29

815 78 0
                                    


.
.
"မှုံ အောက်ထပ်မှာ အားသွင်းထားတဲ့ ဖုန်း မြည်နေတယ် စာဝင်တာလား ဖုန်းလာတာလားမသိဘူး"
ကျောင်းမှ ပြန်လာပြိးချင်း ဖုန်းကို အောက်ထပ်မှာပဲ အားသွင်းခဲ့ကာ ရေချိုးခေါင်းလျှော်နေခဲ့သည်...အဝတ်စားလဲပြီး ဆံပင်သုတ်နေစဉ် တစ်ခန်းထဲအတူနေသူက လာပြောတော့ မှ အောက်သို့ ပြန်ဆင်း ..လာရသည်...မှုံက ဆံပင်သာ ရှည်ပေမယ့် ဘယ်တော့မှ ခေါင်းလျှော်ပြီး dryer နဲ့ကို မမှုတ် အခြောက်မခံ...တဘက်ဖြင့်သာ သုတ်နေကျမို့ မှုံဆံပင်လေးတွေခုထိ လှပတုန်း..
"ဟင် မနှင်းခေါ်တာပါလား "
ဖုန်းက ကျပြီးနေပြီ...မကိုင်လိုက်ခင်ပါ...အမြဲတမ်း မနှင်းဖက်က ပြန်ပြန်ခေါ်လာတတ်တာကို စောင့်ဖူးသော်လဲ ဒီတစ်ခါတော့ မှုံကပဲ ပြန်ခေါ်လိုက်သည်...
တူခနဲ ဝင်တာနဲ့ တန်းကိုင်လာသည်..
"ဟလို မှုံ"
"ဟုတ် မနှင်း.ခဏက မှုံအပေါ်ရောက်နေလို့ မကိုင်လိုက်ခင်ဘူး'
"ခုပဲ ပြန်ခေါ်မလို့လုပ်နေတာ မှုံရဲ့ ချချင်ပြန်ချလိုက်လေ အစ်မ ပြန်ခေါ်မယ်"
အလကားသက်သက် သူမအတွက် ဘေလ်အကုန်မခံစေလိုတဲ့ မနှင်းစေတနာကို မှုံ နားလည်ပါသည်...ထို့ကြောင့် မှုံဖက်က စခေါ်ထားလို့ ချခိုင်းနေတာပေါ့..
"ဟာ ရပါတယ် မနှင်းရဲ့ ခုလိုပြောလဲရပါတယ်"
"အစ်မက အကြာကြီးပြောမှာလေ မှုံဘေလ်ကုန်နေဦးမယ်"
"မှုံက ဒီလိုမှမသုံးရင်လဲ ဘေလ်တွေက ဒီတ်ကုန်ရော့မယ် မနှင်းရေ ကဲပါ အားမနာနဲ့ ဟုတ်ပြီလား အကြာကြီးပြောလို့ရတယ် မှုံလဲ အားသလို ဘေလ်လဲရှိတယ်"
"ဟုတ်ပါပြီ...ညနေစာ စားပြီးပြီလား"
"စားရသေးဘူး ခုဏကမှကျောင်းပြန်ရောက်တာ ရေချိုးခေါင်းလျှော်ပြီး အခု မနှင်းနဲ့ ဖုန်းပြောနေတာ"
"သဲနဲ့တွေ့သေးလား"
ဟွန့်..သိသားပဲ.´မနှင်းဆက်လာတယ် ဆိုတည်းက အစ်မဆိုင်နွန်း အကြောင်းနဲ့ ပတ်သက်လို့ပဲ ဆိုတာကို...အင်းပေါ့လေ...မနှင်းနဲ့ မှုံက ဆိုင်နွန်းကြောင့်မို့လို့သာ သိကြခင်ကြတာမဟုတ်လား...
"ဒီနေ့ အစ်မ ကျောင်းမတက်ဘူး မနှင်း"
'ဘာလို့လဲ "
"မနေ့တည်းက ပြောသွားတာ ဒီနေ့ မတက်ဘူးတဲ့ အိမ်မှာပဲ စာလုပ်မယ်တဲ့"
တကယ်လဲ မနေ့တည်းက ဆိုင်နွန်း နေ့လည်စာစားရင်း အဲ့လိုပြောခဲ့တာပဲလေ....စာမေးပွဲနီးမှ အစ်မ တော်တော် စိတ်ဆင်းရဲနေဟန်တူသည်...ဘာစာမှလဲ ဖြစ်ဖြစ်မြောက်မြောက်ရသေးတဲ့ပုံမပေါ်...ကိုအိုက်ထွေးတို့ စာဆွေးနွေးနေတာကိုလဲ ဘာမှမသိသေးတာချည်း...ကျူရှင်စာအုပ်မှာလဲ ဘာမှ ရေးမှတ်ထားတာလဲ မရှိ...မနှင်းနဲ့များ ဘာဖြစ်ထားကြသေးလဲမသိ...
"အစ်မရင်ထဲလေ တအားသိချင်စိတ်တွေ ဖြစ်နေတယ် မှုံ မှုံ့ကို ရင်ဖွင့်ပြလို့ရမလား"
"ပြောလေ မနှင်း မှုံ နားထောင်နေပါတယ်"
"ခုတလော သဲကလေ ဘာဖြစ်နေလဲမသိဘူး သဲ နေမှကောင်းရဲ့လား"
မနှင်းလဲ ချစ်တဲ့သူပဲ..သူ့ချစ်သူက ဘယ်လိုဆိုတာ မမြင်မတွေ့ရလဲ အဆင်မပြေဘူးဆိုတာတော့ ရိပ်မိနေလောက်မှာပါ..
"သူ နေကောင်းပါတယ် မနှင်း ကျောင်းတက်လဲမှန်တယ် ကျူရှင်လဲ တက်ပါတယ် ဒီနေ့တော့ မတက်ဘူး ထုံးစံအတိုင်း သူ့အကိုနဲ့ပဲ အခြား.ပွဲရုံတွေကို လိုက်သွားတာလား နေမှာ"
ဟုတ်လဲဟုတ်နိုင်ပါသည်...ဆိုင်နွန်း တစ်ခါတလေ ကျောင်းပိတ်ရက်တွေဆို လားရှိုးမှာသိပ်မနေ...တစ်ခြား.သိန်းနီတို့ မိုင်းရယ်တို့ တန့်ယန်းတို့ မှာရှိတဲ့ ပွဲရုံခွဲတွေဆီ သူ့အကိုနဲ့ ခေါ်ချင်ခေါ် မခေါ်ချင်နေ တမင် လိုက်သွားတတ်တာပင်..မနှင်းလဲ ဒီလောက်တော့ သိထားဖူးမည် ထင်ပါသည်....မနှင်းဖက်က ဘာမှစကားပြန်မလာပဲ သက်ပြင်းချသံ သဲ့သဲ့ကို နားပါးလှသော မှုံ ကြားဖြစ်အောင် ကြားလိုက်သည်..
"ဖုန်းမပြောဖြစ်ဘူးလား မနှင်းနဲ့....ခါတိုင်းဆို တရက် မနက် နေ့ည အမြဲတမ်းဆက်ပြီး အလွမ်းသယ်နေကျပဲဟာကို"
"အစ်မနဲ့ သဲ ခုတလော အဲ့လိုတွေ အမြဲဆက်သွယ်လို့မရတော့ဘူး မှုံ အစ်မ ဆက်လိုက်ရင် သဲက တစ်ခါတလေမှပဲ ကိုင်တော့တာ တကယ်ပဲမအားတာလား မကိုင်ချင်တာပဲလား မသိတော့ဘူးမှုံရယ်...မနေ့ကလဲ မနက် အိပ်ယာမထခင်လေး အစ်မ ဆက်တယ် သဲက ကျောင်းသွားနေပြီဆိုလို့ ခဏပဲ ပြောဖြစ်ပြီး ချသွားတယ် ပြီးတော့ ညလဲ ထပ်ခေါ်တယ် စက်ပိတ်ထားတယ်.ခုထိပဲ "
"ဟုတ်လား သူ စာမရသေးဘူးလို့တော့ ပြောသံကြားတယ် မနှင်း....ကွာလီဖိုင်း ပဲ ဝင်အောင် ကြိုးစားမလို့လားမသိဘူး...နောက်ဆုံးနှစ်တွေ နည်းနည်းတော့ မေးခွန်းခက်တယ်တဲ့ ဒါမယ့် သူက စတည်းက ညဏ်ကောင်းစာတော်ပြီးသားကို...တော်ရုံသာမာန် အောင်ရုံလောက်လေးပဲဆိုရင် အဲ့လောက်ကျက်မှာမဟူတ်ဘူး ကိုအိုက်ထွေးတို့လဲ ပြောနေကြတယ် စတားပါရင် ပါမှာတဲ့ ပြီးတော့ မနှင်းကို သူမဆက်သွယ်တာ အရင်ကလိုပဲ ဘာတွေ ကြံနေမှန်းမှမသိတာ...မနှင်းကို အံ့သြအောင်လုပ်ဖို့လေ"
"မှုံ့လိုတွေးရင်တော့ ဟူတ်နေသား...ဒါပေမယ့် မှုံရယ် ခုတလော သဲက တစ်မျိုးကြီးဆို လုံးဝအရင်ကနဲ့မတူဘူး သိလား.. . အစ်မ ဖုန်းဆက်မှ ကိုင်ပြီး အခြားပြောစရာ မရှိသလို လွမ်းတယ် တွေ့ချင်တယ် ချစ်တယ် အဲ့ သုံးလုံးတည်းကိုပဲ ပြောနေတာချည်း....အရင်လို စိတ်ဆိုးစိတ်ကောက်တာမျိုးလဲမရှိဘူး...တစ်ခုခုပဲ မှုံရယ်..အိမ်ကနဲ့ပဲ အဆင်မပြေတာလား အနေဝေးလို့ပဲ အစ်မအပေါ် သွေးအေးပြီး စိမ်းသွားတာလား မသိဘူးကွယ်"
"အို မဟုတ်တာ မနှင်းရယ်...အစ်မက မနှင်းကို သိပ်ချစ်တာ အခြားသူတွေ မသိရင်တောင် မှုံသိပါတယ် မနှင်းရဲ့...အဲ့လို သံသယတွေ မထားရဘူးလေ...အနေဝေးတာတော့ မှန်ပါတယိ...နဂိုတည်းကမှ ဝေးနေကြတဲ့သူတွေပါဆိုမှ အဲ့လို စိမ်းသွားပြီလား မချစ်တော့တာလား ဆိုတဲ့ အတွေးအမှားတွေ သံသယတွေ ဝင်လာပြီဆိုရင် စိတ်လဲ ချမ်းသာရမှာမဟုဆ်သလို ပျက်ကိန်းဖက် ဆိုက်ရောက်နေပြီလို့သာ သတ်မှတ်လိုက်တော့....သံသယဆိုတာ မြူ မှုန်လောက်လေးတောင် ရှိသင့်တာ မဟုတ်ပါဘူး မနှင်း....မနှင်းရဲ့သဲကို အပြည့်အဝ ယုံကြည်ပေးလိုက်...မနှင်းရဲ့သဲက သာမာန်လူတွေလို ပျော့ညံ့ညံ့ကောင်မလေးတော့မဟုတ်ဖူးဆိုတာ မနှင်းက မှုံထက်တောင် ပိုသိမှာပါ...သူ့မှာ အကြောင်းကိစ္စရှိကိုရှိနေလို့ ခုလိုဖြစ်နေတာ မနှင်း အစ်မကို ယုံကြည်ပေးလိုက် အချိန်လေးတော့ပေးလိုက်ပါ"
"မှုံ ပြောတာ မှန်ပါတယ် အစ်မကမှ သဲနဲ့ အဲ့လိုကြီး စည်းခြားသလို အဖြစ်မျိုးမှ ခံနိုင်စွမ်းမရှိတာကို "
"ခဏပါပဲ သည်းခံလိုက် ခဏလေးပဲ နော် အစ်မကော မနှင်းကောက မိန်းကလေးချင်းဆိုတော့ ချစ်ရတဲ့ သက်တမ်း ကြုံလာမယ့် ဘဝလမ်းမှာ သူများတွေလိုတော့ ဘယ်ဖြောင့်တန်းနိုင်ပါ့မလဲ ဆိုတာသာ ခေါင်းထဲတွေးထားပါ စိတ်ညစ်နေရင် ပျော်စရာပဲ ရှာတွေး....တကယ်တမ်းတော့ မနှင်းတို့တွေ မဝေးတော့ပါဘူး မှုံထင်တယ် မနှင်းတို့ ဘယ်တော့မှ မဝေးဘူး"
"သဲနဲ့ အစ်မ လုံးဝ မခွဲနိုင်ဘူး မှုံ ကံတရားကသာ ခွဲခဲ့မယ်ဆိုရင် အစ်မ .......😭😭😭"
မနှင်း ငိုနေတာ မှုံလဲ မတားရက်ပါ....မှုံ သိထားတဲ့ အစ်မအိမ်ရဲ့ ကြမ်းတမ်းမှုကို မပြောပြရက်....ပြောပြလိုက်ရင် မနှင်းလို အလုပ်ကြိုးစားတတ်တဲ့ သူတစ်ယောက်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင် လာခဲ့မှာမို့လို့...အဲ့ကျရင် မဖြစ်သင့်တဲ့ အရာတွေ..ဖြစ်လာမယ့် အရှုပ်အရှင်းတွေကြား မလိုအပ်ပဲ တကယ်ခွဲသွားရလိမ့်မည်လေ....ထို့ကြောင့် မှုံ မလိုအပ်ပဲ မပြောပြပဲ မနှင်းစိတ်ချမ်းသာမယ့်အရာတွေကိုသာ ရွေးချယ် ပြောပြရုံလေးပါ...
"ကံ ကံရဲ့အကျိုးကို မနှင်း.ယုံကြည်ရမယ်လေ..ဘာမှမလုပ်ပဲ ကံကိုချည်း ယိုးမယ်ဖွဲ့ ပုံချနေလို့တော့မရဘူး..ကံကို လူကလုပ်တာ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မှာပဲ...ခွဲကြရင် ဝေးသွားကြရင်ဆိုတာမျိုး လုံးဝမတွေးနဲ့ မှုံ တစ်ခုပဲ မေးမယ် မနှင်း အစ်မဆိုင်နွန်း ကို တကယ်ချစ်လား"
"ဘယ်လိုမေးလိုက်တာလဲ မှုံရယ် ချစ်တာပေါ့ သိပ်ချစ်တာ မြင်မြင်ချင်းလဲချစ်တာ ဘယ်တော့မှမပြောင်းလဲတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်နေမှာ"
"ဒါဆို အစ်မက မနှင်းကို ချစ်တယ် မချစ်ဘူး ခံစားလို့ရလား"
"အစ်မ သဲကို တကယ်ချစ်တယ်လို့ ယုံတယ် သဲက အစ်မကို သိပ်ချစ်တာ ဒါမယ့် ခုလိုကျ..."
"ရပြီ ဒါမယ့်မပါနဲ့တော့ မနှင်းကော အစ်မကော အပြန်အလှန် အရမ်းချစ်တယ် ပြီးပြီ....အဲ့လိုပဲ ယုံကြည်နေပါ...ယုံကြည်မှုဆိုတာ ပန်းတိုင်ရဲ့ ခရီးတဝက်ပဲ ကြိုးစားဖို့က တဝက်...ယုံကြည်ပြီး ကြိုးစားရင် ပန်းတိုင်တော့ ရောက်မှာသေချာနေပြီ...အချစ်စစ်တို့လမ်းက မဖြောင့်တန်းဘူး...ချစ်တိုင်းလဲ မညားဘူးဆိုတာ တော့ အလကား...ညားအောင် မကြိုးစားလို့ ဝေးကြတာ....နှစ်ယောက်စလုံး ချစ်နေကြရင် ဘယ်သူခွဲခွဲ လုံးဝကွဲသွားလို့မရဘူး အဲ့လိုပဲ စိတ်ထဲထည့်ထား ဟုတ်ပြီလား"
"အွန်း ကျေးဇူးတင်ပါတယ် မှုံ မှုံ့လို ချစ်သူမရှိပေမယ့်လဲ ခုလိုနှစ်ဦးနှစ်ဖက် တွေးပေးတတ်တဲ့ စိတ်ကလေးကို လေးစားတယ်"
"Super girl လေ မနှင်းရဲ့ ဝမ်းနည်းမနေနဲ့ဦး.ခုဘာလုပ်နေလဲ"
"သူငယ်ချင်း ဆိုင်မှာ သူလက်ထပ်ဖို့တွက် ဖိတ်စာလာစီပေးနေတာ"
"ဪ..မနှင်း ဘာပြောဦးမလဲ"
"သဲကို အစ်မကိုယ်စား ဂရုစိုက်ပေးပါနော်"
"စိတ်ချပါ မနှင်းလဲ ဂရုစိုက်...."
"အွန်း ဒါဖြင့် ဖုန်းချတော့မယ်နေိာ"
"ဟုတ်"
မနှင်းဖက်က ဖုန်းချသွားတော့မှ မှုံ သက်ပြင်းချရဲတော့သည်..
စိတ်ထဲတော့ ခပ်ထင့်ထင့်ရယ်...အရမ်းချစ်ကြမှန်းတော့ ဘေးလူအမြင်နဲ့ သိသည်....အခုဟာ တကယ့်ပြသနာက ဝေးနေကြပါတယ်ဆိုမှ ချစ်သူခြင်းကို မပွင့်လင်းကြတာ ခက်သည်....လျို့ဝှက်စရာလဲ မလိုပါ....မနှင်းသိအောင် အစ်မက ပြောပြသင့်တာ...ဘယ်သူမှတော့ ကိုယ်ချစ်တဲ့သူကို လွယ်လွယ်နဲ့ အရှုံးခံမှာမဟုတ်...အဲ့လို အရှုံးပေးရအောင် မနှင်းက လူညံတစ်ယောက်မှ မဟုတ်တာ..ဒီလိုသာ ဆက်ပြီး အစ်မဖက်က မြုံနေမယ်ဆိုရင်တော့..............
.
"မေမေ"
မေမေနဲ့ မျက်နှာချင်းမဆိုင်ဖြစ်တာ ကြာလှပြီလေ...အမြဲတမ်း ကပ်ချွဲနေကျ ခုလိုကာမှ မေမေနဲ့ဝေးတော့မှ တစ်ခုခုလိုအပ်နေသလို ခံစားရသည်...အရင်ကဆို မေမေကပဲ တပတ်စာ မုန့်ဖိုးပေးနေကျ...ခုက သူမလဲ စမတောင်းရဲ...အပါးကလဲ အိမ်မှာအမြဲမရှိ ခရီးချည်းထွက်နေတော့ အပါးဆီကလဲ မုန့်ဖိုးမရ...ကိုကိုကလဲ သိန်းနီမှာ...မေမေခုတလော မျက်နှာလေးတွေပင် ချောင်ကျနေသလိုမို့ သူမ ကျောင်းမတက်တာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ... တရက်နှစ်ရက်ပျက်နေတုန်းက မေမေ အိမ်မှာ မရှိ..ဘေးရွာတွေဆီ ပြောင်းဖူးအဝယ်ထွက်နေရသည်...စာကမရသေးတာတစ်ကြောင်း..မေမေ့ကို ဖြောင်းဖြချင်တာက တကြောင်းမို့လို့ တမင် ကျောင်းကိုမတက်တော့ပဲ အိမ်မှာသာ စာကျက်နေလိုက်သည်...သူမ စိတ်ဆင်းရဲမှုကို မ နဲ့ စကားပြောရင်းမှ လေလှိုင်းကြားကနေ ရိပ်မိသွားမှာစိုး၍ မ နဲ့ သိပ်မပြောဖြစ်...ဖုန်းကို ပိတ်ထားလိုက်တာ..
မ ကို မေ့ထားတာ မဟုတ်ပါ....စက္ကန့်နဲ့အမျှ လွမ်းနေရတာပါပဲ....
ခု အပေါ်ထပ်ကနေစာလုပ်ပြီး ဆင်းလာတော့ ထူးထူးဆန်းဆန်း မီးဖိုခန်းထဲမှာ မေမေ ရှိနေတာကြောင့် ပထမဆုံး အရဲစွန့်ခေါ်လိုက်တာတောင် ယောင်လို့ပင် လှည့်မကြည့်
"မေမေ သမီးကို မချစ်တော့ဘူးလား"
"....."
ဂရုမစိုက်သလိုနဲ့သူ့ဟင်းအိုးလောက်သာ စိတ်နှစ်နေပုံရသည်...
"မေမေ သမီး တောင်းပန်ပါတယ် မေမေ ဘာဖြစ်စေချင်တာလဲ မေမေ ပြောကြည့်ပါ သမီး ဘယ်တော့မှ မေမေ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါဘူး မေမေရယ်....နော်..မေမေ ဖြစ်စေချင်တာကို ပြောကြည့်ပါ..သမီးဘဝမှာ မေမေမရှိလို့ မဖြစ်ဘူး...နော် မေမေ"
"ဟင်းအိုးမွှေနေတဲ့ လက်တွေ ရပ်သွားသဖြင့် သူမ ပြောတာတော့ နားထောင်သားဟု အားတက်သွားရသည်.....သို့သော် ဘာမှတော့ ပြန်မပြောသေး..
"မေမေ သမီးကို ပစ်မထားပါနဲ့ မေမေကတော့ နေနိုင်မှာပေါ့ မေမေ့မှာ ချစ်စရာ သားတစ်ယောက်ရှိသေးတာကိုး....သမီးတစ်ယောက်ပစ်လိုက်လို့ ဘာမှမခံစားရဘူးဆိုရင်တောင် သမီးမှာက မေမေတစ်ယောက်တည်းပဲ ရှိတာပါ မေမေရယ်..-
ဟင်းအိုးကျက်ပြီမို့လားမသိ....ပလပ်ဖြုတ်ပြီး လက်သုတ်ကာ အပြင်သို့ ထွက်သွားသည်...သူမလဲ လိုက်ထွက်ရင်း မေမေ့ရှေ့အမြန်သွားကာ ခြေရင်းမှာပဲ ဒူးထောက်ပြီး မေမေ့ခြေသလုံးကို ဖက်ထားလိုက်သည်...
"တစ်ခုခုပြောပါမေမေ သမီးကို အဲ့လို ဥပက္ခာ မပြုပါနဲ့"
ထိုအခါမှ မျက်နှာထားကို အေးစက်စက်ပုံစံတိုင်း မပြောင်းလဲပဲ ငုံ့ကြည့်လာကာ
"နင် ဘာလူမျိုးလဲ ဆိုင်နွန်း"
ဘာမှမပြောပဲနေရာမှ မေးမယ့်မေးတော့လဲ ဘာမှမဆိုင်တဲ့ မေးခွန်းကြီးပါလား...မျက်လုံးဝိုင်းကာ နားမလည်သလို ပြန်မော့ကြည့်တော့ မေမေက ထပ်မမေးတော့....
"ရှမ်းတရုတ်ပါ မေမေ"
အပါးက တရုတ် မေမေက ရှမ်းဆိုတော့ သူမတို့မောင်နှမကလဲ ရှမ်းတရုတ်ပဲလေ...
မေမေက သူ့ခြေထောက်ကို ရုန်းလိုက်ပြီး ဧည့်ခန်း ထိုင်ခုံမှာ ထိုင်လိုက်သည်မို့ သူမလဲ အမြန်ကုန်းရုန်းထကာ မေမေ့ ရှေ့က ခုံတွင် ထိုင်ချလိုက်ရသည်...
"တရုတ်တွေ ရှမ်းတွေက အများအားဖြင့် သူတို့ အမျိုးချင်းပဲ လက်ထပ်ယူကြတာ များတယ်"
"မေမေ"
မေ့မေ့ စကားက တစုံတရာကို မြှားဦးလှည့်လာတာမို့ အလျင်အမြန် ပိတ်မိဖို့ ကြိုးစား၍ အလန့်တကြား ခေါ်လိုက်မိစဉ် မေမေ လက်ကာပြတော့ ဘာမှရှေ့ဆက်မရတော့...
"ညည်းတွဲခဲ့တဲ့ အိုက်ထွေး အခု တွဲနေတဲ့ နှင်းနှင်းဝေ ပြီးတော့ မှုံချယ်ရီဦး ဆိုတဲ့ ကလေးမလေး အဲ့ဒါတွေနဲ့ မရှင်းမရှင်း လုပ်နေတာကိုလဲ ငါ မသိဘူး မှတ်နေတာ.....အဲ့လိုထင်နေရင် သိပ်မှားမှာပေါ့....ညည်း စိတ်ထဲ ငါ့ကို ခေတ်တုံးတဲ့ အဖွားကြီးများမှတ်နေတာလား....ဆိုင်ခမ်း ပါးတယ်ဆိုတာ ဆီစိမ်စက္ကူ တောင် အမေခေါ်ရလောက်အောင် ပါးတယ်ဆိုတာ ညည်း မသိထားဘူးလား...အခု ညည်းအကို သိန်းနီက ကောင်မလေးနဲ့ ဖြစ်နေတာကို ငါ စတည်းက သိတယ် တားခဲ့သလား.ဟိုကောင်မလေးကလဲ သူ့အလုပ်နဲ့သူ အဆင့်ရှိရှိ ပြီးတော့ ရှမ်းလူမျိုးပဲ...ငါသဘောတူလို့ ဘာမှမပြောခဲ့တာ..."
"မေမေ မလဲ အဆင့်မြင့် အင်ဂျင်နီယာတစ်ယောက်ပဲ မ မှာ ဘာအပြစ်ရှိလို့လဲ တိုင်းရင်းသားမတူဘူး ဆိုတာ တစ်ခုတည်းနဲ့ ပစ်ပယ်ပစ်ရမှာလား...ဗမာဆိုတာလဲ ဒီမြန်မာမြည်ကြီးမှာ တိုင်းရင်းသားပဲလေ....ပြီးတော့ မ က မိန်းကလေးဖြစ်နေတယ် ဆိုတဲ့ အချက်တွေနဲ့ မေမေ တဖက်သတ် အပြစ်မလုပ်ပါနဲ့"
သူမ စကားတွေကို မေမေ ဂရုစိုက်မယ့်ပုံမပေါ်....အေးအေးလူလူပင် ခြေချိတ်ထိုင်နေသေးသည်....

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now