27

812 75 0
                                    


.
.
ည ည ဆို မ က သူ့အစားဆိုပြီး ပေးထားပါသော ပန်ဒါရုပ်ကြီးကို မ ကိုယ်စား အလွမ်းပြေ အနမ်းတွေ ပေးရတာ အမော...ဖက် ဖက် အိပ်လို့လဲ ရသေးသည်...သူမ ကိုယ်လောက်ရှိတာကိုး အရုပ်က..မျက်ကွင်းမည်းမည်းလေးနဲ့ ရုပ်လေးကိုက ချစ်ဖို့ကောင်းနေတာပင်..အသဲယားတိုင်း မ နဲ့ ဗီဒီယိုကောလ် ပြောတိုင်း မ ရှေ့မှာ နမ်းပြရတာမျိုးတို့ ဖုန်းပြောနေစဉ် အရုပ်ကြီးကို ကိုယ်ပေါ်တင်ဖက်ထားတာမျိုးတို့ဆို မ က အရမ်းသဘောကျသည်တဲ့လေ...အဝေးတစ်နေရာစီမှာ နေကြတာဆိုတော့ အလွမ်းတွေပြေအောင် လိုင်းပေါ်ကကော ဖုန်းတွေနဲ့ ပါ ဆက်သွယ်နေရသဖြင့် သူမ ခုဆို မုန့်ဖိုးလဲ သိပ်မသုံးဖြစ်တော့...ရသမျှ သုံးပုံတစ်ပုံဟာ ဖုန်းထဲထည့်ရင်းနဲ့ သာ ကုန်သွားတတ်သည်..တစ်ခါတစ်လေ မ မအားလို့ ဘေလ်မရှိတဲ့ အချိန်တွေများဆို သူမ ဖက်က လွဲပေးတတ်သည်...မ က ငြင်းပေမယ့် ကိုယ်က ချစ်လို့ ပေးတာကို လို့သာ ပြောလိုက်ရင် မ ဘာမှမပြောတော့..သို့သော် ထည့်ပေးသမျှကို စာရင်းနဲ့ မှတ်ထားတယ်တဲ့...
ခုလဲ မ ကို အလုပ်က ဆင်းလို့ အိမ်ရောက်ရင် ဖုန်းခေါ်ပါလို့ ပြောထားရက်နဲ့ ခေါ်မလာ...မ ဆိုင်ကယ်မောင်းနေတုန်းဖြစ်မှာစိုးလို့ သူမ လဲ မခေါ်ရဲ...မ က ဆိုင်ကယ်မောင်းတုန်း ဖုန်းလာလျှင် နီးရာ ထိုးရပ်ပြီး ဖြေတတ်သည်လေ.... တော်ရာ သူမ ဖုန်းကိုဆို ရပ်ပြီး ကိုင်တတ်နေတာမို့ သူမ က မ အားရင် မစ်ကောလ်ပေးနော် လို့ပဲ မှာကြားနေကျ...တော်နေကြာ ယောက်ျားလေးတွေသာ အထိုင်များတတ်တဲ့ လက်ဖက်ရည်ဆိုင်တို့ ဘာတို့ ရှေ့မှာ ရပ်ပြီးဖုန်းပြောမိရင် ဆိုင်ထဲကလူတွေ မ လို ချောချောလှလှကို ငေးနေလိမ့်မည်ဖြစ်ခြင်းရယ်...တွေးကြည့်မြင်ကြည့်နေရုံနဲ့တင် သူမ သိပ်သဝန်တိုသည်.... မ အလှကို သူမ ကလွဲပြီး ဘယ်သူ့ကိုမှ ခံစားပြီး ကြည့်ခွင့်မပေးရက်နိုင်ပါ...
ခုလဲ မ ဘေလ်မရှိလို့လား ဆိုပြီး မနေ့က မုန့်ဖိုးတစ်သောင်းလုံးကို ဘေလ်ထည့်ထားတာမို့ မ ဖုန်းထဲ ငါးထောင်လွှဲပေးလိုက်သည်...စာလဲ ပို့ထားလိုက်သော်လဲ ဖုန်းက ပြန်မခေါ်သေး...
📱📱📱📱
Imcoming call
မ ဖုန်းပြန်ခေါ်လာနိုးစောင့်ရင်း စာလုပ်နေရာမှ ဖုန်းမြည်လာတာကြောင့် နံပါတ်မကြည့်တော့ပဲ ဝမ်းသာအားရ ကိုင်လိုက်သည်...
"မ....ဘာလို့ ဖုန်းမဆက်တာလဲ....သဲ စာပို့ထားတာဖြင့် ကြာလှပြီ....မ ကို စောင့်နေတာ ငါးနာရီတည်းက.<...သဲ ခု ထမင်းတောင် မစားရသေးဘူး"
ပြောချင်ရာကို စွတ်ရွတ်ပြောနေတော့ တစ်ဖက်က ငြိမ်သက်နေသည်....
ဟင်....မ ဘာလို့ မပြောတာလဲ
ဆိုပြီး အတွေးဝင်လာမှ နံပါတ်ကို ကြည့်မိတော့ မှတ်မထားသော နံပါတ်စိမ်းတစ်ခုပင်...
"ဟလို ဘယ်သူလဲ မသိဘူး"
ခဏက မ ကို စိုးရိမ်တကြီး ပြောနေတဲ့ စကားသံနဲ့ လုံးဝမတူတော့...မျှော်နေတဲ့ ဖုန်းမလာတော့ စိတ်တိုသွားရသလို ဝမ်းလဲ နည်းသွားရသည်လေ...တဖက်က ခုချိန်ထိ ဘာမှ ပြောမလာ...စိတ်ကမရှည်..
"ဟယ်လို...ဘယ်သူလဲ ကြားလား....ဘာမှ မပြောရင် ချပြီ"
တကယ်ပါပဲ..စိတ် ပျက်စရာ...မ ဖုန်းကို မျှော်နေတာပါဆိုမှ အရေးမပါတဲ့ ဖုန်းက ဝင်လာသေးတယ်...ဘာမှ ပြောတာလဲမဟုတ်ဖူး...ဖုန်းသရဲပဲနေမှာ...အဲ့လိုသာ မချရင်လဲ မ ပြန်ခေါ်တဲ့ အချိန်ကျ Busy ဖြစ်နေမှာစိုးရသေးတာလေ..
တစ်ညနေလုံးစောင့်နေပြီးမှ စာလဲ ရ သင့်သလောက် ရပြီးသွားပြီ...ဖုန်းလေးတကိုင်ကိုင်နဲ့ ထမင်းစားခန်းလဲသွားပြီး ထမင်းစားခဲ့ပြီးပြီ...မ ဖုန်းခေါ်တော့လဲ မကိုင်...အခန်းထဲ ပြန်ဝင်လာပြီး မ အရုပ်လေးကို ရှေ့မှာချပြီးသကာလ
"မ ဘာတွေ လုပ်နေလဲ...သဲ စိတ်ပူနေတယ် မရဲ့...
ဖုန်းလေးဘာလေး ကိုင်ပါဦးလား မရဲ့"
အရုပ်လေးကို နားရွက်ဆွဲလိုက် ကိုက်ကြည့်လိုက်နဲ့...
"တစ်ခါတလေဆို မ က သဲကို စိတ်ဆိုးရင်တောင် မပြောဘူး တည်တည်ကြီး နေပစ်လိုက်တာ အပြင်မှာဆို ကိုက်ပီသာမှတ် ဟွန့် မ လူဆိုးကြီး..."
📱📱📱📱📱
ဟော လာပါပြီ...
မျှော်နေသော ဖုန်းနံပါတ်ကလေး ...မကိုင်ပဲ နေမည်ဟု စိတ်ကူးနေပြီးမှ တကယ်လဲ ကိုယ်က မနေနိုင်တော့ တူ ဆိုတည်းက ကိုင်မယ့် ခလုတ်ကို နှိပ်ပြီးနေပြီ...
"ဟလို သဲ..."
တမင် မထူးပဲ ကြားရက်နဲ့ပင် ပေကပ်နေလိုက်သည်...
"သဲ... မ ကို စိတ်ဆိုးနေတာလား....မ တို့ တိုက်ခန်းတွက် ငွေလာချေနေတာလေ...ခုက အပြင်မှာ သဲနဲ့ တူတူထိုင်ဖူးတဲ့ မ သူငယ်ချင်း ခက်ရဲ့ ဆိုင်မှာ...မေမေလဲ ပါတယ်....ဖုန်းကို မကြည့်မိလို့ သဲ ခေါ်ထားမှန်းမသိဘူး..သဲရ...မေမေ ထမင်းစားနေတုန်း မ ခု အပြင်ထွက် ဖုန်းခေါ်တာ..အစက အိမ်ရောက်မှ ခေါ်မလို့ပဲ..သဲ စိတ်ဆိုးနေမှာဆိုတာ ကြိုသိနေတာမို့..
သဲ ပြေပါတော့နော်...မက သဲကို ပစ်မထားပါဘူး..အရေးကြီးအလုပ်မို့လို့ပါ"
မ က အဲ့လိုလေး ဖြေရှင်းပြရုံလေးနဲ့တင် စိတ်ကောက်မိတဲ့ ဒီချစ်တတ်သော လူသားမလေး အရည်တွေ ပျော်ကျကုန်ပြီလေ..
"သဲ စိတ်ကောက်မလို့ပဲ...ခုပြေသွားပြီလေ..မ ပင်ပန်းလားဟင် တစ်နေကုန်လား"
"တနေကုန်မဟုတ်ပါဘူး သဲရ...အလုပ်ဆင်းမှ မေမေ့ကို အိမ်ပြန်ခေါ်သေးတယ်လေ...နောက်နေ့ဆို မ က မအားဘူး..ပြီးတော့ ဒီနေ့က အိမ်ရောင်းအိမ်ဝယ် နက္ခတ် ကောင်းတယ် ဆိုလို့ပါ "
"အဆင်ပြေတယ် မလား မ"
"အွန်း ပြေပါတယ် အရင်လို မေမေ အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့အခါကျ အပျင်းပြေ စိတ်ပြေလက်ပျောက် စိုက်တတ်တဲ့ ပန်းပင်း
လေးတွေ စိုက်ဖို့ မြေကြီးတော့ မရှိတော့ဘူးပေါ့"
"သဲ အန်တီတွက် အပင်တွေ စိုက်လို့ရအောင် အကြံတစ်ခုရှိတယ် ပြောပြရမလား"
"ပြောကြည့်လေ ချွေးမလောင်းလေး အကြံကို မေမေလက်ခံလောက်မှာပါ"
"သစ်ခွ စိုက်လေ...သစ်ခွက မြေမလို ရေမလို နေမလိုတဲ့ အပင် မရဲ့...ဘယ်နေရာစိုက်စိုက်ရတယ် အဲ့မှာ ဈေးကြီးရင် သဲ ဒီကနေပို့ပေးလိုက်မယ်"
"အင်း ပြောလိုက်မယ် သဲ "
"မ ညစာ စားပြီလား"
"စားရသေးဘူးလေ မှာထားတုန်း"
"စားတော့လေ သဲ လဲ အိပ်နှင့်တော့မယ်.မ မနက်ဖြန် စာဖြေရမှာ"
"အင်း အိပ်ပျော်ပါစေ သဲ ချစ်တယ် "
"တူတူ ပဲ ချစ်တယ် မ"
ညတိုင်း မ နဲ့ ဖုန်းပြောပြီး မ ဆီက ချစ်တယ်လို့ ကြားပြီး အိပ်ရပါမှ သူမရဲ့ ညတွေဟာ ပိုပြီး အသက်ဝင် ပြည့်စုံသလိုပင်....ဒါတွေဟာ မ နဲ့ ချစ်သူဖြစ်တည်းက အကျင့်ပါနေပြီးသား ထုံးစံတစ်ခုလို ဖြစ်နေခဲ့ပြီးသားလေ...ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဆီက ချစ်တယ်လို့ အမြဲတမ်း ကြားချင်နေမိတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်...ခဏခဏ ပြောနေလို့လဲ ဘယ်သောအခါမှ ရိုးအီသွားတဲ့ အရာမျိုးလဲ မဟုတ်..မ နဲ့ ချစ်သူဖြစ်တဲ့ သက်တမ်းတစ်လျှောက်လုံးမှာလဲ မ ချစ်တယ် လို့ ပြောသည့်အချိန် သူမက ချစ်တယ် လို့ ပြောသည့် အချိန် တွေတိုင်းမှာလဲ ရင်ခုန်တုန်း...ပါးပြင်လေးတွေ နွေးထွေးတုန်းပင်...အချစ်ဆိုတာ အစစ်ဖြစ်ခဲ့ရင် အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ သက်တမ်းဘယ်လောက်ပဲ ရင့်ရင့် ရိုးအီသွားတဲ့အရာတွေမဟုတ်ပဲ အမြဲ သစ်လွင်နေတာချည်းသာပင်..
.
ပရယ်တီကယ် ဖြေပြီး ခြေလှမ်းတွေက မရည်ရွယ်ပါပဲနဲ့ ဓာတုဗေဒ မေဂျာရှိရာ အထပ်သို့ တက်လာနေမိသည်...သူငယ်ချင်းတွေတော့ ဖြေလို့ ပြီးတာနဲ့ တစ်ခုခု သွားစားနေကြပြီ...သူမသာ နောက်ဆုံးမှ ထွက်ပြီး ကန်တင်းသို့ လိုက်မသွားပဲ ဘာလို့ ဒီဖက်ရောက်လာလဲ စဉ်းစားမရ...ဒီနေ့ မှုံတို့လဲ စာဖြေရတာပဲလေ...ပြီးကော ပြီးနေပြီလားမသိ...မှုံနဲ့ မတွေ့ရတာ တစ်ပတ် နှစ်ပတ်မကတော့....အဆောင်ဖက် ရောက်တော့လဲ အရိပ်အယောင်တောင်မမြင်...မမြင်ဆို မန်ကျည်းပင် အောက်မှာ အမြဲရပ်ထားတဲ့ မှုံရဲ့ ဆိုင်ကယ်လေးကိုတောင် မတွေ့ရတာ လေ...သူတို့အဆောင်က လူတွေကလဲ သူမကိုများ မြင်ပြီဆို မျက်နှာလွှဲသွားပြိး ရည်းစားလုဖက်လိုလို ဘာလိုလိုနဲ့..အဖတ်မလုပ်သလိုပုံစံတွေကြောင့် သိပ်မသွားဖြစ်တော့...သူ့အတန်းရှေ့ရောက်တော့လဲ စာသာ သင်နေတာ အရင်လို အခန်းပြင်မှာ ရပိကြည့်နေတဲ့ သူမကို မြင်ရက်နဲ့ ပြုံးပြခြင်းတောင် မရှိတော့...သူမ ရှိနေမှန်းသိရင် ခေါင်းလေးငုံ့ကာ စာကိုပဲ စိတ်ဝင်စားနေဟန်ပြတော့ သူမ ထပ်မလာဖြစ်တော့...တစ်ခုခုတော့ရှိရမည် ဆိုပြီး စုံစမ်းတော့လဲ ဘာမှ မသိရ...သူမကိုသာ အဲ့လို ရှောင်နေတာဖြစ်ပြီး အိုက်ထွေးနဲ့တကွ ကျန်တဲ့ သူတွေကိုတော့ ပုံမှန်အတိုင်းဆက်ဆံနေတာ ပင်...ချစ်သူများနေ့က သူမ မ ဆီ သွားခဲ့တဲ့ အချိန်မှာ ကျန်သူတွေနဲ့ အတူ လျှောက်လည်နေခဲ့သေးသည်မဟုတ်လား...ဒီနေ့တော့ သိမှကို ရတော့မည်...အဝေးကနေ တွေးနေတာထက် မျက်နှာချင်းဆိုင် ဖြေရှင်းမှ ရတော့မည်မို့ ခုလို လာရခြင်းဖြစ်သည်...သူမ ဆိုတာကလဲ မခင်ဘူး ဆိုရင်လဲ ခပ်ချေချေကို နေပစ်တတ်သလို ခင်ပြီဟေ့ဆိုရင်လဲ တသက်စာတွက်ကို သတ်မှတ်ပြီး ကိုယ်ကောစိတ်ပါ ပေါင်းစပ်တတ်တဲ့သူပင်...
ဘာလိုလိုနဲ့ မှုံ အခန်းရှေ့ရောက်တော့ စာဖြေနေသော အပြာရောင် ဝမ်းဆက်လေးနဲ့ ငြိမ်းချမ်းလှစွာ ကြိုးစားပန်းစားဖြေနေသော မှုံကလေးကို တွေ့ရတော့ အခန်းရှေ့တွင်ရပ်နေပဲ ကော်ရစ်ဒါ အဆုံး ဝရံတာ လေးဆီ လာခဲ့သည်...
နေရောင်ပျပျလေး ဖြာကျနေတဲ့ ထောင့်စွန်းလေးမှာ ဝရံတာ လက်ရန်းလေးကို ကိုင်ပြီး အောက်ဖက်မှာရှိတဲ့ ကန်တင်း မှ အိုက်ထွေးတို့ အဖွဲ့ဆူညံနေသည်ကို အဓိပ္ပါယ် မဲ့ ကြည့်နေလိုက်သည်...
ခြေသံတွေ တစ်ဖျပ်ဖျပ် ကြားလာတော့ မှုံတို့ ပြီးနေပြီပဲ ဟု တွေးကာ အကွယ်လေးမှ ထွက်မည်အပြု
"ခဏက ပီဆိုင်နွန်းကို မြင်လိုက်သလိုပဲ"
"ဟုတ်တယ်လေ..ငါတို့ စာဖြေနေတုန်းက ခဏ လာကြည့်သွားတယ် မှုံချယ်ရီဦး ကို လာကြည့်တာနေမှာ"
သူမ အမည်ကော မှုံ အမည်ကော ပါလာတာမို့ ခြေလှမ်းရပ်ကာ အကွယ်လေးတွင် ဆက်နားထောင်နေမိသည်..ထိုကောင်မလေးနှစ်ယောက်က သူမရဲ့ ထောင့်ချိုးလေးနားမှာတင်.ရပ်ကာ ပြောနေကြခြင်းပင်..သူမက အကွယ်လေးမှာမို့ မမြင်ရပါ...
"ပီဆိုင်နွန်း အရမ်းပွေတာနော်"
"အေ့လေ...ယောက်ျား မိန်းမ မရွေးဘူး အကုန်ပတ်ဘူးတာ"
ဘုရားရေ...ငါ့ကိုများ အဲ့လောက် ကင်မွန်းတပ်ထားကြသတဲ့လား....စိတ်ရှိတိုင်းသာ လုပ်လိုက်ရရင်ဖြင့် ..ဟမ်း....ငါ့နှယ်နော်....
စိတ်ထိန်း ဆိုင်နွန်း...စိတ်ထိန်း...
"သူ့ကြောင့်ပဲ မှုံချယ်ရီဦး အဆောင်က ထုတ်ခံရတာလေ"
"ဟင် ဘယ်တုန်းကလဲ"
မှုံ အဆောင်က ထုတ်ခံရတယ်ဆိုတော့ သူမ အံ့သြသွားသည်...ပြီးတော့ သူမကြောင့် ဆိုပါလား...ဘာမှကို မဆိုင်ပါပဲနဲ့...
"နှစ်ပတ်လောက်ရှိပြီလေ...အဆောင်မှုးက ကျောင်းဆောင်မို့လို့ စည်းကမ်းတကျ နေစေချင်တာ ကျောင်းဆောင်မှာနေပြီး တခြားအပြင်ဆောင်နေသူတွေထက် စံပြကို ဖြစ်နေစေချင်တာ...အဲ့ဒီမှာ မှုံချယ်ရီဦးက ပီဆိုင်နွန်း နဲ့ မိန်းကလေး ချင်းတွဲနေတာလဲ သိရော...အဆောင်မှူးခေါ်ပြီး သတိပေးသေးတယ်...ဆိုင်နွန်း အိုက်ထွေးနဲ့ ဘယ်လောက် ပလူပျံခဲ့လဲ ဆိုတာ သိနေတယ်လေ တစ်ကျောင်းလုံးမှာ သူတို့အတွဲပေါ်ပြူ လာအဖြစ်ဆုံးမို့လား...အိုက်ထွေးနဲ့က မှုံရောက်လာပြီး မှ ပြတ်သွားကြတာ ဒီကြားထဲ အိုက်ထွေးလဲ Cuက ကျောင်းသူနဲ့ ဖြစ် ပြသနာတွေတက် ပြီး ဆိုင်နွန်းနဲ့ပဲ ပြန်တွဲနေသလို...တကယ်တမ်းကျ ဆိုင်နွန်းက အကောင့်ပြောင်းပြီး တစ်ခါ မန်းက အစ်မချောချောတစ်ယောက်နဲ့ ဆက် ရို ပြပါလေရော...မှုံနဲ့လဲ အတွဲမပျက်ဘူး...လူတွေ သတိထားမိလာတာကို အနေအထိုင်မဆင်ခြင်ဘူးလေ..အာ့နဲ့ အဆောင်မှူးက မှုံချယ်ရီဦးကို ခေါ် ဆိုင်နွန်းနဲ့ ဆက်တွဲရင် မိဘအသိပေးပြီး အဆောင်ကထုတ်မယ် စာရိတ္တပျက်မှုနဲ့ တဲ့..."
"အဲ့ဒီတော့.'"
"တပတ်လောက်ကို မှုံက နောင်ချို ပြန်သွားသေးတယ်..ပြီးကျ ပြန်လာတော့ အထုတ်တွေနဲ့တကွ သူ့မိဘတွေကော တခြားအဆောင်ပြောင်းသွားတယိလေ...ဆိုင်နွန်းကို သူမပြတ်နိုင်ဘူး အရံဖြစ်ဖြစ် ဘာဖြစ်ဖြစ် နေမယ်ဆိုတဲ့ သဘောနဲ့ပေါ့"
"ဒါမဲ့ ခုတလော သူတို့ အတူရှိနေတာ အရင်လို မမြင်ရတော့ဘူးလေ"
"ဘယ်မြင်ပါ့မလဲ မှုံက ခုဆို ဘယ်သူနဲ့မှ စကားသိပ်မပြောဘူး သူ့ဟာသူ စာသင်ချိန်နားပြီဆို စာကြည့်တိုက်သွားပြီလေ...လူမြင်ရာ တွေ့ကြမှာမဟုတ်ဘူး တခြားအချိန်တွေ တွေ့ဦးမှာပါ...အပြင်အဆောင်ဆိုတော့ ပိုလွတ်လပ်တယ်လေ"
"ပီဆိုင်နွန်းကလဲနော် ... သူပဲ ညီမလို ခင်တယိ ဘာတယ်နဲ့ မှုံ အဲ့လို တိတ်ဆိတ်သွားတာတောင် ဂရုမစိုက်ဘူး အဲ့လောက် ချစ်ပြနေရင် သူ့အိမ်ခေါ်တင်ကျွေးထားပါလား...အဲ့ခုနေတဲ့ အဆောင်မှာလဲ ဘယ်သူမှ မခေါ်ကြဘူးတဲ့..."
"မှုံကိုက နဂိုတည်းက မာနခပ်ကြီးကြီးရယ်...ကဲပါ ပြောမနေနဲ့ အဲ့လိုတွေ ရုပ်ကလေးမှုံနေအောင် ချောသလောက် စိတ်ဓာတ်တွေက အောက်တန်းကျတယ်..."
အကွယ်မှာ ရပ်နားထောင်နေမိတဲ့ ဆိုင်နွန်း ဒေါသစိတ်တွေ မြိုသိပ်ထားရသောအခါ ရင်ထဲက အငွေ့တွေ တလူလူထွက်နေပြီ...ထွက်ပေါက်မတွေ့လို့ အစိုင်အခဲ အလိပ်လိပ်...လက်သီးကို တင်းတင်းဆုပ်ထားကာ ပြေးပြီး သုံးထပ်ဆောင်ပေါ်ကနေ တွန်းချပစ်ချင်စိတ်က ပေါ်လာသည်....မှုံအကြောင်း သိချင်လို့သာ.သက်သက် သည်းခံပြီး.စောင့်နားထောင်နေတာ ..
အလကားနေရင်း ကိုယ့်ထမင်းကိုယ်စား ..ကိုယ့်နှလုံးသားစေစားရာ လိုက်နေတာကို ဏှာဘူးထနေသလို မိန်းကလေးချင်း ကြိုက်တတ်တဲ့သူမို့လို့ တွေ့ကရာ မိန်းမတိုင်း လိုက်ပဲကြိုက်နေသလိုလို...
"ဇာတ်တူသား စားတယ်ဆိုရင် တမျိုးလုံးပျက်စီးတတ်တာ ဟင်္သာကိုးသောင်းနဲ့ ရွှေပင့်ကူ ဝတ္ထု ကို ပမာပြု ကြည့်ရင်သိတာပဲ...မိန်းကလေးချင်းကြိုက်လို့ ယူကြတဲ့အခါ ဘယ်မလဲ မျိုးဆက်ပွားဖို့...."
"ကဲပါ ပြောရင် ဆုံးတော့မှာ မဟုတ်ဘူး ဗိုက်ဆာနေပြီ တစ်ခုခု သွားစားရအောင်"
"အင်း တူတူပဲ"
စားကြ စားကြ...သူတစ်ပါးအကြောင်း နေရင်းထိုင်ရင်း ပြောနေကြတာ ....အားမနာ လျှာမကျိုး....အဲ့မှာ စားရင်းသောက်ရင်း နင်ပြီးတော့ သေဟယ်....မရှူနိုင်မကယ်နိုင်ဖြစ်မှ မှတ်မယ်....
ဇာတ်တူသားစားလဲ ဘာဖြစ်ဖြစ်....ငပြိန်းတွေ အတွေးလောက်နဲ့ တစ်မိနစ်တိုင်းမှာ ကမ္ဘာပေါ်က မိဘမဲ့ ကလေးတွေ ငတ်ပြတ်ပြီး သေနေကြတာက ရှင်တို့လို အမျိုးချစ် ယောက်ျား ချစ်တဲ့သူတွေ နန့်ကြောထ မွေးချခဲ့တာတွေချည်းပဲလေ...ဒါကျ ကောင်းတဲ့အလုပ်မို့လို့လား...တော်လဲတော်ကြပါပေ့ ညဏ်ကြီးရှင်တို့ရယ်....ကျမနဲ့ မ တို့ လက်ထပ်ပြီးမှ အဖေမပေါ်တဲ့ ရှင်တို့ကလေးတွေ အမှိုက်ပုံမှာ ပစ်ထားတဲ့အခါမှ ကောက်ယူမွေးစားပြလိုက်ဦးမယ်....
.
စာကြည့်တိုက်ကလေးက ခြောက်သွေ့လို့နေသည်...ဒီခေတ် ကျောင်းသူကျောင်းသား လူငယ်တွေများ စာကြည့်တိုက်မှာ အချိန်ကုန် စာဖတ်မနေကြတော့ပဲ online ပေါ်ကနေသာ သိချင်တဲ့ အရာမှန်သမျှ ရှာကြည့်ကြလေတော့သည်...မှုံကတော့ ဖုန်းတို့ ကွန်ပျူ တာတို့ကို အလကားသက်သက် မလိုလဲ လိုလဲ သုံးမနေချင်ပါ...ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းပြီး မျက်မှန်ကြီးတကားကားနဲ့လဲ မနေချင်ပါ..အိမ်နဲ့ လိုအပ်ရင် ဆက်သွယ်ဖို့လောက်သာ ဖုန်းကိုင်ခြင်းဖြစ်သည်....မှန်နန်းရာဇဝင်တော်ကြီး လို စာအုပ်အထူကြီး ကြည့်လိုက်ရင် စာအုပ်မြင်တာနဲ့ ဖတ်ချင်စိတ် ကုန်လောက်ပေမယ့် မှုံ စိတ်ဝင်တစား ဖတ်နေသည်...စာကြည့်တိုက်လာရင် ဘယ်တော့မှ ကျောင်းစာမလုပ်...ရာဇဝင် လောက်သာ စိတ်ဝင်စားသည်..ကိုယ့်ကိုယ်ကို လဲ ဓာတုမယူပဲ မြန်မာစာဖြစ်ဖြစ် အရှေ့တိုင်းပဲဖြစ်ဖြစ် ယူလိုက်ရမှာ လို့ ခဏခဏ တွေးမိသည်လေ...
ခုလဲ စာကြည့်တိုက်ထဲမှာ မှုံနဲ့ အခြား ခပ်လှမ်းလှမ်းမှာ စုံတွဲတစ်တွဲ သုံးယောက်သာ ရှိသည်...မှုံက ချောင်ကျကျ စားပွဲမှာ တစ်ယောက်တည်း ထိုင်ပြီး စားပွဲပေါ် လွယ်အိတ်တင် ပြီးနောက် ဖတ်နေတဲ့ စာအုပ်တစ်အုပ်လေးရယ်သာ ရှိသည်...သူများတွေလို ဖတ်ချင်သမျှ စာအုပ်အထပ်လိုက်ကို စားပွဲပေါ်တင် ဖုန်းကို နားကျပ်ထိုး သီချင်းနားထောင် ဟိုစာကြည့် ဒီစာကြည့် ဖုန်းကြည့် မလုပ်တတ်ပါ...
စာကို သဲကြီးမဲကြီး စိတ်ဝင်တစားဖတ်နေစဉ် မှုံ ရှေ့တည့်တည့် လူတစ်ယောက် ရောက်လာသည်....စာကို စိတ်ဝင်စားနေတာကြောင့် မော့ပင်မကြည့်မိ..ထိုစဉ် နှာခေါင်းထဲသို့ အနံ့ယဉ်ယဉ်လေး တိုးဝင်လာသဖြင့် ထိတ်လန့်စွာ မော့အကြည့်
"အ..အစ်မ"
ဆိုင်နွန်းရယ် .... ထိတ်လန့်တကြီး မော့ကြည့် အမည်ခေါ်ပြီးကာမှ ထပ်ရပ်မလိုပြင်နေသော မှုံ ပုခုံးလေးကို လက်နှစ်ဖက်ဖြင့် ပြန်ဖိနှိမ့်ချလိုက်သည်....
"ရှောင်နေရတာ မပင်ပန်းဘူးလား မှုံ"
ပြုံးမယောင် နှုတ်ခမ်းပါးပါးလေးမှ ထွက်ကျလာတဲ့ အေးစက်စက်စကားသံကြောင့် မှုံ လိပ်ပြာပါ လွှင့်ချင်သည်...လက်ထဲက စာအုပ်ကို ကျစ်နေအောင် ဆုပ်ထားပြီး စိတ်ကို အတည်ငြိမ်ဆုံးထားကာ
"မှုံ ရှောင်နေတာ မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ ဖုန်းဆက်မရအောင် လုပ်ထားလဲ"
"မှုံ ဖုန်းလဲလိုက်တာ "
ပြောဆိုရင်း လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်ပြလိုက်သည်...အရင်ကOppo ခုက Mi ..
"တို့နဲ့ ဘာလို့ မတွေ့တာလဲ "
"စာမေးပွဲနီးနေပြီမို့ စာလုပ်နေတာပါ"
"စာမေးပွဲကို မှုံလို စာတော်တဲ့ သူတစ်ယောက်က ကြောက်နေရသတဲ့လား"
"မှုံက ခုမှ ပထမနှစ်လေ ဘယ်စာမေးပွဲမဆို မှုံ အလေးအနက်ထားတာပါ...ကျမှာဆိုတာထက် အမှတ်ပြည့်မရမှာကို ပိုကြောက်တယ်"
ချက်ကျ လက်ကျ စကားကို သွယ်ဝိုက်ပြီး ပြောနေသော မှုံ...မလိမ်ညာတတ်လို့ အမှန်ကို ပြောနေရမည်မှန်းသိသော်လဲ တတ်နိုင်သလောက်တော့ ဖြစ်နိုင်တာ လှည့်ပြောရမည်...အစ်မ သိကုန်ပြီလား....သိနေလို့ပဲနေမှာ...အစ်မလို လူကဲခတ် သိပ်တော်တဲ့ သူက မှုံ မျက်နှာက အရိပ်တွေကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာကြောင့်မို့ မှုံ ရှောင်နေခဲ့ရတာပင်...အရင်နေ့ညက အစ်မကို သတိရလို့ ဖုန်းခေါ်ခဲ့သေးတာ..ဘာမှမပြောရဲတော့ အစ်မက ချသွားခဲ့သည်ပဲလေ...မှုံလဲ အစ်မကို ရှောင်သာရှောင်နေရတာ သတိလဲရသည်..လွမ်းလဲလွမ်းသည်...သို့သော် မှုံ့ကြောင့် အစ်မကို လူတွေ အထင်အမြင်လွဲမှာမလိုလားဘူးလေ..အစ်မကို မျက်နှာများသူ တွေ့ကရာ လိုက်ကြောင်တတ်သူလို့ တစ်ခြားသူတွေ ပြောနေမှာစိုးလို့ စတည်းကမှ မှုံနဲ့ကို တစ်မျိုးမက မြင်နေကြတော့ တမင် ရှောင်နေလိုက်တာပါ အစ်မရယ်...
"ခု ဘယ်အဆောင်မှာနေတာလဲ"
တစ်လုံးချင်းစီမေးလိုက်သောကြောင့် မှုံ ပါးစပ်ပိတ်သွားလေတော့သည်.. .တကယ်ပဲ သိနေလေပြီ....
"ဖြေလေ မှုံ တို့ကို ကြည့် မှုံ့ကို တို့ညီမလေးတယောက်လို ချစ်တယ်ဆိုတာ သိတယ်နော်....ဘာလို့ တို့ မသိတဲ့ အကြောင်းအရာတွေကို ရင်မဖွင့်ပြခဲ့တာလဲ ...မှုံက တို့ခင်သလောက် တို့ ချစ်သလောက် မချစ်ခင်ခဲ့ဘူးကွာ အဲ့လိုကျတော့ တို့ ခံစားရတယ်...ရုတ်တရက် အဆက်ဖြတ်တယ်...လာတွေ့တော့ ရှောင်နေတယ်...တို့ကိုပဲ ကွက်ပြီး ရှောင်နေတာမလား..ကျန်သူတွေနဲ့ကျ အဆင်ပြေနေတာပဲ..."
"အဲ့လို မဟုတ်ပါဘူး အစ်မရယ်"
"တို့ကြောင့်ဆိုတာ သိပြီးပြီ...မှုံ မင်းကို အဆောင်ကထုတ်လိုက်တာလား"
"မဟုတ်ပါဘူး မှုံ့ဘာသာ ထွက်တာ အပြင်ဆောင်မှာနေချင်လို့ စားရတာလဲ အဆင်မပြေလို့ပါ ဘာလို့ထုတ်မှာလဲ"
"မှုံ မညာတတ်ဘူးဆ်ုတာ တို့သိတယ် နောက် ဘာကိစ္စပဲ ရှိရှိ တို့ကို ပြောပါ...ခင်ရင်ပေါ့ အစ်မတယောက်လိုလေးစားရင်ပေါ့ ပြီးတော့ မှုံ"
မတ်တပ်ရပ်ပြီး စားပွဲပေါ် လက်ထောက်ကာ ကိုယ်ကိုင်းပြီး မှုံ အပေါ် အုပ်မိုးလာသော ဆိုင်နွန်းကို မရဲတရဲ ပြန်မော့ကြည့်သည်...
"ရှင့်"
"တို့နဲ့ အရင်လို ပြန်နေပေးပါလား စိတ်ချ ရှေ့ဆက်ပြီး တို့နဲ့ ခင်လို့ မှုံစိတ်မဆင်းရဲစေရဘူး...အထင်လဲ မလွဲစေရဘူး တို့က အမြဲတမ်း ညီအစ်မတွေပဲ ...မိန်းကလေးချင်း ချစ်နေကြတဲ့ တို့နဲ့မ အတွဲကို ထောက်ခံအားပေးလို့ မှုံ အပြောခံရရင်တောင် တစ်ယောက်တည်းမဖြစ်စေရဘူး နော် မှုံ လက်ခံမယ်မလားဟင်"
"ဟို...လေ.."
"ဘာလဲ လက်မခံဘူးလား"
"အဲ အဲလိုလဲ မဟုတ်ပါဘူး အစ်မရဲ့"
"ပြီးရော လာ လိုက်ခဲ့"
မှုံ လွယ်အိတ် ကို ကူဆွဲပြီး တစ်ဖက်က မှုံလက်ကို ဆွဲကာ အပြင်ခေါ်ထုတ်တော့ မှုံ့ခင်မျာ ဖရိုဖရဲနဲ့ လိုက်ပါလာရတော့သည်....သိတယ်..
အစ်မဆိုင်နွန်း တစ်နေရာခေါ်သွားပြီး မနှင်းကို ကြွားတော့မှာဆိုတာ....မနှင်းနဲ့ပဲ အစ်မကို အဆင်ပြေစေချင်တာ မှုံ့ဆန္ဒ...တစ်ပါးသူအမြင်တော့ မှုံဟာ ဆိုင်နွန်းကို ချစ်နေသည်...မပိုင်ဆိုင်ရလဲ တွဲရရုံနဲ့ ကျေနပ်နေသည်ဟု မြင်ချင်မြင် တွေးချင်တွေးလိမ့်မည်...သို့သော် အစ်မကို စိတ်နဲ့တောင် ပြစ်မှားဖို့ စိတ်ကူးမရှိ...အစ်မတစ်ယောက်လိုသာ ချစ်သည်လေ..တစ်ဦးတည်းသော သမီးမို့လို့ ဆက်ဆံရေး ညံ့ဖျင်းလှသော မှုံအတွက် ဆိုင်နွန်းဆိုတာ ဘုရားကပေးတဲ့ လက်ဆောင်ပေပဲဟု သတ်မှတ်ထားသူပင်..
.
"ဆိုင်နွန်း...ဒီလာပါဦး "
ဆိုင်ကယ်ရပ်ပြီး အိမ်ထဲသို့ ကျော့ကျော့လေး ဝင်ခိုက် အပေါ်ထပ်တက်ရန် ခြေလှမ်းရွယ်စဉ် မေမေရယ် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ဝယ် တင်ပျဉ်ခွေထိုင် လို့ အမိန့်သား ထိုင်နေလေသည်... သာမာန်ထက် ပိုပြီး အေးစက်နေသော မေမေ့ပုံစံကြောင့် ကိုယ်ဘာများ အမှားလုပ်မိပါလိမ့်ဟု အပြေးအလွှား စဉ်းစားရင်း မေမေ့ရှေ့က ခုံတွင် ဝင်ထိုင်လိုက်သည်..
"ညည်း ခုတလော ဘာတွေ လုပ်နေလဲ"
"အာ...မေမေကလဲ သမီး ကျောင်းသူပဲ ဥစ္စာ...ကျောင်းသွားတာပေါ့"
မေမေ တစ်ခုခု သိထားဟန်တူသည်..ဘာသိထားမှန်းတော့ သူမ တွေးမရ...အကြောင်းမရှိရင် မေမေက ခုလို တကူးတက ထိုင်စောင့်ပြီး မေးနေမှာ မဟုတ်ဘူးလေ...
"ငါမေးမယ် မှန်မှန်ဖြေ"
"ဟုတ် '
"ညည်း မိန်းကလေးချင်း ကြိုက်နေတာဆို"
"ရှင်..."
အံ့သြသွားတာပါ...ဒီလို ကိစ္စ မေမေက ဘာလို့သိမှာလဲ...မေမေ ဖုန်းသုံးလဲ အင်တာနက်မှ မတက်တာ...ဘယ်သူက လာချွန်သွားပါလိမ့်...ကိုကိုပဲလား လို့ အနီးစပ်ဆုံးတွေးကြည့်သော်လဲ လုံးဝမဖြစ်နိုင်..ကိုကိုက နားလည်ပြီးသား...ဒါဆို ဘယ်သူကများ အားအားယားယား
"ဟဲ့ ဆိုင်နွန်း ငါမေးနေတယ်လေ"
"ရှင်...ရှင် မေမေ.."
"မိန်းကလေးချင်း ကြိုက်နေတာလားလို့ ဖြေလေ "
"ဟို...မေမေ ဘာတွေ လာမေးနေတာလဲ "
ဟိုလိုလို သည်လိုလို နဲ့ ပတ်ရှောင်ပြီး အခန်းထဲ ဝင်ပြေးရန် စိတ်ကူးကာ ထိုင်ရာမှ ထမည်အလုပ်
"ပြန်ထိုင်စမ်း....လိမ်ဖို့မကြိုးစားနဲ့ ဒီမှာ မအေက စကားပြောနေတာကို ရျောင်မလို့ လုပ်နေတာလား"
"မဟုတ်ပါဘူး မေမေရဲ့ "
"အာ့ဆို ဖြေလေ ညည်း နှုတ်မနှေးတတ်ဘူးဆိုတာ ငါသိတယ် ညည်းကို ငါမွေးထားတာ ဖြေလေ ဟုတ်လားမဟုတ်ဖူးလား"
သွားပြီ....တစ်ချိန်မှာ ဒီလို ဖြစ်လာမယ်ဆိုတာ ကြိုတင် တွေးခဲ့ဖူးပါလျက်နဲ့ သိခဲ့ပါရက်နဲ့ ....မေမေ မေးလာခဲ့ရင် ဘယ်လို ဖြေရမယ်ဆိုတာ ကြိုတင် မစဉ်းစားထားမိဘူး..တကယ်လဲ ခု မေးလာတဲ့ အခါကျတော့....ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး နားထင်နဲ့ နဖူးစပ်မှာ ချွေးစေးလေးတွေ ပျံတက်လာသည်...ရင်ဘတ်ထဲက သွေးတွေလဲ တဒိတ်ဒိတ် နှလုံးခုန်သံနဲ့ အပြိုင် ထိုးတက်နေသည်...ဆိုင်နွန်း လူကဲခတ်တော်တယ် ဆိုတာ မေမေ့ကို ခြေဖျားတောင်မမှီပါ...မေမေ သိပါလျက်နဲ့ သူမဆီက ပါးစပ်မှ ထွက်ကျ ဝန်ခံလာတာကို မေမေ လိုချင်တာနေမှာပင်...
သူမ ဖြေလိုက်ရင်ရော ...
အဲ့အဖြေတွက်ကို
မေမေ လက်ခံနားလည်ပြီး ကံကောင်းမှာလား
ဒါမှမဟုတ် ကဲ့ရဲ့ ရှုတ်ချပြီး မ နဲ့ ကွေကွင်းရမှာလား
သဲ ဘယ်လို လုပ်ရမလဲ မရယ်...
သဲ...ရင်တွေ ပေါက်ကွဲထွက်တော့မယ်..
.......
.....
Zawgyi

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now