12

931 92 0
                                    


.
.တကယ့်တကယ်ကြီး ပြောရလိမ့်မယ်ဆိုတော့ ဘယ်လိုကြီးမှန်းကို မသိ....စိတ်ထဲ တစ်ခုခုကို ရှက်နေသလို...ကြောက်နေသလိုနဲ့....စိုးရိမ်မှုတွေကလဲ ရှိနေသည်..
ကိုယ်မှ မဦးလျှင်လဲ သူများလက်ထဲ ပါသွားမည်လေ....
ကိုယ်ပိုင်ရမယ်လို့ တွေးထင်ခဲ့ဖူးတဲ့ အရာကို ကိုယ်ကခြေတစ်လှမ်းနောက်ကျတာနဲ့ တစ်ခြားလူက ကိုယ့်မျက်စိရှေ့တွင် ရယူ သွားတဲ့ အဖြစ်မျိုးကိုမလိုချင်...
မ ကို ချစ်လား မချစ်လား မရေရာ မသေချာပေမယ့် မ ကို သူများလက်ထဲတော့ အပါမခံနိုင်ပါဘူး..
"မ"
"ရှင်....ဘာပြောမှာလဲ သဲ ရဲ့ မ မ လို့ပဲ ခေါ်နေတော့တာပဲ"
"သဲလေ....မ ကို.."
အဲ့နားရောက်ပြိဆို စကားက ဆက်မရတော့....
"ဘာလဲ သဲရဲ့ သဲက မ ကို ဘာဖြစ်လဲ"
"အပြင်မှာ တွေ့ချင်တယ် မ"
ပါးစပ်က ထွက်မယ့်ထွက်တော့လဲ တလွဲတချော်.. ..
ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ပလိုက်ချင်သည်...မ ဖက်မှ ရယ်သံ ကြားနေရသည်...သူမ စကားက မ တွက် ရယ်စရာများ ဖြစ်သွားလေသလား...
"မ '
"ရှင် သဲ"
ထူးတာတောင် ရယ်ရိပ်လေး ထွက်နေပါသည်..
"မ ရယ်နေတာလား သဲ က တွေ့ချင်တယ် လို့ ပြောတာ ရီစရာ ဖြစ်နေလို့လား"
"မဟုတ်ပါဘူး သဲကလဲ..တွေ့ချင်တယ်ဆိုတာ ခုချက်ချင်းပြေးလာတွေ့လို့ မရသေးဘူးလေ.."
"မ လိပ်စာပေးခဲ့ သဲ လာပြမယ်"
"ဟဟ ဟုတ်ပါပြီ.သဲရယ်....ညနက်ပြီ အိပ်ရအောင်"
"ဟင် မအိပ်သေးနဲ့လေ စောသေးတာ"
"မ က မရတော့ဘူး အရမ်းအိပ်ချင်နေပြီ"
"ဟုတ်ပါပြီ မ ရယ်....ပုံနဲ့ လိပ်စာတော့ ပို့ခဲ့ပါဦးနော်"
"အင်း ဒါပဲနော်"
ထုံးစံအတိုင်း ချက်ချင်းချပစ်လိုက်သည်...
မနက်က အလုပ်ရောက်စဉ်က ရုံးမှာ ရိုက်ထားသော ပုံကို ပို့ပေးလိုက်သည်...ပြီး သူမရဲ့ လိပ်စာကိုလဲ ထည့်ပေးလိုက်သည်...
မိသဲ ဘာလုပ်မလို့ပါလိမ့်
ဒီည စကားပြောတာလဲ ဘာဖြစ်နေမှန်းလဲ မသိ...လိုင်းမကြည်လို့လားဆိုလဲမဟုတ်..
ဘာပဲ ဖြစ်ဖြစ်ပါ...သဲ အသံလေး ကြားလိုက်ရ၍ ရှိသမျှ အမောတွေပြေပြီးတော့မှ အိပ်ရင်လဲ အိမ်မက်တွေ လှနေတော့မည်ကား...အမှန်ပင်...
.
.တစ်ဖက်က ပုံနဲ့ လိပ်စာ ပို့ပြီး မ တကယ်ပင် လိုင်းဆင်းသွားတော့ သူမ စိတ်ထဲ မတင်မကျနဲ့ အခန်းထောင့်က ကိုယ်လုံးပေါ် မှန်ကြီးရှေ့ သွားရပ်လိုက်သည်....မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ပုံကိုယ် ပြန်ကြည့် ပြီး
ဆိုင်နွန်း စုတ် မင်း လက်နှေးနေရင် မ ကို ဆုံးရှုံးလိုက်ရမယ်
မင်း တွေဝေနေရင် မနဲ့ဝေးရလိမ့်မယ်...
ငါ အခု ဘာဖြစ်နေပါလိမ့် ..
ငါ ဘာလို့ မ ကို ချစ်တယ် လို့ မပြောလိုက်တာလဲ...
ဟူး.....ခုလို လိုင်းပေါ်မှာ တွေ့တာခင်တာတောင် ဘယ်လောက်မှ မရှိသေးဘူး...ချစ်တယ် လို့ ပြောလိုက်ရင် မ ငါ့ကို အထင်သေးသွားမှာမျိုးလဲ မလိုချင်ဘူး..ငါလဲ အရင်က လိုင်းပေါ်က အချစ်ဆိုတာ ကို မယုံကြည်ဘူး...ပြီး မိန်းကလေးချင်း ကြိုက်တယ် ချစ်တယ် ဆိုတာကို မ ဖက်ကလဲ နားလည်နေတဲ့သူ ဟုတ်ချင်မှ ဟုတ်မှာပါ..
ငါကလဲ ခုထက်ထိ ရည်းစားဆိုတာသာ ထားဖူးနေတာ ဘယ်လိုအချစ်လဲ...အချစ်ဆိုတာ ဘာလဲ ဆိုတာ သေချာသိတာ မဟုတ်ဖူး...ကျေးဇူးပြု၍ မ သဲ ကို စောင့်ပေးပါနော်
သဲ သေချာတဲ့နေ့ကျရင် မ ကို ချစ်ရေးဆိုတဲ့အခါ မ ဆီ မှာ ပိုင်ရှင်ရှိပြီးသား ဖြစ်မနေပါစေနဲ့ လို့ပဲ ဆုတောင်းပါတယ် မရယ်.
.ဘာလိုလိုနဲ့ သူမနဲ့ မတို့ ညတိုင်းလိုလို စကားပြောဖြစ်ကြသည်....ပုံတွေ အချင်းချင်းဖလှယ်ကြသည်...
ကျောင်းမှာလဲ ဘာ ပြသနာမှ မဖြစ်တော့..အရင်လို သူငယ်ချင်းတွေနဲ့ လည်လား ပတ်လား...ခုဆို မှုံကပါ သူမတို့ အဖွဲ့နဲ့ အသားကျနေပြီလေ...
ဒီနေ့လည်း မှုံမွေးနေ့ ဆိုသောကြောင့် အားလုံးစုပြီး မြို့အဝင်က ရန်တိုင်းအောင် ဘုရားကို လာကြသည်...သူမ ကားနဲ့ အိုက်ထွေးကား နှစ်စီးပေါ့...
ဘုရားပေါ်တွင် မှုံက သူ့ရဲ့ မွေးနံ သောကြာထောင့်တွင် ဖယောင်းတိုင် ဆယ့်ခြောက်တိုင်ကို စိုက်နေသည်...သူမ က
"မှုံ"
အော်လိုက်သော ကြောင့် မှုံ လှည့်ကြည့်လာသည်...အပြုံးမရှိ ပကတိ တည်ငြိမ်စွာနဲ့ လျပ်တပြက် လှည့်လိုက်သော ပုံကို အမိအရ ပုံရိုက်လိုက်တော့ မှုံ မျက်နှာကြီး နီရဲသွားသည်..
"ဟာ...အစ်မ ဘာလို့ ရိုက်တာလဲ"
"မှုံ အရမ်းလှနေလို့လေ"
"မှုံမှ မရိုက်ချင်တာ"
"တို့ ရိုက်လိုက်ပြီလေ...အမှတ်တရပေါ့ မှုံရဲ့ ဆယ့်ခုနှစ်နှစ်ပြည့် မွေးနေ့လေးမှာ ပျော်ရွှင်စရာတွေ ဖန်တီးပေးမယ်နော် ခုတော့ ဘာလက်ဆောင်မှ မပေးသေးဘူး"
စကားပြောရင်း မှုံနဲ့အတူ ဆီမီး ကူထွန်းပေးလိုက်သည်...လေက တစ်ဖြူးဖြူးတိုက်ခတ်နေသောကြောင့် မီးထွန်းလိုက် ငြိမ်းသွားလိုက်နဲ့မို့ အချိန်တွေ ကြာနေရသည်...
"လေကလဲ တိုက်လိုက်တာ နော် မှုံ ဘယ်လို မီးပူဇော်ရမလဲ မသိတော့ဘူး"
"အကုန်ထွန်းလိုက် မှုံ ဘုရားရှိခိုးပြီးသည်ထိ ဆီမီး မငြိမ်းစေရဘူး တို့ လုပ်ပေးမယ်"
"ဟင် ဘယ်လိုလုပ်ပေးမှာလဲ"
"ကြည့်ထားလေ"
ခေါင်းလောင်းကြီး နားမှာ ဝိုင်းဖွဲ့ထိုင်၍ စကားများနေကြသော အိုက်ထွေးတို့အုပ်စုအား လက်ယပ်ခေါ်လိုက်သည်...သူတို့ကလဲ ဘယ်သူ့ကို ခေါ်မှန်းမသိ၍ သူလာနိုး ကိုယ်လာနိုးနဲ့ ဟိုကြည့်သည်ကြည့် လုပ်နေကြတော့ သူမ စိတ်မရှည်...
"အကုန်လုံးလာကြ"
အော်လိုက်တော့မှ ထိုင်နေရာက ထလာကြသည်...အနားရောက်တော့
"တစ်ဖက် ငါးယောက်စီ ဒီမီးကို ကာထားပေးရအောင် လေအရမ်းတိုက်တော့ မှုံ ဘုရားရှိခိုး မီးပူဇော်ရင် မီးငြိမ်းသွားမှာ စိုးလို့ "
-ရပါ့မလားဟ"
"ရတယ်လေ ပိတ်ရပ်လိုက်ကြ ဒီမှာကြည့်"
သူမတို့ တဖက် ငါးယောက်စီ တန်းရပ်လိုက်ကြတော့ မီးတောက်မီးလျှံ ကလေးတွေက သိသိသာသာ ငြိမ်သွားသည်...ထိုအခါမှ မှုံက ကျေးဇူးတင်လှစွာသော အကြည့်ဖြင့် အားလုံးကို ကြည့်ပြီး
"မှုံ ပူဇော်လိုက်မယ်နော် အစ်ကိုတို့ အစ်မတို့ ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် ကလေးရဲ့ လုပ်တော့လေ"
အေးလှရီက အပြုံးနဲ့ ဝင်ပြောလိုက်တော့ မှုံ ရိုကျိုးစွာ ဦးညွှတ်ပြလိုက်ပြီး ရှိခိုးတဲ့နေရာမှ သေသေသပ်သပ် ပဆစ်တုပ်ထိုင် ထိခြင်းငါးပါးနဲ့ မျက်စိမှိတ်ကာ ဘုရားအာရုံပြု ရှိခိုးပူဇော်နေသည်....
သူမ တို့ ငါးယောက်စီ ကာထားတော့ ဖယောင်းတိုင် မီးညွှန့်ကလေးတွေ ယိမ်းထိုးလှုပ်ရှားခြင်းမရှိ...ဘုရားလာသူ အချို့က မြန်မာ ဝတ်စုံကလေးတွေနဲ့ ကျက်သရေရှိရှိ ဘုရားပေါ်မှာ ရှိနေကြတဲ့ သူမတို့ အဖွဲ့အား ငေးကြည့်သွားကြသည်...အထူးအဆန်း ပင် ဖြစ်နေသလားတော့မသိ...ကောင်လေးငါးယောက် ကောင်မလေး ငါးယောက် က တစ်ဖက်စီ ပိတ်ရပ်နေကြပြီး မိန်းကလေးတစ်ယောက်က ဘုရားရှိခိုးနေသည်ကို တစ်ချို့က ရပ်၍ပင် သေချာကြည့်သွားကြသေးသည်..
မှုံ ဘာတွေ ရှိခိုးပူဇော်နေသည်မသိ...အကြာကြီးပဲ....ကျန်သူတွေကလဲ တိတ်ဆိတ်ငြိမ်သက်စွာ စိတ်ရှည်ရှည်နဲ့ ရပ်ပေးနေကြသည်....ခါတိုင်းဆို ဗရုတ်ကျကျ နေတတ်သော သူမတို့ အဖွဲ့ မှုံချယ်ရီဦး နဲ့ တွေ့မှပဲ ဘုရားပေါ်တွေရောက်လို့...
သူမတို့ မိန်းကလေးတွေက ရှမ်းဝတ်စုံဆင်တူ အိုက်ထွေးတို့က ရှပ်ဖြူ ယောပုဆိုးကလေးတွေ ကိုယ်စီ...
မှုံကတော့ အနီရောက် ဓနုဝတ်စုံကလေးနဲ့ မို့ အသားဝင်းဝင်းလေးထဲမှာ မှုံနေအောင်လှသော သူမနဲ့ အရမ်းကို လိုက်ဖက်နေပါတော့သည်..
"ကျေးဇူးတင်ပါတယ် နော်.....မှုံ ကို အခုလို ပါရမီဖြည့်ပေးတဲ့တွက်ပါ"
ဘုရားရှိခိုးပြီး အလှူငွေထည့်တဲ့အခါ မှုံက သူ့ရဲ့ ဖေဖေမေမေ အမည်နဲ့ သုံးသောင်း
သူမ အမည်နဲ့ တစ်သောင်း
ဆိုင်နွန်းတို့ သူငယ်ချင်းတွေအားလုံးအဖွဲ့အမည်နဲ့ တစ်သောင်း စုစုပေါင်း ငါးသောင်းလှူလိုက်သည် ....
မှုံ့လို ကလေးသာသာ ကောင်မလေးကို သူမတို့ မလေးစားပဲ မနေနိုင်ပါ..
နဂါးရုံဘုရားဖက်သွားတော့ အိုက်ထွေးက
"ပုံရိုက်ရအောင်လေ "
"ရိုက်လေ"
ပုံရိုက်ဖို့ဆို နှစ်ခါ မညှိရသော သူမတို့အဖွဲ့ ကြောင့် မှုံ့မှာ ဘာမှမပြောသာပဲ ငြိမ်နေလိုက်ရသည်...
အိုက်ထွေး ယူလာတဲ့ ကင်မရာနဲ့ ဘုရားပေါ်မှာ တွေ့တဲ့ သူတစ်ယောက်ကို အဖွဲ့လိုက် ပုံရိုက်ခိုင်းလိုက်သည်...
ခုံတန်းလေးတွေမှာ ထိုင် စလိုက် နောက်လိုက်နဲ့...
ဒီနေ့ ကျောင်းပိတ်လို့ တော်သေးတာပေါ့...ဆရာတွေ ပညာရေးစနစ် ပြောင်းလဲဖို့အတွက်ဆိုလား သင်တန်းတွေ သွားတက်ကုန်တော့ ကျောင်းကို လေးရက်ဆက် ပိတ်ထားတယ်လေ...
"ကဲ ...ကဲ...ငါ့အိမ်ကို လိုက်ခဲ့ကြ နေ့လည်စာကျွေးမယ်"
ဒီဖက်မှာ သူမတို့အိမ်ရှိတာကြောင့် ဖိတ်ခေါ်လိုက်သည်...
အားလုံးက ဟေးခနဲ သဘောတူပေမယ့် မှုံက မပါတာကြောင့်
"မှုံ ဘာဖြစ်တာလဲ"
ခမ်းဝါက သတိထားမိသလို မေးတော့ မှုံရယ် ညိုးငယ်နေတဲ့ မျက်နှာကလေးဖြင့်
"မှုံက အစ်မတို့ကို ဒီနေ့လည်စာ တစ်ခုခုကျွေးမယ်လို့ ဆုံးဖြတ်ထားတာကို"
"ဪ...မှုံရယ်....ကျွေးရမှာပေါ့ လောလောဆယ် ခုနေ့လည်စာကို ဆိုင်နွန်းအိမ်မှာသွားစားမယ်. ညစာ ကျန်သေးတယ် လေ..ညစာကို မှုံက ဟင်းဟင်း ကောင်းကောင်းကျွေးရမယ်
ကိုယ်တို့ ပြောထား ကြံထားပြီးသားပါ..."
အိုက်ထွေးက ဝင်ပြောပြန်သည်...စိုင်းခေးကလဲ
"ဟုတ်ပ ဝမ်းနည်းမနေနဲ့ မှုံရေ....ညကျမှ ရှင်းထားတာ တော့ ကုန်ပါပြီလို့ နောင်တမရကြေးနော်"
တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောကြတော့မှုံ မျက်နှာ လန်းလာသည်..
ဆိုင်နွန်းက သူတို့ စကားပြောနေကြတော့ လိုင်းပေါ်တက်ကြည့်သည်..
သူမ ပျော်နေတဲ့အချိန်လေးကို မဆီ မျှဝေချင်မိသည်...
ထင်သည့်အတိုင်းပင်... သူမရဲ့ အင်မတန် အလုပ်မှာ လေးစားတိကျတဲ့ မက လိုင်းပေါ်မှာ ပင်မရှိပါ...မနက်တိုင်း မောနင်း ပို့နေကျ ပြီးရင် ဆုံရင် vc ပြောဖြစ်ပြီး မဆုံရင် မ က တစ်ကြောင်း တည်းသော မောနင်း ဆိုတာသာ ပို့ပြီး လိုင်းဆင်းနေကျပင်...
မ ဆီကို သူမတို့ အဖွဲ့လိုက်ပုံ ပို့လိုက်ပြီး
"မ သဲ ဘေးက ကောင်မလေးရဲ့ မွေးနေ့လေ...
မှုံချယ်ရီဦး တဲ့ အရမ်းလှတယ်နော် ဓနုမလေး မရဲ့ ရိုးသားပြီး ဖြူ ဖြူ စင်စင်ကောင်မလေးပါပဲ တစ်နေ့ကျ မ နဲ့ မိတ်ဆက်ပေးမယ်နော်"
ပုံရောက်သွားပြီးတော့မှ တစ်ခု သတိရသွားသည်...ပုံရိုက်တိုင်း သူမ ဘေးမှာ အမြဲတမ်းအိုက်ထွေး ရပ်တတ်တာမို့ ခုလဲ အိုက်ထွေးက သူမဘေးမှာ ပူးကပ်စွာရပ်နေသည်...လက်ချထားသော ကြောင့် သေချာမကြည့်ပဲ လျပ်တပျက် ကြည့်ရင် လက်တွဲထားသလားလို့တောင် ထင်ရသည်...
ဟုတ်သား...ပုံက ရောက်သွားပြီပဲ...မ များ ငါနဲ့ အိုက်ထွေးကို အထင်များလွဲနေလေမလား.မသိ..
စိုးရိမ်စိတ်က တန်းခနဲ..
ဪ...ငါမှ မကို ချစ်တယ် မပြောရသေးတာပဲ
မ ဘာမှမသိလောက်သေးပါဘူးလေ...
နေ့လည်စာကို သူမအိမ်ခေါ်ကျွေးလိုက်သည်ဆိုတာက သူမတို့ သူငယ်ချင်းတွေ ကြိုစီစဉ်ပြီးသားပင်...မေမေကလဲ မှုံကို မြင်တာနဲ့ပင် ချစ်လွန်းလို့ ...သမီး..သမီးကနေကို ပါးစပ်ဖျားကမချတော့.. မနက်အစောကြီး Sun moon မှာ မွေးနေ့ကိတ်ကို ပြေးယူပြီး ရေခဲသေတ္တာထဲ ထည့်ထားသည်...မှုံလာမှ သူမတို့ တစ်တွေ ဖယောင်းတိုင်ထွန်းကာ ဟက်ပီးဘတ်ဒေး သီချင်းဆိုပေးလိုက်ကြသည်..
မှုံကတော့ မျက်ရည်လေးဝဲလို့ ပြောရှာပါသည်..
"မှုံ တစ်သက်လုံး ခုလို မွေးနေ့ မလုပ်ဖူးဘူးရှင့် ကိတ်လဲ တစ်ခါမှမခွဲဖူးဘူး မှုံမွေးနေ့ရောက်တိုင်း ဘုန်းကြီးဆွမ်းကပ် လှူပဲလှူ ခဲ့ဖူးတာရယ်"
ဟုတ်မှာပါလေ...မှုံတို့က တကယ့်ကို ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှု ရိုးရာဓလေ့ကို ချစ်မြတ်နိုးတဲ့သူတွေကိုး...
ထမင်းစားပြီး အိမ်ရှေ့မှာ ထိုင်ပြီး ညနေပိုင်းတွက် အစီစဉ်ဆွဲကြသည်..
"တို့ ဘယ်သွားရင်ကောင်းမလဲ မှုံ ဘယ်သွားချင်လဲ"
ဆိုင်နွန်းက အများသဘောကို မေးနေသလိုနဲ့ တကယ် ဦးစားပေးက မှုံ ဖြစ်နေသည်..
"မှုံ မှ မသိတာ အစ်မနဲ့ ရုပ်ရှင်ကြည့် ပန်းခြံလောက်ပဲ ထိုင်ဖူးတာလေ...အစ်မတို့သဘောလေ"
ထိုအခါ အေးလှရီက
"ဟူးမွန်ဆည် သွားမလား"
ဟုပြောတာကို စိုင်းခေးက သူ့ရဲ့ချစ်လှစွာသော မိန်းကလေးကို ဆန့်ကျင်စွာ
"ဝေးတယ်...ဘာမှလဲ ရှိတာမဟုတ်ဖူး ဝိုင်သောက်ရအောင်လဲ ခုမှ ထမင်းစားပြီးကာစ"
မြေခမ်းက
"ရေကန်တောင်ကော"
"ပျင်းစရာကြီး"
"နမ့်မော်ဖား"
"No"
ဘာတစ်ခု အဆင်မပြေ ညှိမရသောအခါ ဆိုင်နွန်းကပဲ အစဖော်ပေးတဲ့သူ ပီပီ
"ကဲ ငြင်းမနေကြနဲ့တော့...ရှန်ခိုက်သွားမယ်"
",ဟင် ဒီအဝတ်ကြီးတွေနဲ့.."
"ဒီပုံစံတွေနဲ့."
"အေးပါတယ်ဆို"
သကောင့်သားတွေ ငြင်းချက်က ဟိုးဖက်တောင် လွန်နေပါပြီ..သူမ စိတ်က သိပိမရှည်ချင်တော့
"အဝတ်လဲလို့ရတယ်....ရှန်ခိုက်က မှုံမရောက်ဖူးသေးဘူး..ခုလိုအဖွဲ့တွေနဲ့မှ ပျော်စရာကောင်းတာ.ရေဆော့ရအောင် ငါတို့ရောက်မှာက တစ်နာရီလောက်ဆိုတော့ နေပူပူနဲ့ အေးမှာ မဟုတ်ဖူး...လျှာပတ်ရှည်မနေနဲ့ အဲ့ပဲ သွားမယ် ခုအဝတ်ပြန်လဲကြ ငါက မှုံကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား"
အမိန့်ပေးသံလား...တိုက်တွန်းနှိုးဆော် သံလား မသဲကွဲတော့ပါ...ဒီလိုကျ အားလုံးက လက်ခံသဘောတူကြသည်..
ညနေပိုင်း ရှန်ခိုက်မှာလဲ ဆူဆူညံညံ ရေကူးကြ ဆောကြနဲ့ ပြန်လာတော့လဲ KTVမှာ ကာရာအိုကေ သွားဟစ်ကြ ဒီတစ်ခါတော့ မှုံရှင်းရပြီပေါ့ ညစာစားရင်းသောက်ရင်းနဲ့ ည နက်မှ ပြန်မယ်လုပ်တော့ တော်သေးသည်...မှုံ့အဆောင်တံခါးပက်ပိတ်လို့...အဆောင်မှူးကို ဖုန်းဆက်ပြီး တံခါးထဖွင့်ခိုင်းရသေးသည်...မှုံကို အမြဲတမ်း.အေးအေးလေးနေတတ်လို့ အဆောင်မှူးက ဘာမှမပြောပဲ အသာတကြည်ဖွင့်ပေးတာနေမည်....
မှုံကို ပို့ပြီး ပန်းခြံမှာ သူမတို့ ပျော်လွန်းနေတာ အရှိန်မရပ်သေးတော့ တစ်ဆက်ရှင်လောက် ဝင်ဟစ်ကြသေးသည်...သူမတစ်ယောက်တည်း ပြန်မှာကို အိုက်ထွေးက စိတ်အချ၍ သူတို့ ယောက်ကျားလေးတွေအကုန် သူမ အိမ်ထိပို့ပေးပြီးမှ ပြန်သွားလေသည်...
ကားကို အိုက်ထွေးမောင်းလာပေးလို့တော်သေးတာပေါ့..
သူမ ရီဝေဝေဖြစ်နေပြီလေ...
မသောက်တာ ကြာလို့လားမသိ....မှုံကလွဲ အကုန်ကဲကြသော သူမတို့ ဘယ်နှစ်ပုလင်းရှိသွားလဲမသိ...မှုံကတော့ အအေးတစ်ပုလင်းတည်းနဲ့ ပျော်တပြုံးပြုံး သူမတို့ သီချင်းဆိုတာကို လက်ခုပ်လေးတီးလို့ အားပေးနေသည်.လေ...တံခါးလာဖွင့်ပေးတဲ့ ကိုကိုက
"ဆိုင်နွန်း မေမေ ဘုရားရှိခိုးနေတုန်း မြန်မြန် အခန်းထဲဝင်အိပ် ကားယူသွားပြီး ညနက်ထိပြန်မလာလို့ စိတ်တွေပူနေတာ ဖုန်းဆက်လဲမကိုင်ဘူး....ခု ပြန်လာတော့ သောက်လာလိုက်တာကွာ ဟန်တောင်မဟန်နိုင်ဘူး သွားသွား"
"ကိုကိုကလဲကွ်ာ တစ်ခါတလေကို"
"တိတ်တိတ်နေ မြန်မြန်တက်"
သူမ အခန်းထဲကို တိုးတိုးတိတ်တိတ်ပဲ ပြောပြီး ကိုကိုလိုက်ပို့ပေးတာမို့ အခန်းထဲ ရှောရှောရှူ ရှူ ရောက်လာတာပင်...
ဖိနပ်ကို တော်ရာမော်ရာ ချွတ်ချ ဖုန်းဖွင့် လိုင်းပေါ်တက်ကြည့်တော့ မက Online ဖြစ်နေသည်...စာတော့ပို့ထားသည်..
"လှတာတော့ အရမ်းလှတယ် သဲရ
ဒါပေမယ့် မ ရဲ့ သဲက ပိုလှနေသလို
အကုန်လုံးချစ်စရာလေးတွေပါပဲ မြင်ရတာ မျက်စိအေးတယ်
သဲ အအျော်မလွန်စေနဲ့ဉိးနော်"
တဲ့...မ က ကြို.သိနေသလမသိ..
"မ"
Seen တန်းမပြ...စောင့်နေသော်လဲ ငါးမိနစ်လောက်ထိ အဲ့တိုင်းပင်.စိတ်တိုလာသည်...
မ က ဘာလုပ်နေတာလဲ..
ကြူ နေတာလား
ငါ့စာကို မဖတ်ရအောင်က...
လှိမ့်လုံး ငေါ့လုံးတွေနဲ့ အတွေးက ယောက်ယက်ခတ်နေပြီလေ..
ထို့ကြောင့် voice call ခေါ်လိုက်သည်..
မက ညဆို ဘယ်တော့မှ ဗီဒီယိုကော မပြော..
မနက်တွေမှသာ ပြောသည်လေ...ဒါတောင် ချက်ရင်းပြုပ်ရင်းနဲ့ ပြောတာ
မကိုင်...ကျ ကျ သွားတာချည်း...
သူမ ဇွဲရှိရှိနဲ့ အခါ နှစ်ဆယ်လောက် ခေါက်ပြီး သည့်အခါမှ နောက်ဆုံးအကြိမ်မှာ ကိုင်လာသည်..
"ဟလို မ "
"အင်"
အင်းဆိုပြီး ဘာတွေ လုပ်နေသည်မသိ...လေသံတွေပဲ ကြားနေရသည်..
"မ ဘာလုပ်နေတာလဲ ခုမှ"
"မ လိုင်းဖွင့်ပြီး အပြင်ရောက်နေလို့"
"ဘယ်သွားနေတာလဲ"
"မသွားပါဘူး အပြင်ဆိုတာ အိပ်ခန်းအပြင် ဧည့်ခန်းမှာ အလုပ်က ပါလာတဲ့စာရင်းတွေ စစ်နေတာ"
"ဘာလို့ လိုင်းက ဖွင့်ထားရတာလဲ"
"ခဏ နော် သဲ မ ဖုန်းလာနေလို့ ကိုင်လိုက်ဦးမယ်"
သူမ ဖက်က ဖုန်းကို ချလိုက်ပြီး လိုင်းပါ ဆင်းသွားသည်..
ဟင်...ဒီချိန်ကြီး မ ကို ဖုန်းခေါ်တာ ဘယ်သူ ပါလိမ့်..
မ ကလဲ ငါနဲ့ပြောနေတာတောင် အဲ့လူနဲ့ ဖုန်းပြောဖို့ ငါ့ကိုဖြတ်ချသွားတယ်..
အဲ့လူနဲ့က ဘာလား...
မ ချစ်သူများလား...မ ပြောတော့ မရှိဘူးဆို
ငါ့ကို ညာတာလား...ခုဖုန်းဆက်တဲ့သူက ဘယ်သူပါလိမ့်
မရ...မ မှာ ချစ်သူများ ရှိနေခဲ့ရင် ဆိုတဲ့အတွေးက သူမရင်ကို အဆမတန် အခုန်မြန်နေစေသည်... ဝမ်းနည်းသလို စိတ်တိုသလိုနဲ့ ခံစားရခက်ကြီး ဖြစ်နေသည်...
မ ကို လိုင်းပေါ်ကနေ စောင့်နေမိသည်....နာရီဝက်လောက်ကြာမှ ပြန်တက်လာသည်....
"မ လာပြီ သဲ"
"😭😭😭😭"
"ဘာလို့ ငိုတာလဲ ဟင် သဲ"
"😫😫😫😩"
Sticker ပဲ ပို့နေတော့ မ ဖက်က vc ခေါ်လာခဲ့သည်....ကိုယ်စိတ်နဲ့ကိုယ် ဒေါသထွက်နေတာမို့ မကိုင်ချင်....
ထပ်တလဲလဲ ခေါ်နေတော့ ဆောင့်အောင့် ကိုင်လိုက်သည်..
"ဟလို သဲ ဘာဖြစ်တာလြ့"
"ဘာဖြစ်ဘူး"
"ငိုနေတာလား"
"မငိုဘူး"
"ဘယ်လိုဖြစ်နေတာလဲ စကားသံက ဆောင့်အောင့်နေတော့တာပဲ"
"မကြားချင်လို့လား"
"မဟုတ်ပါဘူး"
"မကြားချင် မခေါ်နဲ့ပေါ့"
"ကောင်းကောင်း ပြောလေ"
မပြောနိုင်ပါဘူး..မ ကို စိတ်တိုနေတာလေ...သဲကိုပစ်ထားတာကိုး
"သဲ"
"......"
"မ အိပ်တော့မယ်"
အဲ တကယ်ကြီး မ အိပ်တော့မယ်ဆိုတော့လဲ မရသေး
"နေဦးလေ"
"ညနက်ပြီကော သဲ လဲအိပ်တော့"
"သိပ်ပါ"
"မ ဒီညစိတ်မပါဘူး နားလည်ပေးပါ"
"မရပါဘူး ညတိုင်းသိပ်နေကျကို"
"ဒီတစ်ညလေးပါသဲ တောင်းဆိုတာပါနော်"
"သဘောလေ...ဒါပဲ"
မ ဘာဖြစ်နေမှန်းလဲ မသိတော့...အသံက နွမ်းလျလျ..
"သဲ မ အပေါ် စိတ်ခုစရာရှိနေရင်လဲ ပြောနော် မ က အလိုက်မသိတတ်လို့ပါ"
"မရှိပါဘူး သဲကသာ မကို အလိုက်ကန်းဆိုးမသိတောင်းဆိုနေတာ"
"မ လဲ ကတိပေးထားတာကိုး သဲ မမှားပါဘူး"
"မ"
"ရှင့်"
"ခဏ ဘယ်သူလဲ ဖုန်းခေါ်တာက"
"ကျောင်းအတူတက်ခဲ့တဲ့သူပါ"
"မ ချစ်သူလား"
"မဟုတ်ပါဘူး"
မဟုတ်ပါဘူး ဆိုတဲ့အသံကိုက စိတ်မသက်သာစွာ ပြောနေသံ ကြားရသည်...
သူမရင်တွေ ဒိန်းခနဲ
"မ"
"ရှင့် ပြောပါသဲ"
"မကို သဲ ပြောစရာရှိတယ် "
"ပြောလေ"
"မ မှာ တကယ် ရည်းစားမရှိဘူးလား"
"မရှိပါဘူး"
"ခဏကလူကော"
အကင်းပါးလှစွာ သူမ အကွက်ရိုက်ကာ မေးလိုက်သည်...မ က ရိပ်မိပုံမပေါ်
"သူက မ ကို ချစ်နေတာ ကြာလှပြီ မဖက်က သူငယ်ချင်းလိုပါပဲ"
"ကောင်လေးလား ကောင်မလေးလား"
ဒီမေးခွန်းက မ ဟာ same sex ကို လက်ခံလား မခံလားကို သိချင်လို့ တမင်မေးလိုက်တာပင်..
"ကောင်လေးပါ "
"မ မချစ်ဖူးပေါ့"
"ဟင့်အင်း"
"ဘာလို့လဲ"
"အချစ်ဆိုတာ မေးခွန်းမှ မဟုတ်တာ...မ မပြောတတ်ဘူး မချစ်လို့ပေါ့"
"ချစ်တယ်ဆိုတာ မက သိလို့လား"
"သိသင့်သလောက်သိပါတယ် ညနက်ပြီ သဲ မ အိပ်ချင်ပြီ"
"သဘောပါ မ အိပ်ချင်ရင် အိပ်တော့နော်""
"အင်းသဲလဲအိပိ"
"ဒါနဲ့ မ"
"ရှင့် သဲ"
"မ ကို သဲ ချစ်တယ် သဲကို အိမ်မက်ထဲမှာ ထည့်မက်ပေးပါနော်"
ဒီစကားပြောပြီးတာနဲ့ လိုင်းတစ်ခါတည်းပိတ်လိုက်သည်...
မတော့ ကြောင်သွားမှာသေချာသည်. .
ရှက်တာကိုးလေ...
မ ကို ချစ်တယ် လို့ပြောလိုက်တဲ့အခိုက်အတန့် လည်ပတ်နေတဲ့ ကမ္ဘာကြီး တောင် ရပ်ဆိုင်းသွားသလို..
မ ကို ချစ်တယ်
မ ကို ချစ်တယ်
မ ကို သဲ အရမ်းချစ်တယ်
.
.
.Next to o==[]::::::::::::::::>
Zawgyi

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now