.
.
"သားသား ဘာ ဝယ်မလို့လဲ"
"အစပ်ပါတဲ့ မုန့် စားချင်လို့ တီိတီ"
ခုနှစ်နှစ်အရွယ် အဖြူ အစိမ်းလေးနဲ့ ကလေးလေး အမြင့်မှာ ချိတ်ထားတဲ့ အာလူး အစပ်ထုပ်ကို ထိုးပြနေတော့ သူမ မေးလိုက်ခြင်းရယ်....
ပြီးတော့ သူမရုပ်ကို တီတီ လို့ ခေါလိုက်သေးတာလေ..ပါးေ၊င်းဖောင်းလေးနဲ့မို့ တကယ့်ကို ချစ်စရာလေး...
"သားသားက ငယ်ငယ်လေးရှိသေးတာ အစပ်မစားရဘူးကွ"
"သားက အစပ်ပဲ စားချင်တယ် တီတီရဲ့"
"သိပ်မစပ်တာ ပေးမယ်လေ နော် အစပ်စားရင် ဒီမှာကြည့် တီတီ့်မျက်နှာ မှာ အသ်ီးတွေ ထနေတာ မြင်တယ်မလား"
"တီတီ အစပ်စားလို့လား"
"အင်းပေါ့...သားသားလေးအဲ့လောက်ချစ်စရာကောင်းနေတာ အစပ်စားရင် တီတီလိုပဲ ဘုတွေ ထလာမှာ အဲ့ကျရင် မလှတော့ဘူးလေ"
"တီတီက ဘုနဲ့လဲ လှတယ်ကော"
"မလှပါဘူးကွ ကဲ ကိတ်မုန့်လေး ယူပါလား "
"အာ့ဆို သား ကိတ်ပဲ စားတော့မယ်နော် "
"ဒီလိုမှပေါ့"
တစ်ရာတန် ကိတ်မုန့် ထုတ် နှစ်ထုပ်ယူပေးလိုက်သည်.....
"သားက တရာပဲ ပေးတာလေ ဘာလို့ နှစ်ခုပေးတာလဲ"
"တီတီက သားကို ချစ်လို့ပေးတာပါကွ"
"သား မေမေက အဲ့လို သူများပေးတိုင်း မယူရဘူးတဲ့ မှာထားလို့"
"အာ....တီတီက သူများမှ မဟုတ်တာကွယ် ယူပါ သားကို ချစ်လို့ဟာ ကျောင်းတက်တော့မယ် သွားတော့လေ"
"ဟုတ်"
မုန့်ထုပ်လေးတွေကို ကျောပိုးအိတ်ထဲထည့်ပြီး ကျောင်းဝင်းလေးဆီ ပြေးသွားသော ကလေးလေးကို ကြည့်ရင်း သူမ အသဲယားနေမိသည်...
ဒီဆိုင်လေးဖွင့်တာ ဘာလိုလိုနဲ့ နှစ်နှစ် ပြည့်တော့မည်.လူသွားလမ်းမကြီးနဲ့ အခန့်သင့်လှသော သူမရဲ့ဆိုင်လေးကား နေ့ချင်းညချင်းကို အရောင်းသွက်သလား မမေးနဲ့....ဆီပန့်လေးတောင် နှစ်ခု ဟိုဖက်ဒီဖက်ထောင်ထားရတာ...ဖြစ်နိုင်ရင် ဆီဆိုင်အကြီးစား ဖွင့်ပစ်ချင်တာ...အဲ့လောက်ထိ မရင်းရဲလို့သာပင်...ခုဆို မေမေလဲ အပါးနောက်သိပ်မလိုက်ဖြစ်တော့..သူမ မအားတဲ့အခါကျ ဆိုင်ကူထိုင်ပေးတတ်သည်...ရွာဖက်က ကောင်မလေးတစ်ယောက်နဲ့ ကို အဆင်ပြေလို့နေပြီ...
သူမ စီးပွားလာဘ်ရှိသည်လို့ပဲ ပြောရမလို.
အဲ့နား ဆီဆိုင်ကြီးတွေ ရှိပါလျက်နဲ့ တစ်ချို့ဆိုင်ကယ်အတော်များများ သူမဆိုင်မှာသာ ဖြည့်တာများသည်..
ကျောင်းဈေးတန်းရှိရက်နဲ့လဲ သူမဆိုင်က မုန့်လေးတွေ စုံတော့ ပိုရောင်းကောင်းနေသည်..မေမေတောင် သဘောတွေကျနေပြီ..ခုထိတော့ သူမ လုံးဝ single လိုလို...သူမ သူငယ်ချင်းအချို့ ဘွဲ့ယူပြီးတာနဲ့ အိမ်ထောင်သည်ဘဝတွေပြောင်းနေကြပြီ...သူမကသာ ဘွဲ့ရပြီးသော်လဲ ခုထိ တစ်ကိုယ်တည်း...စိုင်းခေးနဲ့ အေးလှရီတောင် များမကြာမီ လက်ထပ်ကြတော့မည်.....
"နောင့် ရေ...ဖုန်းလာနေတယ်"
အိမ်အပေါ်ထပ်မှ ကိုကို လှမ်းအော်တော့ ဆိုင်ထဲမှ အိမ်ထဲသို့ လာရပြန်သည်....အထဲရောက်တော့ ကိုကိုက သူမ ဖုန်းလေးကိုင်လို့ လှေကားရင်းမှ ရပ်စောင့်နေသည်...
"ကျသွားပြီလား"
"မကျသေးပါဘူး ကိုင်ထားတယ်"
"ဪ...ကေ်းဇူး"
ကိုကို့လက်ထဲက ဖုန်းကိုယူရင်း.ဆိုင်ဖက်ပြန်ထွက်လာရသည်..ဆိုင်ထဲမှာ ဘယ်သူမှမှ မရှိတာကိုး...အကူ ကောင်မလေးကလဲ သူ့ရွာပြန်ဆိုတော့လေ..
"ဟလို"
"အစ်မဆိုင်နွန်းလား မှုံချယ်ရီဦးပါ"
"ဟော...မှုံ ဘာစိတ်ကူးပေါက်"
"ဒီနေ့ အစ်မ အားလားလို့"
"အားတယ်လေ တို့က အမြဲ ဆိုင်မှာပဲဟာ"
"အင်းလေ အာ့ကြောင့် မေးရတာလေ ဆိုင်စောင့်ဆိုတော့ မအားဘူးပေါ့"
"မှုံကလေးက ဘာလို့လဲ ကိစ္စရှိလို့လား"
"အွန်း "
ဖုန်းထဲမှာပဲ မှုံ့ရီသံ လွင်လွင်လေး ထွက်လာသည်...
"ပြောပါဦး ဆိုင်စောင့်ဆိုတော့ အားတယ် ဆိုတာတော့မရှိဘူး ဒါမယ့် ကိုယ့်ဆိုင်နဲ့ ကိုယ်ဆိုတော့ အချိန်မရွေး ထသွားထလာ လုပ်လို့ရတယ်လေ..."
"မှုံ အစ်မနဲ့ တွေ့ချင်လို့ ပြီးတော့ အဟမ်း မိတ်ဆက်ပေးစရာရှိတယ်"
"အို....ဟုတ်လား ဘယ်သူနဲ့လဲ"
"အာ့ဆို အစ်မ လာခဲ့လေနော်."
"ဘယ်ကို လာရမလဲ"
"အဆောင်ဖက်က စနိုးဝှိုက်မှာပဲ စောင့်မယ်လေ..ဒါမှမဟုတ် အစ်မ ရှိတဲ့ဖက်လာရမလား"
"ရတယ် မှုံ တို့ အဲ့ဖက် လာခဲ့မယ် စနိုးဝှိုက်နော် တို့လဲ မရောက်တာ ကြာပြီ"
"ဟုတ် အစ်မ ဆယ့်တစ်လောက် တွေ့မယ်"
"အွန်း"
"ဒါပဲနော်"
"ဟုတ်ပြီ မှုံ"
မှုံချယ်ရီဦး....ခုဆို တတိယနှစ်ကျောင်းသူကြီးတောင် ဖြစ်နေပြီ....ရှက်ရယ်လေး ရယ်ပြီး မိတ်ဆက်ပေးစရာ ရှိလို့တဲ့...မဟုတ်မှ လွဲရော...ချစ်သူနဲ့ များလား မသိ..
မှုံကို လက်စဘီယမ်လား သာမာန်မိန်းကလေးလား သူမ စတည်းက သိချင်နေမိတာ...ဟမ်း...ဒီနေ့တော့ သိရပြီပေါ့..
လက်မှ နာရီကို ကြည့်မိတော့ ကိုးနာရီ ခွဲနေပြီမို့ ရေချိုးပြင်ဆင်ရန် အိမ်ထဲ ပြန်ဝင်မည် လုပ်မှ
"အစ်မရေ ဆိုင်ကယ်ဆီထည့်မယ်"
ဆီပန့်ရှေ့မှ ဆိုင်ကယ်ရပ်ပြီး လှမ်းအော်ပြန်တော့ အိမ်ဖက်သွား မည့်ခြေလှမ်းတွေ ပြန်လှည့်ရတော့သည်...ဆီပိုက်ကလေးကိုင်ပြီး
"ဘယ်လောက်ဖိုးလဲ"
"အပြည့်"
လှည့်ကြည့်တော့ သူ့ဆိုင်ကယ်က ကလစ်ဘီးမို့လို့ သုံးထောင်လောက် နှိပ်လိုက်သည်...ကလစ်ဘီး အပြာရောင်လေးတွေ မြင်တိုင်း သူမ မျက်စိတစ်ဆုံး လိုက်ကြည့်မိတတ်သည်...ဇာတ်လမ်း လိုလို ပုံပြင်လိုလို ရှိခဲ့ဖူးတာကိုးလေ...
"ဟာ အစ်မ ပြည့်နေပြီလေ"
ဟုတ်သားပဲ...ထိုလူပြောမှ ဆီတွေတောင် နည်းနည်း လျှံသွားသေးတယ်...သတိစိတ်တွေ ခုထက်ထိ လွှတ်ဆဲပါလား.ဆိုင်နွန်းရယ်...
ကိုယ့်ရှေ့မှ ဆိုင်ကယ်လေး အဝေးရောက်သွားသည်ထိ ငေးမောရင်းမှ
"ဒီချိန်ဆို သူ ဘာတွေများ လုပ်နေပါလိမ့်....
အိမ်ထောင်တွေ ဘာတွေများ ကျနေပြီလား...
ကလေးအမေတွေ ဘာတွေများ ဖြစ်နေပြီလား...."
.....
မရောက်တာ ကြာပြီဖြစ်သော အဆောင်ကြားလမ်းလေး...
ပြီးတော့ ကျောင်းသူဘဝက သူငယ်ချင်းတွေတစ်လှေကြီးနဲ့ ထိုင်ဖြစ်ခဲ့တဲ့ ဝက်သားတုတ်ထိုးဆိုင်လေး...ခုတော့ သူမတို့ထိုင်နေကျ စားပွဲခုံလေးမှာ အခြားသော အသစ်အသစ်သော ကျောက်းသူကျောင်းသားတွေနှင့် ပြည့်နှက်လို့နေသည်...အဆောင်လမ်းကြားလေးတွေလဲ ကျောင်းပိတ်ရက်ဆိုတော့ ဆူလို့ ညံလို့...စနိုးဝှိုက် ဆိုင်ထဲမှာတော့ တိတ်ဆိတ်နေတာပါပဲ...ဆိုင်ကယ်ရပ်ပြီး အောက်ထပ်ကို တချက်ချောင်းကြည့်တော့ မှုံတို့ကို မတွေ့တာနဲ့ အပေါ်တကိလာခဲ့သည်...ထင်တဲ့အတိုင်းပဲ...အပေါ်ထပ် စားပွဲဝိုင်းလေးမှာ အမြဲလိုလို ချောမွေ့လှပနေတဲ့ မှုံချယ်ရီဦိး ပြီးတော့ ယောက်ျားလေးတစ်ယောက်...မှုံ ချစ်သူများလား...ကျောခိုင်းထားလို့ မျက်နှာ မမြင်ရဘူးလေ...သူတို့က မျက်နှာချင်းဆိုင်ထိုင်နေတာကိုး...
မှုံက သူမ.တက်လာတာမြင်တော့ လှမ်းရယ်ပြကာ လက်ယပ်ခေါ်သည်...
အနားရောက်တော့ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ဆိုတော့ သူမ မှုံဘေးတွင်ပဲ ထိုင်လိုက်ရသည်...
"တို့ နောက်ကျသွားသွားလား"
"မကျပါဘူး အစ်မရဲ့ မှုံလဲ ခုလေးပဲ ရောက်တာရယ်"
မှုံနဲ့ သူမ အပြန်အလှန် ပြောနေကြတော့ မျက်နှာချင်းဆိုင်က ကောင်လေး ဘာမှဝင်မပြော...
"အစ်မ ဘာစားမှာလဲ.သူက မာလာဟင်းနဲ့ သင်္ဘောသီး ထောင်းမှာထားတယ်တဲ့"
"ရပြီ မမှာတော့ဘူးလေ"
"ဪ....အစ်မကို မိတ်ဆက်ပေးရဦးမယ် သူက.နည်းပညာက ကိုနေမင်းထွန်း.တဲ့..ဖိုင်နယ်နော်"
မှုံက သူ သိသလိုနဲ့ မိတ်ဆက်ပေးနေပြီးမှ မသေချာမရေရာပုံစံနဲ့ ထပ်ပြီးတော့ မေးလိုက်သေးသည်..ဘယ်လိုတောင်လဲပေါ့...
"ဟုတ်ကဲ့ ကျနော် နေမင်းထွန်း နည်းပညာ နောက်ဆုံးနှစ်ပါ"
ထင်သည့်မတိုင်း ဓနုသံဝဲဝဲလေးနဲ့ပါပဲ...မှုံ့ချစ်သူ ဆိုတာ တဝက်သေချာနေပြီလေ...
"ဒါက မှုံရဲ့ အစ်မ...သူငယ်ချင်းလို့ ပြောလဲရတယ် မှုံက သူငယ်ချင်းဆိုတာထက် အစ်မလို့ မိတ်ဆက်ပေးရတာကို သဘောကျလို့...မှုံအစ်မပေါ့...ကျောင်းပြီးတာ နှစ်နှစ်လောက်ရှိပြီ...ရန်တိုင်းအောင် ဖက်မှာနေတယ် အစ်မဆိုင်နွန်းတဲ့"
"ဟုတ်ကဲ့"
ခုထိ သူမတို့ရဲ့ ဆုံတွေ့ခြင်းက အဖြေမပေါ်လာ.သေး...စားစရာတွေ လာချတော့ စားနေကြရင်းနဲ့လဲ ဘာမှမပြောကြ...အမှန်ဆို မှုံက မှုံ ချစ်သူလေ အစ်မ ဆိုတာလေး ဘညလေး ပြောသင့်တာမလား...ခုမှ ကြည့်မိသတိထားမိတာ..ဟိုကောင်လေးက ခန့်သန့်နေသလောက် မှုံက ဘာမြှပင်မလာ..ရေချိုးပြီးစ စိုထိုင်းထိုင်းရှိဆဲ ဆံနွယ်အချို့ ပါးပြင်က သနပ်ခါးပါးကွက်နဲ့ အဆောင်မှာ နေရင်းဝတ်တဲ့ အင်္ကျီလေးနဲ့ ထမီလေးနဲ့...အမှန်ဆို သူ့ချစ်သူနဲ့တွေ့ရင် လှလှလေးပြင်ဆင်ဝတ်စားလာရမှာ မဟုတ်ဖူးလား...
ခုဟာက ဒီတိုင်း နေရင်းသက်သက်ကို မဖြစ်မနေ လာတွေ့နေရတဲ့ ပုံစံမျိုးမို့ သူမ စိတ်ထဲမတင်မကျဖြစ်သွားသည်လေ..
"အကို ပြောစရာရှိတယ်ဆို ပြောတော့လေ....'
မှုံကစားနေရင်းမှ ကောင်လေးအား ပြောလိုက်သည်..ကောင်လေးက သူမကို တချက်ကြည့်လာသည်ကို မှုံက ပါးနပ် စွာပဲ
"ပြောစရာရှိတာသာ ပြောပါ ဒါ မှုံရဲ့ အစ်မပဲလေ စိုးရိမ်စရာမရှိပါဘူး"
ရှက်ရိပ်ထင်နေတဲ့ ကောင်လေးရဲ့ မျက်နှာ...ဘာမှမဖြစ်သလို စားစရာရှိတာ အေးအေးဆေးဆေးငုံ့စားနေတဲ့ မှုံ...
သူတို့ နှစ်ယောက်ကြားမှာ သူမ တကယ့်ကို အနေရခက်လှပါသည်.....ခုံအောက်ကနေ မှုံ ခါးကို တို့မိတော့ မှုံက
"ဟင် အစ်မ"
"တို့ ခဏ အပြင်သွားမယ် နော်"
"အာ...နေဦးလေ...ခဏလေးဟာ"
"ပြန်လာခဲ့မယ် ခဏလေးပဲ"
မရရအောင်ကို လစ်ထွက်လာရသည်....ဘယ်လိုတွေပါလိမ့်...သူမ ခန့်မှန်းသလောက်ဆို ထိုကောင်လေးက မှုံကို တမင် ချိန်းဆိုထားခြင်းဖြစ်မည်....ရည်းစားစကား ပြောမည့်ပုံမျိုး..ဒါကို မှုံက မသိပဲတော့မနေ....သိကိုသိလိမ့်မည်...ဘာလို့ သူမကိုပါ ခေါလိုက်လဲ မသိ...မသိခြင်းပေါင်းများစွာနဲ့ သူမ ဘာမှကို နားမလည်တော့...အောက်က ပန်းပင်တွေကြား ဟိုလိုလိုသည်လိုလို ခဏလုပ်နေပြီးမှ အပေါ်တက်လာတော့ မှုံ့မျက်နှာ ဝင်းပသွားတော့သည် .သူမ ကို မြင်လိုက်ရတာများ အကြီးအကျယ်ကို ဘဝင်ကျသွားဟန်ပင်...ထိုကောင်လေးကတော့စိတ်အိုက်နေတဲ့ ပုံဖြင့် သူမ မထိုင်ရသေးခင် ထရပ်ပြီးနေပြီ....
"မှုံ အစ်မ ကျနော် ပြန်နှင့်တော့မယ်နော် "
"ဟင်...ဘာလို့လဲ ဒီမှာ ဘယ်လောက်မှလဲ မစားရသေးဘူး"
"ဟုတ် ကျနော် ရှင်းခဲ့လိုက်ပြီ ခုမှ ကိစ္စလေးတစ်ခု သတိရလာလို့လေ...အာ့ကြောင့် ဆီးယူ"
"ဪ အင်း အင်း"
လက်ပြပြီး အောက်ဆင်းသွားတော့မှ မှုံတစ်ယောက် ခေါင်းငုံ့ပြီး တခွိခွိ ရီနေလေသည်...
"အလိုတော် ရှင်က ဘာရီတာလဲ "
"ရယ်ချင်လို့လေ အစ်မကလဲ"
"ကဲ ရှင်းစမ်းပါဦး တို့ အခုထိကို နားမလည်နိုင်သေးဘူး"
"အဲ့ဒီ ကိုနေမင်းထွန်း က မှုံတို့ နောင်ချိုကပဲ...ပြောရမယ်ဆို အိမ်က သဘောတူထားတဲ့သူလေ"
"အယ်.....စတည်းက အဲ့လိုမိတ်ဆက်ပါလား တို့ ကောင်းကောင်းဆက်ဆံလိုက်မှာပေါ့ ခုကတော့ ...."
"ဟာ အစ်မရယ်....မလိုပါဘူး မှုံမှသူ့ကို မကြိုက်တာ တမင် အစ်မကို ခေါ်ပြတာလေ..."
"ကြည့်ရတာ တစ်ခုခု ပြောချင်တာနေမှာ ဒါကြောင့် တို့ ခဏရှောင်ပေးတာ"
"အွန်း ပြောတယ်လေ...သူကတော့ မျှုံကို သိနေတာကြာပြီတဲ့ ချစ်လဲ ချစ်နေတယ်တဲ့...မှုံတို့ နောင်ချိုမှာတည်းက သိတာတော့ သိတယ် မခင်ဘူး..လူကြီးတွေက ကျောင်းတက်ချိန်မှာ နီးစပ်အောင် နေခိုင်းတာလေ...အေးဆေးပေါ့..မှုံ သူ့ကို နည်းနည်းမှမကြိုက်ဘူး...."
မှုံကတော့ ပုပူနွေးနွေး ရည်းစားစကားပြောခံထားရသူနဲ့တောင်မတူပဲ....အေးအေးလူလူ စားသောက်နေပြန်သည်..လုံးဝကို ရင်မခုန်ထားတဲ့ပုံ....
"အဲ့လောက် ခန့်သန့်နေတာပဲ...ပြီးတော့ နည်းပညာကျောင်းသားကြီး ...ဓနုချင်းပဲဟာ ဘာလို့ မှုံက မကြိုက်တာတုန်း"
"မသိဘူးလေ...မကြိုက်ပါဘူးဆို မကြိုက်လို့ပေါ့...ဒါပေမယ့် အိမ်က ယူဆိုရင်တော့ ယူရမှာပဲ...ချစ်တော့ မချစ်ဘူး"
"မချစ်ပဲနဲ့ ယူမလို့လား "
"အိမ်က သဘောကျလေ..သူတို့ ယူခိုင်းတာပဲ ယူလိုက်ရမှာပေါ့....မှုံသဘောအရဆို မှုံ ကျောင်းပြီး ဘွဲ့ရရင် သီလရှင့ဝတ်မယ် ပြီးရင် သီလရှင်ဘဝနဲ့ ပရိယတ္တိ စာပေတွေ သင်မယ်...ဗုဒ္ဓတက္ကသိုလ်တက်ချင်တယ် ပြီးရင် နီပေါထိ ph.d ဘွဲ့ ဆက်ယူချင်တယ်...ပြီးရင် မိဘမဲ့ကလေးတွေကို သာသနာ့တာဝန်ထမ်းဆောင်ရင်း စောင့်ရှောက်ပေးချင်တယ် ဒါမှုံဆန္ဒပဲ...အိမ်ထောင်ပြု သားမွေးကိစ္စ ဘယ်လိုမှ စိတ်ကူးထဲကို မရှိဖူးတာ မှုံ ထောင့်ငါးရာ ကိလေသာ တဏှာစိတ်နဲ့ ဘယ့်သူ့ကိုမှ မချစ်ဘူး အစ်မ"
"ဗုဒ္ဓေါရေ..."
မှုံ့ဆန္ဒကား တကယ့်ကို ဘုရားတချင်စရာပါ....( မှုံ့စိတ်ကူး ကိုယ့်စိတ်ကူးတူတူပါပဲ အိမ်က သီလရှင်ဝတ်ဖို့တွက် ခွင့်မပြုဘူးလေ😔)...
"အစ်မ ဘယ်လိုမှ တွေးမနေနဲ့ မှုံတော့ ရှင်းတယ် စားလေ "
"ဪ...အင်း...အင်း"
သူမ အထင်နဲ့ အမြင် တကယ့်ကို အလွဲကြီးပါလား....
မှုံတစ်နေ့တော့ ချစ်တတ်လာရင် ဘယ်လိုလူမျိုးကို ချစ်မလဲလို့ ထူးဆန်းတဲ့ စိတ်ကူးပိုင်ရှင်ကောင်မလေးမို့လို့ သူမ အရမ်းစိတ်ဟင်စားနေမိတာ....အစကတော့ ကလေးအရွယ်မို့လို့ပေါ့..ခုကျတော့ တတိယနှစ်ကျောင်းသူကြီး ဘဝမှာတောင် နှလုံးသားအရေးက ရေခဲတိုက်ပမာ အေးစက်နေပြီလေ....အိမ်က ပေးစားရင်တော့ ယူလိုက်ရုံပေါ့ တဲ့....အချစ်မပါပဲတောင် မိဘဆန္ဒကို တစ်ဘဝလုံး ဆန္ဒမှန်သမျှ ထိန်းချုပ်ထား မြေမြုပ်ပစ်လိုက်မယ့် သမီးအလိမ္မာမျိုး....
ဒါဆို ခု မှုံလိုမျိုး သူမကကော မိဘအတွက် ဘာလို့ မလိမ်မာပေးနိုင်ရတာလဲ...
ဟင့်အင်း...သူမ ဆိုးတာမှမဟုတ်တာပဲ..
ပြီးတော့ မှုံက သူ့မှာ ဆန္ဒတွေပဲရှိတာ...အချစ်မှ မရှိတာ..
အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုလိုပဲ..အခက်အခဲပေါင်းစုံနဲ့ လာတာ...သူမ အချစ်ကို ယုံကြည်တာ...ဒါအပြစ်လဲမှမဟုတ်ပဲလေ....
.....
"စောစီး ဘာလို့ ဖုန်းခေါ်တာလဲ ဟ"
"ဟဲ့ ဆိုင်နွန်းမ ဘာ စောစီးလဲ မနေ့က ကတိပေးထားတာ မေ့နေပြီလား"
"ဘာတုန်းဟဲ့"
"ဒီနေ့ငါတို့ pre wedding ရိုက်ဖို့ရှိတယ်လေ...သူငယ်ချင်းတွေ အကုန်လိုက်ပေးရမယ်လို့ ပြောထားတာ မနေ့တည်းကလေ နင်ပဲ အစောဆုံးကို အရောက်လာမယ်ဆို ခုဟာက ဘယ်လိုတုန်း ရှစ်နာရီထိုးတော့မယ် "
ဟုတ်သားပဲ...ဒီနေ့ စိုင်းခေးတို့ အေးလှရီတို့ လားရှိုးမြို့ အထင်ကရ နေရာတွေမှာ ပုံရိုက်ဖို့ ရှိတာကို မနေ့တည်းက သူမ လိုက်မယ်လို့ ပြောထားတဲ့ဥစ္စာလေ...ညက လကုန်တော့မှာမို့ လချုပ်စာရင်း အရင်းအမြတ်တွေ သပ်သပ်ခွဲနေတာမို့ ညဉ့်အတော်နက်မှ အိပ်ခဲ့ရသည်လေ...
"အေးပါဟ...ငါ ညနက်မှ အိပ်ရတာမို့ပါဟယ် ငါ ခုချက်ချင်းလာခဲ့မယ်နော်"
"ငါ အိုက်ထွေးကို လွှတ်ပေးလိုက်မယ် ဟုတ်ပီလား "
"အင်း..အင်း"
ဖုန်းချပြီး အိပ်ယာမှ ကုန်းရုန်းထရတော့သည်...ရေချိုးခေါင်းလျှော်ခြင်းကို သွက်သွက်လက်လက်ပဲ လုပ်လိုက်သည်...အပေါ်ထပ် အဝတ်စားလဲ ပြင်ဆင်နေတုန်း ပြိုင်ကားအနီရဲလေးနဲ့ မောင်အိုက်ထွေးက အကြိုတော် ရောက်လာနေပြီ....ဆိုင်ထဲမှာ ထိုင်စောင့်နေတဲ့ အပါးနဲ့တော့ စကားလက်ဆုံကျတော့မည်မှာ အမှန်...အပါးက သူတို့ တရုတ်မျိုးဆို စကားသိပ်ပြောတာပင်....
"သွားမယ်ဟေ့ အိုက်ထွေး"
လက်မှာ ဆွဲလာတဲ့ အထုတ်ကို မေမေက ပြောင်းဖူးမျိုးစေ့ထုတ်တွေ စီနေရင်းနဲ့မှ မြင်သွားသည်ထင့်....ဆိုင်အရှေ့ကို လျှောက်လာပြီး
"လက်ထဲက ဘာတွေလဲ"
"အဝတ်စားလေ"
"ဘာလုပ်ဖို့လဲ"
"Pre wedding ရိုက်မှာပါဆို မေမေကလဲ"
"Pre wedding ရိုက်မှာက အေးလှရီလေ...ညည်းရိုက်တာမှ မဟုတ်တာ ပြီးတော့ အိုက်ထွေးလဲ ကျော့မော့လို့ ဘာလဲ ညည်းတို့နှစ်ယောက်က..."
"အာ...မေမေကလဲ....စိုင်းခေးက သမီးတို့နဲ့ သူငယ်ချင်းအမှတ်တရတွေကော ပါ ရိုက်မှာမို့လို့ သူငယ်ချင်းအကုန်ခေါ်ထားတာ မှုံချယ်ရီဦးလဲ ပါတယ် သိလား သမီးနဲ့ အိုက်ထွေးက ထာဝရ သူငယ်ချင်းပဲ "
"မသိဘူးလေ"
"အိုက်ထွေးလာတော့ သွားမယ်"
ကားထဲကို အဝတ်ထုတ်ပစ်သွင်းလိုက်ပြီး တက်ထိုင်နေလိုက်သည်....အိုက်ထွေးက တော်တော်နဲ့ ဆိုင်ထဲက မထွက်လာ...
"ဟဲ့ အိုက်ထွေး..လာလေ...နင်ကလဲနော်...ငါ့ကို နောက်ကျတယ်ဆိုပိး အေးလှရီ ကောက်ချင်နေတာပါဆိုမှ နင်လုပ်ပုံနဲ့ကတော့..ဟမ်း"
"အေ့ပါ လာပါပြီဟ"
သူမ အော်သံမကြားနိုင်တော့တဲ့အဆုံး အိုက်ထွေး ပြေးထွက်လာတော့သည်...ကားပေါ်တက်ထိုင်ရင်း
"ခါးပတ်လေးလဲ ပတ်ထားတော်မူဦး "
"အသက်ရှူ ကြပ်တယ်"
"မော်တော်ပီကယ် ရှိတယ်နော် "
"အေ့ပါဟယ် အေ့ပါ "
စိတ်ကသိကအောက်နဲ့ ခါးပတ်ကောက်တပ်ရတော့သည်...အရင်နှစ်က သူမ ခါးပတ်မပတ်ပဲ မောင်စလို့ ဒဏ်ငွေဆောင်ထားရတာမို့ ဖြစ်ကတတ်ဆန်း မနေရဲတော့ပါ...ဒါကို အိုက်ထွေးသိလို့ ခြောက်လိုက်ခြင်းရယ်...ဆုလာဘ်ကတော့ ဆိုင်နွန်းရဲ့ မျက်စောင်းလေးတွေပေါ့...
ရန်အောင်မြင် လေဆိပ် ဟူးမွန်ဆည် ရေကန်တောင် မြို့ရှောင်လမ်း ရန်တိုင်းအောင် နမ့်မော်ဖား စသည်ဖြင့် ရှု့ခင်းလှလှနေရာတွင် အဝတ်အစား မြန်မာဝတ်စုံ ရှမ်းဝတ်စုံ ဘောင်းဘီ တီရှပ် စသဖြင့် အမျိုးမျိုးကို ရိုက်ပါတော့သည်...ကျောင်းပိတ်တဲ့ နေ့ဆိုတော့ ကျောင်းခန်းထဲမှာလဲ ဆရာတွေကို ခွင့်တောင်းပြီး သွားရိုက်ကြသည်....ရေကန်တောင် ရောက်တော့ သူမ ထိန်းချုပ်ထားသမျှ လွှင့်စဉ်ကာ တစ်ယောက်တည်း တောင်တက်လမ်းမှာ ငိုကျန်ခဲ့သည်ကို ဘယ်သူမှ သတိမထားမိ....ဒီနေရာလေးတွေမှာ မ နဲ့ အတူ ချစ်ရည်လူး ခဲ့ကြဖူးသည်ပဲ...နေရာ အတော်များများ နှစ်ဘယ်လောက်ပဲ ပြောင်းပြောင်း မ နဲ့ ပတ်သက်ရင် သူမ ရင်ထဲ မနေ့တနေ့ကလို အဖြစ်အပျက်မျိုးလို့ အရာရာတိုင်းဟာ အသစ်လို တစ်စက် တစ်မှုံကလေးကိုတောင် မေ့မထားခဲ့...မေ့လဲ မမေ့နိုင်..သူငယ်ချင်းတွေနဲ့ စကားစပ်မိရင်တောင်မှ...တိုက်ဆိုင်မှုတွေ ရှိလာတိုင်း တော့ ငါ မ ကို လွမ်းပါတယ် ဆိုတဲ့ စကားမျိုး
ငါ့ မေ့ထားခဲ့ပြီဖြစ်တဲ့အကြောင်းကို လာမဆွပါနဲ့ ဆိုတာမျိုးကို ရင်နာနာနဲ့ ပြောလိုက်ရတဲ့အခိုက်တွေ ရှိခဲ့ဖူးသည်...
ဘယ်လိုပဲပြောပြော အချိန်တိုင်းနာရီတိုင်းစက္ကန့်တိုင်းသူမ နှလုံးခုန်သံတိုင်းကို ခုချိန်ထိ မ တစ်ဦးပိုင်သာ ဖြစ်နေဆဲ...ဘာသတင်းမှလဲ မစုံစမ်း မကြားရတဲ့ မ အကြောင်း...မေမေ့က ကတိတည်စွာ သူမ အလုပ်ကြိုးစားပြီး သက်သေပြခဲ့သည်..အိပ်နေတဲ့ ခေါင်းအုံးစွပ်လေးထဲမှာ သူမအမည်နဲ့ မ စုပေးထားခဲ့တဲ့ ဘဏ်စုငွေလေး ခုဆို ဆယ့်လေးသိန်းထက် အဆများစွာ ရှိနေလေပြီ....
လွမ်းရတာပေါ့ မရယ်...
သဲ သိတဲ့ အချစ်ဆိုတာ သစ္စာရှိစွာ စောင့်ဆိုင်းခြင်းပဲ...
မ နဲ့ တစ်သက်စာနီးဖို့ ခဏတာလေးဝေးရတာမို့ သဲ အချိန်ကို သစ္စာရှိရှိနဲ့ စောင့်နေခဲ့တယ်...
ပြီးခဲ့တဲ့ နှစ်တွေမှာ မ ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်နေခဲ့ရလဲ...အသဲကွဲဒဏ်တွေ ဘယ်လို ကုစားခဲ့ရလဲဆိုတာ သဲတို့ ပြန်ဆုံကြတဲ့အခါ ဟာသအနေနဲ့ ရယ်ရယ်မောမော ပြန်ပြောကြတာပေါ့နော်...သဲ ကို စောင့်နေပေးပါ မရယ်...
......
"ဒီနေ့ လေဆိပ်ကို အကြိုတော် ဘယ်သူရှိလဲ "
ထုံးစံအတိုင်း မမေဦးတို့ကတော့ ခေါင်းငုံ့နေပြီ...ဒါ သူမသွားချင်ဘူးဆိုတဲ့ သဘော..ဂျာကြီးကလဲ ဒါတွေကို မနေ့တည်းက စီစဉ်ထားရမယ့် ကိစ္စကိုခုမှ ဗြုန်းစားကြီး လာလုပ်တော့ ကျန်တဲ့ သူတွေက ပျင်းတာပေါ့....အကုန်လုံးက ဒီမှာ ထိုင်ပြီး ရုံးတက်တာဆိုလို့ ဒီဇိုင်းဆွဲ တဲ့ အင်ဂျင်နီယာတွေချည်းပဲလေ...စာရင်းကိုင်တွေလဲ သပ်သပ်စီ...ခုကျ ရုံးစေတစ်ယောက်လောက်ကိုကျ အလုပ်မခန့်ချင်ပဲနဲ့ ထစ်ခနဲဆို အင်ဂျင်နီယာတစ်ယောက်ဟာလဲ အလိုလို ဒရိုင်ဘာ ဘဝရောက်နေတာ များများပင်....
"ဇေယျာကော"
"ခွင့်ယူထားတယ် ရှင့်"
"ဒုက္ခပဲ...မမေဦး တစ်ယောက်လောက်တော့ ရှာလွှတ်လိုက်ဦး.ကျမ ခေါင်းတွေကိုက်လွန်းလို့"
"ဟုတ်"
ခေါင်းတွေ ကိုက်မှာပေါ့..ထစ်ခနဲဆို အဲ့ ဆံပင်လေး ဖြောင့်လိုက် ကောက်လိုက် လုပ်နေတာကိုး....ဆေးနံ့တွေမှ တရုံးလုံးကိုမှောင်လို့....
ဖျတ်ဖျတ်လတ်လတ် ရှိတဲ့ ကောင်လေးတစ်ယောက်ကိုပဲ လေဆိပ်ပို့ခိုင်းရတော့သည်...သူဋ္ဌေး. အလုပ်ကိစ္စနဲ့ဆိုပြီး စင်ကာပူသို့ ထွက်သွားတာ ဒီနေ့ဆို တပတ်ပြည့်ပြီလေ...နှင်းနှင်းဝေကတော့ သူ့မိခင်ဆုံးပြီး တလအကြာ စင်ကာပူကို အလုပ်ကိစ္စဆိုပြီး ထွက်သွားလိုက်တာ တစ်နှစ်နှစ်နှစ်ပြည့်သွားလဲ မြန်မာပြည်ကို ခြေပြန်မချလာတော့သလို ဇေယျာတို့ကလွဲရင် ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်...သူဋ္ဌေး အလုပ်ဒီဇိုင်းဆွဲဖို့ လိုမှသာ ရုံးကို ဆက်သွယ်ဖော်ရတော့သည်...သူမ မသိသေးတဲ့ကိစ္စတွေ ရုံးမှာ ဖြစ်ပျက်ခဲ့သည်တဲ့...ဆိုတော့ နောက်မှသိလိုက်ရတာ သူဋ္ဌေးက နှင်းနှင်းဝေကို လက်ထပ်ခွင့် တောင်းခဲ့သည်ဆိုပဲ....အဖြေကတော့ ဘာမှန်းမသိ.သူဋ္ဌေးလဲ စလုံးကိုတော့ တလတစ်ကြိမ် အလုပ်အကြောင်းပြပြီး အိမ်ဉိးနဲ့ ကြမ်းပြင်လိုကို ကူးနေတာပင်...
အတွေးတွေနဲ့ ကားစီးလာတာ လေဆိပ်ထဲတောင် ရောက်လာပြီ....ပြည်တွင်းလေယာဉ်တွေတော့ ဆိုက်နေကြပြီ....
အထဲမှာ ထိုင်စောင့်နေလိုက်သည်..သူဋ္ဌေးဆိုတော့ ဘာပန်းစည်းမှလဲ ယူလာမနေတော့..ခါတိုင်းဆို ရုံးကလူကို မကြိုခိုင်းပါဘူး ဒီနေ့မှ ဘာစိတ်ကူးပေါက်တာလဲမသိ...
လေယာဉ်ဆိုက်ပြီဆိုတော့ ကြိုမယ့်သူတွေက စုစု စုစုနဲ့....
ခဏကြာတော့ ထွက်လာပါပြီ...သူဋ္ဌေးရယ်...ပြီးတော့ သူဋ္ဌေးဘေးမှာ ...
"နှင်း.....နှင်းကော ပါလာတယ်"
ရင်မှ လှိုက်ခနဲ ဝမ်းသာမှုအပြည့်နဲ့ နှင်း လက်ကို ပြေးတွဲလိုက်သည်...နှင်းက အသားတွေပင် စိုဝင်းလို့ သူဋ္ဌေးနဲ့ ယှဉ်လျှောက်လာတာ ...တော်တော် လိုက်ဖက်ညီနေသည်...အဝေးက မသိသူကြည့်လျှင်တောင် လင်မယားဟုပင် ထင်ရလောက်သည်...နှင်းက သူမ ပခုံးလေးကို ပြန်ဖက်ရင်း
"လွမ်းနေတာ မမေဦး ရယ်"
"ကြည့်စမ်း နှင်း ချော လာလိုက်တာကွယ် နှင်း ဟိုကို ပြန်သွားဦးမှာလား"
"အပြီးပြန်လာတာ...ဒါပေမယ့် အရေးတကြီးလုပ်စရာရှိရင်တော့ အချိန်မရွေး ပြန်သွားရမှာ အဓိကကတော့ ဒီမှာပဲ အမြဲရုံးထိုင်ရမှာပေါ့ ရုံးတော့ ပြောင်းရမှာ "
"အေးပါကွယ် ပြန်လာတယ်ဆိုတာပဲ ဝမ်းသာလှပြီကွယ် အိတ်တွေကော"
"ဦး သွားရွေးလိုက်မယ် ခဏနော်"
"ဟေး နှင်း "
ဇေယျာနဲ့ခက် ပြီးတော့ နှစ်နှစ်အရွယ် ကလေးသေးသေးလေးကို ဇေယျာကချီထားသည်...သူမ တို့ရှိရာသို့ လာရပ်ရင်း
"ဪ...ဇေယျာ နင်ခွင့်ယူတာက..."
"နှင်းကို ကြိုဖို့လေ...မထင်ထားဘူး ဘော့စ်နဲ့ အတူ ပြန်လာလိမ့်မယ်လို့"
"လွမ်းနေခဲ့တာ နှင်းရယ် နေနိုင်လိုက်တာ အရမ်းပဲ ပြန်လာကာနီးမှ ဆက်သွယ်ဖော်ရတယ်"
"ငါ ဘော့စ်နဲ့အတူ အထုတ်သွားသယ်ကူလိုက်ဦးမယ်နော် ရော့ကလေး ခေါ်ထားဦး"
ဇေယျာက ခက်လက်ထဲ ကလေးကိုထည့်ပေးတော့ နှင်းက ကြားဖြတ်ကာ
"နင်တို့ကလေးလား ပေးပါဦး ခေါ်ကြည့်ဦးမယ်"
"အင်းပေါ့ "
"အားပါး ချစ်စရာလေး ဝဝကစ်ကစ်လေး သားလားသမီးလ""
"သားဟ..."
"ချစ်စရာလေးကွာ "
"ကဲပါ လေဆိပ်ကြီးမှာ အဲ့လောက်နမ်းမနေနဲ့ ဟိုမှာ နင်တို့ သူဋ္ဌေး အိတ်တွေအများကြီး ဆွဲလာနေပြီ ငါသွားကူလိုက်ဦးမယ် လာ မမေဦး"
ဘေးနားက မမေဦးကိုပါ ခက်ခေါ်ထွက်သွားတော့ ကလေးလေးချီလျက် နှင်းပဲ ကျန်ခဲ့တော့သည်...အထုတ်တွေ အများကြီးက သူမပစ္စည်းတွေချည်းပင်.လက်ဆောင်တွေကော စာရွက်တွေကော ဒီဇိုင်းပုံစံတွေကော အများကြီးကို စာအုပ်တွေကောပါ ရောသယ်ချလာခဲ့တာပင်.....
ဘော့စ်က သူမ ဆီ လျှောက်လာပြီး အအေးဗူးတစ်ဗူး လာပေးသည်...
"ပင်ပန်းနေမှာပေါ့ သောက်လိုက်ဦး"
"ကျေးဇူးပါရှင့် ခဏမှပဲသောက်လိုက်တော့မယ်"
တကယ်က သူမလဲ သောက်ချင်တာပေါ့...လက်မအားလို့သာ...ဒါကို သူဋ္ဌေးကသိဟန်ဖြင့် အဖုံးဖွင့် ပိုက်တပ်ပြီး သူမ ပါးစပ်ရှေ့ထိုးပေးသည်...သူမလဲ သောက်ချင်နေတော့ မငြင်းဆန်ပဲ သောက်လိုက်သည်...
"ကျေးဇူးပါ နော်"
"ဟား...ရပါတယ် ဇေယျာရဲ့ သားလေးလား.ချစ်စရာလေးကွာ ပေးစမ်းပါဦး ခေါ်ပါရစေ"
လက်ထဲကကလေးကို ဘော့စ်ဆီ ပြောင်းချီစေလိုက်သည်...ကလေးကလဲ အလိမ်မာလေး...ဘယ်သူခေါ်ခေါ် ငိုမှန်ဝေးစွ....တစ်ခစ်ခစ်နဲ့ သဘောတွေကို ကျလို့ ....
ကလေးတစ်ယောက်နဲ့ ဘေးလူတွေ မရှိတဲ့ သူမနဲ့ ဘော့စ်တို့ရဲ့ ကြည်နူးတဲ့ ပုံရိပ်ကို တစ်ဖက်မှ ကျောပိုးအိတ် လွယ်ထားပြီး အထုတ်ဆွဲလာတဲ့ ကောင်မလေးတစ်ယောက် လျှပ်တပျက် မြင်သွားသည်မှ စ၍ ခြေစုံရပ်ကာ စိတ်ဝင်တစား ရပ်ကြည့်နေသည်ကိုတော့ ဘယ်သူမှ သတိမထားမလိုက်ပေ...
.
.
က်မသိတဲ့ အခ်စ်ဆိုတာ
သစ္စာရှိစွာ စောင့်ဆိုင်းခြင်း#
.Next to o==[]::::::::::::::::>