.
.
"မ ကို သဲ ချစ်တယ် သဲကို အိမ်မက်ထဲ မှာ ထည့်မက်ပေးပါနော်"
ကလေးစုတ်....ပြောပြီးတာနဲ့ တန်း လိုင်းအောက်သွားတော့ သူမ မှာ ဖုန်းကိုင်လျက်သား...
တန်းလန်းကြီး ကျန်ရစ်ခဲ့လေတော့သည်...
အိပ်ချင်နေတာတောင် အိပ်ချင်စိတ်က ဘယ်ပျောက်သွားလဲ မသိတော့...
ညနေက သဲပို့ထားတဲ့ ပုံကို ကြည့်ပြီး သဲက သူ့ကောင်လေးနဲ့ ပြန်တွဲနေတဲ့ဟာကို...ပြီး အရင်လို rs တင်ထားတာပဲ ဖြုတ်ထားပေမယ့် ခုထက်ထိ သဲက သူ့ကောင်လေးနဲ့ တွဲနေတုန်းလေ...
သဲ ဖက်က စနောက်သည်ဖြစ်စေ...အတည်ပြောသည်ဖြစ်စေ..အဲလေ အတည်တော့ မဖြစ်နိုင်ပါဘူး...ဒီတိုင်းရိုးရိုးသားသား ခင်တာကို သူများတွေလို ချစ်တယ် ပြောတာပဲနေမှာပါ.
သဲ စိတ်ထဲ ဘာပဲရှိရှိ သဲ ချစ်တယ်လို့ ပြောခဲ့တဲ့ အချိန်နာရီနေ့ရက်တွေကို Date သတ်မှတ်ထားလိုက်သည်...
မ ဖက်က တကယ် ချစ်နေတယ်ဆိုတာ သဲ မှ မသိတာ သဲရယ် သဲ ချစ်တယ်လို့ ပြောလိုက်တဲ့အချိန် မ ရဲ့ ပုံမှန် နှုန်းနဲ့ ခုန်နေတဲ့ သွေးခုန်နှုန်းလေးတောင် ရပ်ဆိုင်းသွားသလိုပဲ...
မ လဲ အရမ်းပဲ ချစ်တယ်
ညစဉ်ညတိုင်း အိမ်မက်ထဲ သဲ ပဲ ရှိပါတယ်."မမေဦး...ဆိုဒ်ထဲမှာ အလုပ်သမား စာရင်း သွားယူပေးပါလား"
ဂျာကြီးကတော့ ခရီးရောက်မဆိုက် ခိုင်းနေပြန်ပြီ...ကားမောင်းပြီး ရုံးလာတိုင်း ရောက်ရင် ဘယ်သူ့ကို ဘာခိုင်းရမလဲဆိုတာ ကြိုတင်တွေးထားပြီလားမသိ...မမေဦးက အခုမှ ရောက်တဲ့ဟာကို...
"ကျမ ဆိုင်ကယ်မပါဘူး"
ဟုတ်သည်...ခုနကပဲ မမေဦး အိမ်က ဆိုင်ကယ်နဲ့ လာပို့သွားတာကို သူမလဲ မြင်သည်လေ...ထုံးစံအတိုင်း ဒီအလုပ်ဟာ သူမ အပေါ်ကို ကျလာမည်မှန်း သိပြီးသား....ငြိမ်ငြိမ်နေလို့ ရမယ်မှန်း ကြိုသိပြီးသကာလ ထရပ်လိုက်ပါတော့သည်..
"ကျမ သွားလိုက်ပါ့မယ်"
"မင်း အဆင်ပြေလို့လား"
"ရပါတယ်."
"Okလေ အဆင်ပြေတယ်ဆိုရင်လဲ သွားပေါ့ "
"ဟုတ်ကဲ့"
သူမ.အဲ့လို ဝင်ပြောလို့ မမေဦး သက်သာသွားတယ်မှတ်...
မဟုတ်ရင်တော့လား..မလွယ်ရေးချ မလွယ်...
ရှိသမျှ လူကို ပတ်ရစ်နေမှာပဲလေ.. ဆိုင်ကယ်သော့ နှိုက်ပြီး အပြင်ထွက်လာတော့ မမေဦး နောက်က လိုက်လာသည်..
"ဟင် ဘာလို့ လိုက်လာတာလဲ"
"မမ က ရစ်တော့မှာလေ....နားပူမခံချင်ဘူး"
"အစ်မရယ် မပေါ့မပါးနဲ့ကွာ..."
"ရတယ် ကဲ ဦးထုတ်လဲပါတယ် သွားကြမယ်"
ကိုယ်ဝန်ဆောင်သည်မို့ သူမ ဆိုဒ်ထဲ မမေဦးကို.တကယ်ပဲ မခေါ်ချင်ပါ...ဆိုဒ်ထဲက ငြမ်းတွေပေါ်လဲ တစ်ခါတလေ သူမတို့ တက်စစ်ရတယ်လေ...မမေဦးကို.သူဋ္ဌေးက ရုံးမှာပဲ ထားဖို့ ပြောခဲ့ပြီးသားကို...ဂျာကြီးက မရ...
အရစ်ရှည်တဲ့ ဂျပန်မူလီ အပျိုကြီးကို သူမတို့ တစ်ရုံးလုံးက အမြင်ကပ်ကြသည်လေ...ကျောပူတော့.ခံနိုင်ပေမယ့် နားပူတော့ မခံချင်ကြဘူးလေ..
ဆိုဒ်ထဲရောက်လာတော့ သူမက အလုပ်သမားခေါင်းဆောင်.ကိုအုန်းကြည် ဆိုသူနဲ့ စကားပြောနေစဉ် မမေဦးက ရုံးက ဂျာကြိး ဘာတွေ မှာဖို့ လိုနေပြန်သေးလဲမသိ ..
ဖုန်းဆက်လာသောကြောင့် ခပ်လှမ်းလှမ်းမှာ ဖုန်းသွားပြောနေသည်..
"ကိုအုန်းကြည်...ဒီနေ့က လူနှစ်ဆယ်ပဲလား"
"ဟုတ်တယ်အစ်မ"
"ဒီတစ်လ အတွင်းပြီးပါ့မလားနော် သူဋ္ဌေးကလဲ လောနေပြီ"
"အလုပ်သမားတွေက များတယ်ဗျ....နေ့စားလုပ်ကြတာဆိုတော့ တစ်ချို့က နည်းနည်းလေး ပြောတာဆိုတာ မခံချင်ကြဘူး..လိုက်ချင်ကြတဲ့သူတွေ ရှိပေမယ့် အပင်ပန်းကလဲ မခံနိုက်ဘူး. တစ်ခါတည်းအများကြီး လုပ်ကြရင်လဲ ရေသာခိုသူတွေက ခပ်များများ အစ်မရဲ့"
ဟုတ်သည်...ကိုအုန်းကြည် ပြောသလိုပင် လူများလေ ရေသာခို ချောင်ကပ်နေတာနဲ့ ထင်တိုင်းပေါက်ရောက်မည်မဟုတ်ဘူးလေ..
'ဟုတ်တယ်နော် ကျမ တို့ အလုပ်ဆိုတာမျိုးကလဲ လူညီမှပဲ ခန့်မှန်းသလောက် ရမှာ ပြောတိုင်းရ မှလဲ စိတ်တိုင်းကျတာ..
မပြောပဲနေရင်လဲ မရဘူးလေ.. ကလေးကစားစရာမဟုတ်တော့ အန္တရာယ်ကများသေး.."
"တချို့ဆို ဆိုဒ်ထဲရောက်ရင် ဦးထုတ်လဲ ဆောင်းခိုင်းလို့ မရဘူး"
'သေချာ ဆောင်းခိုင်းမှရမှာလေ...မတော်လို့ အုတ်တွေ ဘာတွေ စီနေတာ ကျလာရင် အလုပ်ထဲ မှာ ဒဏ်ရာတွေ ရကုန်တော့မှာပေါ့"
"အစ်မကလဲဗျာ ဟိုမှာ အစ်မ တစ်ယောက်တောင် မဆောင်းဘူးဗျ"
ကိုအုန်းကြည်က ခပ်လှမ်းလှမ်းမှာ ဖုန်းပြောနေတဲ့ မမေဦးကို ညွှန်ပြပြီး ပြောနေသည်...
ဟင်...အပေါ်မှာလဲ အုတ်စီနေတာကို အဲ့အောက်တည့်တည့်မှာမှ သွားပြောရလား..
"ခဏနော်.."
သွားသတိပေးမှ...တော်ကြာနေ အပေါ်က အုတ်ကျလာရင် ကိုယ်ဝန်သည်ကြီး မပေါ့မပါးနဲ့ ရှောင်ရတိမ်းရ မလွယ်ရေးချမလွယ်..
မမေဦးထံသို့ မရောက်ခင် ခြေလှမ်း ဆယ့်ငါးလှမ်းစာ အလို၌ အပေါ်မှ အုတ်ခဲ ကျလာသည်ကို မြင်၍
"မမေဦး"
အလန့်တကြား အော်ရင်း ပြေးလိုက်သည်...
ခွပ်ခနဲ အုတ်ခဲ မြေပြင်ပေါ်ကျသွားပြီး မမေဦး နဲ့ တကွ သူမ သီသီလေးလွတ်သွားသည်....အောက်မှာ ရှိနေကြတဲ့ အလုပ်သမားအချို့ သူမတို့ အနီးသို့ ပြေးလာသည်...
"အစ်မတို့ ဘာဖြစ်သွားသေးလဲ"
ကိုအုန်းကြည်ကလဲ အပြေးလေး ရောက်လာရင်း မေးလိုက်သည်... သူမ မဖြေအားပဲ အပေါ်မော့်ကြည့်လိုက်တော့ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် ပြူးးပြူးပျာပျာနဲ့ ငုံ့ကြည့်နေရှာသည်...မမေဦးကို ဆွဲထနေသူတွေ ကို သူမ ဂရုမစိုက်အား...ပန်းရံကိုင်နေသော လူက ထိုကောင်လေး ခေါင်းအား ဖျပ်ခနဲ နားရင်းအုပ်လိုက်တာ မြင်လိုက်၍
"ကိုအုန်းကြည် အပေါ်က လူကို ခေါ်ခဲ့ပါ"
"ဗျာ အစ်မ"
"ကျမ တို့ ဟိုဖက်က ဂိုဒေါင်ထဲမှာ စောင့်နေမယ် လာ မမေဦး"
အခုထိ ထိတ်လန့်ဟန် မပြေသေးတဲ့ မမေဦးကို လှမ်းခေါ်တော့ မမေဉိးက သူမကို တစ်လှည့် မြေပြင်ကို တစ်လှည့်ကြည့်နေသည်...
"ဘာဖြစ်လို့လဲ ဟင်"
မမေဦးရဲ့ ပခုံးကို ကိုင်လှုပ်ပြီး မေးကာမှ
"ဟိုမှာ ကြည့်ဦးလေ "
အို...ဘုရားရေ
မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပါသည်... လူတွေအကုန်လုံးက သူမတို့အား ဝိုင်းလျက်..
ခဏက အသက်ဘေးမှ သူမရဲ့ လျင်မြန်သွက်လက်မှုကြောင့် မမေဦးရော သူမပါ အသက်ဘေးကို ကံကောင်းထောက်မစွာ လွတ်လာသည်လေ...
နောက်ဆက်တွဲ အခြေအနေကျ သူမအတွက် အကြီးအကျယ် ကံဆိုးရပြန်ပါသည်...
သူမရဲ့ ချစ်လှစွာသော တန်ဖိုးထားလှသော ဆမ်ဆောင်း ဖုန်းမှာ အခုကျ အုတ်ခဲရဲ့ တည့်တည့်ကျမှုကြောင့် မှန်တွေ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားသည်လေ...ဘယ်လိုကနေ ဘယ်လို ကျသွားသည် မသိ....
ဖုန်းလေးကို တယုတယကောက်ယူပြီး လူအများရှေ့မှာ ရှိနေတာကို ဂရုမစိုက်နိုင်အား...မျက်ရည်လေးက ဝဲခနဲ...
ဒီဖုန်းကို သူမတက္ကသိုလ် စတက်တဲ့နေ့က ဖေဖေ အမှတ်တရ ဝယ်ထားပေးခဲ့တာလေ....ခုကျတော့ သူမရဲ့ ပေါ့ဆမှုအောက်တွင် ကျိုးကြေနေပြီလေ....
"အစ်မ ခေါ်ထားပြီ"
ကိုအုန်းကြည် က အလိုက်မသိစွာ ဝင်ပြောတော့ သူမ ဆတ်ခနဲ အသိပြန်ဝင်လာပြီး ထရပ်လိုက်သည်.....
"Ok.. ဂိုဒေါင်ထဲ ခေါ်ခဲ့ပါ"
ဟု ခက်ပြတ်ပြတ်ပြောပြီး အရှေ့မှ လှည့်ထွက်လာခဲ့သည်..
ဝမ်းနည်းကြေကွဲနေပေမယ့် ဒါက အလုပ်ချိန်ကြီးလေ...ကိုယ့်လက်အောက်ငယ်သားတွေ ရှေ့မှာ သူမ ငိုပြနေလို့မှ မရတာ...ကိုအုန်းကြည်နဲ့ပါလာတဲ့ သုံးဆယ်ကျော် အရွယ် လူလတ်ပိုင်းတစ်ဦး ရယ် ဆယ့်သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်ရယ် ခပ်ကုပ်ကုပ်ပါလာသည်...သူမ ဘယ်လောက်ထိ သတိလွတ်နေလဲမသိ...ခဏက လဲကျခ့သောကြောင့် ကိုယ်မှာ ကပ်နေတဲ့ မြေမှုံ့ သဲမှုံတွေကို ခါချဖို့မေ့နေသည်လေ...
တည်တည်ငြိမ်ငြိမ်ဖြစိအောင် ဟန်ဆောင်ပြီး ထိုင်ခုံပေါ် ထိုင်လိုက်သည်...ရှေ့မှာ ခေါင်းငုံ့ထားသော လူနှစ်ယောက်
"ကဲ ပြောပါဦး ဘယ်လိုဖြစ်တာလဲ"
သူမ အမေးကို ကလေးက မဖြေရဲပဲ အောက်ပဲ ငုံ့ကြည့်နေသည်...ဒူးတွေလဲ တုန်ယင်နေတာကို သူမ မြင်နေရသည်...ထို့အတူ လူရွယ်လဲ ကြောက်နေတဲ့ပုံပင်..
"ဟေ့ ပြောလိုက်လေကွာ"
ဘေးမှာ ရပ်ကြည့်နေတဲ့ ကိုအုန်းကြည် ဝင်ဟန့်တော့မှ ထိုလူရွယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်
"ကျ...ကျနော်.က သူ့ကို နိုင်သလောက်ပဲ သယ်ခိုင်းတာပါ..သူက ငါးတုံးတောင် သယ်လာတာ ပြီး....ပြီးတော့လေ..."
"ရပြီ"
သူမ လက်ကာပြလိုက်တော့ ထိုလူ စကားရပ်သွားသည်..
"ဒီမှာ ကိုအုန်းကြည် ရှင် ဘယ်လိုလူတွေ ထည့်နေတာလဲ "
"ဗျာ အစ်မ ....ဒီလိုကိစ္စမျိုးက ဆိုဒ်အတွင်းမှာ ဖြစ်နေကျပဲလေ"
"ကျမ ပြောတာ အဲ့ကိစ္စမဟုတ်ဖူး ဒီလိုမျိုး အမှတ်မထင် ဖြစ်တတ်တာကို နားလည်တယ် သိတယ် ကျမ ဆိုလိုတာက ရှင်ပဲ ခုနလေးမှ ပြောခဲ့တယ် အလုပ်က လုပ်ချင်သမားများတယ်ဆို"
"ဟုတ်တယ်လေ"
"ဒါဆို ဘာလို့ ဒီ ကျောင်းနေတဲ့အရွယ် ကလေးသေးသေးလေးကို ဒိလို ခက်ခဲကြမ်းတမ်းတဲ့အလုပ်ထဲ ခေါ်ခိုင်းရတာလဲ"
"ဟို....ဟို...သူက.."
"အကြောင်းပြချက်တွေ မပေးပါနဲ့ ဒီနေ့ကစပြီး ဒီလို အလုပ်ထဲ ကလေးမခေါ်ပါနဲ့....အစတည်းက ပြောထားပြီးသား...ဆယ့်ရှစ်နှစ် ပြည့်ပြီးတဲ့ လူတွေပဲ ခေါသုံးရမယ် ဆိုတာ ရှင်တို့ သိနေတာပဲကို "
"ဒါက ဒီလို ရှိပါတယ် အစ်မ...ဒီကလေးမှာ မိဘတွေမရှိတော့ဘူး...သူ့ဘဝ သူ့ ဝမ်းစာတွက် ဒီလိုပဲ ကြုံရာကျပန်းလုပ်ပြီး ဝမ်းတစ်ထွာလောက်လေးကို ခက်ခက်ခဲခဲရှာစားနေလို့ပါ"
"အဲ့ဒါတွေ ကျမ မသိဘူး...ကျမ သိတာ နောက်ထပ် ဒီကလေးကို အလုပ်ထဲခေါ်မသွင်းပါနဲ့ သူ့ဟာသူ တစ်ခြားအလုပ်လုပ်ပြီး ရှာစားနေတာကမှ အသက်ရှည်ဦးမယ် ဒါပဲ ကျမ ပြောချင်တယ်..ဒီနေ့ စာရင်း အကုန်က ဒီလောက်ပဲလား"
"ဟုတ်ကဲ့ အစ်မ"
"ဒါဆို မမေဦးရေ ကျမ တို့ ပြန်ကြရအောင်"
အလုပ်သမား စာရင်းဖိုင်ကို ကျောပိုးအိတ်ထဲ ထည့် လိုက်သလို သူမရဲ့ ပျက်စီးကြေမွသွားတဲ့ ဖုန်းကိုလဲ အသာတကြည် အိတ်ထဲ ထည့်လိုက်သည်....ကိုအုန်းကြည်နဲ့ ရှိတဲ့ အလုပ်သမားတွေ ထွက်သွားတော့ နောက်ဆုံး မှ သူမနဲ့ မမေဦး ဆိုဒ်အပြင်ဖက်က ဆိုင်ကယ်ရပ်ထားရာ လျှောက်လာလိုက်သည်..
လမ်းလျှောက်ရင်း မမေဦးက
"စိတ်မကောင်းပါဘူး နှင်း နှင်းရဲ့ ဖုန်းက. အစ်မ ကြောင့် ပျက်သွားပြီ ပြင်လို့လဲရမှာ မဟုတ်တော့ဘူး"
"ကွဲသွားတာတောင် စိစိညက်ကြေသွားတော့ သုံးမရတော့ဘူးပေါ့ အစ်မရဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ အပေါ်ကရင်း ကျတာဆိုတော့ ဖုန်းမကွဲရကးင် အစ်မ ခေါင်းကကွဲမှာအသေအချာပဲ လူ့အသက်နှစ်ချောင်းနဲ့ ဖုန်းတစ်လုံး လဲလိုက်ရတာ တန်ပါတယ် အစ်မရဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ နော်"
"အစ်မ အသစ်တစ်လုံး ပြန်ဝယ်ပေးမယ်လေ"
"ဟာ မလုပ်ပါနဲ့အစ်မရဲ့ ...ဒီဖုန်းက စတည်းက ကြောင်နေပြီးသားပါ အသစ်လဲဖို့ လိုနေတာ မလဲဖြစ်သေးတာနဲ့ ကြာသွားတာ အစ်မ ပြန်ဝယ်ပေးစရာမလိုပါဘူး"
မမေဦး စိတ်သက်သာစေရန် အားပေးစကားပြောလိုက်သည်.. ဘယ်လိုလျှော်နိုင်မှာလဲ..မမေဦးလို စာရင်းစစ် တစ်ယောက်ရဲ့ လစာအောက်မှာ ခိုလှုံနေကြသူတွေက အများကြီးရယ်..ကားဝပ်ရှော့မှာ စက်ပြင်ဆရာ လုပ်နေတဲ့ သူ့ယောက်ျားဝင်ငွေကလဲ ခြောက်ယောက်ရှိတဲ့် မိသားစုကြီးကို ဘယ်လိုလုပ် အကာအရံ ကောင်းကောင်းပေးနိုင်ပါ့မလဲလေ..
စကားတပြောပြောနှင့် လျှောက်တော့ သူမတို့ ဆိုင်ကယ်ရပ်ထားရာ မျက်စောင်းထိုး ခရေပင်အောက်တွင် ကောင်လေးတစ်ယောက် ငိုနေသည်..သူမ အလုပ်ထုတ်ခဲ့သည့်ကလေးပင်...ကလေးအနီးသို့ လျှောက်သွားပြီး
"ကလေး"
မော်ကြည့်လာသည်..ပြီးကျ နေရာမှထပြေးဖို့ပြင်တော့ သူမ လက်လှမ်းဆွဲလိုက်ပြီး
"ဟိတ် နေဦးလေ..ဘယ်ပြေးမလို့လဲ"
သာသာလေး ပြန်ထိုင်စေလိုက်သည်...ကလေးရှေ့ ဒူးတစ်ဖက်ထောက်ပုံစံမျိုးနဲ့ပဲ
"သား ဒီအလုပ်ကို ဘာလို့ လာလုပ်တာလဲ"
"သား....သားမှာမှ စားဖို့မရှိတာကို.အန်တီရဲ့"
သူမလို အရွယ်ကို အန်တီဟု သုံးလိုက်သောကြောင့် ရယ်ချင်သွားသည်..
"ဒီအလုပ်က ပိုက်ဆံဘယ်လောက်ရလို့လား"
"ပိုက်ဆံရဘူးဗျ ထမင်းနှစ်နပ်ကျွေးတယ်လေ"
ဟာ...ဘယ်လိုတွေတောင်လဲ....နေ့တိုင်း တစ်ရက်ငါးထောင်နဲ့ သူမတို့ ထုတ်ရှင်းပေးနေတဲ့ဥစ္စာကို..တွေးရင်းနဲ့ မှ ဒေါသက ဖြစ်လာသည်..
"ကလေး မိဘတွေကော"
"မရှိတော့ဘူး "
"ဒါဆို ဘယ်သူနဲ့နေတာလဲ"
"အဖွားအိမ်မှာနေတယ်"
သူ့အဖွားကလဲ ကလေး ဒီလိုလုပ်နေတာ မသိဘူးလားမသိ....သနားလာသည်. ကိုယ်ချင်းစာမိသည်...ဘဝဆိုးလှသော ဒီကလေးကို ဘယ်လို ကူညီထောက်ပံ့ရမလဲ မသိ....သူမတို့လဲ ပြည့်စုံတဲ့ ဘဝမျိုးမှ မဟုတ်ပဲလေ....စိတ်မကောင်းခြင်းများစွာ ဖြင့် ကျောပိုးအိတ် ထဲမှ ပိုက်ဆံအိတ်ကိုယူကာ နှစ်သောင်းလောက် ဆယ်ပြီး
"ရော့ ကလေး....ချွေတာသုံး အဖွားက ဘာဖြစ်နေတာလဲ "
"သား အဖွားက လမ်းမလျှောက်နိုင်ဘူး အန်တီ"
"အိုကွယ်...ဖြစ်ရလေတယ်"
သူမပေးတဲ့ ပိုက်ဆံကို လက်နှစ်ဖက်နဲ့ ရိုကျိုးစွာယူပြိး နေရာမှ ကလေးငယ်ပြေးထွက်သွားသည်ထိ သူမ အဲ့တိုင်း...
..သူမတို့ထက်ဆိုးတဲ့ ဘဝတွေ အများကြီးရှိသေးပါလား...
ဘာပဲပြောပြော တပတ်တာတော့ သဲ နဲ့ ဝေးရဦးမည်...
လမှမကုန်သေးတော့ ဘယ်ပိုက်ဆံနဲ့ ဖုန်းဝယ်နိုင်ပါ့မလဲလေ..
ရသမျှ လစာကို တိုက်ခန်းလေးတစ်ခန်းလောက် အပိုင်ဝယ်နိုင်ဖို့ ဘဏ်မှာ အပ်ထားရသည်လေ...ဒီအပတ်တော့ နှစ်သိန်းလောက်တော့ သုံးရတော့မည်....သဲ ဖုန်းနံပါတ်လေး မတောင်းထားမိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတော့သည်.
.
"အစ်မ ဘာဖြစ်နေတာလဲ "
မာလာကင်း ဆိုင်မှာ အဖွဲ့လိုက် မာလာဟင်း လာစားကြသည်....တစ်ဖွဲ့လုံး စကားတပြောပြောနှင့် ဆူညံပွက်လော ရိုက်သလောက် အမြဲလို လို တက်ကြွ လန်းဆန်းနေတတ်တဲ့ ဆိုင်နွန်း ငြိမ်ချက်သား ကောင်းနေတာကို မှုံက သတိထားမိစွာ မေးလိုက်သည်.
"ဘာမှမဖြစ်ပါဘူး"
"ခုရက်ပိုင်း အစ်မ မှိုင်နေသလိုမို့ နေမကောင်းဘူးလား"
"ကောင်းပါတယ်"
ကောင်းပါတယ်သာ ပြောတာ မျက်လုံးလေးတွေက ရီဝေဝေနဲ့ရယ်...ဒီနေ့ ကိုအိုက်ထွေး မပါလို့များလား..
ကိုအိုက်ထွေးကလဲ သူ့ပြသနာတွေ ရှင်းနေရသည်..သူက လမ်းခွဲချင်နေပေမယ့် ဟိုတရုတ်မလေးက မခွဲပေး...ဆိုင်နွန်းဖက်ကို ပြန်လာချင်နေတဲ့ အိုက်ထွေး..တကယ်ချစ်တာက တစ်ယောက် တွဲဖြစ်နေတာက တစ်ယောက် အတော့်ကို ရှုပ်နေသည်လေ...
ဒီနေ့လဲ ကျောင်းမတက်ပဲ မြို့ပြင်က ကွန်ပျူ တာ တက္ကသိုလ်ကို သွားခဲ့သတဲ့..ဒါကြောင့်များလား..
လက်ထဲမှ ဖုန်းကို ခဏခဏ ထုတ်ကြည့် လိုင်းတက်လိုက် ဆင်းလိုက်နဲ့ မြင်ရသူ မမြင်ရသောအခါ ဖြစ်လာတဲ့ ဝမ်းနည်းမှု...ဘာများဖြစ်နေပါလိမ့်ဆိုတဲ့ နောက်ဆက်တွဲ စိတ်ပူမှု...စိုးရိမ်မှုတွေကြောင့် ဆိုင်နွန်း သူများပျော်လို့ မပျော်နိုင် ရည်းစားပူမိလို့ မှိုင် ရသကဲ့သို့ ဖြစ်နေပြီလေ..
မာလာကင်းဆိုင်ကို ဆိုင်ကယ်တွေနဲ့အဖွဲ့လိုက်လာ စားကြ...ပြီးရင် တစ်ဆက်တည်း ရေကန်တောင်သွားကြဦးမည်...
မလိုက်ချင်ပေမယ့် မှုံ အတင်းခေါ်သောကြောင့် လိုက်သာလာရသည်.
လူက ဒီနေရာမှာ စိတ်ကတစ်ခြားစီ...
နေရာတကာ စနစ်တကျ လုပ်တတ်တဲ့ သူမ
အခုကျ မ ရဲ့ ဖုန်းနံပါတ်ကိုမှ မတောင်းထားမိတဲ့ ပေါ့ဆမှုကြောင့် သူမ ချစ်တယ်လို့ ပြောပြီးတည်းက မ ဖက်က ဘာလိုင်းမှ တက်ကိုမလာတော့တာ...စိတ်ဆိုးသွားတာလား လဲ မသိ...စာတွေတော့ အများကြီးပဲ ပို့ထားလိုက်သည်...
တပတ်လောက်ထိ ကြာလာတော့ သူမ နေမထိ ထိုင်မသာ ဖြစ်လာသည်...
လိုင်းပေါ်ကအချစ် အစစ်ဖြစ်နေပြီလားမသိ..
အခြေအနေတွေက ဆိုးရွားလွန်းသည်...သူမရဲ့အချစ်က လိုင်းတက်မှ ဆက်ချစ်ရမယ့်အမျိုး....ဖုန်းနံပါတ်တောင်းထားသင့်တာရယ်...
ရေကန်တောင်ရောက်တော့ ဝင်ကြေးကို ပေးပြီး ဝင်လိုက်သည်...ဝင်ဝင်ခြင်း အဆောက်အအုံဆီသို့ တန်းသွားပြီး အထဲမှာ မြေမှုန်တွေနဲ့ ညစ်ပတ်နေပေမယ့် ထိုင်ချလိုက်သည်..
ကျန်သူတွေက ရေကန်နောက်ခံထားပြီး ပုံတွေ ဆက်တိုက်ရိုက်နေပေမယ့် မှုံချယ်ရီဦး နဲ့ ဆိုင်နွန်း ကတော့ တိတ်ဆိတ်လျှက်..
မှုံက ဆိုင်နွန်းရဲ့ အခြေအနေကို စောင့်ကြည့်နေသည်...
ဖုန်းကိုင်လိုက် ချလိုက် ပြီး သက်ပြင်းအခါခါချပြီး အဝေးကို ငေးကာ မှိုင်တွေနေတော့သည်.
"အစ်မ"
မဝံ့မရဲ မှုံရဲ့ခေါ်သံကြောင့် ငဲ့စောင်းကြည့်လာသည်.
"ပြောလေ...မှုံ"
"မှုံ အစ်မကို ကြည့်ပြီး စိတ်ထဲလေ တစ်မျိုး မတင်မကျကြီး ဖြစ်နေတာရှိတယ်"
ဟု တွေးတွေးဆဆလေး အောက်က ရေကန်ဖက်ကို အဓိပ္ပါယ် မဲ့ လှမ်းကြည့်ပြီး ပြောလိုက်သည်...သူမ သက်ပြင်းတစ်ကြိမ် လေးလေးပင်ပင် ချလိုက်ပြန်သည်...မှုံ ကြည့်နေတဲ့ ရေကန်ဖက် မျက်နှာမူလိုက်သည်..
"ပွင့်ပွင့်လင်းလင်း ပြောပါ မှုံရဲ့ တို့ကို အားမနာပါနဲ့နော် "
"အစ်မ တစ်မှိုင်မှိုင်နဲ့ ဘာဖြစ်နေတာလဲ.ကိုအိုက်ထွေးကို ချစ်နေတာလားဟင်"
"ဟာ...မချစ်ပါဘူး"
အိုက်ထွေးကို.ဆိုတာကြောင့် ချက်ချင်းကောက်ငြင်းပလိုက်သည်.
"ဒါဆို အစ်မ တစ်ယောက်ယောက်ကို ချစ်နေတာပဲ မညာရဘူးနော်...ပြောကြည့် အစ်မ ဘယ်သူ့ကို ချစ်နေတာလဲ ဘာ ပြသနာတြွေဖစ်နေတာလား"
သူမ.မျက်လုံးထဲကို သေချာကြည့်ပြီး မေးလိုက်တော့ သူမ ဘာပြန်ဖြေရမည်မှန်းမသိ တော့ချေ...
ဒီနေရာမှာ မှုံဟာ အဖြူ ထည် ကောင်မလေးတစ်ယောက်မဟုတ်တော့ပါလား...မျက်လုံးတွေက စူးရဲနေသည်..
ဒါကို ရင်မဆိုင်ရဲစွာ သူမ မျက်လွှာချလိုက်ရသည်..
"အစ်မ မေးနေတာ ဖြေလေ...ဒါမှ မှုံ အစ်မကို ကူညီလို့ရမယ်"
ဟူး...ခက်တယ်မှုံရယ် ...တို့ ဘာပြောပြရမှန်း မသိဘူး..
"မှုံ"
,အက်ကွဲခြောက်သွေ့စွာ ခေါ်လိုက်သည်...မှုံက ပြောဆိုတဲ့ သဘောနဲ့ မေးငေါ့ပြသည်..
"မိန်းမချင်း.ချစ်တယ် ဆိုတာကို.လက်မခံလား"
မထင်မှတ်ထားတဲ့စကားမို့လား...မှုံ မျက်နှာထား သိသိသာသာ ပျက်ယွင်းသွားသည်..သူမကိုလဲ ထူးဆန်းသတ္တဝါကို ကြည့်နေသလို အကြည့်မျိုးဖြင့်...မှုံက သိချင်လျင်တော့ ပြောကို ပြောပြရမည်...လောလောဆယ် သူမလဲ မွန်ူကြပ်လွန်းနေသည်ပဲ...တစ်ယောက်ယောက်ကို ရင်ဖွင့်ပြမှပဲ နေသာတော့မည်လေ.
"တို့ အပြင်မှာ မဆုံဖူးတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတယ် မှုံ....လိုင်းပေါ်မှာ စကားတွေပြောဖြစ်ကြ..ပုံတွေ ပို့ကြရင်းနဲ့ တို့ သံယောဇဉ်တွယ်လာတယ်...ပြီးခဲ့တဲ့ အပတ်က တို့ သူ့ကို ချစ်တယ်လို့ ဝန်ခံခဲ့တယ် အဲ့ညကစ သူ လိုင်းက Off line ပဲ ဖြစ်နေရော...တို့ရဲ့ပေါ့ဆမှုကြောင့် သူ့လိပ်စာ သိပေမယ့် ဖုန်းနံပါတ် တောင်းမထားမိဘူး...ခု အဲ့ကိစ္စနဲ့ မတင်မကျဖြစ်နေတာ...တို့ ဝန်ခံမိတာ မှားသွားလား.မိန်းမတစ်ယောက် က မိန်းမတစ်ယောက်ကို ချစ်ရေးဆိုတာ အပြစ်ရှိလို့လားဟင်"
သူမ စကားတိုင်းကို မှုံ အလေးအနက် နားထောင်ကာ ကူစဉ်းစားပေးနေသည်..
"တစ်ဦးအပေါ်တစ်ဦး မေတ္တာထားရှိတာ အပြစ်မဟုတ်ပါဘူး အစ်မရဲ့...ချစ်ခြင်းမေတ္တာဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းသာယာမှုကို ပေးတဲ့ အရာပဲလေ...ဘယ်သူက ဘယ်သူ့ကို ချစ်ချစ်..ချစ်တာဟာ ကောင်းမြတ်ခြင်းပါ...အပြစ်လို့ သတ်မှတ်နေတဲ့သူ ရှိရင်တော့ ချစ်ခြင်းတရားကို တန်ဖိုးမထားပဲ သူကိုယ်တိုင်ကိုက အချစ်မခံဖူးတဲ့သူ မချစ်ဖူးတဲ့သူ ချစ်ခြင်းတရားနဲ့ မထိုက်တန်တဲ့သူ မို့လို့ပေါ့ ...."
"သူ့ဖက်က လုံးဝကြီး အဆက်ဖြတ်သွားတာကကော..."
"အကြောင်းရှိလို့ နေမှာပါ စုံစမ်းလို့ရနေတာပဲလေ"
"သူ့လိပ်စာ မန်း မှာ ရှိတဲ့အမည်က လွဲပြိး ကျန်တာ မှ တို့မသိပဲ"
"ဟာ လိပ်စာပဲ သိနေပြီလေ...ဘာသိရဦးမှာလဲ အဲ့လောက်လွယ်တဲ့ကိစ္စ"
"တို့ ဘာဆက်လုပ်ရမလဲ"
"အစ်မ သူ့ကို တကယ်ချစ်တာ သေချာရင် လိုက်သွားကြည့်သင့်တယ်"
-အယ် တို့ က ကျောင်းနဲ့"
"ဒီအပတ် လေးရက် ပိတ်တယ်လေ...လကုန်ဆက်ပြိ.."
"အိမ်ကို ဘယ်လို ပြောရမလဲ"
"မှုံလဲ နောင်ချို ပြန်မှာ မှုံနဲ့ လိုက်မယ်ပြောလေ....ကျန်တာတော့ အစ်မက မန်းကို ဆက်ဆင်းပေါ့"
ဟိုက်....အတော် အကွက်ချ စီစဉ်တတ်တဲ့ မှုံကလေးပါလား...
လူသာငယ်တာ ....အကြံက မသေးဘူးရယ်...
သဘောကျစွာဖြင့် မှုံ့ပါးလေးကို ရွတ်ခနဲ တစ်ချက်နမ်းလိုက်သည်..
"တော်လိုက်တဲ့ မှုံကလေး...ဒါဆို ဒီအပတ်ထဲ တို့ စွန့်စားကြတာပေါ့ မန်းကိုတော့ သေချာ မရောက်ဖူးဘူး"
"အချစ်ကြောင့် စွန့်စားရတာ ရင်ခုန်မှု တစ်မျိုးကြီးပဲ မလား လုပ်ကြည့်ပေါ့ "
"အေ့ပါကွာ"
ထိုအခါမှပဲ ဆိုင်နွန်း မျက်နှာက ပြန်ပြီး ကြည်သာရွှင်ပြလာလေတော့သည်...မှုံ့ခမျာ သူ့အစ်မတော် ပြုံးပျော်နေတော့မှ သူလဲ စိတ်ချမ်းသာရသည်ထင့်...
..
...
Zawgyi