.
.
"မ ...."
"သဲ တစ်ယောက်တည်းလား"
"ဟုတ်"
နှစ်ဦးသား ခပ်လှမ်းလှမ်းမှာ ရပ်ပြီး စကား ဘာပြောရမှန်းမသိ ဖြစ်နေကြလေသည်...လိုင်းပေါ်မှာ ဘယ်လောက်ပဲခင်ခင် အပြင်မှာတော့ သူစိမ်းပြင်ပြင်ကြီးလေ...ခုမှ ပထမဆုံးတွေ့တာဆိုတော့ နှစ်ယောက်လုံး ခြေဖျားလက်ဖျားတွေ အေးးစက်နေကြမည်မှာ အမှန်....ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ချစ်နေကြတော့ ရင်တွေလဲ တစ်ဒိုင်းဒိုင်း ခုန်နေကြမှန်း ကိုယ့်ကိုကိုယ်သာ သိကြမည်...
လမ်းဘေးမှာဆိုတော့ ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေကလဲ လှည့်ကြည့် လှည့်ကြည့်နဲ့....
ပြီးတော့ တစ်ချို့ ကောင်လေးတွေဆို ဘာတွေလဲ မသိ အော်သွားသေးသည်...ရွှေမန်းသားတွေ မသိပဲနဲ့လဲ အဲ့လို ဖော်ရွေချက်လေ😂😂...ကိုယ် ကြုံဖူးလို့ ပြောတာပါနော်....ရွှေမန်းသားတွေ တကယ်ခင်ဖို့ ကောင်းတာ..မသိလဲ ကူညီတတ်ကြတယ်....ရွှေမန်းသူတွေနဲ့တော့ မခင်ဖူးဘူး အပြင်မှာ...
သဲရဲ့ မကို ဘယ်သူ ကြည့်ကြည့် အကြည့်မခံနိုင်ပါ..ထို့ကြောင့်
"မ ဟိုလေ သဲ အခန်းထဲ မှာ စကားပြောရအောင်လေ "
ဟီး....ပြောသာ ပြောရတာ မ စိတ်ထဲ တစ်မျိုးထင်သွားမှာလဲ ကြောက်ရသေးတယ်လေ....သို့သော် မ က ဘာမှစဉ်းစားမိဟန်မတူပဲ လွယ်လွယ်ကူကူ ပင်
"အိုကေလေ...."
"ဒီမှာ လမ်းဘေးဆိုတော့ အဆင်မပြေဘူးလေ မရဲ့ အပေါ်မှာဆိုတော့ အေးဆေး ရှိတာပေါ့"
ကိုယ့်ဖက်က မလုံမလဲ ရှင်းပြရသေးသည်....
"အင်းပေါ့...ဟုတ်သားပဲ အပြင်ထွက်ရအောင်လဲ နေပူနေသေးတာ သွားလေ"
မ နဲ့ ဘေးချင်းယှဉ် ဟိုတယ်လ်ထဲ ဝင်လိုက်သည်..ဆိုင်နွန်းအခန်းက တတိယထပ်မှာလေ....ဟိုတယ်လ်ဆိုတော့ သိတဲ့အတိုင်း တိတ်ဆိတ်လို့နေသည်...သူမ အခန်းထဲ ဝင်လိုက်ရင်း ခဏလေးတင်မှ အိတ်တွေ ဖြစ်သလို ရောက်လက်စမို့ ကုတင်ပေါ်တွင် တင်ထားလေသည်....ကျောင်းပိတ်တာက လေးရက်...နေမှာက တစ်ရက် နှစ်ရက်လောက်လေးနဲ့ သူမ ယူလာတဲ့ အိတ်က အကြီးကြီး....အင်္ကျီတွေကလဲ အစုံလိုက်ပင်...
တိုလိုမုတ်စ ထည့်လာတဲ့ အိတ်တွေကလဲ ရှိသေးသည်လေ.
မ က ဆိုဖာခုံရှိရက်နဲ့ မထိုင်ပဲ မတ်တပ်ရပ်လျက်သား ရှိနေတော့
"မ ထိုင်လေ "
ထိုအခါမှပဲ ဆိုဖာပေါ် ထိုင်ပြီး ဘေးဘီဝဲယာ ကြည့်နေလိုက်သေးသည်...
"သဲ ဘာလာလုပ်တာလဲဟင် "
သူမ မ နဲ့တစ်ခုံတည်းပေမယ့် ခပ်ခွာခွာ ထိုင်ချလိုက်ပြီး...
"မ နဲ့ အဆက်သွယ် ပြတ်နေတာ ကြာလို့လေ....ဟိုနေ့ညက ကိစ္စကြောင့်.."
"ဟင် .... မ ကြောင့်ဟုတ်လား"
အံ့သြဘနန်းဖြင့် သူမ ဖက်ကို ကိုယ်လှည့်ပြိး စိတ်လှုပ်ရှားစွာ မေးလိုက်တော့မှ သူမ ရှက်ရွံ့သလို ဖြစ်သွားရကာ ခေါင်းငုံ့လိုက်သည်.
"ဟုတ်ကဲ့"
"သဲ ရယ်.....မ အဆက်ဖြတ် လိုက်တာမဟုတ်ဖူး...သဲ ကို စိတ်ဆိုးတာ မဟုတ်ပါဘူးနော် အဲ့ညပြီး နောက်ရက် ဆိုဒ်ထဲမှာ မတော်တဆ ဖြစ်ပြီး ဖုန်းကျကွဲသွားလို့ ဒီနေ့ ခုနကလေးမှ အသစ်ဝယ်လိုက်တာရယ်"
ပြောရင်းဆိုရင်း မ က သူ့အိတ်ထဲမှ အသစ်စက်စက် ဖုန်းကလေးကို ထုတ်ပြလေသည်...သဲ မယုံမှာ စိုးလို့ ဖုန်းကိုတောင် ဖွင့်ပြလိုက်သေးသည်...လူအမည်မှတ်ထားသည်မှာလဲ သဲ ဆိုတဲ့ နံပါတ်တစ်ခုတည်းရယ်...
"သဲ မှ မသိတာ မ ကလဲ"
"အင်းပါ ကြည့်စမ်း ကျောင်းတစ်ဖက်နဲ့ကို မ ဆီ တစ်ယောက်တည်းလိုက်လာတယ်....တကယ်ဆို မ တို့ ဖူန်းနံပါတ်လေးတွေ ပေးထားခဲ့သင့်တာနော် တစ်ခုခုဆို လိုင်းချည်းပဲ အားကိုးနေလို့မရဘူး"
"ဟုတ်တယ်နော်...."
"သဲ ဒီကို ရောက်ဖူးလို့လား အရင်က"
"ရောက်ဖူးတယ် ညတော့ မအိပ်ဖူးဘူး ခု ပထမဆုံးပဲ ဖြတ်သွားရုံနဲ့ ဘုရားကြီးကိုပဲ လာဖူးတာရယ်"
"သတ္တိရှိလိုက်တာ သဲရယ်"
မ က နင့်နင်နဲနဲကြီး ပြောလိုက်တော့ သူမ ရင်ထဲ ဘဝင်ကျသွားသည်...မ ကြောင့်ပဲလေ.... အဲ့လိုပဲ လူတွေက ..အချစ်အတွက်ဆို အလိုလို သူရဲကောင်းတြွေဖစ်ကုန်ရော...အချစ်တွက်နဲ့ အလိုလို သတ္တိတွေ ရှိကုန်ရောလေ...
မ က အပြင်မှာ တွေ့တော့ တကယ့် လူကြီးပုံစံပေမယ့် သူမကိုတော့ စကားပြောကြည့်တာနဲ့တင် တကယ် ခင်မှန်း သိလိုက်ရပြီလေ..
သူမ ထပ်ပြီး ဖွင့်ပြောရမလား စဉ်းစားနေမိသည်..
"သဲ"
"ရှင့်"
"မ အိမ် လိုက်နေပါလား"
"ရှင် မ"
မ ဘာစိတ်ကူးပေါက်၍ သူ့အိမ်ခေါ်လဲ မသိ..
"ဒီမှာ သဲ တစ်ယောက်တည်းလေ....ဟိုတယ်လ် က လူစုံတယ် သဲရဲ့ "
"ဘာလို့လဲ မ သဲ နေရဲပါတယ်"
မ က မျက်နှာချင်းဆိုင် ဖြစ်နေရာမှ မျက်နှာလွှဲသွားသည်..ပြီးနောက်
"စိတ်မချလို့ပေါ့ သဲရယ်"
စိတ်မချလို့ပေါ့ တဲ့....ဒါဆို မက ငါ့ကို ချစ်နေတာလား..
ကိုယ်လိုရာ ဆွဲတွေးနေတာ မိသဲက..
"ဘာလို့ စိတ်မချတာလဲလို့"
"ကလေးမ....ရှင်လေးက မိန်းကလေးငယ်ငယ်လှလှလေးလေ. ဟိုတယ်လ်မှာ တစ်ယောက်တည်း လာနေရဲတဲ့ သတ္တိကို ချီးကျူးပါတယ် ဒါပေမယ့် မ တွက်နဲ့ လာတာဆိုတော့ မ တာဝန်ယူပါရစေ...ဒီမှာတည်းတော့ ပိုက်ဆံလဲ ကုန်တာပေါ့ကွ"
မ က ပြောလိုက်ရင်လည်း အဲ့လို....
"ဟို သဲက တစ်ရက်စာ ပိုက်ဆံရှင်းပြီးသား မရဲ့....ဟိုလေ..တကယ်လို့ တာဝန်ယူချင်တယ် ဆိုရင်လဲ သဲ ကို ဘုရားကြီး တို့ ကုသိုလ်တော်တို့ လောက်တော့ လိုက်ပို့ပေးပေါ့.ဒီမှာက ပိုက်ဆံရှင်းပြီးသားမို့ပါ"
ဘယ်လိုမှ ပြောမရတော့ သဲ ရဲ့ ခေါင်းကို ခပ်ဖွဖွလေး ထု လိုက်ရင်း
"သဘောပါပဲ...မ က စိုးရိမ်လို့ပြောနေတာ တစ်ရက်စာပဲ ရှင်းရသေးတာမလား....မနက်ဖြန်မနက် လာခေါ်မယ် မ အိမ်မှာနေ မ အိမ်က ဟိုတယ်လ်လောက်တော့ မကောင်းဘူးပေါ့"
"ဟုတ် ရပါတယ် မ"
"ရပါတယ်.မလုပ်နဲ့ ရကို ရရမှာ ကြားလား ဒီတညပဲနော် ဖြစ်နိုင်ရင် ဒီတညတောင် မ က သဲဆီ အဖော်လာလုပ်ပေးချင်တယ်"
မ ပြောတာက ရိုးရိုးသားသားပေမယ့် သူမ.ရင်ထဲ ဂလုံဆန်သွားရသည်.....ကိုယ့်ဟာကိုယ် အတွေးလွန်ပြီး ပါးတောင် နီရဲနေပြီလားမသိဘူး..
"ဟုတ်ကဲ့ပါ ဪ....မ မနက်ဖြန် တနင်္လာ လေ မ အလုပ်ရှိတယ်မလား"
"အင်း ရှိတယ်လေ"
အားနားပါးနာတောင် မရှိပါဘူး.. ရှိရင်လဲ အရေးမကြီးပါဘူး လို့တောင် ညာတတ်ပုံမရတဲ့ သဲ ရဲ့ မ..သူမရဲ့ မ ပါလား...
"ဒါဖြင့် အားနာစရာကြီးနော် မ က အလုပ်နဲ့ကို သဲ က လာရှုပ်သလိုဖြစ်ရပြီ"
"ရပါတယ် အလုပ်က ခွင့်တင်လို့လဲရတယ်...တစ်နေကုန်ပျက်ပြီး ညနေမှ စာရင်းသွားယူပြီး ညလုပ်ထား စစ်ထားပေးရင်ကို မနက်သွားပို့လိုက်ရုံနဲ့ ပြီးတယ် သဲ လာတုန်း မ လဲ နားရတာပေါ့....တကယ်က မ တစ်ခါမှ ခွင့်မယူဖူးသေးဘူး"
"ဟုတ်ကဲ့ မ"
မ နဲ့ စကားပြောနေရင်း.ဗိုက်က ဆာလာသည်....ပြင်ဦးလွင်မှာ ကားရပ်ပေးပေမယ့် ဘာမှ ဆင်းမစားခဲ့သော သူမ...ခုကျ ဗိုက်ကဆာလာပြီ...မှုံ ဝယ်ထည့်ပေးလိုက်တဲ့ မုန့်တွေကလဲ အိတ်ထဲမှာ....မ ရှေ့ထားပြီး ဘယ်လို စားရပါ့..
သရေစာတွေနဲ့တော့ ဗိုက်ပြည့်မည်မဟုတ်...အနီးအနား ထမင်းဆိုင်လဲ သူမ လာစဉ်က ကြည့်ခဲ့သလောက် မြင်လဲ မမြင်မိ....ဒုက္ခ တော့ လှပြီလေ...
"သဲ ငြိမ်သွားပါလား"
သူမရဲ့ တိတ်ဆိတ်မှုကို မ က သတိထားမိစွာ မေးလိုက်တော့မှ
"ဟို မ သဲ ဗိုက်ဆာလာလို့ နေ့လည်တည်းက ဘာမှမစားရသေးဘူး မ ဒီနားလေး ထမင်းဆိုင်ရှိလား"
"ဟိုဖက်မှာပဲ ရှိမယ်.ကြည့်စမ်း ကလေးကတော့ ဘာလို့နေ့လည်စာ မစားတာလဲ"
"ဆာမှမဆာပဲ"
"လာ ထ အဝတ်စားလဲ ဦးမလား မ လိုက်ပို့ပေးမယ် "
"မလဲတော့ဘူး ခုပဲ သွားမယ်"
ဟုတ်သည်လေ....နေရာတကာ အစားသာ အဓိကမို့လို့ ခုချက်ချင်းကို.စားချင်နေပြီ.... တံခါးပြန်ပိတ်ပြီး.မ နောက်.အပြေးလိုက်ခဲ့လေသည်...မ ကလဲ လမ်းသွားမြန်ချက်...လားရှိုးမှာဆို လမ်းလျှောက်ဖို့ အင်မတန်ပျင်းသော သူမ...
မ ဆိုင်ကယ် ရပ်ထားရာ ရောက်မှ....ဟင်း ချရတော့သည်...
အမယ်...မ က ကလစ်ဘီး အပြာရောင်လေးနဲ့...ကိုယ် ပထနှစ်တည်းက စီးခဲ့တဲ့ czi ဘီးကို ပစ်ပြီး မ နဲ့ ဆင်တူ ဘီး ပဲ ဝယ်စီးရတော့မလို...အသစ်မြင် အဟောင်းမေ့လေ...
"ဘာရပ်ကြည့်နေတာလဲ သဲ...လာလေ"
"ဟုတ်...မ"
မ နောက်က ဆိုင်ကယ် လိုက်စီးရင်း...မ ဆံပင်တွေ က လေတိုက်တိုင်း သူမ မျက်နှာရှေ့မှာ ဝဲပျံလို့နေသည်...တစ်ခါတလေ ပါးစပ်ထဲတောင် ဝင်သည်...ရှန်ပူနံ့လား ခေါင်းလိမ်းဆီနံ့လားမသိ သင်းပျံ့ပျံ့လေး မွှေးကြိုင်လို့...
အလိုက်မသိ တိုးဝင်လာသော.မ ဆံပင်ကို အကျင့်ယုတ်စွာ ကိုက်ထားလိုက်မိသည်...မ ဘယ်ဆိုင်ကို ခေါ်သွားနေလဲမသိ...စီးနေတာ သုံးမိနစ်မကတော့...
"သဲ....မ ဆံပင်ကို ရှေ့ပို့လိုက်နော် လေအရမ်းတိုက်တော့ အဲ့လိုပဲ လွှင့်နေတာ"
"ဟုတ် ရတယ် မ"
သူမ ကိုက်ထားတာကို မ သိနေလို့နေမှာ...
မ ကိုယ်ကိုလဲ မထိရဲ ထိရဲ....ကိုယ့်ကိုကိုယ် သိသည်လေ...မတော်သွားထိမိလို့ ရင်ခုန်သံတွေ ထိန်းမနိုင် သိမ်းမရ ထိန်းထားတဲ့ စိတ်တွေ လွတ်ထွက်ကုန်ရင် ဒုက္ခလေ...ခုထိ မ ဆီက အဖြူ အမည်း မသိရသေး...မ ကိုလဲ ဘယ်လိုဖွင့်ပြောရမှန်းကို မသိတော့..ဒီထိရောက်လာပြီးမှ ဘယ်မှန်းမသိပဲ ပြန်သွားရအောင်ကလဲ မဟုတ်ပြန်...လိုင်းပေါ်မှာပဲ ဖြစ်ဖြစ် ဖုန်းထဲမှာပဲ ဖြစ်ဖြစ် ပြောရရင်တော့ ကိစ္စမရှိပါဘူး.. ခုက အပြင်မှာ မျက်နှာချင်းဆိုင်..ပြီးတော့ ကိုယ်တိုင်က ယောက်ျားလေး မ က မိန်းကလေး ဆို သာမာန် ပဲ မို့လို့ သိပ်အရေးမလုပ်သေး....ခုက မိန်းကလေး ချင်း...မ က လဲ မိန်းကလေးချင်း ကြိုက်တာ ချစ်တာကို လက်ခံလား ငြင်းပယ် လား မသိ...ဘာဆို ဘာမှ မသိ..
"သဲ သက်ပြင်းတွေ ချနေပါလား ရောက်တော့မှာပါနော်"
ဘုရားရေ...သူမ သက်ပြင်းချမိသွားတာပါလား....မ က လဲ ဆိုင်ကယ် ဦးထုတ်ဆောင်းထားလို့သာတော်တော့တယ်...သူမရဲ့ သက်ပြင်းချသံကို တောင် ကြားနေပါရော့လား
"အာ အဲ့လို ဟုတ်ဖူး မ..."
"ဪ....မ မေ့နေတာ သဲက ဆိုင်ကယ် မစီးတတ်ဘူးထင်တယ် သဲ ကားမောင်းပြီး ကျောင်းတက်နေတာကိုး"
"ဟာ....ကားက ခုနောက်ပိုင်းမှ မောင်းဖြစ်တာ သဲ ပထမနှစ်တည်းက ဆိုင်ကယ်နဲ့တက်တာ မရဲ့"
"ဟုတ်လား"
"ဟုတ်ကဲ့....ဒါနဲ့ မ မရောက်သေးဘူးလား"
"ရောက်တော့မှာ အဲ့ဆိုင်က အရမ်းစားကောင်းတာ သဲ..."
"ဪ..ဟုတ်"
ဘာစကားမှ မပြောဖြစ်တော့ပြန်....ဆ်ုင်အမည်တောင် မရေးထားသော ဆိုင်တစ်ခုတွင် မ ဆိုင်ကယ် ရပ်လိုက်လေသည်...
မ က ဆိုင်ကယ်ဦးထုတ်ကို ဆိုင်ကယ် မှန်မှာ ချိတ်လိုက်ပြီး
"သဲ ဘာစားမလဲ"
"မသိသေးဘူးလေ မ ကလဲ မီနူးကြည့်ရဦးမှာမလား"
"ဟုတ်သားပဲ မ ဒီလာစားသလောက် မီနူးတစ်ခါမှ မကြည့်ဘူး ဒီတိုင်း သူတို့ ချပေးတာ စားတာ"
"အာ့ဆို သဲ လဲ အဲ့လို စားမယ်လေ"
"ဟာ သဲ မကြိုက်တာ တွေဆို ရှုံးနေပါဦးမယ်"
ဆိုင်အတွင်း စားပွဲလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ကြရင်း ပြောနေကြသည်...
"မရယ် သဲ မစားတာဆိုလို့ ခြေနှစ်ချောင်းဆို လူကလွဲ အကုန်စား ကောင်းကင်မှာ ပျံတာဆိုလို့ လေယာဉ်ကလွဲရင် အကုန်စား ခြေလေးချောင်းဆို စားပွဲ ကုလားထိုင်ကလွဲ စား
စားလို့ရတာ အကုန်စား"
"ဟိုက်.....အတော် အစား ချေးများတာနော်....မ ကြားဖူးတာ အဲ့လိုပြောဖူးတာ ကွမ်းတုံတရုတ်တွေလားလို့"
"သဲ လဲ တရုတ်စပ်ပဲလေ မရဲ့"
"အိုကေပါကွာ မ သွားမှာလိုက်မယ်နော်"
"မ ကော စားမှာလားဟင် မ သဲ မပြန်တတ်ဘူးနော်"
မျက်နှာချင်းဆိုင် ထိုင်နေရာမှ ထသွားမယ် ပြင်တော့ သူမ လဲ ထရပ်ရင်း မေးလိုက်သည်...မ က ခဏ ကြောင်သွားပြီးမှ
'သဲ ရယ် မ ဟို ကောင်တာမှာ သွားမှာမလို့လေ သဲကို မထားခဲ့ပါဘူး သဲရဲ့ ဟို သဲ လိုက်ခဲ့မှာလား ဟိုမှာ သဲ ဒီကနေလဲ မြင်နေရတာပဲကို နော်"
မ က သူမ မယုံမှာစိုး၍ အသေအချာ ရှင်းပြနေသေးသည်....
သူမကလဲ အမြဲတမ်း စွာလန်ကြဲ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို တလောကလုံးမှာ ကိုယ်တစ်ယောက်တည်း ဘုရင်မ လိုလို နေလာခဲ့တာကို...
ခု မရဲ့ ရှေ့ရောက်မှ ဘာလို့ ယုန်သူငယ်လေးလို သတ္တိတွေ ရှိမနေရတာလဲ မသိ...ခုလဲ သူမ မျက်စိအောက်က မ ထွက်သွားမှာ မ ပျောက်သွားမှာ စိုးရိမ် ကြောက်ရွံ့နေမိသည်လေ..
"ဟူတ် မ သဲ ဒီမှာပဲ စောင့်နေမယ်နော် မြန်မြန်လာခဲ့နော်"
"အင်းပါ သဲရဲ့ ခဏနော်"
စားပွဲပေါ် တစ်ဖက်ကိုတစ်ဖက် အုပ်လျက်ထပ်ထားသော သူမ လက်ကို ဖွဖွအုပ်ကိုင်ရင်း ကောင်တာသို့ သွားခဲ့လေသည်..
ကောင်တာမှာ ထိုင်နေသော ကောင်မလေးတစ်ယောက်က
"ဟော နှင်း မလာတာ ကြာပြီနော်"
"ဟုတ်ပ ခက်ရေ အလုပ်မအားတာနဲ့ မရောက်ဖြစ်ဘူး"
"ဆရာမကော နေကောင်းလား"
"ကောင်းပဟယ် ထုံးစံအတိုင်း ပဲ နှစ်ပွဲ"
"ဘယ်သူနဲ့ လာတာလဲ ဆရာမနဲ့လား"
"မဟုတ်ပါဘူး "
"အယ်....အမြဲတမ်း ဆရာမနဲ့ လာစားနေကျသူက ခုတော့ တစ်ခြားတစ်ယောက်နဲ့တဲ့ ကဲ ပြ ဘယ်သူလဲ"
"ဟိုမှာလေ.."
ခက် က နှင်းနှင်းဝေ လက်ညိုးညွှန်ရာ သို့ ကြည့်လိုက်တော့ ဒီဖက်ကို လက်ကလေးမေးထောက်လျှက် ကြည့်နေသော ချစ်စရာ့အသက်ငယ်ငယ် ကလေးမလေးတစ်ယောက်..
"နင့် ရဲ့ ဘာလေးလဲ"
"သဲ"
"ဟယ်...သဲ ဟုတ်လား အမယ် နင်ငါ့တောင်မပြောဖြစ်ဘူး ဘယ်လိုလဲ ပြောပြစမ်းပါဦး"
"နောက်မှကွာ ဟိုမှာ စောင့်နေပြီ မြန်မြန် လုပ်ပေး ဆာလှပြီဟ"
သူမ လှမ်းကြည့်နေစဉ် မ က အဲ့ကောင်တာက မိန်းမနဲ့ စကားလက်ဆုံကျနေတာများ ရယ်လို့မောလို...သူမ ဖက်ကိုလဲ ထိုးပြနေသေးသည်....လာပြိ..မ က ရယ်ရတာ အမျှင်မပြတ်သေးလို့လားမသိဘူး...စားပွဲဆီ ရောက်တာတောင် ပါးစပ်ကို မစေ့သေးဘူး...
"ဆောရီး သဲ မ နည်းနည်းလောက် ကြာသွားတာ ဒီဆိုင်က ခဏလေးပဲ စောင့်ရတာ"
"ဟုတ်..ရတယ် မ...ဒါနဲ့ ဒီဆိုင်အမည်က မရေးထားဘူးနော်"
သူမ အမေးကို မ က ဟဟလေး ရယ်လိုက်တော့ သူမ မေးတာပင် မှားသွားတာလားလို့ ထင်မိသွားသည်..
"ဘာလို့ ရယ်တာလဲ😒😒😒"
"ဟယ် မျက်စောင်းကြီး မထိုးပါနဲ့ သဲက ဆိုင်တွင်းမှ မကြည့်တာပဲကို...ဟိုမှာလေ ဆိုင်အမည်က"
မ မေးငေါ့ရာ သူမရဲ့ အနောက်ဖက် အတွင်းကျကျကို နောက်ပြန် လှည့်ကြည့်လိုက်တော့မှ
စတိတ်စင်လေးနဲ့ နောက်ခံလေးမှာ Love ဆိုတဲ့ စာလုံးကို မာကြူ ရီ မီးလုံးရောင်စုံလေးနဲ့ ပုံဖော်ထားသည်...
"Love ဟုတ်လား မ"
"အင်း ညနေစောင်းရင် သီချင်းဆိုသူတွေ ရှိတယ်လေ ဘန့် တစ်ခုလဲရှိတယ် ခုက လေးနာရီလောက်ပဲ ရှိသေးတော့ လူလဲသိပ်မရှိဘူး ညဆို ခုံလွတ်တောင်မရှိဘူးရယ်"
"ဪ"
ထိုစဉ် ထမင်းပွဲ ဟင်းပွဲတွေ လာချတော့ စကားစပြတ်သွားပြန်သည်...မ က ဟင်းပွဲတွေ သူမရှေ့ပို့ပေးရင်း
"သဲ ထည့်စားနော်"
"ဟုတ် မ လဲ စားလေ"
သဲ ဗိုက်ဆာနေတာ သိသိသာသာ ပင်...စားလိုက်တာများ နှင်းနှင်းဝေ အံ့သြရသည်...ပုစွန်တော့ သဲ မစားသောကြောင့်
"သဲ ငါး မ စားဘူးလား"
"စားတယ် မ "
"စားလေ ဘာလို့ မနှိုက်တာလဲ"
"သဲ အရိုးကြောက်လို့ အိမ်မှာပဲ စားဖြစ်တာ မေမေက အရိုးနွှင်ပေးတယ်လေ"
"ဪ.~>မ က သဲ မကြိုက်ဖူးထင်လို့ စောစောက ပြောရော့ပေါ့ သဲရဲ့ မ နွှင်ပေးမှာပေါ့"
ပြောပြောဆိုဆိုနဲ့ မ က ငါးတစ်တုံးခပ်ပြီး သူ့ပန်းကန်ထဲတွင်ပင် ခက်ရင်းနဲ့. အရိုးနွှာပေးနေသည်..
ပြီး အသားချည်းကို သူမ ပန်းကန်ထဲ ထည့်ပေးလိုက်သည်..
"ရပါတယ် မရဲ့ သဲ ကြောင့် မ အစားပျက်ရပြီ"
"မ ဝ နေပါပြီ သိပ်မဆာဘူးလေ"
"ဘာလို့လဲ"
"သဲနဲ့ တွေ့နေတာကိုး မ ဗိုက်မဆာဘူး"
မ စကားကို သူမ အကြီးအကျယ် အရည်ပျော်သွားသည်..ဘာပြန်ပြောရမလဲ အပြေးအလွှား စဉ်းစားနေစဉ်မှာ လိမ်မော်သီး အစိပ်လေးတွေ ပန်းသီးစိပ်လေးတွေ ထည့်ထားသော ပန်းကန်ကို ကိုင်ပြီး ခဏက မနဲ့ ကောင်တာမှာ စကားပြောနေတဲ့ အစ်မက မ ဘေးနား ဝင်ထိုင်လိုက်သည်..
"နှင်း စားဦး"
ဟင်....မ ကို များ.ခွံ့ကျွေးနေလိုက်သေး...ခေါ်တာကလဲ နှင်း ဆိုပါလား... မက လဲ အဲအစ်မရဲ့ ခါးကို ပြန်ဖက်ပြီး စားလိုက်သည်...
"ဟဲ့ မိတ်ဆက်ပေးဦးလေ"
"ဟုတ်သားပဲ သဲ ဒါ မ နဲ့ သူငယ်တန်းတည်းကအတူ ခုထိ တွဲနေတဲ့ သူငယ်ချင်း ခင်ခက်ခက်ခိုင် တဲ့ ဒီဆိုင်ပိုင်ရှင်ပေါ့..ခက် ဒါက ရှမ်းမလေး နန်းဆိုင်နွန်းတဲ့ လားရှိုးက ဒီနေ့မှ ရောက်တာ"
အဲ့အစ်မက သူမကို ပြုံးမြမြလေး ကြည့်ပြီး
"အရမ်းချောတာပဲ ညီမလေးက ရှမ်းမလေးကို ခုပထမဆုံးပဲ အပြင်မှာ မြင်ဖူးတာ နန်းဆိုင်နွန်းတဲ့လား"
"ဟုတ်ကဲ့ အစ်မ"
"သဲ ဆိုတာ က အိမ် နာမည်လားဟင်"
ဂိန့်.....ဘယ်လို ဖြေရပါ့...မ ကို လှမ်းကြည့်တော့ မ က မသိချင်ဟန်ဆောင်ပြီး ပန်းသီးစိပ်တွေ လိမ္မော်သီး စိပ်တွေပဲ အာရုံထားကာ စားနေသည်...ပေါက်ပေါက်ရှာရှာ လာမေးတဲ့ ဒီအစ်မကို ဘယ်လိုဖြေရပါ့...နေရာတကာ မဟုတ်တဲ့ညဏ်ဆို စဉ်းစားစရာမလိုအောင် တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်တဲ့ သူမ ဒီနေရာမှာ ဒီမေးခွန်းနဲ့မှ ရှုံးရတော့မည်လား..
"မဟုတ်ပါဘူး အစ်မ"
"ဒါဆို နှင်းက ဘာလို့ သဲ လို့ခေါ်တာလဲ အစ်မလဲ အဲ့လိုခေါ်ရမှာလား."
ဘုရားရေ....
"ဪ...ခက် ..ဒီလ အာစရိယ ပူဇော်ပွဲ ရှိတယ် နင် အလှူခံ အဖွဲ့ထဲ ပါမှာလား"
တော်သေးတာပေါ့...မ စကားအလွှဲမြန်သွားလို့...မဟုတ်ရင်တော့ သူမ ချောင်ပိတ်တော့မည်...
"ပါမယ်လေ..ဘယ်တော့ စမှာလဲ"
"စတော့မှာ မေမေ့ကို ပွဲဖြစ်မြှောက်ရေးတာဝန်ခံ လုပ်ခိုင်းထားတယ်တဲ့ သေချာမေးကြည့်ဉ်ီးမယ်...ခုက နင့်ကို ကြုံတုန်း ပြောပြတာ"
"ဪ...အေးပါ..ငါ့ဆီလဲ လာပါဦးဟ...ငါက ထွက်မရလို့"
"အင်းပါ နောက်ရက် မေမေနဲ့ လာခဲ့ဦးမယ် သဲ ဝ ပြီလား"
မ က စကားစကို မြန်မြန်ဖြတ်ရင်း သူမကို မေးလိုက်သည်...သူမလဲ ရေတခွက် မော့ချပြီး
"ဟုတ်ကဲ့"
"ငါသွားတော့မယ် ခက် "
"ဟဲ့နေဦးလေ စောသေးတာကို နင်ကလဲ ဝေးဝေးမှ တစ်ခါလာပြီးတော့ ပြီးတော့ နင့်ရဲ့သဲနဲ့လဲ ငါ ဘာမှမပြောရသေးဘူးကို"
"တောင်သမန်ဖက် လမ်းသွားလျှောက်မလို့လေ...သဲက ဘယ်မှ မရောက်ဖူးသေးဘူးဆိုလို့ "
"နေရှိနေသေးတာကို တံတားလျှောက်မလို့လား"
"အင်းလေ ပူမှမပူတော့တာပဲ သဲက ကျောင်းခဏလေးပိတ်လို့ လာတာဟ ကဲပါ နောက်ထပ်လဲ ဆုံရဦးမှာကို သွားမယ်နော်"
"သွားပြီနော် အစ်မ"
မ နဲ့ အတူ လိုက်ထွက်ရင်း သူမ လဲ ကမန်းကတန်း နှုတ်ဆက်လိုက်ရလေသည်...ကျန်ခဲ့တဲ့ အဲ့အစ်မကတော့ မကျေမနပ် နဲ့ မ ကို မေတ္တာပို့ကျန်ခဲ့မှာ သေချာသည်လေ..
.
.တိုးရစ်တွေကော အတွဲကလေးတွေကော မိသားစုလိုက်ကော ဆောင်းရာသီ နေလုံးမှိန်မှိန်လေးနဲ့ ဦးပိန်တံတားပေါ်မှာ လေညှင်းခံရင်း လမ်းလျှောက်နေကြသည်..သူမ နဲ့ မလဲ ဘေးချင်းယှဉ်လျက် လျှောက်ကြသည်...မ တို့ ရွှေမန်းသူတွေတောင် ဒီလိုဆောင်းတွင်းမျိုးကို အပေါ်ထပ်ပါးပါးလေးနဲ့ အန်တုနေတာကို သူမက နောင်ချိုက လာတည်းက မနက်ဆိုအေးလို့ဆိုပြီး အနွေးထည်ကြီး တစ်ထည်နဲ့ အထဲမှ ခေါင်းစွပ်ဆွယ်တာ လက်ရှည်လေးဝတ်ထားပြန်တော့ လမ်းလျှောက်လိုက်ရော ချွေးတွေပင် ထွက်လာပြီး မောလာသလို ခံစားရသဖြင့် လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို
"မ ခဏ ကိုင်ထားပေးပါလား"
"ဘာလုပ်မလို့လဲ သဲရဲ့"
"အပေါ်အင်္ကျီချွတ်ချင်လို့ မ"
"အေးနေတာပဲကို"
"မအေးဘူး မရဲ့ ဒီမှာ သဲက ချွေးတွေ ထွက်နေပြီ"
ဟုတ်သည်...နားထင်မှ ချွေးစက်ကလေးတွေ စို့လို့...မ က သူမ လက်ထဲမှ ပိုက်ဆံအိတ်နဲ့ ဖုန်းကို လက်လွှဲယူပေးလိုက်ပြီး သူ့ရဲ့ လွယ်ထားတဲ့ ပိုက်ဆံအိတ် လွယ်အိတ်ထဲ စု ထည့်လိုက်သည်..
သူမ အပေါ်အင်္ကျီချွတ်ပြီး လုံးထွေးကာ ကိုင်လိုက်တော့ မက
"ပေး သဲ ဒီမှာ ခဏထိုင်ကြရအောင်"
တံတားပေါ်က သစ်သားခုံတန်းလေးတွင် ထိုင်မိကြတော့ မ က သူမ အင်္ကျီကို သေသေသပ်သပ် ခေါက်ပေးနေသည်..ပြီးတော့ ဘေးမှာ ခဏချထားလိုက်ပြီး အိတ်ထဲမှ တစ်သျှူးထုတ်ကို ဆယ်သည်...
"ချွေးတွေ သုတ်လိုက်ဦး သဲ ခဏ ထိုင်ဦးနော် မ ပြန်လာခဲ့မယ်"
"ဟင် မ ဘယ်သွားမလို့လဲ "
"ခဏလေးပဲ ပြန်လာခဲ့မယ် ဒီမှာ မ အိတ် ထားခဲ့မယ် ခဏလေးပဲနော်"
မ က သူ လွယ်ထားတဲ့ အိတ်ကို ချွတ်ချခဲ့ပြီး ဘယ်သွားလဲ မသိ...သူမ တစ်ယောက်တည်း တောင်သမန်အင်း ထဲက ငုပ်လျှိုးရန် အရှိန်ယူနေသော နေဝန်းနီနီကို အရသာခံ ရှုစားရင်း မ ပေးခဲ့တဲ့ တစ်သျူးနဲ့ ချွေးစေးလေးတွေကို သုတ်နေလိုက်သည်...
"ရော့ သဲ"
ရော့ ဆိုတေ.့ မော်ကြည့်လိုက်တော့ မရယ်...ရေသန့်ဘူးလေးကိုင်လို့ ..
"ဟင် မ ဘယ်က သွားဝယ်လာတာလဲ"
"ဟိုးဖက်ကလေ မ မေ့ခဲ့လို့ သဲ မောနေတယ်မလား သောက်လိုက်ဦး"
ဒီလို အသေးစိတ်ကလေးကမှ အစ ဂရုစိုက်တတ်သော မ ကို အပြင်မှာ တွေ့ဆုံမှပဲ နဂို ချစ်တာထက် အဆများစွာ တိုးကာ ပိုချစ်ရပြန်သည်....
နားပြီး လမ်းပြန်လျှောက်တော့ မ က သူမရဲ့ အင်္ကျီကို သူ့လက်မှာ ချိတ်ထားလိုက်သေး ...သူမ ပိုက်ဆံအိတ်ကော ဖုန်းကော မဆီမှာ...ခဏက ထမင်းစားတာလဲ.ပိုက်ဆံကို မ မရှင်းခဲ့ဘူးလားမသိ...မ ရှင်းတာလဲ မမြင်..နောက်မှပဲ မေးကြည့်ရမည်..
တစ်ညနေလုံး မဆုံးနိုင်လောက်တဲ့ တံတားပေါ်ကို လျှောက်ရင်း ဆိုင်ကယ်နား ပြန်ရောက်တော့ သူမရဲ့ ဆံပင်တွေ ဖွာလန်ကြဲနေပြီ...မ ဆံပင်လဲ သူမ တည်းတူပင်..
ဆိုင်ကယ် တူးဘောက် ဖွင့်ပြီး အထဲမှ ခေါင်းဖြီး နဲ့ ဘာ ပုလင်းလဲ မသိ ..ပုလင်းသေးသေးလေးကို ထုတ်လိုက်သည်..
"သဲ ဆံပင်လေး ဖြီိးပေးမယ်နော် ဒီဆီလေး သဲ သုံးဖူးလား "
"မသုံးဖူးဘူး မ"
"အာ့ဆို တည့်ပါ့မလားနော်"
"ဘာလို့လဲ"
"မတည့်ရင် ဆံပင်ကျွတ်တတ်တယ်လေ သဲ"
"ရပါတယ် မ သဲ အစုံသုံးတာ အဲ့လောက်မကျွတ်ပါဘူး သဲ က အကုန်တည့်တယ် မ"
"ဟုတ်ပြီ မ လိမ်းပေးမယ်နော် "
တကယ်က သူမ ဘာမဆို တစ်မျိုးဆို တစ်မျိုးပဲ မှတ်သုံးတာပါ..သွားတိုက်ဆေးမှ အစ ဘောလ်ပင်မှ အစ တစ်မျိုးဆို တစ်မျိုးတည်း သုံးတာ...ခုလို ဘာဆီမှန်းမသိတဲ့ မ လက်ထဲက ပုလင်းလိုမျိုးဆို သုံးဖို့ဝေးသေးပေါ့...သို့သော် မ ကိုယ်တိုင် ဆီလိမ်းပေး ဆံပင်ဖြီးပေးနေတော့ သာယာလိုက်သည် ဖြစ်ခြင်း....
ညနေ ခြောက်နာရီ တောင် ခွဲတော့မည်...မ က ဆိုင်ကယ်မောင်းနေရင်း
"သဲ ဗိုက်ဆာသေးလား တစ်ခုခုစားဦးမလား"
"မစားတော့ဘူး မ "
"ဘယ်သွားချင်သေးလဲ"
"ဟိုတယ်လ်ပဲ ပြန်မယ် မ "
တကယ်က သူမလဲ မနဲ့အတူ လည်ချင်သေးတာပေါ့..ဒါမယ့် ဘယ်ဆီမှာမှန်းမသိတဲ့ မ အိမ်ကို မ ပြန်ရဦးမှာလေ..ခုတောင် မိုးချုပ်နေပြီ.. လမ်းမိးတွေတောင် လင်းနေပြီ...
ထို့ကြောင့် မပြန်ချင်သေးပေမယ့် ဟိုတယ်လ်ပြန်မယ် ပြောလိုက်တာလေ...
မက ဟိုတယ်ရှေ့ ဆိုင်ကယ်ရပ်ပြီး သူ့အိတ်ထဲမှ သူမ ပစ္စည်းတွေ ထုတ်ပေးနေသည်..
"ဪ..သဲ မုန့်ယူမလား.ညကျ သဲဗိုက်ဆာနေမှာစိုးလို့လေ ညစာ အစော စားထားတယ် ဆိုတော့"
"ရှိတယ် မ ပါခဲ့တယ် မ ဖြေးဖြေးမောင်းဦးနော်"
"အင်းပါ ဝင်တော့လေ မနက်ဖြန် မ လာခေါ်မယ် ဖုန်းဆက်လိုက်မယ် ဘယ်မှ မသွားနဲ့နော်..မနက်ဖြန်တွက်လဲ ပိုက်ဆံရှင်းမထားနဲ့ဦး သိလား "
"ဟုတ်ကဲ့ မ ဆယ့်နှစ်နာရီ ထိ နေလို့ရပါသေးတယ်"
"မရပါဘူး မ အစောကြီး လာမှာ မနက်စာလဲ မ ကျွေးမယ် ဟုတ်ပြီလား ကဲ မ သွားတော့မယ် သဲ အထဲဝင်တော့"
"မ သွားလေ မ သွားပြီးမှ သဲ အထဲဝင်မယ်"
"သဲ အရင်ဝင်ပါ သဲ ဝင်တာ ကြည့်ပြီးမှ မ ပြန်မယ်လေ"
"မ အရင်ပြန်ပါ"
"သဲ မန်းသူပါနော် သဲက ဧည့်သည်မို့ စိတ်မချလို့ကွာ ဝင်လိုက်ပါနော် please"
မ က ကလေးဆန်ဆန် လက်အုပ်ကလေးချီပြောလာတော့ သူမ ပြုံးလိုက်ပြီး
"ဟုတ်ကဲ့ပါရှင့် သဲ အရင်ဝင်လိုက်မယ်နော် မ ညကျ လိုင်းတက်ဦးမှာလား"
"အင်း သဲနဲ့ ပြောမယ်လေ ရတယ်မလား"
"ဟုတ် စောင့်နေမယ်နော် ဘိုင့် မ"
"အင်း"
ဆိုင်နွန်း ဟိုတယ်လ်အတွင်းထဲထိ ဝင်သွားတာကြည့်ပြီးမှ နှင်းနှင်းဝေ ဆိုင်ကယ်လဲ မောင်းထွက်သွားလေသည်....
.
."နောက်ကျ လှချည်လား သမီး မေမေ စိတ်ပူနေတာ"
အခန်းထဲ အင်္ကျီလဲပြီး ထွက်လာတော့ ဘုရားရှိခိုးပြီး ပုတီးကို တိုင်မှာ ချိတ်ရင်း မေမေ ပြောလေသည်...
"ဟုတ် မေမေ သမီး ရဲ့ အသိ မန်းရောက်နေတယ်ဆိုလို့ သွားတွေ့တာ မေမေ"
"ဘယ်ကလဲ"
"လားရှိုးကပါ"
"ဘာလာလုပ်တာလဲ "
"အလည်ပါ မေမေရဲ့ "
"ဘယ်မှာလဲ သမီးသိတဲ့သူဆို.အိမ်ခေါ်ခဲ့ပေါ့"
"ခေါ်တယ်မေမေ သူက ဟိုတယ်လ် ခ ရှင်းပြသားမို့တဲ့"
"ဘယ်ဟိုတယ်လ်လဲ"
"မြနန္ဒာ မေမေရဲ့ ကန်ဘောင်ဖက်က"
"ဪ အတင်းခေါ်ခဲ့တာ မဟုတ်ဖူးကွယ်"
"မနက် သွားခေါ်လိုက်မယ်လေ မေမေ သမီးက နှစ်သိန်းပဲ ယူသွားတာ ဖုန်းက တစ်သိန်းခုနှစ်သောင်းခွဲ ပေးရတဲ့အထဲ ထုံးစံအတိုင်း Z net မှာ မြသန်းတင့်ရယ် ဂျူ :ရယ် ပုညခင်ရယ်က တစ်သောင်းလောက် ဖြတ်ယူလိုက်တော့ ဘတ်ဂျက်နည်းသွားလို့ ဧည့်သည်ကို ခက် ဆိုင်မှာ လိုက်ကျွေးတာ အဲ့ကျတော့ အကြွေးမှတ်ခိုင်းထားလိုက်တယ်လေ.."
"သိပတော်....ကဲ နားရက်လေး စောစောအိပ် မေမေလဲ အိပ်တော့မယ် အပြင်မီး ပိတ်လိုက်တော့ သမီး မနက်ဖြန်ခွင့်ယူမလား"
"ယူမှာပေါ့ ဪ ..ဒါနဲ့မေမေ မနက်ဖြန် သမီးတွက် ထမင်းမချက်နဲ့ တစ်နေကုန် လည်မှာ အပြင်မှာစားမှာနော်..."
"ဧည့်သည်ခေါ်ပြီး အိမ်မှာ မကျွေးဘူးလား "
"အာ့ဆို မနက်စာ ဒီမှာ စားမယ်လေ စောသွားခေါ်လိုက်မယ်"
"အင်း သူက ကြိုတွေးထားပြီးသားမလား...မေမေက ဆရာမ ဆိုတာလဲ သတိရဦးနော် ဟင်း သိနေတယ် ကလေးမ"
"ဟီး မေမေကလဲ မင်္ဂလာညပါနော်"
မေမေ အခန်းထဲ ဝင်သွားတော့ သူမ ထခုန်မိသည်...
သိမှာပေါ့...မေမေက သူမစိတ်ထဲကို ဘာမဆို ဝင်ကြည့်လို့ရနေတာကိုး...
ဒါဆို နက်ဖြန် တစ်နေကုန်တစ်နေခန်း လည်ပတ်မည်...
ပြီး ညဆိုရင်လဲ သဲနဲ့ သူမရဲ့ ကုတင်သေးသေးလေးမှာ အချိန်ကုန်ဆုံးရမည်...
ဟား....တွေးရင်းနဲ့ ရင်တွေ ပေါက်ထွက်မတတ် ခုန်နေပါပြီလေ....အရမ်းချစ်တာပဲ သဲရာ
သဲ စောင့်နေလောက်ပြီ...ဟိုတယ်လ်မှာ သူ ပျင်းနေရှာမှာပဲ..တစ်ယောက်တည်းကို...
ငါ လိုင်းဖွင့်ပြီး စကားပြောလိုက်ဦးမှ ...
.
.
.Next to o==[]::::::::::::::::>
Zawgyi