိုးပုံပါပဲ...မှုံအိမ်ကလဲ သဘောတူကြည်ဖြူ နေကြတာ...ဒါပေမယ့် မှုံကတော့ သာမာန်ထက်မပိုသော ဆက်ဆံရေး ပုံစံမျိုး...
"သဲ...ဖြေးဖြေးသွား.ရေတွေနဲ့ ရေတွေနဲ့ လျှောနေတယ်"
သဲက ရေတံခွန်အောက်ထဲထိကို ရေအစိုခံပြီး ကျောက်တုံးတွေ ပေါ် နင်းသွားနေတာ...သူမက စိတ်ပူလို့ နောက်ကနေ လိုက်ထိန်းနေရတာ....
"ဟီး အေးစိမ့်နေတာပဲ မ ဟေ့ မှုံ လာလေ"
မှုံက ခပ်လှမ်းလှမ်းကနေ လက်ပိုက်ရပ်ကြညိ့နေတော့ သဲက လှမ်းခေါသည်...မှုံဘေးမှာ ဟိုကောင်လေး ရှိနေတာမို့
"သဲရာ...အလိုက်သိစမ်းပါ"
"ဘာလဲ မ က မှုံကို အောင်သွယ်ပေးချင်တာလား"
ရေကို လက်ဖြင့် ခပ်ယူပြီး သူမ ဆီ ပက်ရင်း သဲပြောတော့
"မ တို့ကို ကူညီထားတယ်မလား လုပ်ပေးရအောင်လေ"
"မှုံက သူ့ကို မကြိုက်ဘူးတဲ့ မရဲ့ အသာနေလိုက်ပါ...."
"အင်းပါကွာ...အမှန်ပြောရရင်လေ မှုံက အရမ်းလှနေတော့ မ နှမြောတယ် "
"တူတူပဲ မှုံကိုလေ သဲက အပိုင်လိုချင်တာ...ပြောမယ်ဆို ညီမလေးလိုပေါ့နော် အလှကြည့်နေချင်တာ ပြောတာ....ဘယ်သူနဲ့မှ မပေးစားရက်ဘူး...ဘယ်သူ့ကိုမှလဲ မချစ်စေချင်ဘူး..မှုံ မျက်ရည်ကျရမှာကို မမြင်ချင်ဘူး...သဲ မှုံနဲ့ဆုံခြင်းအစမှာတောင် သဲ မာနတွေ သူ့ခြေရင်းမှာ အလိုလိုကျသွားတာ..သဲတောင် လုံးဝ အံ့သြသွားတာ..."
"မက သဲတို့ tit tok တင်တည်းက ဘယ်သူပါလိမ့်လို့စိတ်ဝင်စားနေခဲ့တာ"
"အမယ် မ ကြိတ်ကြွေနေခဲ့တာလား"
"မဟုတ်ပါဘူးနော် သဲကိုပဲ ကြွေတာပါ...ဟေ့ မလုပ်နဲ့လေ အကုန်စိုကုန်မယ် ဖုန်းပါတယ်"
ရေကန်အစပ်မှာ မနှင်းတို့ အတွဲလေး ကြည်နူးနေသည်ကို မှုံလက်ပိုက်ကြည့်နေရင်း စိတ်ချမ်းသာရပါသည်...
အရင်လိုပါပဲ...နေရာတိုင်းမှာ မှုံက ဓာတ်ပုံဆရာ ဖြစ်သွားရော...ကိုနေမင်းထွန်းကတော့ မိန်းကလေး သုံးယောက်ကြားမှာ ဘယ်လို နေရခက်နေမလဲမသိ...သူလဲ လိုက်ချင် မေမေကလဲ သဘောတူကြည်ဖြူ နေတော့ လိုက်ပို့ပေးချင်ဦးလေ...
တိမ်ပင်လယ်ကိုလဲ တစ်ညအိပ် ပို့ပေးရဦးမှာ...အဲ့ကျရင်တော့ ညီမတစ်ယောက်လောက် အဖော်ခေါ်ခဲ့ရတော့မှာ...မနှင်းတို့နှစ်ယောက်နား သွားအိပ်လို့က မဖြစ်ဘူး...
.....
Tent အထဲမှ နေ၍ ဇစ်လေးကို ဖြည်းဖြည်းချင်းဆွဲကာ အပြင်ဖက် ကြည့်လိုက်စဉ် တိမ်စိုင်တိမ်ခဲလေးတွေက ကိုယ်နဲ့ အနီးဆုံးနေရာမှာ ရောက်နေသလို...သဲ မ ရဲ့ ပုံရိပ်လေးတွေကို ဖုန်းနဲ့ အမိအရ ပုံရိုက်ထားလိုက်သည်...တိမ်တွေ လျှိုမြောင်ကြားထဲမှာ လူးလွန့်နေတာ...မသိရင် အရှင်လတ်လတ် နတ်ပြည်ရောက်နေရသလိုမျိုး...
အရင်အချိန်တွေမှာ ကိုယ် မော်ကြည့်ဖူးခဲ့တဲ့ တိမ်ခိုးတွေဟာ ခုချိန်တော့ ကိုယ့်ခြေရင်းမှာ ဝပ်ဆင်းလို့...
သူမတို့လိုပဲ အခြားဒေသက လူအချို့လဲ တိမ်ပင်လယ်ဆိုတာကြီးကို တမင်လာလေ့လာနေကြတာ..မှုံတို့ ညီအစ်မနဲ့ နေမင်းထွန်းပြီးတော့ မှုံအကိုဝမ်းကွဲတွေကတော့ စကားတွေ ထိုင်ပြောနေကြသည်...တမင်ကို သူမတို့အတွဲကို လိုက်ပို့ရုံသက်သက်မို့လားမသိ...မှုံကလွဲရင် ကျန်တဲ့သူတွေက စကားသိပ်မပြောကြ...
မှုံပြောသလို ဂုတ်ထိပ်ကို အလည်သက်သက် အလုပ်ပျက်ခံပို့ခိုင်းမနေတော့ပဲနဲ့ သီပေါထိ ရထားစီးသွားကြရန် ဆုံးဖြတ်လိုက်ကြသည်...ဒါကို ပြောပြတော့ မှုံက သိပ်လက်မခံချင်ပါ..
သို့သော် ဘာမှတော့ ပြန်မပြော...
ရထားဘူတာထိကို လိုက်ပို့...မုန့်တွေ စားဖို့ တောင် အများကြီး ဝယ်ထည့်ပေးလိုက်သေးတာပင်...
ဟိုးအရင် အင်္ဂလိပ်ခေတ်တွေတည်းက တည်ဆောက်ထားခဲ့တဲ့ ဂုတ်ထိပ်တံတားကြီးကား ခုဆို နှစ်ပေါင်း တစ်ရာမက သက်တမ်းရှိခဲ့လေပြီ.ကမ္ဘာကျော်နေရတဲ့အကြောင်းကား အခြားတံတားတွေနဲ့ မတူပဲ...နက်စောက်တဲ့ ချောက်အကြီးကြီးကို ဖြတ်ပြီး အဲ့ချောက် ဟိုဖက်သည်ဖက်ကို တံတားလုပ်ထားတာ...အဲ့တံတားပေါ်လဲရောက်ရော..
လေတွေကလဲ တိုက်ခတ်လို့ ဘေးနံရံအကာအရံလဲမရှိ..အောက်ကို ပြတင်းကနေ ငုံကြည့်ရင်တောင် အောက်ကိုပျပျရေးရေးလေးပဲ မြင်ရတာ...အင်မတန်နက်တဲ့ချောက်ကြီးကို ငုံ့ကြည့်ရသည်မှာလဲ အသဲတွေတအေးအေးနဲ့...မ ကတော့ ကြောက်လို့လားမသိ..သိပ်တောင်မကြည့်ရဲ...
တံတားဆုံးသွားတော့ ဂူထဲ ဝင်ရပြန်သည်..ဂူထဲကလဲ မဲမှောင်လို့...တကယ့် ကို ချမ်းစိမ့်စိမ့်ပင် ဖြစ်လာရတာမို့ ရှေ့က လူတွေကိုတောင် ဂရုမစိုက်အားပဲ မ ရင်ခွင်ထဲ တိုးဝင်ရပြန်သည်...မ ရင်ခွင်ဟာ ဘယ်တော့မှ အေးစက်မသွားတဲ့ နေရာလေးပဲ မလားလေ...
....
"မေမေ နောင့် မ နဲ့ပဲ လိုက်နေတော့မယ် ဆိုင်ကို မေမေပဲ ယူလိုက်ပါတော့...မ နဲ့အတူနေဖို့ တ်ုက်ခန်းလဲရှိတယ်...မ က လစဉ် ဒေါ်လာနဲ့ လခရတယ်...နောင့် ဘဝကို မ တာဝန်ယူပေးနိုင်ပြီ..အဲ့ဒါကြောင့် မေမေ ခွင့်ပြုပေးပါ"
ဧည့်ခန်းထဲမှာ ခရီးရောက်မဆိုက် အိမ်သားတွေ စုံနေတုန်း ပြောမှ သင့်တော်မည်မို့ သူမ ပြောလိုက်ပုံက ခွင့်တောင်းတာလား...ဒါမှမဟုတ် အသိပေးတာလား မပြောတတ်...
ကြမ်းပြင်ပေါ် ဒူးထောက်လိုက်တာမို့ မ လဲ သူမလိုပဲ လိုက်ထောက်နေတာ...အပါးကတော့ အံ့သြနေဟန်ဖြင့်...မေမေကတော့ ဘာမှမပြော...ကိုကိုတော့ ပြုံးပြရုံသာ...
"ခွင့်ပြုပေးပါ အန်တီ...သမီး ယောက်ျားတစ်ယောက်မဟုတ်ပေမယ့် သဲကို တာဝန်ယူနိုင်ပါတယ်...သဲ စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိစေရမယ်လို့လဲ ကတိပေးပါတယ်...သဲ ကားစီးချင်တယ်ဆိုလဲ သမီး ဝယ်ပေးနိုင်ပါတယ်"
မ က ဝင်ပြောတော့ မေမေ နှုတ်ဆိတ်နေသည်....သူမကပဲ မနေနိုင်တော့တာကြောင့်