.
.
စိတ်မပါလက်မပါ တဖက်သားကို အားနာလို့သာ သူတို့ကားနောက်ကို ရောက်လာတာ....သိလဲမသိပါပဲနဲ့..ပြီးတော့ ကောင်လေးနှစ်ယောက်...အထဲက လူကိုတော့ မမြင်ရဘူးလေ..ဘာမှန်းမသိပဲ သူတို့ ပြောသမျှကို အားနာပါးနာ ကိုယ့်အိမ်ရှေ့ရောက် ကိုယ့်အမည်တစ်ခုတည်းနဲ့ ဘာလာလုပ်ကြတာလဲမသိတော့ အူကြောင်ကြောင်လုပ်ရပ်ကြီးပေါ...
သိပ်လဲ စိတ်မဝင်စားတာနဲ့ လက်ပိုက်ပြီးပဲ ကားနောက်ဖုံးပွင့်လာမယ့်အချိန်ကို စောင့်နေလိုက်သည်...
ကိုယ့်မှာ အိပ်စုံမှုံဖွား...မျက်နှာလဲ မသစ်ရသေး..
ဆံပင်ကလဲ ဘုတ်သိုက်ကြီးလေ...
ဖိနပ်အပါးလေးစီး...အနွေးထည်ဘောင်းဘီကြီးဝတ်...အင်္ကျီလက်ရှည် အပါးလေးနဲ့...ညအိပ်ဝတ်စုံမဝတ်အိပ်တတ်သော သူမရဲ့ အိပ်ယာဝင် အိပ်ယာထဖက်ရှင်က အဲ့လို..
အပြာရောင် ကားနောက်ဖုံးလေး တရွေ့ရွေ့နဲ့ အပေါ်မြှင့်တက်လာတဲ့အခါ
"Wow....Oh!my god"
လက်နှစ်ဖက်ပိုက်ထားတာလေးဖြေချ ပါးစပ်နားမှာ မယုံနိုင်စရာ အံ့သြခြင်းများစွာဖြင့် ပိတ်ထားလိုက်မိသည်...
ခုမှ လွတ်လပ်ရေးရလာသလား မသိ...အထဲမှာ ပြွတ်သိပ်နေသော ရောင်စုံမိုးပျံပူပေါင်းလေးတွေ စုပြုံထိုးထွက်လာလေသည်...လေထဲ ရောက်မသွားစေရန် အမြန် စုချည်ထားသော ကြိုးထုံးလေးကို လိုက်ဆွဲထားရသည်...ပြီးတော့ ရှည်မျောမျော ကတ်ထူပုံးကြီး...ပါကင်ပိတ်ထားသည်...ရိုးရိုးလေးပါပဲ...ဘာအဆန်းတကြယ် စာတွေလဲ မပါ...ဘေးဘီမှာ ခုဏကကောင်လေး သူမအဖြစ်ကို ကင်မရာနဲ့ မှတ်တမ်းလာတင်နေမှန်းလဲ မသိ...သတိမထားမိ...ဘာကြောင့်မှန်းလဲ တကယ်မသိ...လက်ကောက်ဝတ်မှာ ကြိုးစလေးကို ချည်ထားလိုက်ပြီး ကတ်ထူပုံးမှာ ကပ်ထားတဲ့ တိပ်တွေ ဆွဲခွာလိုက်သည်...ကွာကျသွားတာနဲ့ ဖွင့်ချလိုက်တော့
"အမယ်လေး...."
လန့်သွားသဖြင့် ကိုယ်ပင် နောက်သို့ ..ဆုတ်လိုက်ရသည်...
အဘယ်ကြောင့်ဆိုသော် ကတ်ထူပုံးထဲမှာ သူမရဲ့ အသက်တမျှ ကြင်နာသူလေးက ကိတ်သေးသေးလေးကိုကိုင်ပြီး ထိုင်လျက်သား ပြုံးဖြဲပြနေတာကိုး...ဘေးမှာ ပါဆယ်ထုတ်လှလှလေးတွေလဲ စီရရီ...ထုတ်ပိုးထားသော အနီရောင်နှင်းဆီပန်းစည်းကြီးတစ်ခု...
"Happy Valentine's Day မ"
ကတ်ထူပုံးက အပေါ်ကနေ မဖောက်ပဲ ဒေါင်လိုက် တံခါးဖွင့်သလို ဖွင့်ရတာမို့ သဲက အထဲမှာ ငုတ်တုပ်ထိုင်လျှက်သားလေ...ဒီထဲမှာ အချိန်တွေ ဘယ်လောက်များ ကုန်အောင် နေခဲ့သည်မသိ...နားထင်မှာ...နဖူးမှာ ချွေးစေးလေးတွေပင် ပျံလို့နေသည်....
"လန့်လိုက်တာ သဲရယ် ဘာလို့ ဒီထဲ ထိုင်လာရတာတုန်း အသက်ရှူ မကြပ်ဖူးလား "
သူမ သဲတွက် စိုးရိမ်မကင်းတဲ့ သဘောနဲ့ဆိုတော့
"ကြပ်တာပေါ့ ဒါမယ့် မ နိုးလာတာမြင်မှ ဒီထဲ ဝင်နေတာပါနော် တိတ်ကိုလဲ တစ်ခုပဲ ကပ်ထားတာလေ...ဟီး နေရတော့ ခက်သား"
"ထွက်လာလေ ဘာလုပ်နေတာလဲ"
"ဟာ မ မှ ကိတ်လက်မခံသေးတာ"
"ပေး ပေး လာ ထွက်ခဲ့တော့ တကတည်းတော်သူမို့ပေါက်ပေါက်ရှာရှာ"
သဲ လက်ထဲမှ ကိတ်ကို ယူကာမှ သဲ ထွက်လာဖော်ရတော့သည်...နှင်းဆီပန်းစည်းကြိးကို ထပ်ကမ်းပေးပြန်သည်...ဒီတစ်ခါ ဒူးလေးထောက်လို့ပေါ့...ဘေးပတ်ဝန်းကျင်က တစေ့တစောင်း အကဲခတ်နေကြသည်...မေမေလဲ တံခါးဝမှနေ၍ ကြည့်နေသည် . ...
"မ သဲကို သူစိမ်းသက်သက်ကနေ အနွံအတာ ခံပြိး ချစ်ပေးလို့ ကျေးဇူးပါနော် ... ချစ်နိုင်သလောက် ချစ်ပေးပါနော် ထပ်ပြီး ထပ်ပြီးတော့ပေါ့...နောက်လဲ ဆိုးနိုင်သလောက် ဆိုးဦးမှာမို့ လို့ ရစ်နိုင်သလောက် ရစ်ဦးမှာမို့လို့ မ ကို ချစ်သထက် ချစ်မှာမို့လို့ သည်းခံပြီး.ထပ်ချစ်ပေးပိုချစ်ပေးပါနော်"
ဒူးကြီးထောက်ပြီး ပြောနေတာလေးကိုက အသည်းယားစရာ...
သဲ လက်ထဲက ပန်းစည်း ယူပြီး
"လုံးဝ surprise ပါ သဲရယ်... ကဲ ထပါတော့နော်...လူတွေ ကြည့်နေပြီ"
"ဟာ မ ကလဲ တစ်ခုခု ပြန်ပြောဦးလေ"
"ဟင် ဘာပြောရမှာတုန်း အဲ့လောက် အံ့အားသင့်စရာဖန်တီးပြီးမှ ထ ထ"
သဲကို အတင်းဆွဲထရသေးသည်..ဒါတောင် ကလေးစုတ်က မထချင် ထချင်နဲ့....သူမ ဆွဲမထလို့လဲ မရ...ပတ်ဝန်းကျင်က ဈေးသွားဈေးလာတွေနဲ့ ရှုပ်ပြီး အထူးအဆန်းမို့ ဝိုင်းကြည့်နေကြပြီလေ...
"လာ အထဲကို"
"ဟာ....ဟာ...နေ...နေဦးလေ မ ... မလို့"
သဲ လက်ကို ဆွဲ ဦးဆောင် အိမ်ထဲ ဝင်လာတော့ ဝဲက ယက်ကန် ယက်ကန်နဲ့ ပါလာသည်...သူမ လက်ထဲမှာ မခွဲရသေးတဲ့ ကိတ်ရယ်....ချိုင်းထဲ ညှပ်ထားတဲ့ ..နှင်းဆီပန်း စည်းရယ်ပဲ ပါလာသည်...တစ်ဖက်က သဲ လက်ဆွဲထားရသည်.လေ..မေမေကတော့ ဘယ်တည်းက မီးဖိုခန်းထဲရောက်သွားသည်မသိ..သဲနဲ့ အတူပါလာတဲ့ လူတွေကို ခေါ်လာဖို့ သတိကမရ..
အခန်းထဲ ရောက်တော့ တံခါးဆွဲပိတ်လိုက်သည် ..သဲက သုမ ကုတင်ပေါ်မှာ ထိုင်ရက်သား ခဏက သူမ ဆွဲခေါ်လာမှုကြောင့် နာကျင်သွားဟန်ရတဲ့ သူ့လက်ကောက်ဝတ်လေးကို ပွတ်နေသည်...
ကိတ်တွေ ပန်းစည်းတွေကို စားပွဲပေါ် ချ သဲ ဘေးထိုင်လိုက်သည်..
"ဘယ်လို စိတ်ကူးပေါက်လို့ ဒူးထောက်ရတာလဲ"
'မ ကလဲ ဒီတိုင်း ရိုဆန်ဆန်ပေးချင်တာပေါ့ ရော့...အင့် လိုမှ မပေးချင်တာ"
မျက်နှာကြီး ရှုံ့မဲ့ကာ သူ့လက်ချည်းပွတ်နေတော့ သူမ ဆွဲယူကြည့်လိုက်မိသည်...နီရဲနေတာပဲလေ...
"ဟယ် သဲ နာနေလားဟင်"
"နာတာပေါ့ မ က အတင်းကြီးဆွဲခေါ်လာတာ ကားထဲမှာ အထုတ်တွေ ကျန်သေးတာကို"
"အာ့ဆို မ သွားယူလိုက်မယ်"
ထိုင်ရာကနေ ထတော့ သဲက သူမ လက်လှမ်းဆွဲကာ ထားတော့ ဟန်ချက်ပျက်ပြီး သဲ ပေါင်ပေါ် အထိုင်လိုက် ဖြစ်သွားသည်...
နီးကပ်လွန်းလှသော မျက်နှာ နှစ်ခုမှာ တစ်ယောက်ရဲ့ ဝင်လေထွက်လေ က တစ်ယောက်ပါးပြင်လာထိတွေ့သည်...
ရင်ခုန်သံတွေလဲ မြန်လို...
ရီဝေမူးယစ်ဖွယ် ကောငိးသော သဲ အကြည့်တွေကြားမှာ သူမ တိမ်းမူးနေပြီ...အမြန်ရုန်းထွက်ရမည်လေ...အကြည့်ကို အတန်တန် အားယူလွှဲလိုက်ပြီး
"အပြင်မှာ အထုတ်တွေ သယ်ရမယ်လေ သဲရဲ့"
"ဟင့်အင်း မ ကိုကိုပါတယ် သူယူလာလိမ့်မယ်"
"ဟင်...သဲ ကိုကိုလဲ ပါတယ်လား"
"ကားထဲမှာလေ မ မှတ်မိမစိုးလို့ တမင်နေတာ ဟိုအကိုက ကိုကို့သူငယ်ချင်း အမရပူရ မှာနေတာ...ကားကလဲ သူ့ကားပဲ...သဲတို့ကားနဲ့ဆို မ က သိနေမှာ ဒါဆို surprise မဖြစ်တော့ဘူးလေ"
"အယ် သဲရယ် မ က သဲ ဖုန်းဆက်နေတာ မနေ့ညနေတည်းက မကိုင်ဘူး စက်ပိတ်ဆိုတော့ ဘာများလဲလို့"
"မနေ့ညနေက လားရှိုးက ထွက်လာတာပဲလေ မ ခုလိုလုပ်တော့ မ အရမ်းအံ့သြသွားတယ်မို့လား"
"အွန်းပေါ့..မ သဲ အရမ်းတော်တာပဲ ကဲ အပြင်ထွက်ရအောင်"
"ဟာ သူပဲ အခန်းထဲ ခေါ်လာပြီးတော့မှ"
"ခေါ်လာရတာပေါ့ လူတွေကြည့်နေပြီလေ...ကဲ့ရဲ့ကြမယ် အပြစ်တင်မယ် ဝေဖန်ကြမယ် အဲ့လို သူတို့အတင်းစကားတွေ ကြားထဲ ရှင့်ကိုကော မေမေ့ကိုပါ မျှောမသွားစေချင်ဘူး ရှင်ရဲ့ နားလည်ရဲ့လား အာ့ကြောင့်ခေါ်ခဲ့တာ လာ အပြင်ကို "
ပေါင်ပေါ်ကနေကို ရုန်းထွက်မရအောင် သဲ ကို အတင်းဖက်တွယ် ထိုင်စေထားတော့ ထမရ...
"မ ဘာလို့ မျက်နှာကြီး ငုံ့ထားတာတုန်း"
"ဘယ်မလဲ ငုံ့လို့ "
မငုံပေမယ့် မျက်နှာလွှဲထားတာပင်...သဲက သူမ မေးဖျားလေးကို သူ့လက်ချောင်းလေးနှင့် ပင့်တင်ရင်း
"မ "
"ရှင့်"
"သဲ ကို ကြည့် "
အချစ်ရိပ်ယောင်တွေ ပြည့်နှက်ပြီး အရည်တွေ လဲ့နေတဲ့ တောက်ပတဲ့ သဲ မျက်လုံးလေးတွေက တစ်ခုခုကို တောင့်တနေသည့်အလား...
"ဘာလဲ"
"မ သဲအဲ့လောက် စပရိုက် အပြီးစားလုပ်ပေးတာတောင် ဘာမှ မလုပ်ပေးချင်ဘူးလား"
"ဟင်....ဘာလုပ်ပေးရမှာလဲ"
"ဒီနေ့က ချစ်သူများနေ့လေ မရဲ့....စောစီးလေး မ နဲ့ အနမ်းတော့ ခြွေသင့်တာ မဟုတ်ဖူးလား"
"အာ...မ က မျက်နှာတောင် မသစ်ရသေးဘူး အဲ့လောက်စုတ်ချာ ညစ်ပတ်နေတာကို"
"သဲ လဲ မသစ်ရသေးဘူး တညလုံးစီးလာတာ ရောက်တာနဲ့ ဒီ ပန်းတွေ ပြင်ဆင် ကတ်ထူပုံးတွေ ရှာနဲ့ အလုပ်ရှုပ်နေတာနဲ့ပဲ ညကလဲ အိပ်မပျော်ဘူး ကားပေါ်မှာ စိုးရိမ်လာခဲ့တာ...
သဲ စပရိုက်လုပ်တာ မ တွက် အံသြစရာ ဖြစ်မှ ဖြစ်ပါ့မလားလို့...
ဆယ့်နှစ်နာရီ တစ်စက္ကန့်စွန်းတည်းက ပျော်စရာ ချစ်သူများနေ့ပါ မ အရမ်းချစ်တယ် လို့ ပြောချင်နေတာ ပါးစပ်ကို ယားလို့...ဒါပေမယ့် မ တမင် စိတ်တွေ မရိုးမရြွဖစ်စေအောင် ဖုန်းကို ပိတ်ထားလိုက်တာ..."
"ရှင်လေးက အကြံနဲ့ ပေမယ့် ကျုပ်ဘယ်လောက် ဝမ်းနည်းရတယ် ထင်လဲ မနေ့ညနေတည်းက ဖုန်းတွေခေါ် စာတွေပို့နေတာ....စိတ်ထဲ ကသိကအောက်နဲ့ ...
ချစ်သူများနေ့မှာ ပျော်ပျော်လေး နေချင်တာကို ရှင် က ဖုန်းတောင် ဆက်သွယ်မရတော့ ကျုပ်နေရာ ဘာဖြစ်နေမလဲ ဝင်ကိုယ်ချင်းစာကြည့်ဦး"
"အင်းပါ မရဲ့ ခုတွေ့နေရပြီလေ ပေးပါ တစ်ခုခု....မ ဆီက တစ်ခုခုလိုကို လိုချင်တယ်...ရမှ လဲ ဖြစ်မှာ မရရင် မ အပြင်ထွက်လို့ မရတော့အောင် လုပ်မှာနော်"
"အာ....ဘာလုပ်ပေးရမတုန်း"
ညဏ်ကြီးရှင် သဲမမ တစ်ယောက် ပြုံးစစနှင့် မျက်လုံးစုံမှိတ်ထားပါပြီ.....ဒီကလေးကိုလေ...ဘယ်လိုချစ်လို့ ချစ်မှန်းကို မသိတော့ဘူး....သူ့ကို ကိုယ့်စိတ်ထဲ ကလေးသေးသေးလေးလိုပဲ ထင်မှတ်နေတာ...ခုကျ ကိုယ်တောင် စဉ်းစားမရတဲ့ ချစ်သူများနေ့ စပရိုက်ကို တစ်နယ်စီဝေးနေတာတောင် မြေပြန့်နဲ့ တောင်တန်း ကွာခြားနေတာတောင် ရောက်အောင်လာခဲ့လေသညိ...ဒီကလေးကို ဘာပြန်ပေးရမည်နည်း....
နူးညံ့ညင်သာသော အနမ်းတစ်ချို့ နဖူးပြင်ပေါ်....ပါးပြင်ပေါ် ကျရောက်လာသည်....ငြိမ်သက်စွာ ခံယူလို့ပေါ့....
ချစ်သူများနေ့မှာ တစ်နယ်စီဝေးနေကြတာတောင် နံနက်ခင်းလေးမှာ ချစ်သူ့အနမ်းနဲ့ ဖြတ်ကျော်လိုက်ကြတဲ့ ချစ်သူနှစ်ဦးရယ် ကြည်နူး ရွှင်မြူးလှပါဘိ...
.
သူများတွေလို ဆင်တူ အင်္ကျီလေးတွေ ဝတ်ပြီး ရှိုးစမိုးနဲ့ မန်းမြို့ထဲ ပတ်နေရသည်တော့ မဟုတ်ပေ....ဆင်တူတော့ မဟုတ် ...အဝါရောင် အတူတူ တီရှပ်လေးတွေနဲ့ ခေါင်းထုတ် အဖြူ လေးတွေနဲ့ ဘွတ်ဖိနပ်ကြီးတွေ စီးပြီး မ နဲ့ အတူ ဆိုဒ်ထဲမှာပဲ ကုန်ဆုံးလိုက်ရတဲ့ valentine day ဖြစ်နေပါသည်...
မနက်ခင်းမှာ သာယာနေခဲ့သလောက်.နေပူပူ ဖုန်မှုန့် သဲမှုန့်တွေထဲမှာ မ စာရင်းတွေ မှတ်နေတဲ့ အနား ပိတ်သီကပ်သီ သွားလုပ်နေရတာ အမော....Valentine's Day ဆိုပြီး အလုပ်ပိတ် ကျောင်းပိတ်ပေးရင် သိပ်ကောင်းမှာပဲ....ခုက သူမတို့ကျောင်းလဲ မပိတ်...မ တို့ လုပ်ငန်းခွင်လဲမပိတ်....သူမတော့ မ ဆီပို ကျောင်းလစ်ပြီးတော့ကို အလေးထားလာပေမယ့် မကတော့ သူ့အလုပ်အပျက်မခံ....
"မရဲ့သဲ ပျင်းနေပြီလား"
မ က စာရင်းစစ်နေသည့်ကြားမှ လှမ်းမေးလိုက်သည်...ခုချိန်ထိ သူမ ဖုန်း စက်မဖွင့်ရသေး....မ နဲ့နေရင် ဘယ်သူ့ဆီကမှ ဆက်သွယ်လာခြင်းကို မျှော်စရာ မလိုသည့် အတွက် ခုထိ သတိမရခြင်းပင်...
မ ဖုန်းကို ယူပြီး ပတ်မွှေနေရသည်..
"မပျင်းပါဘူး..ဒီလိုနေ့လေးမှာ ချစ်သူနဲ့အတူ ရှိနေတာပဲ ဘယ်လိုနေရာမှာပဲနေရနေရ မ အနားမှာ ရှိနေရရင်ကို ပြီးပြည့်စုံပြီ"
အသဲယားစွာ သဲ ပါးလေး ဆွဲလိုက်ရင်း
"ပြောတတ်လိုက်တာ သဲကလေးရယ်...မ လဲ ပျော်တာပေါ့...အေးအေးဆေးဆေး သဲ နဲ့ လည်နေသင့်တာ ဒါမယိ့ မက ဒျိလအတွင်း ခွင့်ရက်ယူတာ များနေတော့ ထပ်ပျက်လို့မရဘူးလေ..ပြီးတော့ သဲက လဲ မထင်ထားပဲ ရောက်လာတာဆိုတော့ မနက်မှ ထခိငိ့တိုင်ရင်လဲ မကောင်းတော့လို့ ...မ ကို နားလည်ပေးနော်"
"နားလည်ပါတယ် မ ရဲ့ သဲ သိတာပေါ့....မလည်ချင်ပါဘူး....ခုလို မ ဘေးနား နေရရင်ပဲ ကျေနပ်ပြီ...."
"နားလည်ပေးတာ ကျေးဇူးတင်ပါတယ် ပြီးတော့ အရမ်းချစ်တယ် မရဲ့ သဲ"
"တူတူပါပဲနော် ချစ်တယ်"
"ခဏနော် မ ဟိုဖက် သံပင်တွေ ချနေတဲ့နား နေရာပြောင်းချခိုင်းဖို့ သွားပြောလိုက်ဦးမယ်"
"ဟုတ်မ သွားလေ"
မ ထွက်သွားတော့ သူမ အိတ်ထဲက ဖုန်းဖွင့်လိုက်သည်...မနေ့တည်းက ပိတ်ထားတာကိုး...
စက်ပွင့်လာပြီးချင်း မစ်ကော ပေါင်းများစွာ...
စိမ်းနေသော နံပါတ်က ဘယ်သူပါလိမ့်....
မ မရှိခင်လေး ပြန်ခေါ်ရန် စိတ်ကူးလိုက်သည်...မှုံကလေးများ ဆက်တာလားလို့ပေါ့..မှုံကလေးက ကဒ်လဲထားသည်ကိုး...အဆက်အသွယ်မလုပ်ပဲ ရှောင်နေသလို ပုံစံကြောင့် သူမလဲ သိပ် သွားမဆုံတွေ့ဖြစ်ပေမယ့် မှုံနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချို့ကို လိုက်စုံစမ်းရသေးသည်...လတ်တလော ပြောင်းလဲသွားတဲ့ အကြောင်းရင်းကို ရောပေါ့...မှုံနဲ့ သူမ အဲ့လောက်ခင်တာ...မှုံဖက်က သူမရပ်တည်ပေးသလို သူမဖက်ကလဲ မှုံရှိနေပေးခဲ့တာ အများကြီးပဲလေ....မပြောမဆို ဘာလို့ရှောင်နေမှန်းတော့ မသိ..တစ်ခုခုတော့ မှားနေပြီမှန်းတော့ သိတာမို့ သူမနည်းသူမဟန်ဖြင့် စုံစမ်းကြည့်လဲ အကြောင်းမထူး...
ဖုန်းက ဝင်နေတာ ကြာပြီဖြစ်သော်လဲ ကိုင်မလာ....
ထပ်ကြိုးစားပြီး ခေါ်လိုက်သည်...မကိုင်..
သုံးခါမြောက်တော့မှ မကျသွားခင်လေးမှာ ကိုင်လာသည်...
"ဟယ်လို"
မှုံ တော့ မဟုတ်...ယောက်ျားသံကြီးပင်....
"ဪ...ဟုတ် ဖုန်းခေါ်ထားလို့"
"ဟုတ်တယ် ခင်ဗျ နန်းဆိုင်နွန်း ဟုတ်ပါသလား"
"ဟုတ်"
"ကားဂိတ်မှာ ပါဆယ် ရောက်နေတယ်ဗျ"
"ရှင်...ဘယ်ကပို့တာလဲ"
"မန်းတလေးကဗျ...ပစ္စည်းပို့သူအမည်တော့ မပါဘူး
ဖုန်းနံပါတ်နဲ့ နန်းဆိုင်နွန်း အမည်ပဲ ပါတယ်"
"ဪ..ဟုတ် ဘယ်ဂိတ်လဲ"
"..."
"ဟုတ် မနက်ဖြန်မှ လာယူပါ့မယ် သေချာ သိမ်းထားပေးပါဦးနော်"
"ဟုတ်ကဲ့ခင်ဗျ"
ဖုန်းချသွားတော့ ဘယ်သူပို့လာတာလဲ လို့ စဉ်းစားစရာတောင်မလို..မ က အဲ့လိုလေးတော့ လုပ်တတ်သားပါလား ဆိုပြီး သဘောကျ ကျေနပ်စွာ ပြုံးပြီး ဖုန်းလေးကိုပင် နမ်းလိုက်မိသေးသည်..ထိုစဉ်..ဘယ်တည်းက ရောက်နေမှန်း မသိသော ဘေးနားမှာ ချစ်ရတဲ့ မ က ခါးပေါ် လက်နှစ်ဖက်ထောက်ပြီး ကြည့်နေလေသည်...
"ဟီး...မ ဘယ်တုန်းကရောက်တာလဲ"
"ရှင်လေး ကြူ လို့ပြီးမှ ပြုံးဖြီးနေတာကို ကြည့်ဖို့ပဲ မှီလိုက်တာပါ "
မ အသံက ခနဲ့သံရောပါလာသည်...ဆောင်းထားတဲ့ ဦးထုတ်ကို စိတ်မပါလက်မပါ ချွတ်နေသည်....ကျပ်နေတော့ တော်ရုံချွတ်မရတဲ့အထဲ ဆံပင်ကပါ ညှပ်နေသေးသည်...
"ဟာ သေတော့မှာပဲ ဒီဦးထုတ်ကတော့.."
ရီလဲ ရီချင်သည်...ဒါ မ သဝန်တိုနေတာနေမှာ...မ ဘေးကို အလိုအလျောက် ရောက်ရှိသွားရပြီး
"သဲ လုပ်ပေးမယ် မ ဖယ် မလက်"
ကြိုးလေးကို သွားကိုင်သော သူမ လက်လေး ပုတ်ချခြင်းခံလိုက်ရသည်...
"မလိုဘူး ကိုယ့်ဟာကိုယ် လုပ်တတ်တယ် လာမကိုင်နဲ့"
"ဟာ မ ဘာဖြစ်နေတာလဲ"
"မဖြစ်ဘူး"
"မ စိတ်ဆိုးနေတာလား သဲကို "
"မဆိုးပါဘူး ဘာလို့စိတ်ဆိုးရမှာလဲ"
ဆံပင်တွေ အထွေးလိုက် ဦးထုတ်ချွတ်သည့်အထဲ ကပ်ပါသွားတာ မြင်တော့ သူမ စိတ်မကောင်း. ... စိတ်မဆိုးတတ်တဲ့ မက ခု ဘယ်လို ဖြစ်နေတာလဲ မသိ....ချော့မရ ချောက်မရနဲ့...သူမ ဒုက္ခရောက်ရတော့သည်....မ ခါးသေးသေးလေးကို ဖက်ပြီး
"ခဏက ကားဂိတ်က ပစ္စည်းရောက်တယ်ဆိုလို့ ပြောနေတာပါ မရဲ့"
"လာ မထိနဲ့ "
"မ ပို့တာမလား.ဘာလေး ပို့လိုက်တာလဲ ဟင် သဲ သိချင်တယ်"
-မသိဘူး မပို့ပါဘူး"
ဒီလူကြီးဆိုးနေတာကို ဘယ်လိုချော့ရမှန်းမသိတော့....မ က စိတ်ဆိုးခဲသည်...တော်ရုံတန်ရုံလဲ စိတ်ဆိုးတတ်သည် မဟုတ်...ခုက ဘာဖြစ်နေတာလဲ မသိ...
အတင်းဖယ်ချနေသော မ လက်တွေကို ဂရုမစိုက်ပဲ မ ကို ပိုတိုးပြီး ဖက်လိုက်သည်...သူမရဲ့ နှာတံချွန်ချွန်လေးတွေက မ လည်တိုင်ကို မထိတထိ နှင့် မို့ မ မနေတတ်တော့..
"ဟယ် လူတွေ ရှိနေတာကို"
"ဘာဖြစ်လဲ ရှိရှိပေါ့"
"ရှင်နော်"
"မနော်"
"ကဲ ဟယ်"
လက်သည်းရှည်ရှည်နဲ့ ဗိုက်ခေါက်ဆွဲလိမ်ခြင်း ခံလိုက်ရသည်...
"အ.....နာတာ မ ရယ်"
မျက်နှာကြီး ရှုံ့မဲ့လို့ ဗိုက်ကလေး ပွတ်ပြနေတော့ မ မှာ အစက မမြမြင်ချင်ယောင်ဆောင်ကာ သူ့ laptop နှိပ်နေသော်လဲ သူမ ငြိမ်သက်သွားတော့ စိုးရိမ်မကင်းတဲ့ မျက်နှာပေးနဲ့ ကြည့်လာသည်..
သူမရဲ့ မျက်ဝန်းတွေက မျက်ရည်ကြည်လေးတွေ ဝေ့သီလို့ပေါ့...
အလုပ်တွေ မအားတဲ့ ကြားကနေ ချစ်သူများနေ့အမှီ ကွက်တိရအောင် ပါဆယ် လက်ဆောင်လေး ပို့ပေးခဲ့ပါ သော မ....
မ အပေါ်မှာ အမြဲတမ်း သူမ က သာ အနိုင်ယူနေသည်ချည်းပဲလေ...
"ဟင် သဲ ငိုနေတာလား"
ငိုနေတာဘား ဆိုမှ မျက်ရည်တွေ မျက်ဝန်းထဲ ပြည့်လျှံလာတော့ ပုတ်ခတ်ပြီး ထိန်းလိုက်မည်ပြုစဉ် ပေါက်ခနဲ ကျသွားသေးသည်လေ...လက်ခုံနဲ့ သုတ်ရင်း
"ငိုဘူး မ"
မ က သူ့ရင်ခွင်ထဲ ဆွဲသွင်းသည်...လက်ကတော့ ခဏက သူလိမ်လိုက်တဲ့ သဲ ဗိုက်နားလေးဆီကို ပွတ်သပ်ပေးနေသည်...
"နာသွားလို့လား သဲ ရယ် မ စိတ်မကောင်းလိုက်တာ သဲ နာကျင်အောင် မလုပ်ရက်ပါဘူး မ မရည်ရွယ်ပါဘူးနော်"
မ က သူမ အတွေးမသိရှာပဲ သူလုပ်လို့ နာသွားသဖြင့် သူမ ငိုနေသည် ဟု ထင်မှတ်ကာ ချော့နေလေသည်..
"မဟုတ်ပါဘူး မရဲ့ သဲ မနာပါဘူး ဒါနဲ့ မ လက်ဆောင်က ဘာလေးလဲဟင် မ ပို့တာမလား"
"သဲ အိမ်ရောက်တော့မှ ကြည့်လေ မ တောင် သဲ ပြန်မှ ကြည့်ရမယ်ဆိုလို့ ပါဆယ်ထုတ်သေးသေးလေးတွေ မဖွင့်ရသေးဘူးလေ"
"ဟင့်အင်း မ သဲ သိချင်တယ် မ ရယ်...မ ဘာတွေ ပေးလာလဲဟင်"
"သဲက ည ည ဆို တစ်ယောက်တည်းအိပ်တာလေ...မ ကိုလဲ ဖက်ထားပေး မ ရင်ခွင်မှာ အိပ်ချင်တယ်လို့ ပြောပြောနေလို့ လောလောဆယ် မ အစား ပန်ဒါဝက်ဝံရုပ်ကြီး ပို့ပေးလိုက်တာ...သဲ အိပ်ရင် အဲ့ရှမ်းပြည်က အေးတယ်မလား ဖက်အိပ်ရင် နွေးလဲ နွေးတယ် ည တိုင်း မ ကိုယ်ပွားလေး အဖြစ် အရုပ်လေးနဲ့ အတူရှိစေဖို့ပေါ့..ပြီးတော့ ရိုးရာမပျက် ချောကလက်လေးနည်းနည်းပေါ့ သဲ ချွဲကြပ်မှာစိုးလို့ အများကြီး မပို့ထားဘူး..
နောက်ပြီး ညဆို သဲက ကော်ဖီသောက်တတ်တယ်လေ...ခွက်ကလေးတစ်ခု မှာ သဲနဲ့မ ရဲ့ပုံကို ရိုက်နှိပ်ထားတာ အဲ့ခွက်ကလေး မ ဆီမှာတစ်ခု သဲဆီတစ်ခု ပို့ပေးလိုက်တယ် ဒါပဲ..အများကြီးတော့ မ မပေးနိုင်ဘူး"
"ဟုတ်...ကျေးဇူးပါ မ....သဲ လဲ လိုချင်နေတာ ကြာပြီလေ...မ ကိုယ်စား အရုပ်လေးကို ညတိုင်းဖက်အိပ်ပါ့မယ်ရှင် ပြီးတော့ ညတိုင်းမွှေးမွှေးလဲ ပေးပါ့မယ်လို့"
"အွန်း သဲ ကိုတော့ မမေးတော့ပါဘူး.ညနေပြန်မှ ကြည့်မယ်လေ နော်"
",သဲ ညနေ ကိုကို လာခေါ်တော့မှာ မ ခြောက်နာရီ ပြန်ကြမှာ"
",ဟင် ဘာလို့လဲ "
"ကျောင်းတရက်ပဲ ပျက်ရမှာလေ မ ရဲ့ ဒီနေ့တစ်ရက်လေး ခွင့်တင်ခိုင်းထားတာ မ ကို တွေ့ ချင်လွန်းလို့. ဒီလိုနေ့လေးကို မ နဲ့အတူ ဖြတ်သန်းချင်လို့"
"ဟုတ်ပါပြီသဲ ရယ် ခဏနေ ကျ နေ့လည်စာလိုက်ကျွေးမယ်နော် မ ဘိလပ်မြေ စာရင်း ညှိကြည့်ဦးမယ် နော်"
"Omm,".
-"ခဏက သဲ ဘာလို့ မျက်ရည်ကျရတယလဲ"
"မကကော ဘာလို့ စိတ်ဆိုးတာလဲ"
"ရှင်လေးက ကျမ လာတာကို မမြင်ပဲ ဖုန်းကို အနမ်းတွေပေးနေတာကိုး"
"အာ မ ကိုပေးတာလေ မ ပို့တဲ့ လက်ဆောင်တွက် ကျေးဇူးတင်လွန်းလို့ ခု မ ကို တိုက်ရိုက်ပေးချင်တယ်"
မ မျက်နှာလေး ဆွဲလှည့်ပစ်တော့ မ ကို ရှက်ရိပ်မျက်နှာ မူယာလေးနဲ့
"ဟာ လုပ်ရဘူးလေ အလုပ်ထဲမှာကို"
"ခဏလေးပဲ နော် မ "
"သဲ မဆိုးနဲ့ကွား ဒါကလုပ်ငန်းခွင်ကြီးနော်"
"တစ်ခါလေးပဲနော် ဖွဖွလေး လုပ်ပါ မရာ နော် နော် နော်"
လက်ညိုးလေးတစ်ချောင်းထောင်လို့ မရမက တောင်းဆိုနေသော သဲကို မ လုံးဝ မနိုင်ပါ....ဘေးဘီဝဲယာ လူလစ်မလစ် တချက်ဝေ့ကြည့်လိုက်ပြီးမှ မျက်စိလေး စုံမျိတ်လိုက်သည်..
"ခဏပဲနော် မြန်မြန်လေး"
"ဟုတ် မ"
သဲ ကလဲ သွက်သလားမမေးနဲ့..သူပြောတော့ ခဏလေးနဲ့ အနမ်းလေးတစ်ခုတင်တဲ့...သို့သော် ထပ်ကာထပ်ကာ အဆင့်တွေ တိုးလာသောကြောင့် သဲနဲ့ မျက်နျာချင်း အတင်းခွာလိုက်ပြီး
"တော်ပီ သဲ လူမြင်ရင် ရှုပ်ကုန်မယ် သဲကို ချစ်လို့အလိုလိုက်တာကို အခွင့်အရေးမယူနဲ့i
"ဟုတ်ပါပြီ မရာ ကဲ လုပ် လုပ် သဲ လဲ ကူပေးမယ်...
မ က စာရင်းဖတ် သဲက မှတ်ပေးမယ် ဟုတ်ပြီလား နော် ချစ်မကလေး"
"အွန်း".
တနေ့လုံး မ အပါးတော် သူမ ကျေနပ်စွာ ခစားလိုက်သည်...
မ အတွေးကတော့ ညဆို တနေရာသွားမယ် အစီစဉ်တစ်ခု ကြံထားပုံပက်...သို့သော်လဲ ကိုကိုက သူမတို့ အလုပ်ထဲမှ ပြန်ရောက်ချိန်တွင် မ အိမ်မှာ မ မေမေနဲ့ အဖွဲ့ကျလျက်ရှိနေပြီး သူမ တို့ပြန်အလာကို စောင့်ကြိုနေပြီလေ... မနဲ့တောင် ကောင်းကောင်းနှုတ်ဆက်ခွင့်မရပဲ အိမ်ပြန်လာရသည်...အဲ့နေ့ညက မ မျက်ရည်ကျနေတာကို လိုင်းပေါ်မှာ ဗီဒီယိုကောလ်ပြောရ်င်း မြင်တွေခဲ့ရသည်ပဲ...
ခဏခဏ ခွဲခွာခြင်းရဲ့အဆုံးမှာ ပေါင်းစည်းခြင်းဆိုတာလဲ ရှိသေးတယ်လေ မရဲ့....တစ်နေ့တော့ နီးမှာပါ
.
.......
"မနေ့က ဆရာမအိမ် လာတဲ့ ဧည့်သည်ကောင်မလေးက နှင်းနှင်းဝေ နဲ့ သူငယ်ချင်းလား"
ပတ်ဝန်းကျင်တွေ စကား နားထဲ ကြားနေပြီးသားမို့ ဒေါ်နှင်းမြ အပြုံးမပျက်ပါပဲ
"ချစ်သူတွေလေ"
"အဲ့ ကောင်လေးတွေထဲက တစ်ယောက်နဲ့လား"
"မဟုတ်ဖူးလေ....သမီးနဲ့ အဲ့ကလေးမလေးက ချစ်သူတွေ"
"ဟင် နှင်းနှင်ဝေက မိန်းကလေးချင်းကြိုက်နေတာလား"
"အင်း ကျမ လဲ မနေ့ကမှ သိတာ"
စတည်းက သိပေမယ့် တမင် ညာလိုက်ခြင်းပါ...တစ်စိတ်တစ်အိတ် လုပ်တတ်တဲ့ ဒီလို ပတ်ဝန်းကျင်ဆိုးမှာ သမီးလေး ကဲ့ရဲ့ခံရတာမျိုး မလိုချင်ဘူးလေ...