.
.
"ငါ မှားနေပြီ ထင်တယ်"
တကယ့်ကို နွမ်းနွမ်းလျလျ ဆွေးဆွေးမြေ့မြေ့လေး နောင်တရသံနဲ့အတူ အိုက်ထွေး ပြောချလိုက်သည်..စိုင်းခေးက Roll call စာအုပ်မှာ လက်မှတ်ထိုးရင်း
"ငါလဲ ဘာပြောရမှန်းမသိ တော့ဘူး"
စိုင်းခေး ဖက်က သူ့ရှေ့ ပို့လာတဲ့ စာအုပ်ကို စိတ်မပါစွာ လှန်လိုက်ပြီး အပေါ်အောက် တွဲလျက်သား ရှိနေတဲ့ ဆိုင်နွန်းခုံနံပါတ်နဲ့ သူ့နံပါတ် လက်မှတ်နေရာတွင် နှစ်ခုစလုံး ထိုးပေးလိုက်သည်..
"သူ ဒီနေ့ ကျောင်းမလာဘူးလား"
"လာမှာပေါ့ ..ကျောင်းမှ မတက်သေးတာ "
"ငါ သူ့ကို ချစ်တယ် မပြတ်နိုင်ဘူးကွာ"
"ငါတို့လဲ သိပါတယ် မင်း ဟို အားမေလား အားဝမ်လား သူ့ကို သွားတွဲတော့ ဆိုင်နွန်းက ပိုဆိုးတာပေါ့ "
"အဲ့ဒါ မင်းတို့လဲ ပြောတာကိုး"
"အေးဟာ....ငါတို့လဲ မင်း ဆိုင်နွန်းအပေါ် အနစ်နာခံလွန်းအားကြီးတော့ ယောက်ျားမာနနဲ့ နေပြတာ မြင်ချင်လို့ မြှောက်ပေးမိတာ....ငါတို့ထင်တာ ဆိုင်နွန်း မင်းအပေါ် ပြန်ပြီး စိတ်ပြေမယ် မင်းကို မခွဲနိုင်ဘူး ဆိုပြီး လျှော့ပေးစေချင်တာ.."
"မနေ့ကတွေ့သေးတာ.သေချာကြည့်မိတယ် သူ အရမ်းပိန်သွားတယ် ငါ့ကြောင့်များလား ဒါဆို ငါ့ကို သူတကယ်ချစ်တာလား"
"မသိဘူး...မပြောတတ်ဘူး ဆိုင်နွန်း ကြည့်ရတာ ငါတို့နဲ့လဲ သိပ်မတွဲတော့ဘူး အားအားရှိ မှုံချယ်ရီဦး နဲ့ပဲ တွဲနေတာ သူများ ပြောတာလဲ ပြောလောက်တယ် သူတို့က မသိရင် မိန်းမချင်းကြိုက်နေကြသလိုပဲ"
စိုင်းခေး ပြောတာကို အိုက်ထွေးလုံးဝ လက်မခံချင်ပါ...
"ဟာ.... မဖြစ်နိုင်ပါဘူး...ဟတ် အဲ့လို ကြိုက်တတ်ရင် ငါ့ကို အဖြေပြန်ပေးခဲ့မှာ မဟုတ်ဘူး"
"နေစမ်းပါဦး...မင်းကိုကော ဆိုင်နွန်းက ချစ်ပါတယ်လို့ကော ဖြေဖူးလို့လား...ပြောပါဦး.. "
"မချစ်ပဲနဲ့ အချိန်တွေ အကြာကြီး ငါနဲ့ တွဲနေပါ့မလားဟ"
စိုင်းခေးက ခေါင်းမှ စပါယ်ရှယ် ဂျဲလ်နဲ့ သထားသော ဆံပင်ကို ဖုတ်ဖက်ကာ ထိုးဖွလိုက်သည်...အိုက်ထွေး လဲ စိုင်းခေးနည်းတူပင်...လက်မှတ်ထိုးစဉ်က ကိုင်ထားသော ဘောလ်ပင်ကို လက်ကြားထဲ၌ အကြောင်းမဲ့ လှည့်နေသည်..
"ငါလဲ အံ့သြနေတာ....လိုင်းပေါ်တောင် relationship တင်တာလဲ မင့်ဖက်က အရင်တင်လို့သာ ရှိနေတာ.....ပြီး မင်းတို့ရဲ့ Anniversary တွေတိုင်းလဲ နင့်ဖက်က စတင် Tag တွဲမှ သူ့ဖက်က ဘယ်တော့မှ စမလုပ်ဘူး......သူ တင်သမျှဆိုလဲ ငါတို့အားလုံးကို tag တွဲတာကွ...သူဖက်က ဘယ်တော့မှ မင်း.နဲ့ဆိုပြီး သီးသန့်ကို မလုပ်တာ တော့ အမှန်ပဲ"
စိုင်းခေး ပြောတာ အမှန်တွေချည်းမို့ အိုက်ထွေး ဘာမြှပန်မပြောသာပါ....
"သူ့ ငါ့ကို နည်းနည်းမှ မချစ်ခဲ့ဘူးလားဟင်...နင်တို့ဘေးလူတွေကော မမြင်ဘူးလား"
"ဆိုင်နွန်းက ပွင့်လင်းတတ်တယ် ဆိုပေမယ့် သူ့စိတ်ကို က နားလည်ရခက်တယ်...မင်း နဲ့ အဲ့လောက်တွဲလာတာ ကြာပြီပဲ...မင်းကို သူ့ရဲ့ passward ပြောပြဖူးလား...သူ့ရဲ့ ဖုန်းကိုကော ယူကြည့်ဖူးလား...အမြဲတမ်း မင်းဖုန်း Wallpaper မှာ သူ့ပုံချည်း ထပ်နေပေမယ့် သူ့ဖုန်းကျ သူ့ပုံပဲ တင် Gallery ထဲမှာလဲ သူ့ပုံလောက်ပဲထားတာ ငါတို့ပုံတွေတောင် မရှိဘူးတဲ့ အေးလှရီပြောပြတာ...ငါနဲ့ အေးလှရီကိုကြည့် facebook account တူတူသုံးတယ် သူ့ဖုန်းအချိန်မရွေးယူကြည့်လို့ရတယ် ရုပ်ရှင်အတူ သွားကြည့်တဲ့အခါ အတွဲခုံ ထိုလို့ရတယ်..လက်ကိုင်ခွင့် ပခုံးဖက်ခွင့် ပြီးတော့ကွာ နမ်းတောင်နမ်းလို့ရတယ်...မင်းရဲ့ ဆိုင်နွန်းကကော..အဲ့လို ရလို့လား"
"မရဘူး...သူမကြိုက်မှာစိုးလို့ ငါလဲ မတောင်းဆိုဖူးဘူး..သူစိတ်ဆိုးမှာ ငါအရမ်းကြောက်ရတာလေ...မင်းပြောသလိုပဲ...လက်ကိုင်တာတောင် ဒီလေးနှစ်သက်တမ်းအတွင်းမှာ သူငယ်ချင်းအနေနဲ့ ပဲ ကိုင်ခွင့်ရရုံပါ"
"ဒါဆို မင်းအခု ဘယ်လိုလုပ်မလဲ ဟို တစ်ယောက်ကိုကော.."
"ငါမှ တကယ်မချစ်တာ ..ငါချစ်တာ ဆိုင်နွန်းတစ်ယောက်ပဲ ရှိတယ်လေ...ငါ သူ့ကို ဘယ်နည်းနဲ့မှ မပြတ်နိုင်ဘူး...သူစိတ်ကျေနပ်အောင် ငါ ဘာပဲ လုပ်ရ လုပ်ရ ငါလုပ်တော့မယ်...ငါ လုံးဝမခွဲနိုင်ဘူးကွာ...ဟိုတစ်ယောက်ကို ဖြတ်မယ်"
"မင်းသလောက် လွယ်မယ်များ မှတ်နေလား ဟိုတစ်ယောင်က မခေဘူးနော် ဟေ့ရောင် ကြည့်လုပ်ဦး"
"အင်းပါ...ငါ့ မှာ ဝှက်ဖဲ တစ်ချပ်ရှိတယ် "
"ဘာလဲ"
"ဒီလို...."
စိုင်းခေးနား နားကပ်၍ သူ့အကြံကို ပြောပြမည်ပြုစဉ် နန်းခမ်းဝါတို့ အုပ်စု အခန်းထဲ အလောတကြီး ပြေးဝင်လာကြသည်...ရူတ်တရက်မို့ အတန်းထဲက လူတွေလဲ အပြူးအပြဲ လန့်ကုန်ကာ ငြိမ်သက်သွားသည်...အိုက်ထွေးနဲ့ စိုင်ခေးကလဲ အငေးသား...
ခမ်းဝါက အိုက်ထွေးကို မြင်မှ
"အိုက် ....အိုက်ထွေး"
အမောတကော အသံနဲ့ အိုက်ထွေးလို့ ခေါ်နေတော့ အိုက်ထွေးကော စိုင်းခေးပါ တူတူ မတ်တပ်ရပ်လိုက်လေသည်..
"ဘာလဲ ခမ်းဝါ..ဘာဖြစ်လာကြတာလဲ"
"အောက်ဖက် ကန်တင်မှာ.."
"ဟာ ဘာလဲဟ...ဆုံးအောင်ပြောလေ.."
စိုင်းခေးက စိတ်မရှည်ချင်တော့...
"ဆိုင်နွန်းနဲ့ အားမေတို့ ပြသနာ......"
ခမ်းဝါ စကားလဲ ဆုံးအောင် နားမထောင်....ဆိုင်နွန်းလို့ ကြားလိုက်တာနဲ့ အိုက်ထွေးတစ်ယောက် ခုံကို ကျော်ခွပြီး အပြင်ထွက်ပြေးသွားသည်...စိုင်းခေးက
"ဘာဖြစ်တာတဲ့..."
နားမရှင်းသောကြောင့် သေချာ ပြန်မေးလိုက်ရသည်...
"ငါတို့ မေဂျာက ဟိုဖိုက်တာ အဖွဲ့နဲ့ အိုက်ထွေးရဲ့ အသစ်ကလေး အားမေတို့ ပေါင်းမိပြီး တစ်ယောက်တည်း မနက်စာ လာစားတဲ့ မှုံချယ်ရီဦး ကို ပြသနာရှာကြတော့ သူက ဆိုင်နွန်းကို လှမ်းခေါ်တာထင်တယ်...ဆိုင်နွန်းရောက်လာပြီး အဲ့နား ဆူညံနေကြတယ်...ခုဆို အဲ့ကန်တင်းမှာ ဓာတုမေဂျာကကော ငါတို့ မေဂျာကပါ ဝိုင်းနေတယ်နှစ်မေဂျာကြား ပြသနာတွေကတော့ ပြီးမယ်မထင်ဘူး..အာ့ ဘယ်သူမှ ဝင်ရှင်းလို့မရလို့ နင်တို့ကို လာခေါ်တာ.."
"အေး ...သွားရအောင်"
ကသုတ်ကရက် အခန်းက အုပ်စုလိုက် ပြေးထွက်ကြပြန်သည်...တစ်ကျောင်းလုံး တစ်ဆောင်တည်းနေတဲ့ ဒီဓာတု နဲ့ ဖီးဆစ် တို့ကတော့ အမြဲလိုလို ပြသနာတွေနဲ့ချည်း ဖြစ်နေကြသည်...ဘယ်တော့မှ ပြေလည်မလဲ မသိ...
.
ငွေသွင်းဋ္ဌာန အောက်ဖက် အအေးဆိုင်အပြင်ဖက်တွင် ကျောင်းသားကျောင်းသူများ အုတ်အုတ်သဲသဲ ဆူညံ့လျက်ရှိသည်...ဘာတွေ ဘယ်လို စ ဖြစ်ကြသည်မသိ...တော်တော်ကြာမှ ကျောင်းသားရေးရာမှ တာဝန်ရှိသူများ ရောက်လာမှသာ အနည်းငယ် ငြိမ်သက်သွားကြတော့သည်....
ကျောင်းသားရေးရာဋ္ဌာနအတွင်း ဆိုင်နွန်း . မှုံချယ်ရီဦး. မြို့ပြင်ကွန်ပျူ တာ တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူနှစ်ယောက်..ဖီးဆစ်မေဂျာ မှ တစ်ကျောင်းလုံးဆလံ သပ်ရလောက်အောင် နေရာတကာ ပါနိုင်လွန်းတဲ့ ပါလေရာ.ဆတ်စလူး မိန်းကလေးငါးယောက်. ဓာတုမှ Ec အချို့..အိုက်ထွေး.စိုင်းခေး...
အားလုံးက ခေါင်းကြီးငုံ့လျက် ရှိနေကြပေမယ့် ဆိုင်နွန်းကတော့ အနည်းငယ်ပွသွားသော.ဆံပင်ကို လက်နဲ့ ပြန်ပြင်နေသည်..မှုံချယ်ရီဦးက တော့ မျက်နှာငယ်လေးနှင့် သူ့လွယ်အိတ်ကြိုးကို ခဏခဏ ပွတ်ချေနေသည်.