.
.
"မ အပြန်ကျ ညဈေး ဝင်မယ်နော်"
"အေးလာပီ သဲ"
"သဲ ခါးကို ဖက်ထား"
ရေကန်အလယ်ထဲက တံတားလေးပေါ်မှ ဆိုင်ကယ်မောင်းလာတော့ မ က အေးလာပြီလေ....ခဏက လမ်းလျှောက်နေတော့ မသိသာလှ..... သဲ ခါးလေးကို ဖက်ရင်း မေးတွေက တုန်.....လက်မောင်းက ကြက်သီးမွှေးညှင်းလေးတွေ ထောင်ထနေသည်...
ဆိုင်နွန်း ညဈေးတန်း အောက်ထဲဖက်ထိ စီးသွားပြီး နေရာ ကျဉ်းကျဉ်းလေးတွင် ထိုးရပ်လိုက်သည်...နည်းနည်းစောသေးတာကြောင့် ဈေးသည်တွေ သိပ်မစုံသေး...
"မ သဲတို့ ရုပ်ရှင် ကြည့်ကြမလား"
"ဒီနားမှာ ရှိလား"
"အင်း သိန်းထိုက်လေ"
"ကြည့်တော့ဘူးလေ အဲ့လောက်အေးတာ ကို"
မ ဘယ်လောက်အေးနေမှန်း ကြည့်ရုံနဲ့တင် သိပါသည်....လက်နှစ်ဖက်ကို တင်းတင်းပိုက်လို့ ထားသည်....ဆိုင်နွန်းကိုယ်တိုင်တောင်အေးနေတာကိုး...
"လာ မ တစ်ခုခု စားရအောင်"
"အင်း"
ညဈေး လူက ရှုပ်ရှုပ်နဲ့ လမ်းမကြီးကို ပိတ်ပြီး အဲ့မှာ ဆိုင်ခန်းတွေ ယာယီလုပ်ပြီး ရောင်းနေကြခြင်းပင်....လူကြားထဲ မ ပုခုံးလေးကို ဖက်ပြီး သွားရင်း ဘေးနားက လာရှိုးသွားတဲ့ကောင်တွေကို မျက်စောင်းထိုး နေရတာ အမော....
လမ်းကျဉ်းကျဉ်းလေးမှာ ရောင်းနေတဲ့ ဆိုင်သေးသေးထဲမှာ ဝင်ထိုင်လိုက်သည်....
"မ ရှမ်းခေါက်ဆွဲ စားမလား.တို့ဟူးနွေး စားမလား"
"သဲကကော"
"ရှမ်းခေါက်ဆွဲ စားမှာ"
"မ လဲ သဲ လိုပဲ ခေါက်ဆွဲ စားမယ်လေ.."
"Ok"
ရှမ်းခေါက်ဆွဲ နှစ်ပွဲ လို့ သဲက မှာလိုက်ပြီး တူတံတွေကို ယူကာ တစ်သျှူးစလေးတွေနဲ့ သုတ်ပေးကာ ချထားလိုက်သည်..ထိုအခိုက် မ ဘေးသို့ ကောင်လေးနှစ်ယောက် လာထိုင်ကာ ခေါက်ဆွဲကို မှာပြီး မ ကို ပေါ်တင်ကြီး မင် ငမ်းနေကြတော့ ဆိုင်နွန်း စိတ်တွေ မရိုးမရွ ဖြစ်လာကာ ထိုင်ရာမှ ထရပ်လိုက်သည်...
"ဟင် သဲ ထိုင်နေလေ"
"တခြားဆိုင်သွားရအောင် မ"
"ဟင် မှာထားပြီးသားကို ဟိုမှာ လာချနေပြီလေ"
မ ပုံက ဒီမှာပဲ ထိုင်စေချင်တဲ့ သဘောမို့လို့ ဆိုင်နွန်း လက်လျော့လိုက်ရသည်..
"အာ့ဆို မ ဒီဖက်လာ သဲ အဲမှာ ထိုင်မယ်"
မ က တော့ အူကြောင်ကြောင် နဲ့ နေရာပြောင်းပေးလိုက်သည်...မ နေရာ ဆိုင်နွန်း ဝင်ထိုင်ပြီး ဟို နှစ်ကောင်ကို ကျောပေးကာ တမင်ပင် လွတ်လပ်စွာ ဝဲကျနေတဲ့ မ ဆံပင်လေးတွေကို နားရွက်နောက်ကျောဖက်ဆီသို့ သိမ်းပေးလိုက်သည်..
"မ အနွေးထည်လေး တစ်ထည်လောက်တော့ ဝယ်ပေးမယ်နော်"
"မ မှာ ပိုက်ဆံမှ မပါခဲ့တာ သဲပဲ အဲ့တိုင်းလာဆို"
"မရယ် သဲ ဝယ်ပေးမှာပါ အဲ့လောက်အေးမှန်း မ ခုမှသိတာမလား ဒါကြောင့် သိပ်အထူမဟုတ်တာတွေယူခဲ့တာ မ အိတ်ထဲ သဲ ကြည့်ပြီးပြီလေ...ကဲ ပါ စားပြီးရင် ဈေးတစ်ချက်ပတ်ရင်း မကြိုက်မယ့် အဝတ်လေးဝယ်ကြတာပေါ့ နော်"
"ရပါတယ် သဲ ရဲ့ မ က အကြာကြီးနေမှာမှမဟုတ်တာပဲ"
"ခဏပဲဖြစ်ဖြစ်ပေါ့ မရဲ့ မငြင်းရဘူးလေ သူများစေတနာကို"
"ဟုတ်ပါပြီ သဲရယ်"
စကားပြောနေကြတုန်း ခေါက်ဆွဲလာချတော့
"မ တူသုံးတတ်လား"
"အမယ် တတ်တာပေါ့ သဲရဲ့"
"မသိဘူး တစ်ချို့ အထက်ပြည်က လူတွေ တူမကိုင်တတ်ဘူးလေ"
"အထင်သေးတာ သဲရာ"
",အင်းပါ ပူတုန်းစားလိုက်...ရင်ထဲနွေးသွားအောင် သိလား...မ အရမ်းအေးနေမှန်း သဲ သိတယ်...."
အစက နှစ်ကိုယ်ကြားလေး ပြောနေပြီးမှ ဒီစကားကိုတော့ ဟိုနှစ်ကောင် ကြားအောင် တမင်အသံမြှင့်ပြောလိုက်သေးသည်...မ ကတော့ ရယ်ချင်နေတဲ့ ရုပ်....ဆိုင်နွန်း အူတိုနေမှန်း သိသည်လေ...
စားပြီး ညဈေးတန်းပတ်....ဈေးကြီးပြီး အနွေးထည် ရှည်ရှည် အထူကြီးကို မုန့်ဖိုးထဲကနေပဲ ဝယ်ပေးတော့ မ က အားနာဟန်ဖြင့် ယူရမလို မယူရမလို မျက်နှာနာနေဟန်ဖြင့် လက်မခံရဲ....အတင်းကို တစ်ခါတည်း ဝတ်ပေးလိုက်မှပဲ ပါးစပ်ပိတ်သွားတာ...
အပြန်လမ်းကျမှ မ လက်နှစ်ဖက်က ဆ်ုင်နွန်း အင်္ကျီအိတ်ထောင့်ထဲကို ထိုးထည့်ထားသည်...မ ရဲ့ ပါးပြင်နဲ့ ဆိုင်နွန်းပါးပြင်တို့ကလဲ ထိကပ်လို့နေသည်...ညလေပြည် အေးစက်စက်တွေကြား ပါးပြင်တွေကတော့ နွေးထွေးလို့နေသည်...
"မ "
"ရှင့်"
"မ ကို အရမ်းချစ်တယ် "
"မ လဲ သဲလိုပဲ အရမ်းချစ်တယ်နော်"
"မ အရင်က ချစ်သူတွေ တကယ်မရှိခဲ့ဘူးပေါ့"
"သဲ က မရဲ့ ပထမဦးဆုံး အချစ်ဦး အချစ်ဆုံး သူစိမ်းတစ်ယောက်ကလေးပါနော်...လိုင်းပေါ်ကနေ မ တကူးတက စကားလာပြော မိတ်ဖွဲ့ခဲ့တာ ဆိုလို့ သဲ ပဲ ရှိတာ မမြင်ရပဲ ချစ်ခဲ့တယ်လို့ ပြောရင် လူတွေတောင် ဟားကြလိမ့်မယ်ထင်ရဲ့ မ လဲ အွန်လိုင်းအချစ်ကို အရင်က ရယ်ခဲ့ဖူးတယ် ဒါပေမယ့် တကယ်ကြုံမှပဲ ယုံရတော့တယ်"
"သဲ က ရည်းစားထားဖူးတယ် မ က အမှန်ပြောရရင်လေ သဲရဲ့ ရည်းစားဦး မဟုတ်ဖူး....ဒါပေမယ့်နော် မ က သဲရဲ့ အချစ်ဦး အချစ်ဆုံးပဲ ပြီးတော့ သဲရဲ့ ပထမအနမ်းကို မ ပထမဆုံးပိုင်တာ သဲ ရည်းစားကို ဘယ်တော့မျ အနမ်းမပေးခဲ့ဘူး ခံလဲမခံခဲ့ဘူး ဒါတော့ မ ယုံ"