32

909 79 0
                                    


.
"တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားရတဲ့အခါ ငါတို့ဆီ လာနေလဲ ရတယ်နော် နှင်း....နင် ဒီမှာ မနေချင်ဘူးဆို ငါတို့အိမ်မှာလာနေ တသက်လုံးနေလဲ ရတယ်"
ရက်လည်ပြီးတော့ အိမ်ထဲမှ အကုန်သိမ်းပြီးချိန်တွင် တိုက်ခန်းထဲမှာ နှင်းနှင်းဝေရယ် ခက်ရယ် ဇေယျာရယ် သာ ကျန်တော့သည်မို့ ကြမ်းခင်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင့နေသော နှင်းအား ခက် အားပေးလိုက်သည်..
"ငါ့အနားမှာ မေမေ့အရိပ်တွေ ထင်နေကျန်တာမို့ ဘယ်တော့မှ အထီးကျန်တယ်လို့ ငါမခံစားရပါဘူး ခက်ရယ်...နင့်စေတနာကိုလဲ ငါ နားလည်ပါတယ်....မေမေ က ဒီအိမ် ဒီကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ခွင့် မရှိတော့ပေမယ့် ဟောဒီ ငါ့နှလုံးသားထဲမှာတော့ ငါအသက်ရှင်သ၍ မေမေ ရှင်သန်နေသေးတယ်...မေမေနဲ့ စိတ်ကူးယဉ်အိမ်မက်တွေ ပြည့်နှက်နေခဲ့တဲ့ မေမေ့အငွေ့အသက်လေးတွေ ရှိနေတဲ့ ဒီအိမ်လေးမှာ ငါ နေရဲပါတယ်"
သေသည့်နေ့မှစ ခုနှစ်ရက်လုံးလုံး မျက်ရည်တွေ သွန်းချခဲ့မှုကြောင့်လားမသိ...နှင်းရဲ့ မျက်နှာလေးမှာ ခု ဘာ မျက်ရည်စမှ မရှိတော့...သို့သော် မျှော်လင့်ချက်တွေ ကင်းမဲ့တဲ့ မျက်ဝန်းတစ်စုံလေးကတော့ ကြောင်စီစီရှိနေလေသည်....ခုနှစ်ရက်အတွင်းမှာကို သိသိသာသာ ပိန်ရှုံးသွားသည်....
"နှင်း....ခဏက ဘော့စ်တို့ လာတော့ ပြောသွားတယ် တစ်လလောက်တော့ စိတ်ပြေလက်ပျောက် ခရီးလေးပဲဖြစ်ဖြစ် ထွက်ချင်ထွက်လိုက်ပါတဲ့ လစာလဲ မဖြတ်ပါဘူးတဲ့ ပြီးတော့ ရော့ ဒါလေးပေးသွားတယ်"
ဇေယျာက ခုံတွေ နေရာတကျ ပြန်စီပေးနေရာမှ နှင်းတို့ခက်တို့ဆီ လာထိုင်ပြီး အဖြူ ရောင် စာအိတ်ထူထူကို နှင်းအားပေးလိုက်သည်....နှင်းက လှမ်းယူပြီး ဖွင့်ပင် မကြည့်....
"ကဲ ဘယ်သွားဖို့ စိတ်ကူးမယ်ထင်လဲ"
"ဘယ်မှ မသွားချင်ပါဘူး ခွင့်တော့ တပတ်ပဲဖြစ်ဖြစ် သုံးရက်ပဲဖြစ်ဖြစ် ယူရမှာ ငါ ဒီကနေ ဘယ်မှ မသွားချင်သေးဘူးဟာ"
"အင်းပါ....ငါတို့လဲ ရှိပါတယ် လိုအပ်သမျှ သာ ပြော ဘာဖြစ်ဖြစ် အားမနာနဲ့ တလောကလုံးမှာ ပြေးကြည့်မှ နင်ခင်တွယ်တာဆိုလို့ ငါတို့ပဲ ရှိတာမလား ငါတို့ကို သူငယ်ချင်းလိုထက် မိသားစုလို သဘောထား သိလား အားလဲမငယ်နဲ့"
"ကျေးဇူးအများကြီးတင်ပါတယ် အမြဲတမ်း ငါ့ဘေးမှာ ရှိနေပေးလို့ နင်တို့ နှစ်ယောက်လုံးကို ငါ ဘယ်လို ကျေးဇူးဆပ်ရမယ်မှန်းတောင် မသိဘူး"
"နင် ကျန်းကျန်းမာမာနဲ့ ပဲ နေပေးပါ...ကျေးဇူးစကားက ငါတို့ကြားမှာ အပိုစကားတွေပါ နှင်းရာ"
"ဟုတ်တယ် ကျေးဇူးတွေ တင်စရာမလိုဘူး ငါတို့ သူစိမ်းတွေမှ မဟုတ်ကြပဲ သူငယ်ချင်းလဲ ဟုတ်တယ် ပြီးတော့ ငါတို့က ဆရာမကြီးရဲ့ တပည့်တွေပဲလေ..."
"ငါ ဘာပြောရမှန်းတောင်မသိတော့ဘူးဟာ"
"နှင်း အိပ်ရေးပျက်ရက်များနေပြီ...ခဏ အိပ်လိုက်ဦး ခက် အခန်းထဲ ခေါ်သွား ငါ တို့ စားဖို့ တစ်ခုခု ဆင်းဝယ်လိုက်ဦးမယ်"
"အင်း"
ခက် နှင်းကို တွဲရင်း အိပ်ခန်းဆီ ခေါ်လာလိုက်သည်...ဟုတ်သည်...နှင်း ဒီရက်အတွင်း အိပ်မှမအိပ်ရတာကိုး...ခက် နှင်းစိတ်ကို နားလည်ပါသည်...နှင်းကို နားအလည်နိုင်ဆုံး သူက ကမ္ဘာပေါ်မှာ ခက်ရယ် နှင်း မေမေရယ်သာ ရှိသည်..
နှင်းစိတ်က မာရင်သံချောင်း ပျော့ဖယောင်းပင်...တစ်ချိန်တည်းမှာ ချစ်သူလဲ ရှုံး မိခင်လဲ ဆုံးရသည့်အဖြစ်မျိုးကို ဘယ်လို မာကျောပါတယ်ဆိုတဲ့ သံမဏိစိတ်ဓာတ်ပိုင်ရှင်တွေတောင် ခံစားနိုင်ကြလိမ့်မည် မထင်....နှင်းကဲ့သို့ ခက်လဲ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်....နှင်းကတော့ သူ့ကိုသူ ယူကြုံးမရုဖစ်နေဟန်ပင်..မိခင်အသက်လေးတောင်မှီတယ်ဆိုရုံလေးပေမယ့် အသက်ရှင်ရက်နဲ့ မတွေ့ရပဲ သက်မဲ့အလောင်းကိုသာမြင်တွေ့ခဲ့ရတာမို့ပင်..
ကုတင်ထက်မှာ ငြိမ်သက်စွာ လဲလျောင်းရင်း အိပ်ပျော်နေတဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တစ်ယောက်လို ပုံစံလေးနဲ့ သနားစရာ နှင်း မျက်နှာပြင်လေးကို သာသာလေး ထိကိုင်ရင်း နဖူးလေးကို အနမ်းပေးလိုက်လေသည်.
စိတ်အေးချမ်းမြေ့ပါစေ နှင်း..
ဆရာမ မို့လားမသိ...နောက်ဆုံးခရီးလေးမှာလဲ တပည့်တပန်းတွေ ပညာရေးလောကသားတွေ အများကြီးနှင့် သိုက်သိုက်ဝန်းဝန်း ပြီးသွားခဲ့ပြီ....ခုမှ ရောက်လာစ တိုက်ခန်းမှ နေထိုင်သူတွေ ဖြစ်ပေမယ့်လဲ တစ်မိုးအောက်နေသူတွေမှလဲ ဆွေမျိုးရင်းတွေပမာ အစအဆုံးကူညီပေးခဲ့ကြပါသည်....နှင်းရဲ့ ရုံးက လူတွေဆိုလဲ မပြီးမချင်း...လူတိုင်းတော့ နှင်းကို ဂရုဏာသက် သနားနေကြသည်....
နောက်မှ ခက် သိလိုက်ရတာက နှင်း သတိလက်လွတ်ဖြစ်ပြီးလားရှိုးမှာနှင်းရဲ့ ပိုက်ဆံအိတ်ကော ဖုန်းကော ကျန်ခဲ့သည်တဲ့...
.
ဆိုင်ကလေးက ခုဆို လူလေးတွေ စည်နေပြီ.မနက်ဆို ကျောင်းသားကျောင်းသူ ကလေးလေး တွေ ပြည့်နှက်လို့လေ..လောလောဆယ်တော့ သူမ အချိန်ပြည့် ဆိုင်မှာ ထိုင်စောင့်မနေနိုင်ပါ..မေမေနဲ့ တအိမ်ထဲမှာ စစ်အေး တိုက်ပွဲတွေတော့ နေ့တိုင်းဆင်နွှဲဖြစ်ပါသည်...အပါးကတော့ အိမ်မှာ ရှိနေတာ များများမို့ သူမ ဆိုင်လေးထဲ မှာ ထိုင်စောင့်ပေးလာတတ်ပြီလေ....အဘယ့်ကြောင့်ဆိုသော် ခုချိန်က ပြောင်းဖူးအရောင်းအဝယ် ပါးသွားပြီလေ..
သင်္ကြန် အပြီး လမ်းတွေလဲခြောက်ကပ်လို့တိတ်ဆိတ်ကုန်ပြီ...ပထမနှစ်ဝက်တော့ရသမျိုးစုံနဲ့ပြီးဆုံးခဲ့ပေမယ့် ဒုတိယနှစ်ဝက်ကိုလဲ အရင်လိုတော့သိပ်မသွက်တော့ပေမယ့် ဆိတ်ငြိမ်လှစွာဖြတ်သန်းဖြစ်သည်။ ဆိုင်ကိုလဲ.. တိုးတက်သထက်တိုးအောင်ကြိုးစားလုပ်ကိုင်ဖြစ်သည်။ဒါတွေအကုန်လုံး ဘယ်သူ့အတွက့ဆိုတာကိုတော့....
"အပါး ရေ နောင့် ဒီစာရင်းလေး ခဏ အပ်ထားမယ်နော်....ပြီးကျမှ စာရင်းချုပ်ပြီး အကုန် ပြန်ဆပ်မှာ"
ဆိုင်ဆောက်သည်မှအစပြု၍ ယခု ပစ္စည်းတွေတင်ပြီး စုံသလောက်နီးနီး ကုန်စုံဆိုင် ဖွင့်ပြီးသကာလ ကုန်ကျသမျှ ငွေတွေအားလုံးကို စာရင်းနဲ့ မှတ်ထားသည်လေ...ဒါတွေက အပါးရဲ့ ငွေတွေပေါ့...
"ပြန်ဆပ်စရာ မလိုပါဘူးကွာ အပါး သမီးက စီးပွားရေးလုပ်ချင်နေတာကို အပါးက ပါရမီဖြည့်ပေးပြီး ထူထောင်မစပေးတယ် သဘောထားပါ"
"ဟင့်အင်း အပါး....ခုတော့ မပေးနိုင်သေးပါဘူး..ဒါပေမယ့် နောင့် ပြန်ဆပ်မှာပါ....."
"သဘောပါကွယ်"
",ဟုတ် သမီးကျောင်းသွားတော့မယ် နော်"
"ကားယူသွားလေ ဒီနေ့က သမီးကိုကိုလဲ ဘယ်မှမသွားဘူး အပါးလဲ ရှိနေတာပဲ"
"မယူတော့ဘူး ခုကစ သမီး ဆိုင်ကယ်ပဲ စီးတော့မယ်"
အပါးကို နှုတ်ဆက်ပြီး ဆိုင်ကယ် စီးထွက်လာခဲ့သည်...ဒါတွေအကုန်လုံးက သူမရဲ့ စည်းကမ်းလို ဖြစ်သွားသည်...မေမေရဲ့အထင်သေးမှာတွေ ပပျောက်သွားအောင်ပေါ့...အပြင်မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေထိုင် လှုပ်ရှားနေရပေမယ့် ရင်ဘတ်ထဲမှာ ကွဲကြေမွ ပျက်စီးနေတဲ့ နှလုံးသားကိုတော့ ဘယ်သူမှ မမြင်နိုင်တော့ဘူးလေ....သို့သော် သူမ ရင်ထဲမှာ မ ရှိနေသမျှ မ ကို ချစ်စိတ်နဲ့ တတ်နိုင်သလောက် ကြိုးစားနေမှာပါ....
"ပီဆိုင်နွန်း မှုံချယ်ရီဦးက စာကြည့်တိုက်မှာ အားရင် ခဏလောက် တွေ့လို့ရမလားတဲ့ ပီဆိုင်နွန်း မလာခင်က မှာသွားတယ်"
-သူက အတန်းမတက်​ဘူးတဲ့လား"
"မတက်တော့ဘူး စာကြည့်တိုက်ထဲမှာပဲ စာကျက်တော့မယ်တဲ့"
"Ok ကျေးဇူးပါနော်"
"ဟုတ်ကဲ့ရှင့် ဒါဆို သွားတော့မယ်"
သူမ အခန်းထဲဝင်ဝင်ချင်း ကောင်မလေးတစ်ယောက် လာပြောသွားသည်...ပထမတစ်ချိန်တော့ တက်ဦးမှပါလေ...ဆိုပြီး ပထမ တစ်ချိန်တော့ ပြီးအောင် တက်လိုက်သည်...စာမေးပွဲတွေ ဖြေရတော့မှာမို့ ဆရာတွေလဲ သိပ်တော့မဝင်တော့....
ဒီ နောက်ဆုံးနှစ်တစ်နှစ်လေးမှာ သူမတို့ သူငယ်ချင်းအုပ်စုဟာ အကြောင်းကြောင်းတွေကြောင့်အရင်လို ညီညီညာညာ သိပ်မတွဲဖြစ်ကြတော့ဘူး...စိုင်းခေးတို့အတွဲတွေလဲ လစ်တတ်လာသည်..အိုက်ထွေးလဲ ခုတလော ဘာတွေ ရှုပ်နေသည်မသိ....ကျန်လူတွေလဲ ဘယ်လိုတွေမသိ...မှုံနဲ့လဲ ခုလို ကြိုမှာမှ တွေ့ကြသည့်အဖြစ်..သူမလဲ ဆိုင်ကိစ္စတွေကြောင့် သိပ်မအားဖြစ်တာမို့ အရင်လို ဖုန်းတွေလဲ သိပ်မကိုင်တော့ဘူးလေ....မှုံတွေ့ချင်တယ် ဆိုတဲ့ အကြောင်းက သူမတွက် အထူးအဆန်းပင်မလား...မှုံက အကြောင်းမရှိပဲ မတွေ့တတ်...လိုအပ်မှသာ ဖုန်းဆက်ပြောတာ..ခုကျ လူကြုံတောင်မှာတယ်ဆိုတော့....
အတွေးတွေနှင့် စာကြည့်တိုက်ထဲရောက်လာပြီ...ဘယ်သူမှလဲ မရှိ...ထောင့်ကျကျ ထိုင်နေကျနေရာ စားပွဲမှာ မှုံ စာကျက်နေသည်လား စာမှတ်နေသည်လားမသိ....မှုံက စာကျက်ရင် အော်မကျက်...စိတ်ထဲ၌သာ လေ့လာကျက်မှတ်နေတတ်သည်လေ....
"မှုံ စာကျက်နေတာလား"
သူမ ပြောရင်း ဝင်ထိုင်လိုက်တော့ မှ မော်ကြည့်လာဖော်ရတော့သည်...
"ဟုတ် စာကျက်နေတာ အစ်မကော မတွေ့တာ ကြာပြီ နေကော ကောင်းရဲ့လား"
"ကောင်းပါတယ် မှုံလဲ ကောင်းတယ်မလား"
"ဟုတ်"
ဘာစိတ်ဆင်းရဲမှုကိုမှ စိတ်ထဲ ကြာကြာမထားတတ်တဲ့ မှုံကတော့ အရင်လိုပါပဲ....ပိန်ခြင်း ဝခြင်းလဲ မရှိ...တက်ကြွခင်း မှိုင်တြွေခင်းလဲ မရှိ..အမြဲတမ်း ကြည်ကြည်လင်လင်လေးနဲ့ လှနေတုန်း...သူမကသာ အရင်က သိပ်ကို သွက်လက်မြူးကြွနေတတ်တဲ့ ဆိုင်နွန်းဘဝနဲ့ ခုလို ပိန်သွယ်သွယ် အရောင်မဲ့နေတဲ့ မျက်လုံးတွေနဲ့ တိတ်ဆိတ်သွားတဲ့ ဆိုင်နွန်းက တစ်ယောက်တည်းမှ ဟုတ်ပါလေစဟု ဘုရားစူးကျိန်ပြောတောင် ယုံမယ့်သူ ခပ်ရှားရှား....
"မှုံ အစ်မကို ပေးစရာ ရှိလို့ပါ"
"ပေးစရာ ဟုတ်လား ဘာများလဲ"
ပေးစရာ ဆိုတာကြောင့် ဒီနေ့ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်တာပဲ ဟု အပြေးအလွှား တွေးကြည့်နေမိသေးသည်...မှုံ သူ့လွယ်အိတ်ထဲမှ ဖုန်းတစ်လုံး ပိုက်ဆံအိတ်တစ်ခု ကို ဆယ်ယူပြီး သူမ ရှေ့ပို့ပေးလိုက်သည်...
"ဒါတွေ အစ်မကို ပေးသင့်တယ် ထင်လို့ပါ"
"ဒါက...."
ဖုန်းတွေကို မျက်စပစ်ပြီး ဘာတွေလဲ ဟု မေးလိုပ်သည်...ကြည့်တာနဲ့ အသစ်တော့မဟုတ်...သုံးဆဲ ဒါမှမဟုတ် သုံးစွဲပြီးသား ပုံစံမှန်း သိသာသည်လေ....
"မနှင်းရဲ့ ဖုန်း မနှင်းရဲ့ အိတ်ပါ"
မနှင်း ဆိုတဲ့ မှုံ့ရဲ့ စကားသံအောက်မှာ သူမ နှလုံးခုန်သံ ကျယ်လောင်သွားရသည်....
လက်ချောင်းလေးတွေက မရည်ရွယ်ပါပဲ ဖုန်းလေးကို ထိမိသည်....
"မ မရဲ့ ပစ္စည်းတွေ ဟုတ်လား"
"ဟုတ်...မနှင်း ပြန်တဲ့နေ့က ကားဂိတ်မှာ ကားမရမှာစိုးလို့ သူ အလောတကြီး တက်သွားတာနဲ့ ကျန်ရစ်ခဲ့တာ....ပြီး ကိုအိုက်ထွေး မနှင်းကားနောက်ကနေ လိုက်ပြီး ပေးမလို့လုပ်သေးတယ် လမ်းတွေပိတ်သွားတာနဲ့ မမှီလိုက်ဘူး"
ဪ....အဲ့ဒီနေ့က အိုက်ထွေး ဆိုင်ကယ်ကိုး....အိုက်ထွေး ငါ့ကို မမှတ်မိခဲ့တာ တော်ပါသေးရဲ့...ဒီလောက်လတွေရက်တွေအကြာကြီးရှိမှ ဒီပစ္စည်းတွေဘာလို့လာအပ်နေပါလိမ့်....မှုံရဲ့စိတ်ကိုဘယ်လိုမှလိုက်လို့မမှီ...
"ဒါက ဘာလို့တို့ကို လာပေးတာလဲ မှုံ သိတဲ့အတိုင်း မ နဲ့ တို့က ဘာမှမဆိုင်တော့ဘူးလေ"
"အဲ့ဒီလိုတော့ မှုံ သိပါတယ် ဒါပေမယ့် အစ်မနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုပါလို့ မှုံ အစ်မလက်ထဲအပ်ရတာပါ...ဘာလို့ဆို ဒီပစ္စည်းတွေ မှုံလက်ထဲမှာ ရှိမနေသင့်ဘူးလေ..မှုံနဲ့ဆို ဘာမှမှ မဆိုင်ပဲ"
"မ ဆီ ပြန်ပို့ပေးလိုက်သင့်တာ"
"မနှင်းကလဲ ဆက်သွယ်မလာတော့ဘူးလေ ပြီးတော့ ဖုန်းကလဲ ပတ်စဝေါ့ ခံထားတော့ ဖွင့်မရဘူး အိုက်ထွေး လော့ဖြေပေမယ့်မရလို့ reset ချပေးမယ် လုပ်နေတာ...တော်ကြာ အထဲမှာ ဖျောက်ဖျက်မရတဲ့ အမှတ်တရတွေ ပြန်မရနိုင်တဲ့ ပုံရိပ်လေးတွေ ရှိနေဦးမှာမို့ ဒီတိုင်းပဲထားလိုက်တာ...မနှင်း ခေါ်လာဦးမယ် မှတ်တာ..ဒါမယ့် ခေ၊မလာခဲ့ဘူး"
"ပိုက်ဆံအိတ်ကကော"
"အဲ့ဒါတော့ အစ်မပဲ ဖွင့်ကြည့်လိုက်ပါ...ခုတော့ မှုံ အတန်းတက်ရမယ့်အချိန်ရောက်ပြီ သွားလိုက်ဦးမယ်နော်.."
"ဪ..အင်း.."
မှုံ စာအုပ်တွေ သိမ်းပြီး ထွက်သွားသည်ထိ သူမ မ ရဲ့ ပိုက်တံအိပ်လေးကို မကိုင်ကြည့်ရသေးပေ....
ဘာလို့ ဖုန်းတွေ ပိုက်ဆံအိတ်တွေ မေ့ကျန်ရစ်ခဲ့ရအောင် သတိလက်လွတ် ဖြစ်ခဲ့ရတာလဲ မရယ်...သဲ ကြောင့်ပါ..သဲ တောင်းပန်ပါတယ် မရယ်....ဒီဖုန်းလေး ဝယ်တဲ့နေကပဲ သဲနဲ့မတို့ ပထမဆုံး စပြီး တွေ့ခဲ့ရတဲ့ ရက်ကလေးလေ...သဲနဲ့ပတ်သက်သမျှ မ အကုန် ချစ်ရစ်ခဲ့တာလား မ.....
လက်ကလေးတွေနဲ့ မထိရဲ ထိရဲ မရဲ့ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ တစ်သောင်းတန် ပိုက်ဆံ ဆယ့်ရှစ်ရွက် တိတိ....ပြီးတော့ စာအုပ်တစ်ခု...ဘဏ်စာအုပ်လိုလိုမို့ သေချာ ထုတ်ကြည့်တော့ သူမ မူးခနဲ မိုက်ခနဲ ပင်ဖြစ်သွားရသည်....
အဘယ်ကြောင့်ဆိုသော်....မ ရဲ့ ဘဏ်စာအုပ်အမည်က သူမရဲ့ အမည်နဲ့ ပိုက်ဆံတွေ စုထားခြင်းပင်....သိပ်တော့ မစုရသေး....မ မလာခင် လကုန်ရက်က ထည့်ထားတာက လေးသိန်း..ပြီး အရင်က ထည့်ထားတာ ဆယ်သိန်း...စုစုပေါင်း ဆယ့်လေးသိန်း...
အို.....မရယ်....သဲနဲ့ပတ်သက်ပြီး အသေးစိတ်ကမှအစ ဂရုစိုက်တတ်တဲ့ မက ခုလိုလဲ ကြိုတင်တွက်ဆထားတဲ့ သူပါလား....သဲ အမှားကြီး မှားခဲ့ပြီထင်တယ်...တောင်းပန်ပါတယ် မ...သဲ တောင်းပန်ပါတယ်...သဲက သေသင့်တဲ့သူပါ...မ အချစ်တွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ပါ.....😭😭😭😭😭😭😭😭😭😭
ဘယ်သူမှ မရှိတဲ့ စာကြည့်တိုက်လေးထဲ ငိုသံတစ်ခု ထွက်ပေါ်လာတော့သည်....ငိုသံတွေထဲမှာ နောငိတရခြင်း ဝမ်းနည်းကြေကွဲခြင်း ယူကြုံးမရဖြစ်ခြင်း စတဲ့ ခံစားချက်ပေါင်းများစွာ ပါဝင်နေမှာ သေချာသည်....
နောင်တဆိုတာ နောင်တစ်ချိန် ပြန်တမ်းတ နေမိတဲ့ စိတ်ပျက်စရာ အကောင်းဆုံး ခံစားမှု တစ်ခုပင်....
.....
"ဟော....သမီး ရောက်လာပြီလား"
"ဟုတ်ကဲ့ ဘော့စ်"
"ဘယ်လိုလဲ အလုပ်က အဆင်ပြေလား"
"ပြေပါတယ်.....ခု ဝယ်ထားတဲ့ ဘိလပ်မြေတွေလဲ တော်တော် ကောင်းတယ် အုတ်တွေလဲ ပေါ့ပေါ့လေးနဲ့ ခိုင်ခံမှု ရှိတယ် ဧည့်သည် လုပ်ငန်းရှင်တွေလဲ သဘောကျနေကြတယ်"
"ဒါတွေက သမီးတို့ စုပေါင်း အကြံပေးမှုကြောင့် ဒီလို လွယ်လွယ်ကူကူ ပြီးပြတ်တာပါ ဒါနဲ့ ပြီးတော့မှာလား"
"နှစ်ပတ်လောက်ဆို အပြီးအစီးဖြစ်ပြီ ဒီနေ့ ဘော့စ် အားရင် လိုက်ကြည့်ပါလား ဇေယျာလဲ ဆိုဒ်ထဲ ရှိနေတာပဲ"
"ကောင်းပြီလေ လိုက်ကြည့်မယ်..ဒီနေ့ ဘာမှ ချိန်းထားတာ မရှိဘူးဆိုတော့အားနေတယ်...သမီး ဆိုင်ကယ် ထားခဲ့တော့ ဦးကားနဲ့ပဲ သွားကြမယ်...ဪ...ဒါနဲ့ ဇေယျာက အဲ့ကို တန်းရောက်နေပြီလား"
"ဟုတ် သူ တန်းသွားတာ ရုံးမလာတော့ဘူးတဲ့ ဒါဆို ခုပဲ သွားကြမယ်လေ"
စည်းကမ်းတကျ သေသပ်စွာ အလုပ်လုပ်တတ်တဲ့ သူမနဲ့ စိတ်မြန်လက်မြန် တက်ကြွတဲ့ ဘော့စ်တို့ဟာ ချက်ချင်း ရုံးခန်းထဲမှ ထွက်သွားတော့ သည်....ဒီနေ့ ဂျာကြီးလဲ ဘော့စ်ခိုင်းထားတဲ့ ကိစ္စတစ်ခုကြောင့် ပြင်ဦးလွင် တက်သွားသည်...ရုံးထဲကျန်တဲ့ သူတွေတော့ လွတ်လပ်ရေးရနေကြသည်...
"ဟဲ့ ငါတို့ ဘော့စ်နဲ့ မနှင်းက ဘာတွေလဲ"
"သူဋ္ဌေးနဲ့ ပညာရှင်လေ"
"မဟုတ်ဖုးလေ အဲ့ဒါထက် ပိုသလားလို့"
"နင်က ဘာပြောချင်တာတုန်း"
"ငါဆိုလိုတာက ဟိုလေ...ငါတို့ သူဋ္ဌေးက ခုမှ လေးဆယ်ကျော် အရွယ်ကောင်းတုန်းလေးလေ...မိန်းမလဲမရှိဘူး...လူပျိုကြီးပေါ့နော်..မနှင်းကလဲ ချစ်သူရှိတာလဲမဟုတ်ဖူးလေ...ငြိနေကြလားမသိ"
"အေး...ဟုတ်နိုင်တယ် အဲ့လောက် သူ့လက်အောက်မှာ အင်ဂျင်နီယာတွေ အများကြီး ရှိနေရက်နဲ့ မနှင်းကိုဆို အစစအရာရာ အလေးပေးနေတာ ငါတို့အမြင်ပဲမလား....စလုံးကိုတောင် ပို့ဖို့ ကြိုးစားနေတာ မနှင်းက ငြင်းထားတယ်လေ ကိုဇေယျာကလဲ ခုမှမိန်းမရပြီးစ ပူပူနွေးနွေးဆိုတော့ မသွားနိုင်ဘူးလေ အစတည်းက ဘော့စ်က မနှင်းကိုပဲ လွှတ်ချင်နေတာ.."
"ဖြစ်နိုင်တယ်....မနှင်း အမေ ဆုံးသွားတော့ အဲ့ကိစ္စပြန်ငြိမ်သွားတယ် သိပ်အရေးတကြီး လိုရက်တော့်တခြားသူကို လွှတ်ရမှာပဲလေ နော် သေချာပါတယ် ဘော့စ်က မနှင်းကို ချိန်နေတာပါ"
"ဟီး မနှင်းတို့များ ကံကောင်းချက်...ငါ သာဆို ချက်ချင်းလက်ခံမှာ"
"အဖေအရွယ်ကိုလား"
"အယ် ခုမှ လေးဆယ်ကျော်မှ လေးငါး လောက်ပဲရှိဦးမှာ ပြီး မနှင်းကလဲ နှစ်ငါးလောက်ဆိုတော့ အတော်ပဲလေ"
"ငါ ကြားထားတာက မနှင်းမှာ ချစ်သူ ရှိတယ်ဟ မိန်းကလေးတစ်ယောက်တဲ့ ဟိုတစ်ခါ ရုံးကို ခေါ်လာသေးတယ်တဲ့"
"ပေါက်ကရတွေ မပြောစမ်းနဲ့ မနှင်းလို မိန်းမက ကောင်မလေးကို ကြိုက်စရာလား lesbian တော့ မဖြစ်နိုင်လောက်ပါဘူး"
"မသိဘူးလေ မနှင်း က ခုဆို ဖုန်းတောင် မကိုင်တော့ဘူး သူ့အိမ်ဖုန်းနဲ့ပဲ ဆက်သွယ်ရတာ"
"တော်ပါတော့ ငါတော့ ဘော့စ်နဲ့ပဲ သဘောတူတယ် မနှင်းသာ ဘော့စ်ကတော်ဖြစ်လာရင် ငါတို့ လစာတိုးပြီပြ့"
"အမယ် လိပ်မကြီးဟ"
ရီသံတွေ တစ်ရုံးလုံး စီညံသွားသည်....ရုံးအောက်က ထွက်သွားတဲ့ ကားပေါ်က နှင်းနဲ့ ဘော့စ်တို့ကတော့ မကြားနိုင်တော့ပါ....
မြေကွက် ကျဉ်းကျဉ်းလေးပေမယ့် ငါးထပ်တိုက်တစ်လုံးကို လှလှပပဆောက်လိုက်တော့ မြေကွက်သေးသေးလေးကလဲ အဖိုးတန်သွားသည်....ဘော့စ်ကတော့ သူမဘေးက လိုက်လံရှင်းပြသမျှကို ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောတွေကျနေလေသည်...ဇေယျာကတော့ ဘော့စ်ကို တည်ခင်းဧည့်ခံဖို့ စာစရာအအေးတွေ စီစဉ်နေသဖြင့် ဆိုဒ်ထဲ လိုက်ပြနိုင်ပါ...
"ဆေးသုတ်သမားတွေလဲ အဆင်သင့်ဖြစ်နေပါပြီ ဘော့စ် ရေချိုးခန်းတွေ ကြွေပားကပ်ပြီးရင်တော့ ပန်းရံတွေက ပြီးပြီ....ဆေးသုတ်မယ် ပြီးရင် အခန်းတွင်း တစ်ခါတည်း အလှဆင်မယ်....ဒါဆို အကုန်ပြီးပြီ..."
"ဦးတော့ အကုန် သဘောကျတယ်....သမီးလက်ထဲအပ်လိုက်ရင် လှည့်ကြည့်စရာကို မလိုအောင် ပြီးပြည့်စုံပြီးသားပါကွယ် သမီးကို ဦးတို့ လုပ်ငန်းမှာ ရလိုက်တာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ"
"မြှောက်ပြီ...ဒါမယ့်လဲ ကျေးဇူးတင်ပါတယ်ရှင့်"
"တက်ာပြောတာပါဗျာ"
"အောက်ဆင်းရအောင် နေ့လည်စာ စားချိန်တောင်ကျော်နေပြီ"
"Ok ဦးက သမီးကို ဟိုတယ်လ်တစ်ခုမှာ နေ့လည်စာ လိုက်ကျွေးမလို့ စိတ်ကူးထားတယ် ဖိတ်ပါရစေ"
"သမီးက ဘော့စ်ကို ဆိုဒ်ထဲမှာပဲ နေ့လည်စာ အတူစားဖို့ ဖိတ်ပါရစေ ဟော ဇေယျာတောင် အကုန်ပြင်ဆင်ပြီးနေပြီ...."
အောက်ထပ်မှာ ဇေယျာက စားပွဲဝိုင်းတစ်ခုပေါ်မှာ ဆိုင်တစ်ခုခုက ပါဆယ်ဆွဲလာတဲ့ စားစရာတွေအပြည့်ဖြင့် ထိုင်စောင့်နေသည်....ဘော့စ်ကတော့ သူ ရည်ရွယ်သလို ဖြစ်မလာ၍လားမသိ....ရှက်သွားသလားတော့ မပြောတတ်...ဇေယျာနဲ့ စကားအချို့ပြောရင်း သူမတို့နဲ့အတူ ဆိုဒ်ထဲမှာပဲ နေ့လည်စာ စားပြီးသွားသည်...
"အားနာပါတာ် ခင်ဗျာ ဘော့စ်ကို ဆိုင်ကောင်းကောင်းမှာ လိုက်ဧည့်ခံမပေးနိုင်တာကို ခင့်လွှတ်ပါ ဘော့စ်"
"ဟာ ဦးကသာ မောင်ရင်တို့ကို ကျွေးမယ် စိတ်ကူးထားတာပါကွာ...မင်းတို့က အရင်ဦးသွားတာလေ ဒါမယ့် အတော်စားကောင်းပါတယ်ကွ"
"ကျေးဇူးတင်ပါတယ်"
ဖြစ်သလိုလေး တည်ခင်းကျွေးမွေးသော နေ့လည်စာကို ကောင်းကောင်းစားသွားတော့ ဇေယျာကော သူမပါ ကျေနပ်ရပါသည်...
"ဒီအလုပ်ပြီးတာနဲ့ ပျော်ပွဲလေးတစ်ခုတော့ လုပ်ပေးဦးမှပါ"
"ဟုတ် ကျေးဇူးတင်ပါတယ် ဘော့စ်"
"ဒီ အဆောက်အဦးလေးကို ဦး အရမ်းသဘောကျတယ် ဆေးတင်ပြီးသွားရင် ပိုလှဦးမှာ ဦးပဲ ပြန်ဝယ်ထားရမလားမသိဘူးနော်"
"ကောင်းပါတယ် "
ဇေယျာကတော့ အအေးတွေသောက်ရင်း ဘုမသိဘမသိနဲ့ သူဋ္ဌေးပြောသမျှ ကို လိုက်ထောက်ခံနေတာ....အလကားဇေယျာ...အစားမြင်ရင် ဘာမှကို အလေးအနက်မရှိတော့ဘူး ဟု စိတ်ထဲမှ တွေးရင် စားပွဲအောက်မှ ဇေယျာရဲ့ ခြေထောက်ကို ကန်လိုက်သည်....
"အား.."
ရုတ်တရက်မို့ ဇေယျာ လန့်အော်မိတော့ ဘော့စ်က
"ဘာဖြစ်တာလဲ မောင်ရင်"
"ဟိုလေ..ဟို ဗိုက်အောင့်လို့ ပါ ဘော့စ်"
"ဆေးခန်းမပြဘူးလား အရမ်းအောင့်နေလား"
"ခုမှပါ ခွင့်ပြုပါဦး အပြင်သွားပါရစေ"
"သွားပါ"
ဇေယျာစုတ်....ဒီ ဘော့စ်နဲ့ ငါ့ကို တမင်ထားခဲ့ပြီ..ဘယ်တည်းက ထွက်ချင်နေလဲမသိ...နောက်ကို လှည့်မကြည့်တမ်း သွားခဲ့တာ...
"သမီးကော ဘယ်လို သဘောရလဲ ဒီအဆောက်အဦးကို ပြန်ဝယ်ရင်ကောင်းလား"
"သမီးအနေနဲ့တော့ ဒီတိုက်ပုံစံက ဟိုတယ်လ် တည်းခိုခန်း အတွက်ဆိုတော့ ဒီနားမှာ အခြေခံ လူတမ်းစားတွေပဲ အနေများတာ..ဒီနား ရုံးတွေ ဘာတွေလဲ မရှိဘူးလေ.ဝင်ငွေတော့ မျှော်လင့်သလောက်တော့ ရမယ်မထင်ဘူး"
"ဟုတ်လား".
"အဲ့လိုပဲထင်တာပါ သမီးအတွေးပါ"
"ဟုတ်ပါပြီကွာ ကဲ အချိန်လဲ မနည်းတော့ဘူး ရုံးပြန်ရအောင် တရက်ကျ သမီးကို ဦး ညစာ ဖိတ်ကျွေးပါရစေ မငြင်းဖို့လဲ ကြိုတောင်းပန်ထားမယ်နော်"
"ရပါတယ်ရှင့် သမီး အဆင်ပြေပါတယ် "
"Ok သွားစို့"
တစ်နေ့တခြား မေမေ ဆုံးပြီးမှ ဒီသူဋ္ဌေးရဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာသလို ခံစားရသည်...သူပဲ သူမရဲ့ အုပ်ထိန်းသူလိုလို....အရင်ကထက်ကို ပိုလာသည်...လိုတာထက် ဂရုစိုက်လာသလို လိုတာထက် စိတ်ပူပေးတတ်လာသည်...ပြီးတော့ တစ်ချို့အလုပ်ကိစ္စတွေဆို ခါတိုင်း ဂျာကြီးနဲ့ပဲ ပြီးပါလျက်နဲ့ ခုကျ စည်းဝေးတိုင်း သူမနဲ့ တက်တာများလာသည်...ဆိုတော့ သူမက အင်ဂျင်နီယာအလုပ်ကော မန်နေဂျာကော ဖြစ်နေသလို..သူသွားလေရာ ခေါ်တတ်တော့ အတွင်းရေးမှူးလိုလို...သူအရင်ထိုင်နေကျ ရုံးမှာလဲ သိပ်မနေ...ရုံးတွင်းက
အတင်းစကားတွေကိုလဲ သူမ မကြားချင်ဟန်ပြုနေရသည်လဲ စိတ်ပျက်စရာ အလုပ်တစ်ခု တိုးလာသလို.....
ကိုယ်က အနေမှန်ပါလျက်ကယ်နဲ့ ပတ်ဝန်းကျင်က မနေပါ..မြင်သမျှကို အပြစ်ဆိုချင်နေကြတာ...
မေမေ မရှိတော့တဲ့ ဘဝမှာ သမီး အဆင်မပြေဘူးမေမေ...
မနက်ဆို ခါတိုင်းနှိုးနေကျ မေမေ နှိုးစက်လေး မရှိတော့ သမီး အလုပ်နောက်ကျတဲ့ရက်တွေလဲ မနည်းတော့ဘူး..
နေ့တိုင်း နိုးလာတာနဲ့ စားစရာအဆင့်သင့်ပြင်ဆင်ပေးတတ်တဲ့ စာဖိုးမှုးကြီး မေမေ မရှိတော့ မစားရတဲ့ မနက်စာတွေ ငတ်ပေါင်းများပြီ...ညဆို သမီးအလုပ်လုပ်တုန်းသောက်ဖို့ ကော်ဖီဖျော်ပေးတတ်တဲ့ မေမေ မရှိတော့ သမီးရဲ့ ကော်ဖီခွက်လေးတောင် အထီးကျန်နေပြီ....အိပ်တော့လေ သမီး ညနက်ပြီ မေမေ မီးပိတ်ပေးခဲ့မယ်နော် ဆိုပြီး အခန်းထဲ လိုက်ပို့ စောင်လေးတွေ ခြုံပေးတတ်တဲ့ မေမေ မရှိတော့ မအိပ်ရတဲ့ ညပေါင်းတွေလဲ မရေမတွက်နိုင်အောင် များလှပြီ....
မေမေ မရှိတော့မှ မေမေ့ တန်ဖိုးတွေ သိလာရတယ်...
မေမေ မရှိတော့မှ သမီးရဲ့ လိုအပ်ချက်တွေ မြင်လာတော့တယ်....
မေမေ ဆိုတာ သမီး ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ အလင်းပေးခဲ့တဲ့ ထာဝရ မီးအိမ်ရှင်ပါ
မေမေ...ငြိမ်းချမ်းရာကို ရောက်နေပြီဆိုတာ သမီးယုံတယ်
မေမေ မရှိတော့တဲ့ နောက်ပိုင်း သမီး နေတတ်အောင် အကောင်းဆုံး နေထိုင်ပါတယ်ဆိုတာ မေမေ မြင်နေရတယ်မို့လား ချစ်တယ် ...သိပ်ချစ်တယ် မေမေ....
..
အနောက်တိုင်း တေးသံတွေ ပျံလွှင့်နေတဲ့ ဆိုင်အတွင်းမှာ ပြာလဲ့လဲ့ မိးရောင်တွေနဲ့ ခြယ်မွှန်းထားတော့ အရမ်းကို ရိုမန့်တစ် ဆန်နေလေသည်...စားစရာတွေ မှာထားပြီး ရောက်လာသည်အထိ ဘာစကားမှမ ဆိုဖြစ်ကြသေး...
"စားနော် ဘာမှ အားမနာနဲ့"
"ဟုတ် "
နှစ်ယောက်ကြားတွင် ဘာမှ ပြောစရာ စကားမရှိသလို တိတ်ဆိတ်စွာ စားနေကြသည်..တစ်ဆိုင်လုံးမှာမှ လူရှိနေတဲ့ဝိုင်းက လေးငါးဝိုင်းသာ ရှိသည်...အကုန်လုံးက အတွဲတွေချည်း...
သူမ အနေနဲ့ကတော့ ဘော့စ်နဲ့ ပတ်သက်ပြီး ဘာမှကို ပြောစရာ မရှိတာပါ...ဘော့စ်ဘာလို့ ဒီလိုဆိုင်မျိုးမှာ ညစာ ဖိတ်ကျွေး လဲ တော့မသိ...အိမ်တိုင်ရာရောက်ကို လာကြိုပြီး ခု ဒီဆိုင်သာ ရောက်လာ စားနေသည်ထိ ဘာမှကို မသိရသေး....
"သမီး"
"ဟုတ် ဦး ပြောပါရှင့်"
"သမီး ဒီနေ့ အရမ်းကျက်သရေရှိတာပဲ သိပ်လှနေတယ်"
"ရှင်"
ခုမှ ပါးစပ်ထဲ ထည့်ထားတဲ့ ကြက်သားတုံးတောင် မဝါးလိုက်မိပဲ မြိုချမိလိုက်တော့ လည်ချောင်းထဲမှာပင် တစ်ဆို့ဆို့ကြီး နင်သွားရသည်...
"အဟွတ်"
"ဟော နင်သွားတာလား ရော့ ရေသောက်လိုက်"
သူမ နင်သွားတာ မြင်တော့ဘော့စ်ခမျာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်.....ရေသောကိပြိး ရင်ဘတ်ထုပစ်လိုက်မှပဲ ဗိုက်ထဲသို့ ရှောရှောရှူ ရှူ ဝင်သွားသည်....
လှမှာပေါ့...အမြဲတမ်း ဆိုက်ဒ် ထဲသွားနေရတာဆိုတော့ ဂျင်းပင်န် ရှပ် ပြီးတော့ ဆံပင် ခပ်မြင့်မြင့်စည်း အိပ်ယာထအမြဲနောက်ကျတော့ ကပြာကယာ မျက်နှာ ကြည့်ကောင်းအောင် လိမ်းလာရတာချည်းလေ...ဒီနေ့ညနေမှ တနင်္ဂနွေ မို့ နားရက်ဖြစ်တာနဲ့ အိမ်တွေ ရှင်း ခေါင်းလျှော် မြန်မာဝတ်စုံကို သပိသပ်ရပ်ရပ်လေးဝတ်ပြီး ဆံပင်တွေ ဖြန့်ချလာတာ...နှုတ်ခမ်းကလဲ နီစွေးစွေး စိတ်လိုလက်ရ အလြှပင်လာတာမို့ ဘော့စ် ပြောမည်ဆိုလဲ ပြောချင်စရာ....
"နှင်း"
"ရှင်"
ခေါ်တာနဲ့ ထူးတာ အဓိပ္ပါယ် တစ်မျိုးစီပါ..ဘော့စ်က ခေါ်တာ ..သူမက ထူးတာ မဟုတ်...ဘော့စ် အရင်က ခေါ်နေကျ သမီး ဆိုတာ မဟုတ်ပဲနဲ့ သူမကို နှင်း ဟု ခေါ်လိုက်တာကြောင့် ယောင်မိတာပါ....တကယ်တမ်း နှင် ခေါလို့ ရှင့်လို့ ထူးတာမဟုတ်....
ဒါကို သူက သဘောကျဟန်ဖြင့် ပြုံးနေပြီးမှ
"နှင်းကို ကိုယ် မြတ်နိုးနေတာ ကြာပါပြီ.....အဲ့ဒါ သိလား"
"ရှင် အဲ...."
ဘုရားရေ....ဘယ်လိုတောင်လား....အံ့သြရင်ခုန်မယ့်အစား ရယ်ချင်ပက်ကျိ ဖြစ်နေစိတ်ကို မနည်းအောင့်ထားရသည်....
"နှင်းကို ကိုယ်လက်ထပ်ပါရစေ.....ကိုယ့်ကို လက်ထပ်နိုင်မလား"
ကတ္တီပါ အနီရောင် လက်စွပ်ဘူးလေးကို ဖွင့်ပြီး လူကြီးလူကောင်းဆန်ဆန် လက်ထပ်ခွင့်တောင်းနေပါသော ဘော့စ်အား ဘယ်လို အင်အားမျိုးနဲ့ ငြင်းဆန်နိုင်ပါမည်နည်း...
......

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now