.
.
ပြောမယုံ ကြုံဖူးမှ သိလိမ့်မည်....
ကိုယ်တွေ မန်းမှာ အေးတယ်ဆိုတာ ရှမ်းပြည်ရဲ့ နွေရာသီလောက်ပဲ အအေးဓာတ် ရှိလိမ့်မည်ထင်ပါသည်..
ခုတော့ တကယ်သိပြီ....ပြင်ဦးလွင် မှ ဒီအထိ အအေးဓာတ်က လွန်ကဲလှသည်...ဝတ်လာတာကလဲ တကယ့် အနွေးထည်အထူကြီးမဟုတ်....ခြုံတဘက်ကြီးကို အိတ်ထဲမှ ပြန်ဆယ်.....ပြီးတော့ ခြုံ အိပ်လို့လဲ မရ...ခါတိုင်း ကားစီးရင် မျက်လုံးမှိတ် အိပ်နေကျ...ဒီတစ်ခါမှပဲ ကားစီးရင်း မအိပ်ရတော့ အိပ်ရေးကမဝသလို....အေးလွန်းတော့ အိပ်လို့ ဘယ်ရမလဲ...
ခြေအိပ်နဲ့ ဘွတ်ဖိနပ်ကလဲ ဂျင်းဘောင်းဘီရှည် နဲ့ ပါသေးလို့ တော်သေး....
ကားရပ်ပြီး ဆင်းတော့ အပြင်လေနဲ့ တိုက်ရိုက်ထိတွေ့ရပြန်သည် .ကား ပြတင်းမှန်တွေတော့ မိုးရေတောထဲ ဖြတ်လာသည့်အလား နှင်းစက်တွေ အရည်ပျော်ကျလို့ စိုရွဲလို့နေသည်...အိတ်ကို ကားပေါ်ကချ ကားဂိတ်တွင် သဲ ဆီသို့ ဖုန်းခေါ်တာတောင် လက်ထိပ်လေးတွေက နီရဲ ကိုက်ခဲ နာကျင်နေသည်လေ....ခြုံတဘက်ကို ခေါင်းထိဆွဲခြုံ ထားရသေးသည်...
ဂိတ်အတွင်း ဝင်ပြီး လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်ပြီးမှ သဲဆီ ဆက်ရသည်..သဲ နိုးမှ နိုးသေးရဲ့လားမသိ...
မကိုင်ရင်လဲ နီးရာ တည်းခိုခန်းသွားရမည်လေ....သုံးဘီးတွေ ဆိုင်ကယ် ကယ်ရီသမားတွေလဲ ပေါမှပေါ...
ကံကောင်းတယ် ဆိုရမလား....သဲ က ကိုင်လာတာ နှစ်ခါခေါ်စရာမလို...ဝမ်းသာအားရဖြစ်နေတဲ့အသံနဲ့ ချက်ချင်းပင် လာကြိုမယ်တဲ့....လမ်းမှာ နှင်းရေတွေ လျှောနေတာကြောင့် ဆိုင်ကယ် ဖြေးဖြေးမောင်း လို့ မှာရသေးတာ...
ဖုန်းကို အိတ်ထဲ ပြန်ထည့်....လက်နှစ်ဖက်ကို အင်္ကျီအိတ်ထောင့် ထဲ ထိုးထည့်ထားလိုက်သည်....ပါးစပ်ကတောင် အငွေ့တွေ တလူလူထွက်လို့....
ဟမလေး....အေးလိုက်တဲ့ ရှမ်းပြည်ကြီးပါလား...
လေတိုးတဲ့ နှာခေါင်းဖျားတွေ ပါးလေးတွေတောင် ကွဲအက်မတတ် နာကျင် ရသည်...
"မ"
အပေါက်ဝတည့်တည့် မားမားကြီး ရပ်လို့ မျက်နှာကို ပါဝါစည်းထားသော သဲ...ပုဝါကို ချွတ်ချပြလိုက်မှ သူမ ထရပ်လိုက်သည်...
"သဲ"
"မ"
တော်သေးတာပေါ့...ကားဂိတ်မှာမို့..အဲ့လောက်လူတွေ များနေတာကို...သဲ ပုံစံကော သူမကပါ ပြေးဖက်မိကြတော့မလို....အခန်းကျဉ်းကျဉ်းလေးမှာတောင် သဲက မ လို့ လှိုက်လှိုက်လှဲလှဲ ခေါ်ပြီး သူမ ရှေ့ စွေ့ခနဲရောက်လာတာလေ....ပွေ့ဖက်ဟန် ပြင်နေပေမယ့် ပတ်ဝန်းကျင်ကြောင့် ကိုယ်ရှိန်မနည်းသပ်ထားရဟန်တူသည်...
"မ စောင့်ရတာ ကြာသွားလား"
"မကြာသေးပါဘူး သဲ ရဲ့ မြန်သားပဲ "
"မြန်မြန်ပဲလေ"
သဲက သူမ ဘေးနားချထားတဲ့ အိတ်ကို ကောက်ဆွဲလိုက်သည်....
"သဲ အိမ်နဲ့ ကားဂိတ်ကနီးနီးလေးလား"
"ဘယ်ကနီးရမှာ သဲ အိမ်က မြို့ပြင်ဖက်မှာလေ"
"ဟင်"
"မြင်ခဲ့လား လားရှိုးမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘူတ်"
"အင်း အဲ့နား ခရီးသည် တစ်ယောက်ဆင်းလို့ ကြည့်ခဲ့သေးတယ် ဒီနေရာနဲ့ အဝေးကြီးပဲဟာ"
"သဲ အိမ်က အဲ့ဖက်မှာလေ"
"ဟင် အခု သဲက အိမ်ကနေလာတာလား"
"အင်းပေါ့ မ ရောက်နေတယ် ဆိုတဲ့ အသိက ချက်ချင်း fresh ဖြစ်သွားစေတာ သိရဲ့လား မ"
သဲ က ဆိုင်ကယ် ရှေ့ခွကြားထဲ အိတ်ကြီးကို မရမက အတင်းထိုးထည့်နေတော့ သူမက
"ဟင် သဲ မထည့်နဲ့လေ မောင်းရခက်တာပေါ့ လမ်းက စိုနေတော့ လျှောမှာ"
"ရတယ် မ သဲ တင်နေကျ...ဈေးမှာ တပတ်စာ ကုန်ခြောက်တွေဝယ်ရင် အဲ့လိုပဲတင်နေကျကြီး "
"သဲ နဲ့ မရဲ့ ကြားထဲ ထည့်လို့ရတယ်လေ"
"မ တက်တော့လေ"
ပြောမရတော့ သူ့ဆိုင်ကယ်ပေါ် တက်ထိုင်ရသ်ည..သူမ ဆိုင်ကယ်နဲ့များ တခြားစီ...သဲက လူက သေးသေးလေး စီးတဲ့ဆိုင်ကယ်က czi အမြင့်ကြီး....သဲ နဲ့ သူမ ကြားကို သဲ အိတ်အတွက်ဆိုပြီး ရည်စူးဝယ်လာတဲ့ မန်းက လက်ဆောင်တွေ ထည့်ထားတဲ့ အထုတ်ကို ညှပ်လိုက်တော့ သဲက
"ဟာ မ ဘယ်လို လုပ်တာလဲ ပေး အဲ့အိတ်"
"ရတယ်လေ....ဒီလို ထည့်သွားလဲ"
"မ နော်....ပေး အရှေ့မှာတင်မယ် ပေး"
ဆ်ုပြီး အထုတ်ကို အတင်း လက်နောက်ပြန်ဆွဲယူကာ ရှေ့က အိတ်ပေါ် ဆင့်ပြီးတင်လိုက်သည်...ပြီးတော့ သဲကိုယ်က နောက်ဆုတ်လိုက်ရတော့ သူမနဲ့ ထိကပ်သွားသည်....
ခြေဖျားလေးတောင် ခေါက်မိတယ် ဆိုရုံလေးပင်....
ဘယ်လို မောင်းမလဲမသိ...
တကယ့်တကယ် မောင်းထွက်တော့ အတွေးလွန်နေသော သူမ ကျမသွားစေရန် လန့်ပြီး သဲ ခါးကို ဖက်မိသွားသည်...
နွေးနေတာပဲ သဲ ကိုယ်ငွေ့လေးတွေက မျက်နှာပြင်လာရိုက်ခတ်နေသလို ခံစားရသည်..
ဘေးတိုက် ကြည့်မိတော့ သဲ မျက်နှာ လေးက လာတုန်းကလို မအုပ်ထား......နှုတ်ခမ်းလေးက လှိုက်လှိုက်လှဲလှဲကို ပြုံးနေတာ...
ဖက်ထားတဲ့ သူမ လက်ကို ပြန်ရုတ်လိုက်တော့ သဲက သူ့ရဲ့ လက်တစ်ဖက်ဖြင့် သူမရဲ့လက်ကို ပြန်ဆွဲယူပြီး ခါးပြန်ဖက်စေသည်...
"မ အေးတယ်မလား အနွေးထည်က သိပ်မထူတော့လေ"
"အင်းပေါ့"
"ဖက်ထား သေချာ လမ်းလျှောတယ် တော်ကြာ မ ကျခဲ့မယ်"
"သဲ ကော မအေးဘူးလား"
"သဲ က သိပ်မအေးပါဘူး မနက်တိုင်း ပတ်စီးနေကျ"
အရွှီး......ခါတိုင်း ဘယ်တော့မှ ခုလိုချိန် အိပ်ယာက မထွက်တတ်တဲ့ သူကိုး....မ နဲ့ တမင် ခါးဖက် အသားလေးထိ စိးချင်လို့ အထုတ်တွေ ရှေ့ပို့ထားရတာ....လမ်းစိုတော့ မောင်းရတဲ့ မသက်သာလှပေ.....
အိမ်ဖက်ကို တန်းတန်းမတ်မတ် မမောင်းပြန်ပဲ နဲ့. မြို့ ပတ်လမ်း ကားဂိတ်တွေ ဖက်ကနေ မောင်းလိုက်သည်....လူနေအိမ် မရှိသော လမ်းမကြီးထက် အသွားအလာ ကင်းမဲ့လို့ ....
မြူ နှင်းတွေက မိုးစက်ငယ်လေးများသဖွယ် တစ်ပေါက်ပေါက် ကျနေသည်.. ..
နှင်းတွေကြား လန်းဆန်းစွာ နိုးထ ပွ င့်ဖူးနေကြတဲ့ တောရိုင်း နေကြာပန်းကလေးများက လဲ ဝါဝင်းလို့နေသည်..... စိန်ပန်းပင် အရိပ်ကြီး အောက်တွင် ဆိုင်ကယ် ထိုးရပ်လိုက်တော့ သူမ ဆင်းလိုက်မိသည်...
"သဲ ဆိုင်ကယ် ဘာဖြစ်သွားတာလဲ"
သဲက ဘာမှ ပြန်မပြောသေး....စက်သပ်ပြီး ဆိုင်ကယ်ဒေါက်ထောက် ကာ ဆင်းလာသည်....ပြီးတော့မှ
"ဘာမှ မဖြစ်ပါဘူး ဆိုင်ကယ်က အကောင်းကြီး လူပဲ"
"ဟင် သဲ က ဘာဖြစ်လို့လဲ "
သူမ စိုးရိမ်စိတ်ကလေးနဲ့ မေးတော့ သဲက ချစ်စဖွယ် ရယ်သည်..
"ဟီး မ ကလဲ ပြောမှာပေါ့ ဒါသဲတို့မြို့နော်"
"အင်းလေ"
"သဲတို့မြို့ဆိုတော့ သဲ လဲ ပိုင်တာပေါ့"
"အင်းပေါ့"
"မ ခု ဒီကိုလာတာ သဲ ဆီလာတာဆိုတော့ ....."
သဲ စကားရဲ့ ဆိုလိုရင်းကို သူမ နားမလည်သေး....ဘာပြောချင်နေမှန်းမသိ....သဲ မျက်နှာက ရှက်လို့လား အေးလို့လားမသိ...နီစပ်စပ်လေး ဖြစ်နေသည်....နှုတ်ခမ်းကလဲ ရှက်ပြုံးလေးတွဲခိုနေသေးသည်....သူမ ကို လဲ ရွန်းရွန်းစားစား ကြည့်လို့....
"ဘာပြောချင်တာလဲ သဲ မ နားမလည်ဘူး"
"မ ကို သဲ ပိုင်တယ် မို့လား"
"ဟင်"
စောစီး အေးပါတယ်ဆို ရည်းစားစကား လာပြောနေတယ်.. ..သို့သော် အပြင်ပန်းကတော့ အေးနေပေမယ့် ရင်ထဲတော့ နွေးသွားသည်....
"မ ခေါင်းကြီး မငုံ့သွားနဲ့လေ....မ သဲပြောဖူးတာ သတိရတယ်မို့လား သဲ ဆီ လာရင် သဲကို မ ချစ်နေလို့ ဆိုတာ ဟုတ်လား မ အဲ့လို မလား "
ငုံ့နေတော့ သူမ မျက်နှာကို အေးစက်နေတဲ့ လက်နှစ်ဖက်နဲ့ မော့လာစေသည်...
"ဖြေလေ မ သဲကို ချစ်တယ် မလားလို့"
"ဟို သဲ မှာ က...."
သဲ က သူမ စကားကို ဆက်ခွင့်မပေး....သဲ လက်ညိုးလေးက သူမ နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ် လာတင်သည်....
"အဲ့ဒါ တွေ မပြောနဲ့ အရေးကြီးတာက သဲ ကို မ ချစ်နေတယ် မလားပဲ ဖြေ"
လုံးဝ မငြင်းဆန်ရက်တော့
"ချစ်တယ်"
တိုးတိုးလျလျလေး ဖြေမိတော့ သဲက မကြားဟန် ပြုကာ
"ဘာတဲ့ မ ဘာပြောတာ ကျယ်ကျယ်ပြောလေ"
"ချစ်တယ် သဲကို မ သိပ်ချစ်တယ်"
"Oh! MY GOD"
သူမ ဘယ်လို ပေါက်ထွက်သွားသည်မသိ...
တကယ့်ကို ရင်ထဲက နှလုံးသားထဲက ရိုးတွင်းခြင်ဆီတွေ က တစ်ဆင့် ဟိန်းထွက် ထိုးထွက်လာတဲ့ စကားမို့လားမသိ....
သဲ ခမျာ သူ့ရဲ့ လက်နှစ်ဖက်နဲ့ သူ့ပါးစပ်သူ ပိတ်ပြီး ရုတ်တရက် ရှော့ခ် ရသွားဟန်တူသည်... ပြီးတော့ လက်သီးဆုပ်လျက် အပျော်လုံးဆို့နေသယောင်....
ပါးစပ်ကြီး ဟစိဟစိနဲ့ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေသည်....သဲ ကို ကြည့်ပြီး သူမလဲ ပျော်ရသည်.....
နောက်ဆုံးသဲက ဆိုင်ကယ်ကို နှစ်ပတ်သုံးပတ် ပတ်ပြေးလိုက်သည်...ပြီး လမ်းတစ်လျှောက်ခုန်ပေါက်နေသည်...
"ရေး.......ငါ့ကို မ က ချစ်တယ် တဲ့ဟ....အဖြေရပြီကွ....."
ပြေးလွှားခုန်ပေါက်နေသော သဲ ပုံစံလေးက အရမ်းကို ကလေးတစ်ယောက်လို ချစ်စရာကောင်းလှသည်မို့ လက်တွေ ဘယ်အရာမှ ကိုင်လို့မရအောင် အေးစက်၍ ထုံကျဉ် ကိုက်ခဲနေပါသော်လဲ အိတ်တွင်းမှ ဖုန်းကို ထုတ်ကာ ဓာတ်ပုံတွေ ဆက်တိုက်ရိုက်ထားလိုက်သည်...
အဲ့လောက်တောင် ပျော်ရလား.......သဲရဲ့.....အရမ်းပျော်နေတာလား....
ဪ......ဟန်ဆောင်နေတာများလား သဲရယ်....
မ ကို သဲက တမင်ကစားချင်လို့ပဲ ဖြစ်ဖြစ်
သူငယ်ချင်းတွေရှေ့ ဟားချင်လို့ပဲ ဖြစ်ဖြစ်
ချစ်တာ ဝဋ်ကြွေးတစ်ခုလို့ သတ်မှတ်ခဲ့ရင်တောင်
သဲက မ အတွက် ချိုမြိန်တဲ့ ဝဋ်ကြွေးလေးပါ
အဲ့ဝဋ်ကို သိသိကြီးနဲ့ပဲ ပျော်ပျော်ကြီး ပေးဆပ်မှာ...
"ဟိတ် မ ဘာတွေ တွေးနေတာလဲ"
ဘယ်တည်းက သူမ ရှေ့ ရောက်နေလဲ မသိသော သဲ ....
စကားသံကြောင့် အသိစိတ်ပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် မျက်ရည်က ခြေမထိပ်သို့ ပေါက်ခနဲ ကျသွားသည်....
"ဟင် မ ဘာလို့ မျက်ရည်ကျတာလဲ"
ဒါကို သဲက မြင်ဖြစ်အောင် မြင်သွားသေးသည်...ထို့ကြောင့် လက်ခုံနဲ့ သုတ်ပစ်လိုက်ရကာ
"ပျော်လို့ပါ သဲရယ် မ ပျော်လွန်းလို့ ပါကွယ်"
"မ ရယ် မငိုပါနဲ့နော် သဲ ကြောင့် မ မငိုရပါဘူးနော်"
"ပျော်လို့ ငိုတာပါ သဲရယ်....ဒီမျက်ရည်စက အပြစ်မရှိပါဘူး ပကတိ ဖြူ စင်တဲ့ မျက်ရည်တွေပါ"
"အင်းပါ မငိုနဲ့တော့ "
"အင်း"
သဲက သူ့ ကိုယ်သေးသေးလေးနဲ့ အမြင့်ကမူထိပ်မှာ ရပ်ပြီး သူမ ကို ထွေးဖက်လိုက်သည်...ဒီလိုကျတော့ သဲရင်ခွင်မှာ သူမ မျက်နှာ အပ်ထားရသည်လေ...သဲရဲ့ မြန်ဆန်နေတဲ့ နှလုံးခုန်သံလေးတွေတောင် ကြားနေရသည်....
"မ"
"ရှင့်"
"မ ကို သဲ အရမ်းချစ်တယ်"
"မ လဲ သဲ ကို သိပ်ချစ်တယ်"
ခပ်တင်းတင်း.ဖက်ထားကြပြီးမှ သဲကို သူ့လက်တွေကို ဖြေလျှော့ကာ သူမနဲ့ မျက်နှာချင်းဆိုင် ပြန်ရပ်လိုက်သည်.....
"မ"
"ရှင့်"
ဒီတစ်ခါ မ လို့ ခေါ်သံက တစ်စုံတရာ ကို တောင်းခံတော့မည့် ပုံမျိုး......မျက်ဝန်းများကလဲ မျှော်လင့်ခကေ် ယှက်သန်းနေသော ပုံရိပ်ဖြင့် ဝံ့ဝံ့စားစား ကြည့်နေသည်....သဲ အကြည့်ကို မခံနိုင်စွာ ရှက်ရွံ့လာသဖြင့် မျက်နှာလွှဲခေါင်းငုံ့မိတော့ သဲက သူမ မေးဖျားလေးကို ကိုင်ပြီး ဆွဲ့မော့စေသည်...
"မ ကို သဲ kiss ပေးလို့ ရမလား"
သူ့ဟာသူ အရဲစွန့် တောင်းဆိုပြီးမှ ရှက်စဖွယ် ရယ်နေသေးသည်.....
"ဟင်.....လို့ မ..ခုဆို မ နဲ့ သဲ ချစ်သူတွေ ဖြစ်ပြီလေ.....kiss ပေးလို့ ရပါသလား...."
ဘာမှ ပြန်မပြော တော့ပဲ မျက်တောင်လေးတွေ စင်းနေအောင် မှိတ်ချလိုက်စဉ် တစ်ခဏ သဲရဲ့ အေးစက်နေတဲ့ နျုတ်ခမ်းလေးတွေက သူမ မျက်နှာပြင်ထက် နေရာအနှံ့ ပျားပု
တုန်းတွေ ပန်းပွင့်လေးတွေပေါ် ခိုနား ဝတ်ရည်စုပ်ယူသကဲ့သို့ အေးမြတဲ့ ဆောင်းမနက် ခင်းလေးမှ ငြိမ်းချမ်းဖွယ် မြင်ကွင်းလေး တစ်ခု ဖြစ်ထွန်းလို့ လာပါတော့သည်.....
.
"မေမေ ဒါ နှင်းနှင်းဝေ.တဲ့ မန်းတလေးက အမယ်.....အထင်တော့ သေးမယ် မကြံနဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးနော်"
ဘယ်သူ ဘာမှကို မမေးရသေးပဲနဲ့ မနက်စာ ထမင်းဝိုင်းမှာ အသံစာစာလေးနဲ့ သူ့အသံချည်း ဖုံးလွှမ်းစေလိုက်သည်.....
ကိုယ် ကြားဖူးတာလေးတွေလဲ ရှိတာကိုး...
အမေ့ချွေးမ က အင်ဂျင်နီယာ လို့သာ ပြောလိုက်.
သဘောမတူတဲ့ ယောက္ခမ ဆိုတာ မရှိဘူး......ဆိုကိုး....
အယ်လဲ့.....သူမလေးက အကြံနဲ့...
မကတော့ ပြုံးလျက် ခေါင်းငြိမ့်ပြသည်.....မေမေက
"အန်တီ အံ့သြနေတာ....ဘယ်ချိန်တည်းက ထွက်သွားမှန်းမသိဘူး....ထမင်းစားမယ် ခေါ်တော့မှ ကောင်မလေးတစ်ယောက်နဲ့ ဆင်းလာတယ် ဆိုတော့ ဘာလဲ ပေါ့...ပြီးတော့ သမီးက လဲ ချောချောလေးဆိုတော့ နတ်သမီးများ ငါ့အိမ်ရောက်နေတာလားပေါ့"
"ဟာ မဟုတ်တာ အန်တီရယ်"
မ က မေမေ့ အနောက်သဘော အဆန်သော စကားကို ရှက်ရွံစွာ လက်ခံသလို သူမကလဲ
"နတ်သမိးပေါ့ မေမေရ....ကဲပါ ဗိုက်ဆာပြီ....စားရအောင် ကိုကို မလာသေးဘူးလား မိတ်ဆက်ပေးရအောင် ဒီမှာတည်းမှာနော် မေမေ မ က ဟိုတယ်လ်လို့ချည်း ပြောနေလို့ မနည်းခေါ်ထားရတာ"
အတော့်ကို စကားကို သွက်သွက်လက်လက် ပြောတတ်တဲ့ သူမ.....တကယ်က မ ပါးစပ်က ဘယ်ဟိုတယ် မှာ တည်းမယ်ဆိုတာ တစ်ခွန်းမှ မထွက်....သူမ မျက်နှာကို မော့ကြည့်လာသောမ အား ခုံအောက်မှာ ရှိနေတဲ့ မ လက်ကလေးကို တချက်
ဆုပ်ဖျစ်လိုက်သည်.. မေမေ့သဘော သိချင်ရုံ သက်သက်ပါ...
အိမ်မှာဆို အမြဲဆူငေါက်နေတဲ့ မေမေက သူစိမ်းအပေါ် ဘယ်လို စိတ်မျိုး ထားနိုင်လဲလို့....
"ဘယ်က ဟိုတယိတွေ လုပ်နေမှာလဲ သမီးရဲ့ အန်တီတို့အိမ်မှာတည်းပါ...ပျော်သလောက်နေ..အခန်းပိုတော့ မရှိဘူး သမီး ညီမနဲ့ အတူနေပေါ့"
"ခစ်ခစ်.....မ က အားနာနေတာ နေမှာ"
"အားမနာနဲ့ ရတယ် ကဲ စားစား သမီး နင့်အစ်မကို ဟင်းတွေ ထည့်ပေးလိုက်ဦး"
"ဟုတ်"
မေမေ ပြောပြောနေတဲ့ နင့်ညီမ နင့်အစ်မဆိုပါလား..
မေမေရယ်....သမီးတို့နှစ်ယောက်က ညီအစ်မ စိတ်မဟုတ်ဘူးလေ....မေမေ့ ချွေးမဖြစ်လာမယ့်သူပါ...ပြီးတော့....ဟိ...သမီးရဲ့ လက်တွဲဖော်လေးပါ လို့...
ဇွန်းကြီးကိုင်ပြီး စားပွဲပေါ် လက်တင် မေးထောက်လျက် ပြုံးရိပ်ဆင်နေသော သူမအား မ က တံတောင်နဲ့ တွက်လိုက်မှ မေမေ ပြူးကြည့်နေမှန်း သတိရတော့သည်...
"ဟီး...မေမေ"
"ဘာတွေ သဘောကျနေတာလဲ စားစရာရှိတာ မစားဘူး"
"ဟုတ် စားပြီ မေမေ"
ဘာမှမပြောတာ ကံကောင်းတယ် မှတ်ရမယ်...ဧည့်သည်ရှိနေလို့ပဲ ပြန်မပြောတာလားမသိ...ဇက်ကလေးပု ထမင်း ငုံ့စားနေသော သူမအား မ က ရီချင်နေမှာ သေချာသည်...
ထမင်းစား ပြီးတော့ မေမေက
"သမီး ကားစီးလာရတာ ဆိုတော့ ပင်ပန်းတယ် နားလိုက်ဦးနော် ဆိုင်နွန်း ညည်း အပြင်ခေါ်ထွက်နေမစိုးလို့နော် နားပါစေဦး"
"ဟုတ်ကဲ့ အန်တီ"
"အင်းပါ မေမေကလဲ "
မ အသံ ရိုကျိုးစွာ ထွက်ပေါ်လာသလို သူမရဲ့ မကျေမနပ် ဆောင့်ဆောင့်လေး ဖြေသံတို့က ပြိုင်တူ ထွက်ပေါ်လာသည်....မေမေ့ရှေ့တောင် မ လက်ကလေးကို ဆွဲပြီး သူမ အခန်းထဲ ခေါ်လာသည်....မ က ကုတင်ပေါ်တက်ထိုင်ပြီး စောင်ဆွဲခြုံထားလိုက်သည်....အေးလို့ နေရှာမှာပေါ့.....မ ဘေး စွေ့ခနဲရောက်သွားပြီး မ ပုခုံးပေါ် လက်တင်လိုက်တော့ မ ကိုယ်လေး နည်းနည်း တုန်သွားသလို.....
"ဘာဖြစ်တာလဲ မ"
တမင် မသိချင်ဟန်ဆောင်ပြီး မေးတာ....သိသားပဲ မ အတွေ့အကြုံ မရှိမှန်း...
"ဘာဖြစ်ပါဘူးနော်"
"မ နွေးအောင်လို့ သဲ ဖက်ထားပေးတာနော် အဲ့ဒါကျေးဇူးတင်"
"ဒါနဲ့ သဲ မ မေးစရာရှိလို့ "
မ ဘာမေးမယ်မှန်း သူမ သိတာပေါ့....
သက်သေ အထောက်အထား စုံစုံလင်လင်နဲ့ ရှင်းပြနိုင်မှ မ ယုံမှာမို့ အချိန်တော့ ယူရဦးမည်ပင်....
"တရက်ပဲစောင့်.....မ မေးစရာမလိုအောင် သဲ သက်သေပြမယ် သိလား မ သိထားဖို့က မ တစ်ယောက်ပဲ သဲ ရဲ့ဘဝမှာ အချစ်ဦး အချစ်ဆုံးပဲ ပြီး သဲ ရဲ့ first kiss ကို မ အရင်ဆုံး ပိုင်ပြီးပြီ လောလောဆယ် မ နားနော် သဲ ရင်ခွင်မှာ အိပ်လိုက်....ရှမ်းပြည်က သိပ်အေးတာ မရဲ့"
ကိုယ်တောင် ဘာမှ ကောင်းကောင်းမပြောရသေး...
သူ့ဟာသူ ယုတ္တိတန်တန် ချက်ကျလက်ကျနဲ့ ပြောနေတော့ ဘာမှ ထပ်မမေးဖြစ်တော့....
သဲ ရဲ့ ရင်ခွင်ထက်ဝယ် ငြိမ်းချမ်းစွာပဲ ခရီးပန်းလာတာကော အိပ်ရေးပျက်တာကော ရင်ခုန်တာကော ပေါင်းပြီး အိပ်ပျော် သွားပါတော့သည်...
.
ရေကန်တောင် ပေါ်သို့ ညနေစောင်းလေးမှာ ဆိုင်ကယ်ကို တောင်ခြေက သစ်ပင် ရိပ်အောက်မှာ သော့သေချာခတ်ကာ ရပ်ခဲ့လိုက်သည်.....ဆိုင်ကယ် ခိုးယူသူတွေ အဲ့လောက်ပေါနေပေမယ့် သူမ မကြောက်....ခိုးသွားမှလဲ အသစ်ရမည်လေ.....လေးနှစ်လုံး ရိုရိုသေသေ တစ်ဦးတည်း စီးခဲ့တာမို့ အဖြူ အနက် ရောင် ဆိုင်ကယ်လေးက အရောင်ပင် လွှင့်မနေပါ....ပြောင်လက်ဆဲပင်...လှလှပပလေး ရှိနေသေးတာကြောင့် ပြန်လဲ မရောင်း...အသစ်လဲမဝယ်...ပျောက်သွားရင်တော့ မ နဲ့ couple ဆိုင်ကယ်လေး ဝယ်ဖို့ အိမ်ကို ပူဆာလို့ကောင်းတာပေါ့....
"ဟင် သဲ ဆိုင်ကယ်က ဟို အောက်ဖက်က ဆိုင်မှာ အပ်ခဲ့တာ မဟုတ်ဘူး ပျောက်နေဦးမယ်"
"ပျောက်လဲ တမျိုးကောင်းတယ်"
"အမ်"
"အသစ်ရတာပေါ့လို့"
"ဟာ မ က အကောင်းမှတ်လို့"
"မ နဲ့ ဆိုင်ကယ် ဆင်တူလေး စီးချင်လို့လေ ကွာ လာ မ ခြေလျင် တက်ကြရအောင်....သူများတွေလဲ အားကစားအဖြစ် သက်သက် လာတက်ကြတာလေ"
"သာယာလိုက်တာနော်"
တောင်တက်လမ်းတစ်လျှောက် သစ်ပင် ကြီးငယ် အမျိုးမျိုးက ဟိုဖက်သည်ဖက် လမ်းကို အုပ်မိုးထားတော့ အအေးဓာတ်က ပိုနေသေးသည်.....မ လက်ဖဝါးလေးဆုပ်လို့ တောင်တက်ရင်း မောလို့ မောမှန်းမသိ....
အလယ်တစ်ဝက်လဲ ရောက်ရော့ မ က သူ ဝတ်ထားတဲ့ အပေါ်ထပ်ကို ချွတ်ကာ ခါးမှာ ပတ်လိုက်သည်...မ ကဲ့သို့ သူမလဲ ရှပ်အင်္ကျီချွတ်ကာ ခါးမှာ ပတ်လိုက်သည်....စပို့ရှပ် လက်တိုလေးတွေနဲ့ လမ်းလျှောက်နေတော့ မအေးပါ...
အရင်ဆုံးရောက်တဲ့ နဂါးရုံ ဘုရားသို့ ဘွတ်ဖိနပ် လေး ချွတ်နေတော့ မ က ချွေးတွေသာ ထွက်နေပေမယ့် လက်က အေးနေတော့ ကြိုးသေချာကိုင်မရ...
သူမ က ပဲ ကိုယ့်ဖိနပ်အရင် မြန်မြန် ချွတ်ပြီး မ ဖိနပ်ကြိုးဖြည်ပေးမည်ပြင်တော့ မက
"အို သဲ မ ငရဲတွေကြီးတော့မှာပဲ"
"ဟာ မရယ် မ က အကြီးမို့ပါနော်"
"မလုပ်ပါနဲ့ သဲရဲ့"
မ က အတင်းဆွဲဖယ်နေတော့ သူမ မ ရဲ့လက်ကို ကိုင်ထားလိုက်ပြီး
"မ"
"ရှင့်"
"သဲက မ ချစ်သူ မဟုတ်ဖူးလား"
မျက်နှာငယ်လေးနဲ့ အလိုမကျတဲ့ ကလေးပုံစံလို စိတ်မကောင်းတာရော စိတ်တိုနေပုံပါ ပေါက်နေတဲ့ သူမ ကြောင့် မ မျက်နှာ ပျက်သွားသည်...
"အင်း ဟုတ်တယ်လေ "
"သဲ ချစ်သူဖြစ်တဲ့ မ ကို သဲက ချစ်လို့ ဖိနပ်ချွတ်ပေးမယ့်ဟာကို မ က ငြင်းနေတယ် အမှန်ဆို ကြည်ကြည်နူးနူးနဲ့ လက်ခံရမှာကို"
"ဟို သဲ ရယ် ဖိနပ်ကိုင်တယ်ဆိုတာက...."
"တော်ပီ မရာ သဲ ဘုရားဦးမချတော့ဘူး ဒီမှာပဲ ထိုင်စောင့်နေမယ်"
စကားလဲ ပြောရင်း ဖိနပ်ကို ပြန်စီးမယ် ပြင်နေတော့
"ကဲပါ သဲရယ် စိတ်မဆိုးနဲ့နော် သဲသဘော လုပ်ပါ"
ရှေ့တည့်တည့် မရဲ့ ခြေထိုးပေးလာမှညင်သာစွာ ကြိုးဖြည်ပေးလိုက်သည်..
ပြီး မ လက်ကလေးဆွဲလို့ ဘုရားရှေ့မှာ အတူထိုင် ဘုရားဝတ်ပြုလိုက်သည်....ကြည်နူးလိုက်သည့်ဖြစ်ခြင်း...
သူမ အမြဲရောက်နေကျ..သာဓုချ ပြီးပြီ...
မ တော့ သေသေချာချာကို ရှိခိုးနေသည်...ဘာတွေ ဆုတောင်းနေလဲမသိ....မ ဘေးမှာ ထိုင်ပြီး ဘေးတိုက်အနေအထားနဲ့ မ ရဲ့ ဘုရားဝတ်ပြုနေပုံလေးကို ထိုင်ကြည့်ရင်း ပုံတွေနဲ့ မှတ်တမ်းတင်ထားလိုက်သည်....
"မ ဘာတွေ ဆုတောင်းတာလဲ"
မ ရဲ့ ခြေရင်းမှာ ဦးညွှတ်ပြီး ဖိနပ်ကလေးကို စီးပေးလိုက်သည်...မ ပုံစံက ကြည်နူးနေတာထက် အားနာရိပ်က အထင်းသားပင်...
"ဒီကို နောက်တစ်ခါ သဲနဲ့အတူ ခုလိုအေးအေးချမ်းချမ်း ထပ်လာနိုင်ပါစေလို့ပေါ့"
"ဖြစ်ရမှာပေါ့ မရဲ့ ဒါက ဆုတောင်းစရာတောင်မလိုတဲ့ အမြဲပြည့်စေမယ့် ဆုလေး "
"စကားတတ်လိုက်တာ သဲရယ် မ ထက် ငယ်လို့သာပဲ"
"ဟီး ချစ်တတ်လွန်းသူမို့ပါ မရဲ့"
"မ လဲ ချစ်ပါတယ်နော်"
"သဲ က ပိုပွင့်လင်းတတ်သူလေ....မ က လူကြီးဖြစ်နေပြီဆိုတော့ သဲလို အပိုတွေ သိပ်မလုပ်တာနေမှာ မ နော် သဲက အရမ်းချစ်လို့ ပိုတယ်လို့တော့ မပြောရဘူးနော်"
"အင်းပါ မပြောပါဘူးနော် မ သဲ အပေါ်တစ်ခါမှ အပြစ်မမြင်ဖူးသေးပါဘူး"
တခြားဖက်က နောက်ထပ် တောင်ကြီးမြို့ စူဋ္ဌာမုဏိ..ပြင်ဦးလွင်က ပြည်ချစ် မဟာအံ့ထူးကံသာ ဘုရားနဲ့ တူသော တစ်ပုံစံတည်းသော တည်ဆောက်ပုံတူသေ. ဘုရားဆိသို့ ရောက်လာလဲ မ ဖိနပ်ကို စိတ်ပါလက်ပါ ချွတ်ပေး စီးပေးပြန်သည်...ဒီတစ်ခါတော့ မ က မငြင်းတော့...
ပြုံးလျှက် ကြည့်နေသည့်အပြင် သူမ ဖုန်းနဲ့တောင် အမှတ်တရ ပုံရိုက်ထားလိုက်သေးသည်..
သူမနဲ့ အိုက်ထွေး တွဲနေခဲ့စဉ်တုန်းကလဲ သူမ ကဲ့သို့ အိုက်ထွေးလဲ အစစ အရာရာ ဂရုစိုက်ပေးခဲ့သည် မဟုတ်ပါလား..
အိုက်ထွေးက အဲ့လိုတွေ ဂရုစိုက်နေခဲ့တာ တကယ်ချစ်လို့ ဂရုစိုက်ပေး အကဲပိုပေးတာမှန်း ကိုယ်တိုင်ကိုယ်ကျ ဖြစ်နေတော့မှ အိုက်ထွေးအပေါ်နားလည်လာရသည်...
သူ့ကိုကျ တကယ်မချစ်လို့လားမသိ...
သူလုပ်သမျှကို ချစ်တဲ့စိတ်နဲ့ မတွေးမိပဲ အပိုအလုပ်တွေချည်းလုပ်ပြနေတာ...
သိက္ခာမဲ့တာ ဆိုပြီး တောင် သူ့ဖက်ကို ကိုယ်ချင်းစာမပေးခဲ့ဘူးလေ....
သူလုပ်ပေးခဲ့သမျှ သူ့မှာ နာမည်ကောင်းမရခဲ့သည့်အပြင် တစ်ချိန်လုံးသူမရဲ့ ငြို ငြင်မှုကိုသာ ရရှိခဲ့တာ မဟုတ်ပါလား..
ငါ တရားရဲ့လား သူငယ်ချင်းရယ်...
နင့်အချစ်တွေကို ငါ အများကြီး စော်ကားခဲ့မိပြီ...
မ ဆိုတဲ့ မိန်းမ တစ်ယောက်ရှေ့မှာ ငါ့ မာနလဲ မရှိဘူး..
သိက္ခာလဲ ချခင်းထားတယ်...
ငါ့မှာ ရှိသမျှ အရာရာတိုင်းဟာ မ နဲ့စာရင် အသေးအမွှားလောက်ပဲ ....
ငါ မ ကို ချစ်တယ်...
ငါ လဲ တစ်ချိန်မှာ နင့်ကို စော်ကားမိသမျှ မ နဲ့ကျမှ ဝဋ်လည်တော့မလားမသိဘူး
..ငါက အရမ်းချစ်တော့ မ ငါ့အချစ်တွေကြားမှာ ကြာရင် မွန်းကြပ်သွားလေမလားပဲ....
ဝဋ်ဆိုလဲလေ ချိုမြိန်တဲ့ ဝဋ်ကြွေးလို့ သတ်မှတ်ပြီး မ ပေါ်ပဲ ငါ ကြွေဆင်းမယ် ဟာ...
.
....
Zawgyi