.
.
ကမ႓ောဇ ခန်းမထဲမှာ လူတွေစုစု စုစု နဲ့ ရှုပ်နေသည်....မေဂျာပေါင်းစုံက EC တွေပဲ နေမည်....မိုက်စမ်းသူ တွေ ဆောင်းပြင်ဆင်သူ စက်ဆင်သူတွေ မီးကြိုးလုပ်သူတွေ နှင့် ယောက်ျားလေးတွေ ကျောင်းသားတွေကော ဆရာတွေပါ ရှိနေကြသည်... မ လက်ကလေးကို ကိုင် ..အိတ်လေး တစ်ဖက် လွယ်ထားပြီး လှေကားကို ဒေါက်မြင့်လေးစီး မ အရပ်နဲ့ မတိမ်းမယိမ်းဖြစ်အောင် တမင်ဒေါက်မြင့်တာလေး စီးလာတာလေ...တခွပ်ခွပ်နဲ့ ဟပ်ထိုးလဲမကျအောင် မာန်ကို တင်း ရင်ချီကာ ခပ်မိုက်မိုက်ပင် တက်လာသည်...တစ်ချို့တွေကတော့ ဆိုင်နွန်းနဲ့ တွဲလာတဲ့ Body မိုက်မိုက် မြန်မာဝမ်းဆက်ကလေး နဲ့ နှင်းနှင်းဝေကို လိုသည်ထက်ပိုပြီး စိတ်ဝင်စားနေကြဟန်ပင်....ကော်ရစ်ဒါတစ်လျှောက် တီးတိုးပြောသံများ ဆိုင်နွန်းတို့ ကျော်သွားပြီးသည့်နောက်တွင် ဆူဝေကျန်ရစ်ခဲ့သည်...လုံးဝ ဂရုမစိုက်...ဆိုင်နွန်းက အမြဲ အဲ့လို သွားနေကျဖြစ်သလို နှင်းနှင်းဝေကလဲ ဆိုင်နွန်းနဲ့ လိုက်ဖက်လှစွာ ဤနေရာသည် ကိုယ်နှင့် စိမ်းသက်နေသော နေရာဖြစ်သည် မှန်သော်လည်း ကြောင်စီစီ မျက်လုံးဖြင့် တွေ့ကရာတိုင်းကို လိုက်လံပြူးပြဲ ကြည့်မနေပါ...ထို့ကြောင့် လက်တွေ မြဲနေအောင် တွဲထားတဲ့ မိန်းကလေးနှစ်ယောက်ကား ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ခပ်ချေချေပင် အခန်းထဲ လှမ်းဝင်လိုက်ပါလေတော့သည်....လူတောင် သိပ်မစုံသေး...ဆရာတွေလဲ ဝင်ချင်မှ ဝင်လိမ့်မည်...အကြို အားကစားပွဲတွေလဲ လေ့ကျင့်ဖို့ ရှိသေးတာမို့ လက်မှတ် လာဝင်ထိုးကြခြင်းပင်....စာသင်မှာလဲ မဟုတ်တာကြောင့် မကို ခေါ်လာခြင်း ပင် ဖြစ်သည်...ထိုင်ခုံမှာ ထိုင်လိုက်တော့ အိုက်ထွေးက ချက်ချင်းတဖက်ခုံမှ အံ့သြဟန်အပြည့်ဆောင်ထားတဲ့ မျက်နှာလေးနဲ့ ရောက်ချလာသည်...တော်သေးသည်...ဆိုင်နွန်း သူငယ်ချင်းတွေ မှန်သမျှ အစုံ အတန်းထဲပင် ရှိနေသေးလို့ ...မရှိလို့လဲ မရ...အကတွေ တိုက်ရဦးမည်...ဒီကြားတဲ့ အိုက်ထွေးတို့က ဘတ်စကက်ဘော ကစားသည့်ထဲ ပါသေးသည်...အချိန်တောင် မနည်းလုပြီး ထရိန်နင် ဆင်းရမည့်ဖြစ်ခြင်း...
"ဟေး ဆိုင်နွန်း ဘယ်သူလေးလား သူက'
အိုက်ထွေး ဓားထိုးခံရပြိးနောက်ပိုင်း ဆိုင်နွန်းကို တစ်ခါမှ ဟတ် လို့မခေါ်တော့ပါ...ပြီးတော့ ချစ်ရိပ် ချစ်ယောင် အကြည့်မျိုးတွေနဲ့လဲ မကြည့်တော့....ဟန်ဆောင်ခြင်းလား မရမက ပြောင်းလဲထားခြင်းမျိုးလား မသိပေမယ့် အရာရာက တကယ့် ဖြူ စင်ရိုးသားတဲ့ သူငယ်ချင်းလိုပဲ ပြန်ဖြစ်သွားပြီလေ...
ဘေးနားက မ လက်ကို သေချာဖွဖွလေး ဆုပ်ကိုင်ကာ ညင်သာစွာ နှုတ်ခမ်းနဲ့ ထိကပ်အနမ်းပေးပြီးကာမှ
"ဟီး ငါ့မှာ မ ရှိတယ် လို့ ပြောဖူးတယ်လေ"
"ဟေ တကယ်လား"
ဘေးနားက စိုင်းခေးတို့သာမက တစ်တန်းလုံး အံ့သြထူးဆန်းသလို ကြည့်နေကြသည်...မ က တော့ ရှက်ပြုံးလေးနဲ့ ... မ နည်းတူ ဆိုင်နွန်းကောပေါ့...လူအများရဲ့ အကြည့်ကို ခံနေရမှတော့ ရှက်တာပေါ့...
"အင်း....ဒါ ငါ့ရဲ့ မ ...နှင်းနှင်းဝေ တဲ့ မန်းက ဒုတိယ အကြိမ် ဆုံတွေ့ခြင်းမှာ ပြီးခဲ့တဲ့ ရက်ကပဲ တရားဝင် ချစ်သူလို့ သတ်မှတ်ပြီးသွားပြီ အံ့သြကြတယ်မလား .... ဘာမှမတွေးနဲ့နော် အချစ်ဆိုတာ ဘယ်လိုပဲတွေးတွေး အကုန်တူတူကြီးပဲ...မိန်းကလေးချင်း ချစ်တာက ဘယ်လို ဆိုတာမျိုးတွေ ယောင်လို့မှ တွေးမထင်နဲ့ အကုန်တူတူပဲ နော် မ.."
သူ့တစ်ယောက်တည်း ဆရာသမားကြီးလိုလိုနဲ့ ပြောနေပြီးမှ နော် မ တဲ့ ...စစ်ကူတောင်း ထောက်ခံခိုင်းနေတာ...
"အင်းပေါ့ "
တအံ့တသြ ဖြစ်နေတဲ့ သူတွေကြားတဲ့ ပထမဆုံး လာမေးတဲ့ ကောင်လေးကိုပဲ သတိထားမိသည်...သူ့မျက်လုံးမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတာ မြင်ဖြစ်အောင် မြင်လိုက်သည်...သို့သော် တဒင်္ဂလေးပါပဲ...သဲ အရင် တွဲခဲ့တယ်ဆိုတဲ့ စိုင်းအိုက်ထွေးဆိုတာ သူပေါ့...
သဲတို့ ပြတ်ကြပြီဆိုတာ သေချာသက်သေပြလိုက်တဲ့ အဖြစ် ... ခုမှ သဲ ဘာလို့ ကျောင်းခေါ်လာရလဲ ဆိုတဲ့ အဖြေ ကွက်ကွက်ကွင်းကွင်းကို သိလိုက်ရလေပြီ..
"ဟေ ဆိုင်နွန်း တကယ်ကြီးလား "
"အွန်းဆို"
"မ ယုံဘူး နော် သက်သေပြ နင့်ရဲ့မ က မန်းမှာဆို ဘာလို့ဒီရောက်နေတာတုန်း"
"အေးလေ ပီဆိုင်နွန်း ညာပြီ"
"မှုံကော မသိဘူးတဲ့လား မှုံသိရင် တို့ကိုပြောမှာပေါ့"
ဟိုဖက်ကပြောလိုက် ဒီဖက်ကပြောလိုက်နဲ့ ဆိုင်နွန်းတို့နှစ်ယောက် ထိုင်နေတဲ့ ခုံနားမှာ ဝိုင်းနေကြလေသည်....
မယုံသလို ဟားချင်တဲ့ လှောင်ရိပ်တွေနဲ့ ကြည့်နေသော ဒီ သူငယ်ချင်းအုပ်စုအား သက်သေပြရန် ဆုံးဖြတ်လိုက်သည်..
"ဟုတ်ပြီ ငါ သက်သေပြမယ် ဒါ ငါ့ရဲ့ မ အစစ်ပဲ"
ရုတ်တရက် မ ရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ညှပ်ကိုင်ပြီး သကာလ မ နှုတ်ခမ်းထက် အနမ်းခြွေပလိုက်တော့မှ...
"Wow..."
"Oh..god"
"တကယ်ဟ"
တစ်ခန်းလုံးကို ဆူညံသွားရတော့သည်.... မ က လူကြီးမို့လားမသိ...မျက်နှာလေးတွေတောင် နီရဲလို့...
မလက်ကလေးကို ထွေးဆုပ် နှစ်သိမ့်အားပေးလိုက်သည်...ဆိုင်နွန်း အသိုင်းအဝိုင်းကြား မ ဆိုင်နွန်းမျက်နှာ တစ်ခုတည်းနဲ့ လာတာနေရတာဆိုတော့ အားငယ်နေမလားဆိုတဲ့ အတွေးနဲ့ပေါ့....
"ပီဆိုင်နွန်း မဖြေနဲ့ ဒီက မ ကိုမေးမယ်နော်"
"ရပါတယ် မေးလေ"
နန်းခမ်းဝါက မရဲ့ဘေး လာကပ်ထိုင်လိုက်သည်..ပြီးတော့ ခုံပေါ်က စာအုပ်ကို ခွေခေါက်လိုက်ပြီး မိုက်ခရိုဖုန်းပုံစံဖြင့် မ မျက်နှာရှေ့ထိုးပေးလိုက်ရင်း
"မ အမည်က..."
နောက်တီးနောက်တောက် ပုံစံတွေကြောင့် မ အနေခက်မှာအသေအချာ...မ ကို အားနာပေမယ့် ဒီသူငယ်ချင်းတွေရဲ့ မျက်နှာပေးမှုကို ရအောင်အရင်လုပ်ရမည်လေ...ထို့ကြောင့် လှည့်ကြည့်နေသော မ ကို ပြုံးပြရင်း ဖြေလိုက်ဟူသော သဘောဖြင့်ေ ခါင်းညိမ့်ပြလိုက်သည်..
"နှင်းနှင်းဝေ"
"ဟုတ်ပီ ပီဆိုင်နွန်းလို ကောက်စိန်မ အမွှေစိန်နဲ့ ဘယ်လိုစသိတာလဲ"
ဖဲ့ရမှ ကျေနပ်သော နန်းခမ်းဝါ...ကျန်သူတွေကလဲ စိတ်ဝင်တစားနားထောင်နေတာ တခန်းလုံးမှာ အမေးအဖြေ လုပ်နေသူနှစ်ယောက်အသံကလွဲ၍ ဘာမှ မထွက်..ပကတိ ငြိမ်သက်...
"လိုင်းပေါ်ကပဲ စ သိတာပါ ဒီလိုပဲ စကားပြောကြရင်းနဲ့"
ခမ်းဝါက နေ့ရက်တွေကော မမေးသေးလို့ တော်သေးတာပင်...တော်ကြာ အိုက်ထွေးနဲ့ မပြတ်ခင်တည်းက ဖြစ်နေခဲ့တာဆိုရင် ဆိုင်နွန်းတို့ သစ္စာမရှိသူ ဖောက်ပြန်သောသူ ကြီးသဖွယ် ဖြစ်နေလိမ့်မည်....
"မ ဘယ်လိုချစ်တာလဲ ဆိုင်နွန်း အဲ့ကောင်မလေးက သိပ်ဆိုးတာ စိတ်လဲ အရမ်းကောက်...တော်ရုံလူ သူ့ဒဏ်မခံနိုင်ဘူး"
သူ့ဒဏ်မခံနိုင်ဘူး ဆိုတာလေး ပြောတာကို အကြည့်က အိုက်ထွေးပေါ် ပုံကျလာပြန်သည်...အိုက်ထွေးက အတင်းကြီးကို ဘာမှမဖြစ်သလို ဟန်ဆောင်ထားရခြင်းအား နှင်းနှင်းဝေ လို လူကဲခတ်တတ်တဲ့သူတစ်ယောက် ကောင်းကောင်းသိတာပေါ့....ဆိုင်နွန်းလက်တွေက အစက နွေးထွေးနေသလောက် ခုတော့ဖြင့် အေးစက်နေပြီလေ....
"ဘယ်လိုပြောရမလဲပေါ့နော်...သူက အရမ်းဆိုးမှန်း မ ရိုးရိုးစသိတည်းက သိတယ်..နောက်တော့ အဲ့လို သူဆိုးတာလေးတွေကိုပဲ မ က ချစ်မိသွားတာပေါ့....နောက်လဲ သူ အရမ်းဆိုးလေ အရမ်းရစ်လေ မ က ပိုချစ်လေ ပိုမြတ်နိုးလေပါပဲ နော် သဲ"
"ဝိုး....ဒီအဖြေလေး အရမ်းကြွေနေပါပြီ"
စိုင်းခေးက ထအော်ပီး လက်ခုပ်တီးတော့ ကျန်သူတွေလဲ လိုက်သြဘာပေးသည်.... မ ပုခုံးလေးကို အားကိုးတကြီးဖက်ပြီး မေးသမျှကို ရှောင်ရင်းတိမ်းရင်း လှလှပပ ဖြေသွားသော မ အား လုံးဝကြီး လေးစားမိသည်....
"ကဲ နောက်ဆုံးမေးခွန်း...သေချာလေးဖြေပေးပါနော်"
"အွန်း"
ဒီနောက်ဆုံးမေးခွန်းကိုကျ တော်ရုံမမေးလာသေးပဲ ပူးကပ်ထိုင်နေသော မ နဲ့ ဆိုင်နွန်းကို သေချာကြည့်သည်....အမယ်..မသိရင် ခမ်းဝါက စုံထောက် အမှုစစ်ဆေးနေသလို....မ သာမက ဆိုင်နွန်းပါ လူအုပ်ကြားထဲ အေးရက်နဲ့ ချွေးတောင်ပျံချင်လာသလို...ဘာမေးလာမလဲဆိုပြီး ရင်ခုန်စွာ စောင့်စားနေကြသည်...
"ဘာလို့ မိန်းကလေးချင်း ချစ်တာလဲ"
ဝါး.....ကမ္ဘာပေါ်မှာ ဖြေဖို့ အခက်ဆုံးမေးခွန်းက ဘာလို့ ချစ်တာလဲ တဲ့...ရိုးရိုးလေးပေမယ့် ဖြေစရာစကား ရှားလှသည်...ခုကျ ဘာလို့ မိန်းကလေးချင်း ချစ်တာလဲတဲ့....ဒီနေရာမှာတော့ နေရာတကာ စွာလန်ကြဲ ကပ်ကပ်လန်သော ဆိုင်နွန်းတစ်ယောက် ဝစီပိတ်နေလိုက်ရတဲ့ ပထမဆုံးမေးခွန်းပင်... မ ကို ကြည့်တော့ မ က အေးအေးလူလူပင်...
"ဘာလို့ မိန်းကလေးချင်းချစ်တာလဲ တဲ့....ရိုးရိုးပြောရင်တော့ ချစ်လို့ ချစ်တာပေါ့...အဲ့လိုပြောရင် ဘယ်သူမှ ဒီအဖြေတွက် ကျေနပ်မှာမဟုတ်ဘူး မ လဲ ဒီလောက်နဲ့ မကျေနပ်ဘူး...
ချစ်လို့ ချစ်တယ် ဒီစကားလေးကိုက ခွတီးခွကျ အဖြေလေ...ယောက်ျားလေးမိန်းကလေး ချစ်နေကြသလိုပဲပေါ့..ကိုယ် တကယ်ရင်ခုန်တာက ယောက်ျားလေးမဟုတ်ပဲ မိန်းကလေးဖြစ်နေတော့လဲ အချစ်ကို တန်ဖိုးထားတတ်တဲ့သူအနေနဲ့ ဟာ ငါချစ်တဲ့သူက ယောက်ျားမဟုတ်ဘူး မိန်းကလေးချင်းကြီးပဲ ဒါမဖြစ်နိုင်ဘူး ဆိုပြီး တကယ့်ရင်ခုန်သံ အစစ်အမှန်ကို ငြင်းပယ်ပြီး တခြားပြောင်းချစ်တာမျိုးတော့ မလုပ်ချင်ခဲ့တာပေါ့ မ ချစ်တာ မ ရင်ခုန်တာ ဒီက ဆိုင်နွန်း မို့လို့ မ နောက်မဆုတ်ဘူး မိန်းကလေးချင်း ချစ်တာဟာလဲ သာမာန် အချစ်လိုမျိုးပဲမို့လို့ အချစ်ဟာ ပျော်ရွှင်ခြင်း လို့ ခံယူလိုက်ရင် ဘယ်သူက ဘယ်လိုပဲချစ်ချစ် အဲ့အချစ်မှာ ပျော်ရတာပဲ ဝဋ်လို့ သတ်မှတ်လဲ ခံစားတတ်ရင် ချိုမြိန်တဲ့ဝဋ်ပဲ ဆပ်လို့ဆပ်မှန်းမသိ အဲ့ဝဋ်လေးမှာ ကိုယ်သာယာနေတာကိုးလေ တကယ်တော့ အချစ်ဆိုတာ ကိုယ့်ခံယူချက်နဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ အယူတွေကွဲလွဲသွားတာ ဘယ်လိုပဲဖြစ်ဖြစ် မ ဟာ မိန်းကလေးတစ်ယောက်ကို ချစ်မိလို့ နောင်တလဲမရဘူး ကိုယ့်ရင်ခုန်သံက ရွေးချယ်တဲ့ ရင်ခုန်ဖက်အတွက် သူ မ နဲ့တွဲရတဲ့အချိန်မှာ ပျော်ရွင်စရာလေးတွေ တတ်နိုင်သလောက် ဖန်တီးပေးပြီး ချစ်နိုင်သလောက် ထပ်ပြီး.ထပ်ပြီး ချစ်သွားမယ်"
"သဘောကျတယ်.မ နှင်း အဖြေကို...ဟဲ့ အမွှေစိန် နင်ဖြေ..ဘယ့်နှယ့် သူ့ရဲ့ မ ဖြေတာလေးကိုပဲ မျက်တောင်မခတ် ပြုံးပြုံးကြီး နားထောင်ရင်း သဘောချည်းကျမနေနဲ့ နင့်အလှည့်ဖြေ"
"ပြောပြဖို့ စကားလုံးတောင် နှိုင်းဆမရလောက်အောင် မ ကို ငါချစ်သွားတယ် ငါအရမ်းချစ်ရတဲ့ မ ငါ့ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားမှု အထူးကို မ က ဖော်ထုတ်ပေးလိုက်တာ မ က မိန်းကလေးဖြစ်နေလို့လဲ ပိုပျော်တယ် ဘာလို့ဆို မိန်းကလေးချင်းကမှ ခံစားချက်တွေ နားလည်မှာ ကိုယ်ချင်းလဲ စာပေးနိုင်မှာ ပြီးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တန်းတူ အခွင့်အရေးတွေရနေမှာ ငါက ယောက်ျားမို့လို့ ငါက အိမ်ထောင်ဦးစီးမို့လို့ ခွဲခြားခံရတာတွေ တော့ ရှိတော့မှာမဟုတ်ဖူးလေ....မ ကို ဒီထက်ပိုပြီး ချစ်နိုင်သလောက် ချစ်မယ် ဘဝတိုတိုလေးမှာ အချစ်ချိုချိုလေးတွေ ဝေငှလို့ ပျော်စရာလေးတွေ ဖန်တီးပြီး အချစ်ကြီး ချစ်သွားမယ်"
"ဟင့် သူက တစ်မျိုး"
"ပြောချင်တာတော့ အများကြီးပဲ ရှိတယ် ဆက်ပြောရရင်နင်တို့ နားပဲ ငြီးရလိမ့်မယ်....မ ကို ဘယ်လောက်ထိချစ်လဲမေးရင် ပြောမဆုံးနိုင်တော့ဘူး"
စကားပြောနေရင်းတောင် မက သူ့ဟာသူ ထိုင်နေတာကို မ ပုခုံးလေးပေါ် လက်တင် မ ဆံပင်လေးတွေကို နောက်သပ်သိမ်းတင်ပေး ကျန်လက်တစ်ဖက်က မ လက်ကို ဆုပ်ကိုင်....မ ပါးပြင်လေးအား သူမ ပါးပြင်လေးဖိကပ်လို့ ဟမ်း.....
သူများတွေ ရိုလိုက်တာဆိုပြီး အမြင်တွေ ကပ်နေပြီလေ..မေးနေတဲ့ ခမ်းဝါတောင် စာရွက်လိပ်လေး ချပြီး ထသွားပြီ..
"အမြင်ကပ်တယ်ကွာ ဆိုင်နွန်းတို့များ နေ့ချင်းညချင်း ချက်ချင်းကြီးကို"
အိုက်ထွေးက တစ်ခွန်းမှ ဝင်မပြောပဲ နေပြီးကာမှ
"ဘာပဲပြောပြော တစ်ဝိုင်းတော့ ခံရမယ်နော် ဆိုင်နွန်း"
"အေ့ပါ ငါ နဲ့ မ စီစဉ်ပြီးသား ထရိန်နင်ပြီးရင် လူစုပြီးတစ်ခုခုကျွေးမယ် လောလောဆယ် အဟမ်း ငါတို့ ဘယ်မှာ အကတိုက်ကြမလဲ နီးနေပြီ"
ဘာမှဝင်မပြောပဲ ငြိမ်နေသော အေးလှရီက မုန့်စားနေရင်းမှ
"အိုက်ထွေးအိမ်မှာကော လုပ်ရင် မကောင်းဘူးလား သူ့အိမ်မှာ ခြံစောင့်ဦးလေးကလွဲရင် ဘယ်သူမှမရှိဘူးလေ ည အဲ့မှာ လုပ်ကြမယ်"
"အိုက်ထွေး နင့်သဘောကော"
"ရတယ်လေ "
ခေါင်းချင်းဆိုင်ပြီး အစီအစဉ်ဆွဲရပြန်သည်....မ က တော့ ငြိမ်ငြိမ်သက်သက် ပဲ နားထောင်နေသည်...တစ်ခါတစ်ခါ ရှမ်းလို ပြောကြပြန်တော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ .....နားတော့လည်မည်မဟုတ်....
"ဆရာက roll call စာအုပ်လာယူုပီး လက်မှတ်ထိုးထားလိုက်တဲ့ မဝင်ဖြစ်ဘူး အိုက်ထွေးတို့တွေ အားကစားခန်းမ မှာဆုံမယ် "
အခန်းရှေ့မှ အခြားခန်းက Ec လာပြောသွားတော့ ကျောင်းသားတွေ တချို့ထွက်သွားလေသည်..
"အာ့ဆို ငါတို့သွားတော့မယ် ဆိုင်နွန်း နေ့လည်ကျ ဖုန်းဆက်လိုက်မယ်နော်..မေ့မနေနဲ့ ဟမ်း"
"အေ့ပါ ငါတို့လဲ မလစ်ပါဘူးနော် ခန်းမထဲ အခမ်းအနားတွက် ပြင်ရဆင်ရ ပန်းတေပါလုပ်ရမှာ"
"စာလုံးဖော်ကော"
"ငါတို့ပဲ အစစအရာရာ ရန်ပုံငွေကိုင်တော့ လုပ်ရမှာပေါ့ လိုအပ်ရင်ဈေးပါသွားရမှာ"
"ဟဲ့ ငါတို့ မြန်မာမှုအကတွက် ယဉ်ကျေးမှု ရှေးဟောင်းဝတ်စုံတွေလဲ ငှါးရမှာနော်"
"တီချယ် ခင်သီတာ ကို ပြောထားတယ်ဟ သူစီစဉ်လိမ့်မယ်"
တယောက်တပေါက် ရှမ်းလိုတစ်မျိုး ဗမာလိုတစ်သွယ် ပြောနေကြတော့ နှင်းနှင်းဝေ ပျင်းလာသလို ခံစားရသဖြင့် ဆုပ်ကိုင်ထားတဲ့ ဆိုင်နွန်းလက်ကို ဖြုတ်မယ်လုပ်တော့
"ဟော မ ပျင်းနေပြီလား "
"မ ပါလာတာ သဲ တို့အတွက် ရှုပ်နေပြီလား"
"ဟင် မရှုပ်ပါဘုးနော် မ ကလဲ ..ခဏနေ သဲတို့ ခန်းမထဲသွားပြီး နောက်မှာစာလုံးဖော်ဖို့ ဖြတ်ညှပ်ကပ်လုပ်ရမှာလေ မ လဲ ကူပေါ့ ပျော်စရာကောင်းပါတယ် မ ရဲ့နော်"
"ရှုပ်နေမှာစိုးလို့ မ ကို အားမနာနဲ့ သဲရဲ့ မ ပါနေတယ်ဆိုပြီး သဲ ဝန်ပိုနေမစိုးလို့"
"အဲ့လို ပြောပါနဲ့ မ ရဲ့ အားလုံးအဆင်ပြေတယ် မ ပါတော့ သဲ ပိုလို့တောင်ပျော်သေးတာပါ မရယ် နော်"
"အင်းပါ အာ့ဆိုလဲ မ မပြောတော့ဘူး"
တနေကုန်လုံး ကျောင်းမှာ သဲနဲ့အတူ စာတွေ ညှပ်ရင်း ပျော်ရသည်...ပြီးတာ ကြာနေခဲ့ပြီဖြစ်သော ကျောင်းသူဘဝရဲ့ လွတ်လပ်မှုတွေကို ပြန်လွမ်းမိသည်...သူမတို့တူန်းကဆို စာတွေက ခက်ပြီးများလွန်းတော့ သူ့ထက်ငါ အလုအယက်ကြိုးစားရင်း ခုလို လွတ်လပ်ပျော်ရွှင်မှုကို မခံစားခဲ့ဖူးပေ...နှစ်အလိုက် လုပ်တဲ့ပွဲတွေ အခမ်းအနားတွေ မှာတောင် အခန်းထဲက EC တွေလောက်နဲ့ စိတ်ပါတက်ကြွသူ အချို့သာ လုပ်သွားကြသည်...ဆရာကန်တော့ပွဲတောင် မဖြစ်မနေတက်ရတာမို့ သူမ ပါခြင်းဖြစ်သည်...ခု သဲတို့ ကျောင်းကတော့ ဘာသာစကားမျိုးစုံ အဝတ်အစားမျိုးစုံနဲ့ အသားဖြူ ဖြူ လေးတွေ ရိုးသားဖြူ စင်တဲ့ သိမ်မွေ့တဲ့ အပြုံးပိုင်ရှင်လေးတွေ နေရာအနှံ့....ဒီနေ့လေးလဲ save the date ပဲပေါ့...
.
မီးပုံကြီးတစ်ခု အိမ်ရှေ့မှာ ဖိုထားပြီး ဘေးပတ်လည် သပြေပင် အဝိုင်းလေးတွေမှာ လျှပ်စစ်မီးသီးတွေ ထွန်းထားတော့ ပိုပြီး လင်းရှင်းနေသည်...မြေပြင်က လျှပ်စစ်မီးတွေက ကောင်းကင်က လမင်းကြီးနဲ့အပြိုင် လရောင်အောင်မှာ ရှမ်းပျိုဖြူ လေးတသိုက် ရှမ်းကောင်လေးတွေလဲ အိုးစည်တွေတီးလို့...ဂီတာ ကီးဘုတ်တောင် ပါသေးတာ...
သဲ တို့ အက တိုက်နေတာကို သပြေပင်အောက် ခုံတန်းပေါ်မှာ တင်ထားတဲ့ ဖုန်းကိုယူပြီး ဗီဒီယို ရိုက်ထားလိုက်သည်...
သဲ ထက် ချောတဲ့ သူတွေချည်းပါပဲ....သဲ တစ်ယောက်ပဲ ရုပ်က အရမ်းအလှကြီးမဟုတ်ပေမယ့် ထူးထူးဆန်းဆန်းလေး ချစ်ဖို့ကောင်နေသည်လေ...
မီးပုံအလယ်မှာ တုတ်တန်းလေးနဲ့ ကြက် နှစ်ကောင် ကင်ထားသည်...ဘေးပတ်လည်မှာ တင်းဝါးလေးတွေ အစီအရီ ...ကောက်ညှင်းကျည်တောက်လေးတွေပဲ ဒီလို လုပ်တာ ခုမှ သိသည်လေ..စားသာစားနေတာ ဘယ်လို လုပ်မှန်းမသိ...တစ်ချို့ကျ ပေါင်ထားတာ ခုက ကင်ထားတာ အနံ့လေးပင် သင်းပျံ့ပျံ့...
"ဟာ မ လာလေ ကရအောင်"
အားလုံးက က ထားလို့ ချွေးတွေတောင် ထွက်နေတော့ အနွေးထည်တွေ ချွတ်ပုံထားသည်..သူမ တစ်ယောက်ပဲ အနွေးထည်ကြီးနဲ့...
"ဟာ မ မကတတ်ဘူးလေ သဲရ"
လာပါ ရှေ့တိုးနောက်ဆုတ်လောက်တော့ မ တတ်မှာပါ အပျော်ပေါ့ သဲတို့က အကတိုက်လို့ ပြိးနေပြီ အဲ့ဒါ ဟိုကြက်တွေမှ မကျက်သေးတာ ကရအောင် အိုးစည်လဲ တီးမှာ ကီးဘုတ်လဲပါမယ်"
သဲ ရဲ့ အတင်းဆွဲခေါ်မှုကြောင့် အကဝိုင်းထဲ ယောင်တောင်တောင် နဲ့ ပါလိုက်ရသည်...
🎵🎵🎶🎶🎶🎶🎶🎶🎶🎶
အေးမြတဲ့ ဆောင်းတစ်ညမှာ....🎵🎵🎵 မီးရောင်ထိန်ထိန် လူအများနဲ့ သီချင်းလေးတစ်ပုဒ် စောင်းမြောင်းဆို
အသည်းထဲ နွေးထွေးသွားရမယ်
စုံတွဲတွေနဲ့လေတကယ် အားကျလို့.........🎵🎵🎵🎶🎵🎵🎵🎶🎶🎶🎶
သဲ လက်ကလေးတွဲလို့ မကတတ် ကတတ်နဲ့ က လိုက်ရတာ ...
မောလို့မောမှန်းပင်မသိ...ရှမ်းပြည်ရဲ့ အငွေ့အသက်တွေ ယဉ်ကျေးမှုလေးတွေကြား စီးဆင်းရတာ စိတ်နှလုံး ချမ်းမြေ့လှသည့် ဖြစ်ခြင်း...လသာသာအောက်မှာ ရှမ်းအိုးစည်ကြီးတွေ မောင်းသံတွေ စီဝေနေတဲ့ ညလေး မီးပုံဘေးဝိုင်းဖွဲ့လို့က ခဲ့တဲ့ ဒီလိုညလေးကလဲ မနဲ့သဲ တွက် တသက်မမေ့နိုင်စရာ ညတစ်ညပါပဲ....
လူတိုင်းဆင်းရဲချမ်းသာမရွေး ဖော်ရွှေတတ်ကြတဲ့ မောမြေက တိုင်းရင်းသားတွေကိုလဲ မမေ့နိုင်စရာပါပဲ..
အဓိက က အိုက်ထွေးပေါ့..
သူ့လက်ကနေ မ ဆီ သဲ ရောက်သွားခဲ့လို့ ဝမ်းနည်းမှုကို ဖုံးကွယ် နဂိုစိတ်ရင်း အပြုံးချင်းဖလှယ်လို့ အစစအရာရာ ကူညီ မ တို့အတွဲတွက် လိုလိုချင်ချင် ကင်မရာမင်း တောင် လုပ်ပေးနေသေးသည်..ဘာပဲပြောပြော ခုနေချိန်တော့ အိုက်ထွေးဟာ သဲရဲ့ သူငယ်ချင်းကောင်းပါပဲ...
.
"မ ပြန်တော့မှာ ဆယ်နာရီကျရင်"
ထိုစကားကြားတော့ အကုန်လုံး မျက်နှာတွေ ညိုးငယ်သွားတော့သည်...သူမ လာတာ လေးရက် ငါးရက် ရှိပြီလေ...ဒီနေ့ မနက်ဆယ်နာရီပြန်ရမယ်ဆိုတော့ ကားဂိတ်မသွားခင် သဲ သူငယ်ချင်းတွေကို နံနက်စာ လိုက်ကျွေးဖြစ်သည်...သူမ ပြန်မယ်လို့ ညက ပြောတည်းက သဲ တစ်ယောက် စကားလဲ သိပ်မပြော...ဝမ်းနည်းနေတာ နေမည်..ညကလဲ မအိပ်ပဲ သူမကိုပဲ ထိုင်ကြည့်နေလို့ မနည်းချော့မော့ပြိး အိပ်ခိုင်းထားရတာ..သဲလိုပဲ သူမလဲ မပြန်ချင်...ခုမှ ချစ်စပဲမို့လားလေ...အချိန်မတန်သေးတော့ ခွဲနေရဦးမှာပင်...ဘာရယ်မသိပါပဲနဲ့ သဲမိသားစုတောင် သူမကို သံယောဇဉ်တွယ်နေပြီ...နောက်လဲ ထပ်လာဖို့မှာသည်..သဲမေမေက. ဘာတွေမှန်းမသိ လက်ဆောင်ထုတ်ကြီးငယ်နှင့် မေမေ့အတွက်ဆိုပြီး ဘာတွေဝယ်ထည့်ထားပေးလဲမသိ...
မဇ္ဈိမစားသောက်ဆိုင်လေးမှာ သူမတို့ ဝိုင်းက လူများသလောက် တိတ်ဆိတ်လို့နေသည်... သဲရဲ့ဘေးမှာ ထိုင်နေတဲ့ မှုံက
"မနှင်း နောင်ထပ်လာရင်တော့ မှုံကျွေးပါရစေနော် "
"အင်းပေါ့ လာဦးမှာ နော် သဲ"
သဲ က ဘာမြှပန်မပြော...ခေါက်ဆွဲခွက်ကို စိတ်မပါလက်မပါ မွှေနေသည်...သဲ ပုခုံးပေါ်လက်တင်ပြီး
"သဲ အဲ့လို မနေနဲ့လေ မ အပြန်လမ်း စိတ်မဖြောင့်အောင်ကို ကူပြောပေးကြဦး"
"ဟုတ်သားပဲ ဆိုင်နွန်းရာ မန်းနဲ့ လားရှိုးများ နီးနီးလေးရယ်...အချိန်မရွေး ထသွားထလာ လုပ်လို့ရတယ် ပူမနေနဲ့ "
အိုက်ထွေးက ဝင်ပြောပေးသည်..မှုံကလဲ
"အွန်း.အစ်မ ခံစားတာလဲ ကိုယ်ချင်းတော့ စာပါတယ် မှုံတို့ မြန်မြန်စားရအောင် ပြီးတော့ ခုမှ ရှစ်နာရီလောက်ပဲရှိသေးတာ မနှင်း တနေရာသွားပြီး နှစ်ယောက်တည်း ချော့လိုက်ဦး...မှုံတို့က ကျောင်းသွားရဦးမှာ...
ကဲ မြန်မြန်စားကြ"
ထိုအခါမှ ကျန်သူတွေက သွက်သွက်စားလိုက်သည်...စားလို့ပြီးတော့ အေးလှရီက
"ထပ်ဆုံကြမယ်နော် မနှင်း "
"အင်း မန်းမြို့ရောက်ရင်လဲ ပြောနော် ပြီးတော့ မရဲ့ သဲလေးကိုလဲ ဂရုစိုက်ပေးဦး"
"စိတ်ချ...မနှင်း သွားပြီ"
သူတို့ထွက်သွားတော့ မှုံကျန်ခဲ့သည်..
"အစ်မ အဲ့လိုကြီးနေနေတော့ မနှင်းစိတ်မကောင်း ဖြစ်ရတာပေါ့ ခု မနှင်းက မြို့ပြင်က ကားကွင်းမှာ စီးရမှာမို့လား အဲ့ဖက်က ချယ်ရိမြိုင်မှာ ခဏဝင်နေလိုက်ပြီး အလွမ်းသယ်ပေါ့ နော် အစ်မ ကြည့်ပါဦး မနှင်းလဲ အစ်မကို ခွဲနိုင်တာမှမဟုတ်တာ V Day နီးနေပြီ အဲ့ကျ မနှင်းပဲ လာလာ အစ်မပဲ သွား သွား ဆုံတော့ ဆုံရဦးမှာလေ"
"မှုံမှ မခံစားဖူးတာကို"
ဟော ပြောမှပဲ ငိုချလာပြီ...ကလေးလိုပဲ လား သဲရာ...
"ဟိုက် မငိုရဘူးလေ သဲရာ မှုံကလေးက အကောင်းပြောပြတာကို"
"မသိဘူး အရမ်းတွေ ဝမ်းနည်းပြီး ငိုချင်တာပဲ သိတယ်"
"အစ်မ မှုံ စိတ်ချမယ်နော် ကျောင်းချိန်နီးနေပြီ သွားတော့မယ် မနှင်း ဂရုစိုက်ပြန်နော်"
"အင်း အင်း မှုံလေး ဆိုငကယ်ဂရုစိုက်မောင်း"
"ဟုတ် အစ်မ ငိုမနေနဲ့ ဦး သွားပြီ"
မှုံလဲထွက်သွားတော့ သူမနဲ့ သဲပဲ ကျန်တော့သည်..
"သဲ စားလေ"
"မစားချင်ဘူး"
"အဲ့ဆို ရှင်းလိုက်ရအောင်လေ နော် ဒီမှာဆို နေလို့ မကောင်းဘူး ဆိုင်ထဲမှာ ပြီးတော့ သဲက ငိုနေတော့ လူတွေက ကြည့်နေကြပြီ"
သဲ ဘာမှမပြော...စားပွဲထိုးခေါ်ပြီး ငွေရှင်းလိုက်သည်...အအမ်းငွေတောင် စောင့်မယူပဲ ကားဆီထွက်သွားတာမို့ သူမကပဲ စောင့်ယူပြီး အပြေးလိုက်သွားရသည်...
.
ချယ်ရီမြိုင်ဆီမသွားတော့ပဲ ကားကြီးကွင်းရပ်နားစခန်း အပြင်ဖက် အရိပ်လေးမှာ ကားရပ်ပြီး မှန်တွေအကုန်တင်ကာ နှစ်ယောက်လုံး အနောက်ခန်းထဲတွင် ရှိနေကြတော့ အပြင်မှ ကြည့်လျှင် ကားထဲ လူရှိသည်ဟု မထင်ရ...
ကားပေါ်မှာလဲ သဲက ငိုသည်..
"ငိုရဘူးလေ သဲရယ် "
"သဲ မ နဲ့ တကယ် မခွဲနိုင်ဘူး မရဲ့"
"မ လဲ ဘယ်ခွဲနိုင်ပါ့မလဲ"
"ခု မ ဆီ သဲ လိုက်လာချင်တယ် မ သဲ ကားနဲ့ လိုက်ပို့ပေးမယ်လေ"
"ဟာ ဘယ်ဖြစ်မလဲ ဂုတ်တွင်း ကားအဲ့လောက်များတာ မ စိတ်မချပါဘူး"
"ဘယ်လိုလုပ်ရမလဲ မ ရဲ့ မ မရှိရင် သဲ သေမှာ"
"အို ပြောရဘူးလေ သဲရဲ့ တစ်နေ့အတူနေနိုင်မှာပေါ့ မ ကြိုးစားမယ်နော် အမြန်ဆုံးနီးအောင် မ ကြိုးစားမယ်"
"သဲလဲ ကြိုးစားမယ်"
"သဲ အိမ်က သဘောတူပါ့မလားနော်"
"မပြောနဲ့မ အဲ့လို မတွေးနဲ့ သဲအိမ်က သဲစိတ်ချမ်းသာမှုကိုပဲ ရှေ့ရှုတယ် သဲသဘောကျပဲ မ စိတ်မပူနဲ့ မ မေမေကကော"
"သဘောတူလွန်းလို့ပဲ ခု သဲဆီ မရောက်လာတာလေ...မကို ဘယ်သူအားပေးတယ်ထင်လဲ "
"ဟင်"
"သဲ rs ချိတ်လိုက်တဲ့ နေ့တုန်းက မ ရုံးမှာ ဝိုင်တွေသောက်လာပြီး မူးတယ် မနက်ကျ မေမေခေါ်ဆူတယ်လေ မေမေက သဲ အိမ်လာတည်းက သိပြီးသား ကလေးပေါင်းများစွာကို သင်ကြားပေးနေတဲ့ ဆရာမကြီး ပဲလေ သိတာပေါ့ အဲ့နေ့က သဲ rsလဲ မြင်ရော မ ကမ္ဘာကြီး ပြိုလဲသွားသလိုပဲ ခံစားရတာ နည်းနည်းမှ မသက်သာဘူး မေမေဖြောင်းဖြပေးမှ သဲဆီအရောက်ပေါက်ချလာခဲ့တာ"
"တောင်းပန်ပါတယ် မရယ် နောက် မ စိတ်ဆင်းရဲအောင်မလုပ်တော့ဘူး သဲ နှလုံးသား သဲ ခန္ဓာကိုယ် အို သဲပိုင်သမျှ စိတ်ဝိညာဉ်အားလုံးက မ အပိုင်..မတစ်ယောက်တည်းတွက်ပါ မရယ်.."
"မ လဲ တူတူပါပဲ သဲ မငိုနဲ့နော်"
"အွန်း မ ရမ်းချစ်တယ် "
"မ လဲ သိပ်ချစ်ပါတယ်ကွယ်"
"သဲတော့ မ ကို လွမ်းနေတော့မှာ"
"မ လဲ လွမ်းနေမှာ အားချိန်တိုင်းသဲဆီဖုန်းဆကိမယ်နော် စာလဲပို့မယ်"
"မ သဲ အကောင့်နဲ့ အတူသုံးကြမယ်လေ နော်"
"ဖြစ်ရဲ့လား"
"ဟွန့် မ က ကြူ မှာမို့လား"
"အဲ့နှုတ်ခမ်းကြီး ထော်မလာနဲ့ မ အသဲယားလွန်းလို့ စိတ်မထိန်းနိုင်ဘူး"
"စိတ်မထိန်းနိုင်ရင် မ က ဘာလုပ်ချင်လဲ"
"ဒီလိုလေး...."
ကားထဲမှ စကားသံတွေ တိခနဲ ပြတ်ကျသွားတော့သည်...လားရှိုး မန်းလေး ကားကြီးကတော့ ထွက်ခွာဖို့ ကုန်စည်တွေ ခရီးသည်တွေ တင်နေပါပြီ....ဟွန်းသံပေးတော့မှ ကားထဲက ထွက်လာ အပြေးအလွှား အထုတ်တွေတင်...အလွမ်းသည်လို့က မပြီးသေးတဲ့အထဲ ကားပေါတက်လုဆဲဆဲ မ ကို နှုတ်ဆက်ကာမှ
"ဟေ့ မ ခဏ နေဦး"
"ဟင် ဘာလဲ"
သဲက သူမရှေ့ ရောက်လာကာ အင်္ကျီကော်လံကို အပေါ်ထိ ဆွဲထောင်ပေးလိုက်ပြီး မာဖလာ သေချာ ပြန်ပတ်ပေးလိုက်သည်..
"ဘာလုပ်တာလဲ"
"မ လည်တိုင်မှာ သဲ ကိုက်ထားတဲ့ သွားရာ အနီကွက်ကြီး ပေါ်နေတာ"
"ဟာ...."
မ မျက်နှာတစ်ခုလုံးနီရဲတွတ်သွားသည်...စကားတိုးတိုးလေးပြောနေလို့သာပေါ့..
"ကဲ သွားတော့ ကားဖြေးဖြေးမောင်းနော်....ဂရုစိုက် အရမ်းချစ်တယ်"
နားနားကပ်ပြောပြီး ပါးလေးကို မထိတထိ နမ်းသွားကာ လက်ပြပြီး ကားပေါ်တက်သွားသည်..ကားပေါ်က လူတွေကော အောက်မှာ လူတွေကော သူမတို့အတွဲကို ကြည့်နေကြသည်လေ...ကားကြီးထွက်သွားတော့ ကျန်နေခဲ့သူ သဲမှာလဲ သူမ ကားပေါ်တွင် ငိုပြန်သည်လေ...
ခွဲခွာခြင်းကလဲ ရင်ကိုနာကျင်စေတာပါပဲ...
.
....
zawgyi