.
.တစ်နေ့တစ်နေ့ သဲ ရဲ့ wall ထဲ ဘာPost တွေများ.ဘာ feeling တွေများ တင်လာမလဲ လို့ ဝင်ဝင်ကြည့်ရတာ အမော....Online တက်ပြီ ဆိုတာနဲ့ လက်က Auto သဲ Acc-ount ကို နှိပ်မိနေပြီးသား....ကိုယ့်ကိုယ်ကို လဲ ဘာဖြစ်မှန်းမသိ.. .ရယ်တော့ရယ်ချင်မိသည်....
ကိုယ်တိုင်က lesbian ဆိုတာ သတ်မှတ်သိရှိပြီးသား...
အခြား ကိုယ့်လိုလူတွေကိုကျ စိတ်မဝင်စားပဲနဲ့ တစ်ကိုယ်တည်း အပျိုကြီး Lonely Single လုပ်လာနေခဲ့တာ ခုချိန်ထိ ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့... တကယ့်တကယ် စိတ်ဝင်စားနေပြန်တော့လဲ ကိုယ်တစ်ခါမှ အပြင်မှာ မဆုံဖူးတဲ့ Online ပေါ်က Follower အများကြီး Friend တွေ အများကြီး လူ ထောင်ပေါင်းများစွာ ဝန်းရံခြင်း ခံထားရတဲ့ ခပ်စွာစွာ မလေး တစ်ယောက်ကိုတဲ့.... ပြီးတော့ lesbian တစ်ယောက် မဟုတ်တဲ့ အပြင်ကို Wall မှာ အတွဲပုံတွေက ဟိုး ရှေးယခင်တည်းကရင်း ပလူပျံနေပြီးသား....သူကတော့ သူ့အကောင့်ထဲပဲ တင်လိုက်တာ ဖြစ်ပေမယ့် မြင်တဲ့သူတွေက အားတွေကျ အရမ်းတွေ နှစ်သက်ပြီး Copy ယူ Share လုပ်လိုက်ကြတာကြောင့် လူတွေကြားထဲ အလိုအလျောက် ပျံ့နှံ့ သွားပြီးသား....
Relationship ကလဲ ဘယ်လောက်လဲ ပြောရရင် အံ့သြစရာ...
ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ရဲ့ relationship သက်တမ်းက သူမ စ သတိထားမိတည်းက
3 years anniversary တဲ့...ခုနှစ်ကောဆို လေးနှစ်တောင် ပြည့်တော့မည်....
တကယ်ပါ...သူမ ပထမဆုံး စ စိတ်ဝင်စားခဲ့မိတဲ့ သူ ဖြစ်မယ့်ဖြစ်တော့လဲ အဲ့လို စည်းခြားထားပြီးသား သူမို့လို့ သူမ ဟာ အလိုလိုပဲ စည်းဝိုင်းအပြင်ဖက်က လူတစ်ယောက်ဖြစ်သွားရသည်...
သူမ ကံဆိုးမှုများစွာထဲကမှ ကံကောင်းခြင်းရလဒ် လို့ပဲပြောရမလား....သဲ အကောင့်ကို သွားစ add တည်းက လက်ခံခြင်းခံလိုက်ရသည့်အပြင် စကားလဲ အပြန်အလှန် ပြောခွင့်ရပြန်သည်....ပြီးတော့ သူမ တစ်ဦးတည်းအတွက် မူပိုင် အမည်နာမလေး သဲ ဆိုတာကိုလဲ ခေါ်ခွင့်ရလိုက်တော့ ရင်မှာ ဝမ်းသာမှုက နှိုင်းဆပြ၍ပင် မရပါ....
သူမ ပျော်တာဖြင့် အချိန်မပြည့်ရသေး ....Block ခံလိုက်ရသည်....
ပြောရရင် ကိုယ်နဲ့ သိတဲ့သူတစ်ယောက် အပြင်မှာဆုံလို့ အားပါးတရ နဲ့ ပြုံးပြမလို့် ရွယ်ရုံနဲ့ ဟိုဖက်က မျက်နှာလွှဲသွားလို့ ပြုံးတာ တစ်ဝက်တစ်ပျက်နဲ့ ရပ်ပစ်လိုက်တာမျိုးဖြင့် အောင့်သက်သက်ဖြစ်ရတဲ့ ခံစားချက်မျိုးလေ..
စိတ်မကောင်းဖြစ်ရတာတော့ ပြောမနေနဲ့တော့...
အမြင်ကပ်လို့ Unfriend လုပ်သွားတာကမှ သူ့Wall ထဲ ဝင်ကြည့်လို့ရသေးသည်...ဘလော့ တယ်ဆိုတော့ လုံးဝအဆက်သွယ်ကို ပြတ်ရော....
Account တစ်ခုတည်းကိုပဲ နှစ်လကြာရှည် သုံးတတ်ခဲ့တဲ့ သူမ အခက်တွေ့ရတော့သည်....နောက်ထပ်အသစ်လဲ မလုပ်ချင်ပါ...ဘာအကြောင်းပြချက်မှ မပေးပဲနဲ့ အဆက်ဖြတ်သွားခဲ့သူကို အပြစ်မတင်ရက်ပဲ မိမိသာ ဝမ်းနည်းလိုက်ရတာရယ်..
ဒီနေ့ တနင်္ဂနွေ နားရက်ဆိုတော့ အိပ်ခန်းထဲမှာ လဲလျောင်းရင်း အင်တာနက်သုံး နေစဉ် မထင်မှတ်စွာ သဲ ရဲ့ ပထမဆုံး ပို့လာတဲ့ စာကို ရလာသည်....
ဘာ အီမိုးရှင်းမှ မသုံးပဲ သဲ မေးသမျှ လောက်ကိုသာ အဆင်ပြေအောင် ဖြေပေးလိုက်သည်....ကံဆိုးမှု မလာခင် မပျော်ရဲတော့..ခုကျ video call ပြောကြမတဲ့...သဲ ဖက်က စပြောတာ...
အိပ်ခန်းက အမှောင်ချထားသောကြောင့် အပြင်ဖက် ထွက်လာရပြန်သည်....တော်သေးတာပေါ့ ...ဖုန်းနဲ့ သုံးနေတာမို့လို့...
သူမဖက်က ပဲ စခေါ်လိုက်သည်....သဲကို အပြင်မှာ ဘယ်လိုပုံစံ ရှိနေလေမလဲ ဆိုတဲ့ သိချင်စိတ်ကလေးနဲ့ ရင်ခုန်စွာပေါ့..
တစ်ဖက်က ကိုင်တော့ ကိုင်ပါရဲ့ ...ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ....လှုပ်ခါရမ်းနေတာကြောင့် ကြည့်နေတဲ့ သူမတောင် မျက်စိမူးသွားရသည်....
ဘာတွေ လုပ်နေသည်မသိ..
ဟော ...မြင်ရပါပြီ..
အဝါရောင် ခေါင်းစွပ်အင်္ကျီထူကြီးနဲ့ ဆံပင်ကိုလဲ အပေါ်ထိပ်လေးမှာ ထုံးထားသေး...
ဒါက သူမ မြင်နေကျ သဲရဲ့ ပင်ကိုယ်ဟန်ပဲ နေမည်...သူမ ပြုံးပြလိုက်သည်.. .အဲ...ဖလပ်ဆို သဲ ပုံ ပျောက်သွားပြန်ရော..
ချ လိုက်တာလဲ မဟုတ်...သူမမှာ အူ ကြောင်ကြောင်နဲ့ ဖုန်းကိုသာ စားပွဲ ပေါ် ထောင်ပြီး ကြည့်နေလိုက်သည်.. ..
လာပါပြီ...
"Hi, မ"
ခုတစ်ကြိမ်ကျ ပီပီပြင်ပြင်ပဲ..
"ဟိုင်း သဲ"
"ဆောရီးနော် ခဏက ဖုန်း စောင်နဲ့ ငြိပြီး ကျသွားလို့"
"ဪ...ခုက သဲ အခန်းထဲလား"
"ဟုတ် ကြည့်မလား သဲ အခန်းကို"
"အင်း"
သဲက ကင်မရာ ပြန်လှည့်ပြီး သူ့အခန်းကို ရိုက်ပြတော့သည်....အဝတ်အစားတွေ စာအုပ်တွေ ဖိနပ်တွေကတော့ စနစ်တကျ သူ့နေရာနဲ့ သူ ပါပဲ....အခန်းကလဲ အကျယ်ကြီးပင်.÷
တစ်ခုပဲ ....ဘာမုန့်ထုတ်တွေလဲတော့မသိ...စားပွဲပေါ်မှာကော...တိုင်မှာ ချိတ်ဆွဲထားတာကော အိပ်ယာပေါ်မှာကော..
"ရပြီလား...မ"
သဲရဲ့ ချစ်စဖွယ် မျက်နှာလေးပြန်ပေါ်လာသည်.
"အင်း.."
"မ အခန်းကော"
"မ အခန်းက သေးသေးလေး..အမှောင်ကျနေလို့လေ...'
"ဪ...မ ဘာလုပ်နေလဲ"
"ဘာမှမလုပ်ပါဘူး ဒီနေ့ကအလုပ်နားရက်လေ"
"သာယာနေတာပေါ့နော်"
"အဝတ်တွေ လျှော်ရတာပေါ့...နားရက်လဲ အလုပ်ကသာ အနားပေးတာ..သဲရ...အိမ်မှာ တပတ်စာ ပြန် အလုပ်လုပ်နေရတာ"
"ဟင် လျှော်ပြီးပြီလား"
"ပြီးပြီလေ..ရေတောင်းချိုးပြီးပြိ"
"ဟင် ခုမှ ဆယ်နာရီခွဲပဲ ရှိသေး"
"အယ်..ဘာလို့လဲ"
"မအေးဘူးလား ဒီမှာ သဲ တို့ဆို နေ့လည်ခေါင်ခေါင်မှ ရေအေးချိုးရဲတာ ခုဆို အရမ်းအေး"
"ဒီမှာ.မအေးဘူးလေ...."
"ဟုတ်လား...တစ်ခါမှ မန်းလေးကို ညအိပ်ညနေ မနေဖူးဘူး ဖြတ်သွား ဖြတ်လာတော့ လုပ်ဖူးတယ်"
"လာခဲ့လေ"
"တကယ်လား"
"အင်း...မ ဆီ လာခဲ့ နေစားငြိမ်း တာဝန်ယူတယ် လည်ချင်တယ်ဆို အခမဲ့ ဂိုက် လိုက်လုပ်ပေးမယ်"
"တကယ်နော် မေ့မသွားရဘူး...သဲ တကယ်လာမှ ပုန်းမနေကြေး"
"ဟဟ ....လာပါကွာ...ပုန်းစရာ မြေလဲ မရှိပါဘူး.."
"ဟင်...မြေရှိရင်တော့ ပုန်းမယ်ပေါ့"
"အဆုံးပြောရတာပါ သဲ ရာ...လာခဲ့ အချိန်မရွေးပဲ...မ ဒီ မန်းမှာပဲ အမြဲနေမှာ"
"ယောက်ျားယူရင်ကော လိုက်သွားရမှာကို"
"ခေါ်လာမှာပေါ့ကွ...ဟားဟား"
ရယ်နိုင်လွန်းသော မ ကို သူမ အရမ်းအားကျသည်...
မ ရယ်လိုက်တိုင်း.အရမ်းကျက်သရေရှိတာပဲ...အရမ်းလှတယ်....ကြည့်တော့ အတည် ရုပ်လေးနဲ့...ခုကျ သူမ ထက်တောင် ပွင့်လင်းလွန်းလှသည်...မက သူမတို့ဖက်ကလို နအေိးု့လားမသိ..ထုံးစံအတိုင်း စပို့ရှပ် လက်တိုလေးနဲ့ ဆံပင်ကလဲ လျှော်ထားလို့လားမသိ...ချထားသည်...မ ဆံပင်ကလဲ နက်မှောင်ပိတုန်းရောင် ကေသာမျိုး...ရှည်ရှည်လေး တောင် ထူထူထဲထဲမို့ မ ရဲ့ မဟာနဖူးနဲ့ ကတော့ လိုက်ဖက်နေသည်...စကားပြောနေရင်း မ က သူမကို ပဲ ကြည့်နေတော့ မနေတတ်တာနဲ့ ရှေ့က ဇီးထုတ်ကို ဖောက်စားလိုက်သည်..
"ဟင် သဲ ဇီးထုတ်စားမလို့လား"
ဟု မ အလန့်တကြားမေးတော့ ဝါးလက်စ နဲ.ရပ်သွားရသည်.. .
"အင်းလေ...ဘာလို့လဲ မရဲ့ "
မျက်လုံးပြူး မျက်ဆန်ပြူးးနဲ့ ပြန်မေးလိုက်တော့ မ က
"ဘာမှ မဟုတ်ပါဘူး...မ ရှေ့မှာ စားပြနေတော့ မ လဲ စားချင်လာလို့လေ"
"ဟာ..မ ကလဲ နောက်တယ်ကွာ ...သဲ က ဘာများလဲ လို့ လန့်သွားတာပဲ.. အတည်ကြီးနဲ့ တကယ်"
"ဟဟ.....ဆောရီးကွာ...နော"
"ရပါတယ် မရဲ့...စားမလား..ဒီကနေ ပစ်ပေးလိုက်မယ်"
"အပူ.အစပ်တွေ သိပ်မစားနဲ့"
"ဘာလို့"
"ဓာတ်ကြီးလေးပါး.မညီညွှတ် ဖြစ်ပြီး မျက်နှာ ဝက်ခြံတွေ ထွက်မယ်လေ သဲ အလှပျက်မှာပေါ့"
"ထွက်လဲ ဆေးလိမ်းမှာပေါ့ မရဲ့ ကြိုက်တာကိုး"
"ဟူတ်ပါပြီ...သဲ မျက်စိထဲ မ မြင်နေရတယ်....တစ်ခုခုဖြစ်ထားသလိုပဲနော်"
"ဟင်"
မ ဘာကို ရည်ညွှန်း ပြောနေမှန်း သူမ တကယ်ပင် နားမလည်ပါ.. မ ကို ကြည့်တော့ နောက်နေသည့်ပုံမပေါ်....ပုံမှန် ကြုံးမယောင် အတည် ပုံစံ ဖြစ်နေသည်....
"မ ဘာကို ပြောတာလဲ ဟင်'
"ထားလိုက်တော့...သဲ မ ပြောမယ်...တစ်စုံတစ်ခုကို ကိုယ်က ဆုံးရှုံးလိုက်ပြီ ဆိုပါစို့..အဲ့ ဆုံးရှုံးလိုက်တဲ့ အရာကို ပြန်ပြီး လိုချင်တောင့်တနေမယ့်အစား အဲ့အရာထက် ပိုကောင်း ပိုသာတဲ့ အရာတစ်ခုကို ရလာအောင် ကြိုးစားလိုက်ပါ"
"ဟုတ်"
တကယ်တော့ မ ပြောတဲ့ ဆိုလိုရင်းကို သဘောမပေါက်....မသိဘူးဆိုပြီး ပြန်မေးရင်လဲ မ က ထားလိုက်တော့ ဆိုပြီး စကားလွှဲမှာ မို့လို့လေ...ထိုကြောင့် နားလည်သည်ဖြစ်စေ..မလည်သည်ဖြစ်စေ ခေါင်းငြိမ်ံ့လက်ခံလိုက်သည်...
မ နဲ့ video call ပြောနေတာ တစ်နာရီနဲ့ သုံးဆယ့်ခြောက်မိနစ်....
ရယ်လိုက်မောလိုက် စလိုက်နောက်လိုက်နဲ့ မ ဟာ တကယ် ခင်ဖို့ ကောင်းသူလေးပါ...
"မေမေ ပြန်လာတော့မယ်...မ နေ့လည်စာ ဘာမှ မချက်ရသေးဘူး သဲရ"
မ က လက်မှာ ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်ပြီး ပြောလိုက်သည်....ဟုတ်သားပဲ...သူမတို့ ပြောနေတာ တော်တော် ကြာနေပြီကိုး..
"မ မေမေ ဘယ်သွားလဲ"
"သူ့တပည့်တစ်ယောက်အိမ်က အလှူရှိလို့တဲ့ မနက်အစောတည်းက ထွက်သွားတာရယ်"
"ဒါဆို မ ချလိုက်တော့လေ"
"အင်း..နောက်နေ့ကော ပြောလို့ရသေးလား"
မဝံ့မရဲ မ တောင်းဆိုမှုအောက်မှာ သူမ စိတ်မကောင်းခြင်းများစွာ ဖြစ်မိသည်.
"ရပါတယ်...မရယ်..မနဲ့စကားပြောရတာ သဲ ပျော်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
"ဘလော့မိတဲ့တွက်လဲ တောင်းပန်ပါတယ်နော်...မ...ဘာကြောင့်လဲ ဆိုတာကိုပါ မ မမေးခဲ့တဲ့တွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် လို့"
"ဟုတ်ပါပြီ.. မ နားလည်ပါတယ်ဒါဆို ဆင်းပြီနော်.."
ထုံးစံအတိုင်း သူမ နှုတ်ဆက်တာကိုတောင် မစောင့်ပဲ ဆင်းသွားခဲ့လေသည်..... မနက်ခင်းက ဈေးထဲက ဒေါသတွေ ဘယ်ဆီ ပြေပျောက်သွားလဲ မသိတော့...
မ နဲ့ စကားပြောရတာ စိတ်ချမ်းသာသည်... တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးချမ်းချမ်း ရှိလှတဲ့ မ လူပုံစံကော စကားပြောသံတွေပါ သူမ နှလုံးသားကို ငြိမ်းချမ်းစေသည်လေ....
နေ့လည်စာ ဆင်းမစားသော သူမ အား မေမေက ခုမှ သတိရလာလို့လားမသိ....တံခါးဆီတောင်ရောက်မလာတော့ပဲ မီးဖိုခန်းထဲ ကနေ အော် သံ ကြားလိုက်ရသည်...
"ဆိုင်နွန်း ထမင်းစားမယ် လာခဲ့တော့"
"စားနှင့်လိုက်ပါ"
အခန်းထဲကနေပင် ပြန်အော်လိုက်သည်...မ ပြောခဲ့တဲ့ စကားကို လေးလေးနက်နက် ပြန်စဉ်းစားနေမိသည်.
...မ ပြောတာ တစ်စုံတရာကို ဆုံးရှုံးလိုက်တဲ့ အခါကျရင် အဲ့အရာကို ပြန်ပြီးလိုချင်တောင့်တ နေမယ့်အစား.အဲ့အရာထက် သာမယ့်အရာကို ရယူဖို့ ကြိုးစားလိုက်ပါတဲ့...
ဟင် ...ဒါဆို ငါ ခုရက်ပိုင်း အသည်းကွဲနေတာလား..
အဲ့ပုံစံ ထွက်နေတာလား
ရုတ်တရက် မှန်တင်ခုံရှေ့ ပြေးရပ်ပြီး ကိုယ်ကို လှည့်ပတ် ကြည့်လိုက်သည်...ပြီး မျက်နှာကို သေချာ ပြန်ကြည့်ရင်း
"ဟုတ်သားပဲ...ငါ မျက်ကွင်းတွေညို ပြီး မျက်နှာ ချောင်ကျသွားတာကိုး...အိုက်ထွေး နဲ့ လမ်းခွဲပြီး အိုက်ထွေးက ငါ့ကို စကားလဲ လာမပြော ငါစားချင်တာလဲ မဝယ်လာပေးတော့ ငါက မစားရ ရစ်စရာမရှိတော့ ဟိုတွေးဒီတွေးနဲ့ အိပ်လို့ကမပျော်...လူကြားထဲ ငါ သူ့ကို အဆက်ဖြတ်ခဲ့တာ သူ တော်တော် များ စိတ်မကောင်းဖြစ်သွားမလား ဆိုတဲ့အတွေး ...
ငါ့ကို ရွဲ့သလိုနဲ့ ငါ့ထက်သာတဲ့ မိန်းမတစ်ယောက်နဲ့ တန်းတွဲလိုက်တာကော ငါက ဘာလို့ မနာလိုတွေ ဖြစ်သွားရတာလဲ...
ဟုတ်ပ...အဲ့ မိန်းမက ငါ့ထက်စာတော်တယ် ငါ့ထက်လှတယ်..ဒါမယ့် ငါ့လောက် လူသိများတဲ့သူမှမဟုတ်ပဲ...ငါ ဘာလို့ သူ့ထက်မသာနိုင်ဖြစ်ရမှာလဲ...
ဆိုင်နွန်းကို လာမရွဲ့နဲ့ အိုက်ထွေးရေ....
နင် နောင်တရစေရမယ်..."
မှန်ကြည့်ပြီး အရူးတစ်ယောက်လို စကားတွေဆိုရင်း နှစ်နှစ်ကာကာ ပြုံးလိုက်မိသည်...ပြီးနောက် အခန်းထဲမှထွက်ကာ အပြင်ပြေးထွက်လာခဲ့သည်...
.
."သဲ ဆံပင် ကောက်လိုက်တာလား"
မနက် ကျောင်းမသွားခင်လေး ကားပေါ်တွင် ပို့စ်ပေးကာ ရိုက်ထားသော ပုံကို မ ဆီ လှမ်းပို့တော့ မက အေးဆေးစွာ စာပို့လာသည်...အနည်းဆူံးတော့ မ အံ့သြသင့်တာကို..ဟင် တို့ ဟာ တို့ ထည့်ရေးရမှာ...
အိမ်က လူတွေက လွဲပြီး ဘယ်သူမှ မသိသေးတဲ့ သူမ ဆံပင်ကောက်ကြောင်းကို မ ကို အရင် ပို့လိုက်တဲ့ဟာကို...
"ဟုတ်"
မ ဖက်က နည်းနည်းလေးတောင် မအံ့သြတော့ စိတ်ထဲ တစ်မျိုး ဖြစ်သွားသဖြင့် ဘာမှမပြောချင်တော့...
"ခုပုံစံ သဲ နဲ့ အရမ်းလိုက်ဖက်တယ်...."
"ဟင်"
"အရမ်းလှတယ် သဲ..ဆံပင်ကို အဲ့လို အလိပ်ကြီးတွေ ကောက်လိုက်တော့ လူကြီးလဲ ဆန်သွားတယ်လေ မ သဘောကျတယ် မနေ့ညနေကမှ လုပ်လိုက်တယ်ပေါ့"
ပြောမယ့်ပြောတော့လဲ မ က အဲ့လိုပင်..
"ဟူတ်..."
"ရေတွေနဲ့ အဲ့ဖက်အရမ်းအေးတာကို သဲ နေမကောင်းဖြစ်မယ်နော်.ခုလဲ ခေါင်းလျှော်ထားတာ မလား"
"အင်းပါ...မ ရဲ့....သဲ ဂရုစိုက်ပါတယ် မ ခု အိမ်မှာလား"
"အလုပ်ထဲ ရောက်နေပြီ သဲ..ဒါပဲနော်...မ မအားတော့ဘူး
See u"
ခုချိန်ထိ သူမ ဖက်က စ နှုတ်ဆက်ရတယ်ရယ်လို့ မရှိသေး...
မ ဘယ်တော့မှများ သဲ အတွက် အချိန်ပေးနိုင်ပါ့မလဲ.
သူမအားတာချည်းပဲ...သို့သော်..ဘာကြောင့်ရယ်တော့မသိ..သူမ စာပို့တာနဲ့ တန်း စာပြန်တတ်တာတော့ မ ရဲ့ ချစ်စရာ ဟန်လေးပါ..
.မနေ့ညက အိမ်ကို အတင်းပူဆာပြီး ကျောင်းကို ကားယူဖို့အတွက် စိတ်ပင် ကောက်ရသေးသည်...
ဆံပင်ကောက်ရုံသာမက စိတ်လဲ အဆစ်ကောက်လိုက်သေးတော့ ဖေဖေက အေးအေးဆေးဆေးပဲနေတဲ့သူပီပီ ကြာကြာမကောက်ရပါ...ကိုကိုကတော့ ပြောရှာပါတယ်
နောက်ဆုံးနှစ်တောင်ရောက်နေပြီပဲတဲ့...ပထမနှစ်တည်းက စီးလာတဲ့ ဆိုင်ကယ်ကို မလဲပဲ ခုထိရောက်လာပြီဆိုတော့ လိမ်မာလှပြီပေါ့တဲ့...သူ အပြင်သွားရင် ဆိုင်ကယ်နဲ့လဲ ရပါတယ်ဆိုတော့ အကိုလဲအဆင်ပြေ...မေမေပဲ မျက်စောင်းက ဒိုင်းခနဲ..ဒိုင်းခနဲ နဲ့...မေမေသာ နဂါးဆို သူမ ပြာကျတာ ကြာရော့ပေါ့...
ဟော ခုလဲ သူမတောင် ကားစက်မနှိုးရသေးဘူး...
ပြောင်းဖူးလှန်းနေရာမှ သူမ ဆီ လျှောက်လာနေပြီ..
စောစိး ဘာတရားတွေ ဟောဦးမလဲ မသိ..
"ဆိုင်နွန်း"
အေးမှာစိုးသောကြောင့် မှန်တင်ထားရာမှ မေမေ့ကြောင့် ပြန်ချလိုက်ရသည်..
"အင်း မေမေ"
"သွားမယ်ဆို ခါးပတ်လေး ပတ်ဦးလေ"
လုပ်ပြီ..ခါးပတ်ပတ်ရင် ချထားတဲ့ ဆံပင်တွေနဲ့ ငြှိနေတော့မှာကို...ဒါကြောင့် တမင်မပတ်တဲ့ ဥစ္စာ...ဘယ်လို မြင်နေမှန်းကို မသိ..
"ဟုတ်ကဲ့ ပတ်မှာပါ...ကားတောင် စက်မနှိုးရသေးတဲ့ဟာ"
"ညည်းအကြောင်း ငါမသိဘူးများ မှတ်နေလား....ပတ်ဆိုပတ်....ပထမရက်တောင် ကားမယူရပဲ ဖြစ်သွားမယ်"
"Yes sir mom"
မေမေ့ရှေ့တွင်ပင် ခါးပတ်ကို ဆွဲယူပတ်ပြလိုက်သည်...ထင်တဲ့အတိုင်း.ပုံဖော်ထားတဲ့ ဆံပင်က ညှပ်နေရော...
တကယ်က သေချာပတ်စီးရက် ဘယ်ဆံပင်မှ ထိမှာ ငြိမှာ မဟုတ်ပါဘူး....တမင်သက်သက်ကို သူမက မပတ်ချင်တာပါ...
မေမေက ခုမှ ဘဝင်ကျသွားပုံဖြင့်
"ကျောင်းကိုပဲ နော် ဘယ်မှ သဝေထိုးမနေနဲ့...စိတ်ချရတာ မဟုတ်ဘူး...ကောင်းကောင်း မောင်းတတ်သေးတာလဲ မဟုတ်ဘူး"
"ဟာ မေမေကလဲ သင်တန်းအဲ့လောက်တက်ထားပြီး ခခွေး လိုင်စင်တောင် ရနေပြီ"
"ဟဲ့ ကားမောင်းလိုင်စင်က အသာထား ဘယ်လိုဖြစ်ဖြစ် အမောင်းကျွမ်းဖို့ကအရေးကြီးတယ်"
"အင်းပါ..အင်းပါ..ရပြီလား...ကျောင်းချိန်နီးနေပြိ"
"သွား..သွား...မအေစကားဆို နည်းနည်းမှ အရေးမလုပ်ဖူး
ဘယ်လို ကလေးတွေမှန်းကို.မသိပါဘူး"
မေမေ ဘာတွေ ပြောကျန်ခဲ့လဲ မသိတော့...
မှန် ပြန်တင်ပြီး မောင်းလိုက်တော့သည်...လမ်းအပြက်ဖက် မေမေ့ မမြင်ကွယ်ရာရောက်တာနဲ့ ခါးပတ်က ချွတ်ပြီးသားပဲလေ....
.
.လားရှိုး အဆောင် ၂ ဖက်က စိန်ပန်းပင် အရိပ်တွင် ကားရပ်လိုက်သည်...သူမ ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ်.ရပ်လျှင် အရိပ်ထဲတွင်သာ.ရပ်တတ်လေသည်...သူမ ကားပေါ်ကဆင်းတော့ ကံကော်ပင်အောက်က ထိုင်နေသော သူတွေ လှမ်းကြည့်နေကြတာ မြင်သည်.... ခပ်ချေချေပဲ ...လွယ်အိတ်ဆွဲယူပြီး ပင်မ ဆောင်ထဲ ဝင်လာသည်...မွေးနေ့တုန်းက မတော်ရသေးတဲ့ ယောင်းမပေးထားတဲ့ နီညိုရောင် ဒေါက်ဖိနပ်အမြင့်ကြီးကို ဒီတစ်သက်မစီးရတော့ဘူး မှတ်နေတာ...
ခုလို ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အချေစတိုင်လ် ထုတ်တော့မယ့်အချိန်ကျ လိုက်ဖက်ညီသလားမမေးနဲ့..
ခွပ်....ခွပ်...ဆိုတဲ့ ဒေါက်နဲ့ ကြွေပားချပ်လေးတွေနဲ့ နင်းလိုက်တိုင်း ထိမိသည့်အသံက သူမ နားထဲ ပြန်ကြားရသည်မှာ ခံစားချက်တစ်မျိုး....တွန့်လိမ်ထကြွနေတဲ့ ဆံပင်တွေကိုလဲ ခေါင်းလေး ငဲ့လိုက် ရမ်းလိုက် လုပ်ရတာလဲ စတိုင်လ်တစ်မျိုး...
အညိုရောင်သမ်းနေတဲ့ ဆံပင်တွေက နီညိုရောင် ရှမ်းဝတ်စုံနဲ့ကို လိုက်ဖက်ညီလှသည်...
တနလာင်္နေ့မို့လို့သာပေါ့...ထမီဝတ်လာရတာ..
ဘောင်းဘီနဲ့များဆို အချေပုံစံကပိုထွက်နေမှာ...ခုတော့ အချေပုံစံ သိပ်မထွက်ပဲ အခြောက်တိုက် မာနကြီးနေသလို...
📱📱📱📱
Vibration လုပ်ထားတဲ့ ဖုန်းက အိတ်ထဲမှ တုန်နေသော ကြောင့် ထုတ်ကြည့်တော့ မှုံ
"ဟလို "
"အစ်မ ဒီနေ့ကျောင်းတက်လား"
"အင်"
"လာပြီလားဟင်"
"အင်း ခု ပင်မဆောင် အောက်မှာလေ"
"ဟိုလေ မှုံ့ကို ငွေသွင်းဋ္ဌာန အောက်ဖက်က ဆိုင်မှာ လာခေါ်ပေးလို့ ရမလားဟင်"
သေချာနားထောင်မှ ဖုန်းထဲက မှုံ့အသံက အနည်းငယ် တုန်ခါနေသယောင်မို့ သူမ စိတ်ပူသွားရသည်..ထို့ကြောင့် ချက်ချင်းပင် အပြင်ဖက်သို့ ခြေဦးလှည့်ရင်း
"အိုခေ.... တို့ အခု လာနေပြီ"
"ကျေးဇူးပါနော် မြန်မြန်လာပါ အစ်မ"
"အင်း...မှုံ မနက်စာ စားပြီးပြီလား "
"ခု စားနေတာ အစ်မ"
"ဘာစားနေလဲ "
"လက်ဖက်ထမင်း "
"ဪ....ဗိုက်နာမယ်နော် အစ်မ ခု သီပေါဆောင်ဘေးက ကန်တင်းဘေး ရောက်နေပြီ ဆင်းလာနေပြီ"
"ဟုတ်ကဲ့ ဂရုစိုက်ဦး ဆူးနင်းမိမယ်"
အလောတကြီးသာ.လာနေတာ....
လှေကားထစ်လေးတွေပေါ်မှာ သအယ်ဆူးတွေ ပြန့်ကျဲနေတာကို လဲ မေ့....ဖိနပ်အမြင့်ကြီး စီးထားတာကိုလဲ...
မှုံ ဘာဖြစ်နေတာပါလိမ့် ဆိုတဲ့ စိတ်ပူစေတဲ့ အတွေးက ငယ်ထိပ်ရောက်နေပြီလေ..
ဘာကြောင့်မှန်းမသိ ပေမယ့် မှုံကြောက်နေမှာစိုးသောကြောင့် လမ်းအမြန်လျှောက်ရင်း စကားမရှိ စကားရှာကြံပြီး မေးနေမိသည်......
ဘယ်လို အန္တရာယ် အခက်အခဲ ရှိနေတဲ့ အချိန်မျိုးမှာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ...အနားမှာ တစ်စုံတစ်ယောက်ကို ရှိစေချင်တဲ့စိတ်နဲ့ အမှန်တကယ် လိုအပ်လာတဲ့အခါ...
ဘာပဲဖြစ်နေနေ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေရရင်တော့ အနားမှာ တကယ် တစ်ယောက်ယောက်ရှိနေသလိုမျိုး ခံစားရတယ်လေ.....