.
.
အိမ်ရှေ့မှ ကားရပ်သံကြောင့် ဒေါ်နှင်းမြ သမီးဖြစ်သူကို စောင့်ရင်း ဧည့်ခန်းတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပုတီး စိပ်နေရာ မှ လှမ်းကြည့်လိုက်သည်... ဦးစွာ အိမ်ပေါ် တက်လာသူက သမီး သူငယ်ချင်း ဇေယျာပင်...
သူ့ကို မြင်တော့
"ဆရာမ အိပ်သေးဘူးလား ဗျ"
"အင်း.မအိပ်သေးပါဘူး "
"ကျနော့်ကို မှတ်မိသေးလား"
"ဇေယျာမလား..."
သူ မှတ်မိပုံကို ဇေယျာက သဘောကျဟန်ဖြင့် ပြုံးလိုက်သည်...ပြီးနောက် လက်ထဲက ကိုင်လာသော အထုတ်တွေကို
"ဆရာမ ကျနော် ဝယ်လာပေးတာဗျ"
"အိုကွယ် တကူးတကကြီး ဆရာမ တွက် မလိုပါဘူး"
"ယူပါဗျာ"
"ထိုင်ဦးလေ"
"ဟုတ်"
ဆက်တီတွင် ထိုင်လိုက်ကြသည်...ဒီသူငယ်လေးကို စတည်း က ရင်းနှီးပြီးသားပင်.. ... ကိုယ် သင်ခဲ့ရတဲ့ သမီးဖြစ်သူနဲ့ တစ်တန်းတန်းသား ကျောင်းပြီး သည်ထိပဲလေ...အိမ်ကိုသာ ဝေးဝေးမှ တစ်ခါရောက်လို့သာ လာတာ....
"ဒါနဲ့ နှင်းကော ဆရာမ'
"ဒီညပဲ ရုံးမှာ ဒင်နာရှိတယ်ဆို.သားတို့နဲ့ မတူဘူးလား"
"ဪ....ဟုတ်ကဲ့...ကျနော် ဒီနေ့ ခွင့်ယူထားတာဗျ ရန်ကုန်ဆင်းနေလို့ ပြီး ဒီလက်ဆောင်တွေက ရန်ကုန်ကလေ ဆရာမ"
"သမီး ကြိုပြောထားလို့သာပေါ့ မဟုတ်ရင် ပူနေရပြီ"
"နှင်းက လိမ်မာပါတယ် ဆရာမရာ..."
"သားကော အိမ်ထောင်တွေ ဘာတွေ ကျပြီလား"
"ဟာဗျာ ... ဆရာမကလဲ ဒဲ့ မေးတော့တာပဲ...မယူရသေးဘူးဗျာ....ယူတဲ့အခါ.ဆရာမတို့ကိုပါ ဖိတ်မှာပေါ့"
"သမီးခက်နဲ့ပဲမလား"
"အာ...ဟုတ်...နှင်းပြောပြထားတယ်ပေါ့"
"အင်းပေါ့လေ "
"ကြည့်စမ်း...နှင်းက ဆရာမကို အကုန်ပြောတာပဲ...သူကော ခုထိ တစ်ကိုယ်တည်းလား"
"ဟုတ်ပ သားရေ မင်းသူငယ်ချင်းစွံအောင် ကြံဆ ပေးလိုက်ပါဦး"
"အဲ့တိုင်းလေးလဲ နေပါစေဗျာ အချိန်တန်တွေ့လိမ့်မယ် ...ဟော ပြောရင်းဆိုရင်း လာပါပြီ"
ဆိုင်ကယ်ကို မောင်းလာပြီး အိမ်ရှေ့တည့်တည့်ရပ် စက်သပ်လိုက်သည်... ဖိနပ်ချွတ်မှာ ဖိနပ်ကို ချွတ် စင်ပေါ်သေချာတင်ပြီး အိမ်ထဲ လှမ်းဝင်လိုက်တော့ လူက သိပ်မဟန်....နံရံကို အားပြု လျှောက်ပြီး
"ဟော...ဇေယျာ.ဘယ်တုန်းကရောက်တာလဲ"
"ခုပဲဟ ဆရာမနဲ့ စကားကောင်းနေတာ"
"ဟုတ်လား မေမေက ငါ့အကြောင်း ဘာတွေမကောင်းပြောပြနေတုန်း"
မေမေ့ ဘေးဝင်ထိုင်ရင်း.အိတ်တွေအကုန် စားပွဲပေါ် တင်လိုက်သည်...မေမေက ထပ်ရပ်ပြီး
"ကဲ စကားပြောကြဦး.မေမေ အိပ်နှင့်တော့မယ်"
"ဟုတ်"
မေမေ ထထွက်ပြီး သူ့အခန်းထဲ ဝင်သွားတော့ သူမနဲ့ ဇေယျာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး.ပုခုံးတွန့်ပြလိုက်ကြသည်....ဇေယျာက တိုးတိုးလေးနဲ့
"နှင်း နင်မူးလာတာလား"
"အင်းပေါ့ နင်ကလဲ သောက်လာလားလို့ မမေးတော့ဘူး မူးလာလားတဲ့"
"လူတောင် အဲ့လောက် ယိုင်နေတာ.နင် ဆိုင်ကယ်မောင်းလာနိုင်သေးတယ်နော်.အန္တရာယ်အဲ့လောက်များတာ ဆရာမ သိပြီလားမသိ"
"အဟမ်း မေမေ သိလို့ အထဲ ဝင်သွားတာပေါ့ မနက်ကျ ငါဆူခံရမှာပဲ"
"ငါ မေးချင်တာ.ခက်ကပြောတယ် နင် ကလေးမတစ်ယောက်နဲ့ ချစ်နေကြတယ်ဆို တကယ်ကြီးလား"
ဒီစကားကို မထင်မှတ်ပဲ ကြားလိုက်ရတော့ နဂိုက ပြုံးနေတဲ့ နှုတ်ခမ်းရယ် အရည်လဲ့နေတဲ့ မျက်လုံးရယ်က ရုတ်တရက် ပြန်တည်သွားသလို ဆွေးရိပ် ထင်သွားသည်....
"ခက်ပြောပြတာ ဟုတ်လား"
"အင်းပေါ့"
မအံ့သြပါ...သူငယ်ချင်းအချင်းချင်းကနေ ရည်းစားအဖြစ်ရောက်သွားလဲ တစ်ဦးအကျိုး တစ်ဦးလိုလားသူမို့ တစ်ယောက်အကြောင်း တစ်ယောက် ပြောပြနေတာ အမှန်ပင်...သူမ အကြောင်း လဲ သူတို့ သိကြလောက်ပြီပေါ့...ဖုံးကွယ်တာမျိုး မရှိပဲ အချင်းချင်းပွင့်လင်းကြတာကိုး...
"ချစ်တာပေါ့ဟ....နင်သိတဲ့အတိုင်း ငါ နာကျင်ရမှာကြောက်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မချစ်ရဲပဲ နေလာခဲ့တာ... တကယ့် အချစ်နဲ့ တွေ့တော့မှာ ငါပြောနေကျ သီအိုရီ ဒသနလေးလိုပဲ.... အချစ်ဟာ ရင်ကို နာကျင်စေတဲ့ ဝေဒနာ"
ဘယ်ကပြိုကျချင်နေတဲ့ မိုးလဲမသိ.... မျက်ဝန်းဝကနေ အတားအဆီးမရှိ တလိမ့်လိမ့်ကျဆင်းလာတော့သည်...
သူမ မျက်ရည်ကျတာ မြင်တော့ ဇေယျာ စိတ်မကောင်း....
"နင်ကြိုက်တဲ့ ကလေးမက ဘယ်ကမို့လဲ"
"ရှမ်းပြည်က...သူ့မှာ ကောင်လေးလဲ ရှိတယ်...ငါက ပိုင်ရှင်ရှိမှန်းသိရက်နဲ့ စိတ်တွေ အရမ်းပစ်မှားနေမိတာ ငါ...ငါ..ငရဲကြီးနေမိပြီ ဇေယျာ ဘယ်လိုလုပ်ရမလဲ"
"ဟာ နင်ကလဲ....သူက လက်ထပ်သေးတာမှ မဟုတ်တာ....အဲ့ကလေးမ ဒီကို လာတွေ့တယ်ဆို.ခက်ပြောတာ အဲ့ကောင်မလေးကလဲ နင့်ကို ချစ်နေပုံပဲတဲ့"
"မသိတော့ဘူးဟာ ငါ့ကို ချစ်တယ် ပြောတာပဲ ငါကပဲ တိတိကျကျမပြောရဲတာ....ခုကျတော့ဟာ သူ့ရည်းစားနဲ့ လေးနှစ်ပြည့်တဲ့ တင်ထားတာ ပလူပျံလို့...အဲ့ကျ ငါက ဘယ်လိုလုပ်ပြီး အဖြေပေးရတော့မလဲ....ငါလေ သူ့ကို မုန်းချင်တယ်ဟာ"
"ငါလဲ နားမလည်တော့ဘူး"
"သူ့ဟာသူနေတာ ငါ့ဟာငါ သွားချစ်တာ ငါပဲ အပြစ်ရှိတာ သူ့ကို မုန်းချင်တယ် မုန်းလို့မရဘူး...သူဟာ ငါ့ရဲ့အကြီးမားဆုံး နာကျင်မှုကြီးပါဟာ"
"ဟဲ့ တိတ်တော့ မူးပြီး လျှောက်ပြောမနေနဲ့...ဆရာမ ထွက်ပြီး လာရိုက်နေမှ ဒုက္ခ...ငါ ပြန်တော့မယ်....မနက်ဖြန် နင့်အစား ငါ ခွင့်ယူထားပေးမယ် ဟုတ်ပြီလား""
"ငါလာနိုင်တယိ"
"မနက်မှ ကြည့်ရတာပေါ့ ငါ ပြန်တော့မယ် ညလဲနက်ပီ ဟိုမှာ လက်ဆောင်တွေ သိမ်းလိုက်ဦး.....တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ဖြေတွေးကြည့်ပါကွာ"
"အင်းပါ ကျေးဇူးပဲ ငါလိုက်ပို့ပေးမယိ"
သူမ ထရပ်တော့ လူက မဟန်နိုင် ပြန်ယိုင်ကျသွားသည်..ဇေယျာက သူမပုခုံးကို အောက်သို့ နှိမ့်ချပေးရင်း
"လိုက်မပို့နဲ့ ငါပဲ ပြန်တွဲပို့ပေးနေရမယ့်ပုံရယ်...ငါ့ဟာငါ ပြန်မယ်"
"Good Night ဇေယျာ"
"အင်း.သွားပြီ တံခါးသေချာပိတ်ဦး နင်လဲ အိပ်တော့"
.ဇေယျာ သူ့ကားပေါ်တက် မောင်းထွက်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေပြီးမှ တံခါးထပိတ်လိုက်သည်...
သူမ သောက်လာမှန်းသိလို့ မေမေ ဝင်အိပ်သွားတာ.ခါတိုင်းဆို ဘာလို့ ပွဲလုပ်တာလဲ ဘာညာမေးဦးမှာ နှစ်ယောက်သား စကားပြောနေကြဦးမှာ....ခုတော့ ဘာမှလဲ မပြော...မေမေ့အခန်းကို တိတ်တဆိတ် သွားချောင်းတော့ ခြင်ထောင်လေးချလို့ အိပ်ပျော်နေပြီထင်သည်...အပြင်မီးမှိတ်ပြီး ကျောပိုးအိတ်ထဲပ ကွန်ပျူ တာကို အခန်းထဲယူကာ အားသွင်းလိုက်သည်..
ခြေလက်လဲ ဆေးမနေ....ကုတင်ပေါ် ပစ်လှဲချ
သဲများ စာပို့ထားလေမလား မျှော်လင့်ချက်နဲ့ လိုင်းတက်တော့လဲ ဘာစာမှ ပို့မထား....
သဲ ဖက်က မပို့လာသလို သူမလဲ သွားစ မပို့ရဲတော့..
သူတို့ပုံတင်ထားတာတောင် comment တွေလဲ reply တစ်ကြောင်း တစ်လေတောင် မပြန်ထား....
သဲ အကောင့်လေး ဝင်ကြည့်...
သဲနဲ့ ပို့ထားတဲ့ စာလေးတွေ ပြန်ဖတ်...
သဲ နဲ့ ဖုန်းပြောသမျှတိုင်းကို Recording လုပ်ထားတတ်တဲ့ သူမ ခုတော့ သဲ အသံလေးတွေ ပြန်နားထောင်.
သဲ ပုံလေးတွေ တစ်ပုံစီ ကြည့်.မျက်ရည်တွေတွေ ကျဆင်းနေလိုက်တာများ သမုဒ္ဒရာ ရေ တာကျိုးပေါက်သလား အောက်မေ့ရသည်...ခေါင်းအုံးလေးတွေတောင် ရွှဲလို့..
မ ကို ဘာလို့များ ချစ်တယ် ပြောခဲ့သေးတာလဲ သဲရယ်
မ ကို ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့တာလဲ
မ ကို ဘာလို့ အဖြေတွေတောင်းနေခဲ့တာလဲ
သဲမှာ ချစ်သူရှိရက်နဲ့..
သူနဲ့လဲ အရှင်းမပြတ်သေးပဲနဲ့ကွာ...
မ တော့ မချစ်ဖူးလို့ တကယ် ရူးနေပြီ သဲရေ့...
မ လို အိမ်ပိုင်လေးတောင် မရှိတဲ့ သူကို သဲ ဘယ်လိုလက်တွဲရမှာလဲ... မ နားလည်ပါတယ်ကွယ်..
မ ခွင့်လဲလွှတ်တယ်... မ မူးအောင်သောက်လာတယ်....သဲကို မေ့နိုင်မယ်ထင်တယ်..
မူးအောင်သောက်လို့ လဲ ရူးအောင်ပဲ လွမ်းနေရတယ်...
သတိရစိတ်တွေနဲ့ ဒီည ဘယ်လို အိပ်ပျော်နိုင်ပါ့မလဲ
မကို သဲ ကွယ်ရာမှာများ လူစုံရင် ဟားစရာလိုပဲ မြင်နေမှာလားပဲနော်....မ က သဲတွက် ဟာသကြီးပါ သဲရယ်
ရှက်စရာကောင်းတဲ့ ဟာသပြက်လုံးတစ်ခုလိုပါပဲ..
ငိုတာတောင် တစ်ဖက်ခန်းက မေမေ ကြားမှာ စိုးလို့ ကိုယ့်လက်ကို ကိုယ်ပြန်ကိုက်ပြီး ငိုနေရသည်...
အားရပါးရ အော်ဟစ်ငိုချင်ပေမယ့် ငိုတာတောင် ခိုးငိုတဲ့ ဘဝပါကွယ် .
..
ညက မူးတာကော ရူးတာကောကြောင့် ငိုရင်း မောမှ အိပ်ပျော်သွားတာကြောင့် နိုးလာတော့ ဆယ်နာရီခွဲ....
မေမေတော့ ကျောင်းထဲသွားပြီလား မသိ....ပွဲကလဲ နီးလာပြီဆိုတော့ မေမေ့တို့ ကော်မတီ လူကြီးတွေ နားမရတော့..
အပျင်းကြော ဆန့်လိုက်ရင်း စောင်ကို ကန်ချလိုက်သည်...ဆံပင်စုတ်ဖွား အတိုင်း အပြင်ခန်းထွက်လာတော့
"အမေ့"
လှမ်းလက်စ ခြေလှမ်းရပ်သွားရသည်....
မေမေရယ် ....ဆံထုံးကြီး ထုံးလို့ အဝတ်အစားလဲ ပြင်ဆင်ပြီး ကျောင်းသွားရန်အသင့် ဖြစ်နေပေမယ့် စာအုပ်ထိုင်ဖတ်ပြီး အေးဆေး သူမ ကိုကြည့်နေသည်...
"နိုးပြီလား နှင်းနှင်းဝေ"
"ဟုတ် မေမေ"
မေမေ စိတ်ဆိုးနေသည်မှာ သေချာသည်...အဘယ်ကြောင့်ဆိုသော် သူမ ကို အမည်တပ်ခေါ်သောကြောင့်ပင်....
ကမန်းကတန်း မျက်နှာပြေးသစ် ဆံပင်ကို ကြည့်ကောင်းအောင် ခေါင်းဖြီးလိုက်သည်.. ပြီးနောက် မေမေနဲ့ မျက်နှာချင်းဆ်ုင်ခုံတွင် သာသာလေး ထိုင်ချလိုက်သညိ...
မေမေ့ကို မျက်နှာချင်းမဆိုင်ရဲ သဖြင့် ခေါင်းငုံ့ထားလိုက်သည်..မေမေ စာအုပ်ချလိုက်သံက နားထဲ လိုအပ်သည်ထက် ပိုကျယ်လောင်သွားသလို....
ရင်ခုန်သံတွေ တဒိန်းဒိန်းနဲ့ ပေါက်ထွက်မတတ်ပင်...
မေမေ့ကို တကယ်ကြောက်ပါသည်...
"မနေ့ညက အသိကော ရှိသေးရဲ့လား"
"ဟို မေ....မေမေ အဲ့ဒါက..."
မျက်မှန်ကို ပင့်တင်ရင်း မေမေက အေးအေးဆေးဆေးပြောသည်..အေးဆေးသည်သာ ပြောတာ စကားလုံးတိုင်းက တိကျ ပြတ်သားနေသည်...
"သောက်တာတော့ သောက် ဒါ လူငယ်သဘာဝ လွတ်လပ်မှုပေးတယ်...ဒါပေမယ့် ညည်း မလွန်လွန်းဘူးလား..မူးလာတယ် ဆိုင်ကယ်မောင်းလာတယ် ဘယ်လောက် အသက်ဘေး နီးလာသလဲ...ညည်း သေသွားရင် တစ်ခုခုဖြစ်သွားရင် ငါပဲ ရင်ကျိုးရမှာ ခါတိုင်းက ဒင်နာတွေရှိလဲ ညည်းမသောက်ပဲနဲ့ ခုက ဘယ်လို ဖြစ်ရတာလဲ "
"စိတ်.....စိတ်ညစ်လို့ ပါ မေမေ"
"စိတ်ညစ်တယ် ဟုတ်လား ဘာတွေ စိတ်ညစ်စရာရှိလဲ ဒီအိမ်မှာ ညည်းနဲ့ငါပဲရှိတာလေ...စိတ်ညစ်တယ်ဆိုတော့ ငါ့ကြောင့်များလား"
မေမေ့ကို ဘယ်လိုမှ ရှောင်လွှဲလို့မရတော့မှန်း စတည်းက သိသည်...မေမေ သိတော့ သိနေတာနေမှာ....ဒဲ့မမေးပဲနဲ့ကို သူမ ပါးစပ်မှ ဖွင့်ပြောလာအောင် မေမေ လုပ်နေကျနည်းပင်...
"ဟို မေမေ ရဲ့ အဲ့လို မဟုတ်ပါဘူးနော် မေမေ့ကြောင့်မဟုတ်ပါဘူး သမီး စိတ်ညစ်တာ သပ်သပ်ကြီးဟာ"
"ဒီမှာ သမီးရဲ့ စိတ်ညစ်လို့ အရက်သောက်တယ် ဆိုတာ လူပျော့လူညံ့တွေရဲ့အလုပ်ကွ....ဘဝကို အရှု့းပေးနေတာနဲ့ တူတူပဲ..ပြောပြစမ်း ဘာတွေ ဖြစ်နေတာလဲ...ဒီမအေလေးတစ်ယောက်ရှိတာ ပြော ခု"
"ဒီ...ဒီလိုပါ မေမေရဲ့...."
ခုကာမှပဲ မေ့မေ့ရင်ခွင်မှာ ခိုဝင်ပြီး စကားပြောပြရင်း အားပါးတရ ငိုခွင့်ရပါတော့သည်....မေမေကတော့ ငြိမ်သက်စွာ နားထောင်ပြီး သူမ စကားဆုံးတော့မှ သူမ ကျောပြင်လေးကို ဖွဖွသပ်ပေးကာ
"ဪ..သမီးရယ်...လူတစ်ယောက်ကို ကိုယ့်စိတ်နဲ့ပဲ ရှင်သန်ခိုင်းလို့မရဘူး...အကြောင်ူအရာ တစ်ခုစီတိုင်းမှာ နောက်ကွယ်က အကြောင်းပြချက် အမျိုးမျိုး ရှိတယ် .သမီး မေးကြည့်လို့လား"
"ဟင့်အင်း မေမေ သမီး ရှက်တယ်"
"သဲ ဆိုတဲ့ ကလေးမက သမီးကို တကယ်ချစ်နေတာပါဆိုရင် သမီး လိုက်သွားကြည့် အဖြေသိရမှာပေါ့...အဲ့ကလေးမ တောင် သတ္တိရှိသေးတာပဲ...မေမေနဲ့ စကားပြောကြည့်တာ တကယ့် ကလေးစိတ်ပေမယ့် သမီးကို ချစ်နေမှန်းတော့ မေမေရိပ်မိနေတယ်လေ....အဲ့ကောင်လေးနဲ့ ပြတ်ပြီလို့ သူပြောခဲ့ပြီပဲ...."
"ဒါမယ့် မေမေရယ် သမီး တောင် သေချာ အဖြေမပေးရသေးတာ"
"အဲ့ဒါ အဓိက အချက်ပဲ...သမီးဖက်ကမှ မသေချာသေးတာ သူလဲ တစ်ခုခုသိအောင် လုပ်မှာပဲ.....ဖြစ်နိုင်ရင် ကြားခံ ကိရိယာတွေထဲက ရုန်းထွက်ပြီး အပြင်မှာ လူချင်းတွေ့ပြီး စကားပြောကြည့်ပေါ့"
"ရှင်...မေမေက"
မေမေ စကားတွေက မယုံနိုင်စရာကောင်းလှသည်မို့ ခေါင်းလေးထောင်ကြည့်မိတော့ မေမေရယ်လေ...
အေးချမ်းတဲ့ အပြုံးတစ်ခုလေးဆင်မြန်းပြီး အေးမြတဲ့ မျက်နှာလေးနဲ့
"မေမေ ကိုယ့်သမီးအကြောင်း ကိုယ်သိပါတယ်ကွယ် ကဲ ဒီအပတ် ကျောင်းပွဲတွက် ခွင့်ယူရမယ်မလား အဲ့ကျ သွားပေါ့
အမြဲလန်းဆန်းတက်ကြွနေတတ်တဲ့ နှင်းနှင်းဝေဆိုတာ ဘာလဲလို့ ပြရမယ်လေ"
"ဟူတ်...ကျေးဇူးတင်ပါတယ် မေမေ"
မေမေ့ကို ချစ်မြတ်နိုး ရိုသေစွာ လက်အုပ်ချီမိပါပြီလေ....
မေမေ ဆိုတာ သားသမီးတွေရဲ့ အခက်အခဲမှန်သမျှ ကူဖြေရှင်းပေးတတ်တဲ့ လစာမလို ကဝိပညာရှိကြီးပင် မဟုတ်ပါလားလေ....
."ဖုန်းနဲ့ ဖြေရှင်းနေရတာ ထက် လူချင်းတွေ့ ဖြေရှင်းတာက ပိုထိရောက်တယ် သမီး ဘယ်အရာမဆို အရင်းအမြစ်ကို စိစစ်ဖို့ မကြိုးစားပဲနဲ့ ကိုယ်စိတ်ထင်ရာ မှန်းဆလို့မရဘူး....အဲ့ဒါ မှတ်ထား...ကဲ တော်တော် နောက်ကျသွားပြီ မေမေသွားလိုက်ဦ:မယ်"
"ဟုတ် ကဲ့ မေမေ"
ဒီကိစ္စ မေမေ လဲ သိပြီဆိုတော့ ရင်ထဲ ပေါ့သွားရပြီ...
တလောကလုံးနဲ့ ဆန့်ကျင်ဖက် ဖြစ်နေရင်တောင် မေမေသာ သူမ ဖက်ပါမယ်ဆိုရင် ဘာမဆို ရင်ဆိုင်ရဲပါတယ် မေမေရယ်....
သဲ ရေ..
သဲဘဝမှာ မ က ဘယ်နေရာကနေပဲ ဖြစ်ဖြစ်
သဲရေးမယ့် သမိုင်းလေးမှာ တစ်ခန်းတစ်နေရာကနေ မ ကို ပါဝင်ခွင့်ပြုပါတော့နော်...
သဲ ရှိရာ မ လာခဲ့မယ်....
နှလုံးသားဆန္ဒအလိုကျ သဲ ဆီ မ တကယ်လာတော့မယ်...
....
"ငါ....ငါ မနေနိုင်တော့ဘူးဟာ မ...မ ငါ့ကို အထင်တွေ လွဲနေလောက်ပြီဟ"
ငိုရင်းယိုရင်း ရှေ့မှာ ရှိတဲ့ မုန့်ဟင်းခါးပန်ကန်ကို ဇွန်းနဲ့ တခွပ်ခွပ်ခေါက်ရင်း စားချင်စရာပင် မရှိတော့...
ကျန်လူတွေကလဲ စားလက်စတွေတောင် ဆက်မစားနိုင်တော့....အိုက်ထွေးကတော့ ခေါင်းကြီးငုံ့ကာ ငြိမ်သက်လျက်...
ဘယ်သူတစ်ဦးတယောက်ကမှ ဆိုင်နွန်းကို ချေပမပေးနိုင်...
ဘယ်လိုစကားမျိုးက ဆိုင်နွန်း အငိုတိတ်စေမည်လဲ စဉ်းစားမရ....အဖြေမရှာနိုင်...
ထိုrs ကိစ္စကြောင့် အိုက်ထွေးဆီ ဟိုကောင်မလေး မကပ်နေတော့...အိုက်ထွေး လွတ်လပ်သွားပြီ...
အခု နှစ်ယောက်စလုံးက အရင်အကောင့်တွေ မသုံးကြတော့...အကုန် ဖျက်ချလိုက်ပြီလေ...
ဘယ်သူမှ ဝင်ကြည့်လို့မရတော့...
အခု ဆိုင်နွန်းက Ellinae S.N ဆိုပြီး အသစ်ပြန်ဖွင့်ထားသည်..
မှုံတစ်ယောက် ဆိုင်နွန်းကို ကြည့်ပြီး စိတ်မကောင်း...
ထို့ကြောင့် သက်သာရာ ရစေရန်
"မှုံ ရုပ်ရှင်ကြည့်ချင်တယ် လိုက်ကြမလားဟင်"
ထိုသို့ပြောလိုက်ခြင်းဆကြာင့် အားလုံး မှုံ ကို မျှော်လင့်ချက် မျက်လုံးလေးတွေနဲ့ ကြည့်လာသည်...
အိုက်ထွေးက
"အင်း အကိုကောပဲ ကြည့်ချင်တယ် ဟှောင့် ဘယ်သူတွေ လိုက်မလဲ"
နန်းခမ်းဝါ တို့ကလဲ အားကျမခံ ထောက်ခံပြန်သည်..
"သွားလေ"
-ကြည့်မယ်လေ ဒီနေ့ လူစုံနေတာပဲ "
အကုန်သဘောတူပေမယ့် ခုချိန်ထိ ခေါင်းပင်မမော့လာသော ဆိုင်နွန်းကြောင့် ကျန်သူတွေ ပြန်ငြိမ်ကျသွားပြန်သည်...
မှုံက သူစတဲ့ ဇာတ်လမ်းမို့လို့ သူပဲ တာဝန်ယူလိုက်တဲ့ ပုံစံနဲ့
"လက်မှတ် သွားဖြတ်ထားကြလေ...ဟို မှုံ အစ်မနဲ့အတူ ပိုက်ဆံရှင်းပြီး လာခဲ့မယ် "
မှုံစကားကို သဘောပေါက်နားလည်စွာ ထရပ်ကြသည်... အိုက်ထွေးက
"ဘယ်မှာ ကြည့်ကြမလဲ'
"သီတာအေးပဲ သွားမယ်"
"Ok လိုက်လာခဲ့နော် လာကြဟေ့"
အိုက်ထွေးဦးဆောင်ပြီး အကုန်လုံး ဆိုင်ကယ်အတွဲ လိုက် ထွက်သွားတော့မှ မှုံက
"အစ်မ မငိုနဲ့လေ"
"မ တို့ကို မုန်းသွားပြီ ထင်တယ်"
"မဟုတ်တာ အစ်မရယ်......သူ ဆုံးဖြတ်နေတာ နေမှာပါ"
"မှုံက သိလို့လား မ က သိပ်စိတ်နှလုံး နူးညံ့တာ ခံစားရလွယ်တယ်....သေချာတယ်..မ ငိုနေမှာ ပြီးတော့ တို့ကိုလဲ မုန်းနေရှာမှာ ဒီတစ်သက်တော့ တို့ ချစ်ရတဲ့ မနဲ့ ဝေးပြီပဲ"
"အစ်မ မှုံမေးမယ် အမှန်ဖြေ"
ဆိုင်နွန်းက တစ်သျူးဘူးထဲမှ တစ်သျူးစ အဂှည်ကြီးကို ဆွဲထုတ်ပြီး နှပ်တွေပါ သုတ်နေရင်း ခေါင်းငြိမ့်သည်....ဆိုင်နွန်းကိုကြည့်ပြီး မှုံ စိတ်မသက်မသာ ရှိလှသည်....အစ်မလို့သာ ခေါ်နေရတာ ... တကယ်တမ်းကျတော့ မှုံလောက်တောင် မတွေးတတ်... ကလေးသာသာ အတွေးလေးသာ ဖြူ စင်ရိုးသားစွာ တွေးတတ်သူလေးပင်...
"မ ကို အစ်မ တကယ်ချစ်တယ်လား"
"ဘယ်လိုတောင် မေးလိုက်တာလဲ မှုံရယ်...
တို့ မ ကို ချစ်တာပေါ့....သိပ်ချစ်တယ်...
တစ်ခါမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ချစ်တာ ...မ လိုအပ်ရင် တို့ ဘာမဆို ပေးဆပ်ဖို့ အဆင်သင့်ပဲ... ဘာပဲ လုပ်ပေးရ လုပ်ပေးရ တို့ လုပ်ပေးနိုင်အောင် ကြိုးစားမယ် မ က တို့ရဲ့ဘဝမှာ အချစ်ဦး အချစ်ဆုံး ပထမအချစ်နဲ့ နောက်ဆုံးအချစ်ဟာ တို့ဘဝမှာ မ တစ်ယောကိတည်းသာပဲ ရှိတယ်"
"အင်း...ဒါဆို အစ်မ အချစ်သာ စစ်မှန်ရင် အဲ့အစ်မက အစ်မဆီ ရောက်လာလိမ့်မယ်"
-တကယ်"
"တကယ်ပေါ့ အချစ်စစ်တွေရဲ့ လမ်းက ကြမ်းတယ် အစ်မရဲ့......တွေးကြည့်...အစ်မရဲ့ သူငယ်ချင်း အင်း ရည်းစားဟောင်းပေါ့...ကိုအိုက်ထွေးက အစ်မရဲ့ရည်းစားဟောင်းဖြစ်ခဲ့သလို သူငယ်ချငိးလဲ ဟုတ်တယ်...ကိုယ့်သူငယ်ချင်း ဒုက္ခ ရောက်နေချိန်မှာ ကိုယ်ကူညီခွင့်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ...ဒါ မွန်မြတ်တဲ့ စေတနာ ပါ...အစ်မ ကို အိုက်ထွေးကို ကူညီလိုက်လို့ အစ်မရဲ့ မ မုန်းသွားမှာ ကြောက်နေတဲ့ အကြောင်း ကိုအိုက်ထွေးရှေ့မှာ ပြောနေတယ် သူ ဘယ်လို နေတတ်မှာလဲ စိတ်မကောင်းဖြစ်နေမယ်ဆိုတာ အစ်မလမတွေးမိဘူးလား ဟင်.. အစ်မ ခု အဲ့လိုကူညီလိုက်လို့ နောင်တရနေတာလား "
"ဟင့်အင်း အဲ့လို မဟုတ်ပါဘူး မှုံရယ်...နောင်တမရဘူး ဒါပေမယ့် မ မ တကယ်မုန်းသွားမှာတော့ ကြောက်တယ်"
"အစ်မတော့ မသိဘူး...မှုံကတော့လေ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းအတွက်ဆို နှလုံးသားကို ချနင်းပစ်ဖို့လဲ ဝန်မလေးဘူး..
ဒါက အစ်မကို အပြစ်ပြောတာမဟုတ်ဖူးနော်...မှုံ ကြုံလို့ပြောပြတာရယ်...အစ်မကို လေးစားတယ်...အဲ့လိုကူညီဖို့ မည်သူတဦးတယောက်တိုက်တွန်းချက်မှ မပါပဲ ချက်ချင်းကြီး လက်ခံပေးတာ အရမ်းသဘောကျတယ်...မ ဆိုတဲ့ သူဆီက အစ်မ သေချာ အဖြေမရသေးဘူးမို့လား...ခု သူ ဘာစာမှပို့မလာဘူး...အကျိုးအကြောင်းမေးဖို့ အစ်မဆီလဲ ဖုန်းဆက်မလာဘူး...ဒါ အခြေအနေကောင်းတစ်ခုပဲ....သူလဲ အစ်မကို ချစ်နေတာ..ခံစားရခက်နေမှာတော့ သေချာတယ်...ဒါပေမယ့် သေချာသိရအောင် ဖုန်းဆက်မနေပဲ လူချင်းတွေ့ဖို့ အစ်မဆီ သူ လာကို လာရမယ်...သူ လာတော့မှာ"
မှုံစကားကြောင့် ဆိုင်နွန်းမျက်လုံးတွေ ရောင်တောက်လာသည်...ပြီး ဒူးပေါ်တင်ထားတဲ့ မှုံ ရဲ့ လက်ကို အေးစက်နေတဲ့ လက်တွေနဲ့ လာထွေးဆုပ်သည်...
"တကယ်လား ဟင်...မှုံ အဲ့လို တကယ် ဖြစ်နိုင်လား"
"မှုံ ပြောရင် လွဲခဲတယ် အစ်မရဲ့"
"ဗေဒင်တွေများ တတ်နေသလားဟင်"
"မှုံ လူတစ်ယောက်ရဲ့ စိတ်ကို သူ့အမူအကျင့်သိတာနဲ့ ဖတ်တတ်တယ် အစ်မရဲ့"
"Oh တကယ်ကြီးလား"
"အင်းပေါ့-
တကယ်က ဆိုင်နွန်း စိတ်ပေါ့ပါးလာအောင် စကားနဲ့ သိမ်းသွင်းလိုက်တာပင်....ထိုသို့သော အရွှီးစကားကို အတော်များများက ယုံကြည်ကြသည်ကိုး...ယုံချင်အောင်လဲ မှုံက ချက်ကျလက်ကျ အကြောင်းအကျိုး ညီအောင် ပြောတတ်တာပဲလေ...ပြီးတော့ တကယ် မှန်သွားတာတွေလဲ ရှိဖူးသည်ကိုး...
ခုလဲ ဆိုင်နွန်းက ယုံနေပြီ...
"ဒါဆို မ က ဒီကို တကယ်လာမှာပေါ့နော်"
"ဒါပေါ့...မ သာ ဒီကိုလာခဲ့ရင် အစ်မကို တကယ်ချစ်လို့ဆိုတာသာ မှတ်လိုက်တော့"
"အင်း...အင်း..."
"ဒါဆို သွားရအောင်လေ နော် ရုပ်ရှင်မမှီပဲနေမယ်"
"အင်း ပိုက်ဆံရှင်းလိုက်ဦးမယ်"
"ရတယ် မှုံရှင်းမယ်လေ စတည်းက မှုံကျွေးမယ် ပြောပြီးသားကို"
"မရဘူး တို့ရှင်းမယ် ဒီလို ပညာရှိ ကဝိကျော်လေးကို ညီမတော်ထရတာ တို့ ကို ဘုရားပေးတဲ့ ဆုလာဘ်ပဲ"
"မြှောက်ပြီ အစ်မရာ"
"ကဲ သွားမယ်"
သူ့နားလည်အောင် ရှင်းပြနေရတာနဲ့ အဲ့နေက ရုပ်ရှင်ရုံရောက်တော့ ကျန်သူတွေက ရိုးရိုးခုံရလိုက်ပေမယ့် မှုံတို့ကျ အတွဲခုံ ကျသွားသည်...စိုင်းခေးတို့အတွဲထိုင်မလားဆိုတော့ မထိုင်သောကြောင် မှုံ တို့ပဲ ထိုင်လိုက်ရသည်...
ဇာတ်ကားကြည့်ပြိး ဆိုင်နွန်းကတော့ သူ့ရဲ့ မ ကို လွမ်းလို့တဲ့ ငိုလိုက်ယိုလိုက်နဲ့ ဇာတ်ကားတစ်ဝက်လဲကျရော...မောပြီး မှုံပုခုံးကို မှီကာ အိပ်ပျော်သွားပြီလေ...
မှုံ ရွှီးသလို အမှန်ပဲ အစ်မချစ်တဲ့ မနှင်းနှင်းဝေ တကယ်ရောက်လာပါစေ လို့ ဆန္ဒပြုပေးရင်း အစ်မပျော်ရလျှင် မှုံလဲ စိတ်ချမ်းသာရတယ်လေ....
..
"ဆိုင်နွန်း....ဝေ့....ဆိုင်နွန်း"
ဒေါက်....ဒေါက်...
ကျောင်းပိတ်လို့ အေးဆေးနှပ်ရမလားအောက်မေ့တယ်...
အပြင်မှာ မေမေက အဲ့လောက်အေးနေတဲ့ဟာကို လက်ခေါက်မနာဘူးလားမသိ...တစ်ဒေါက်ဒေါက်ခေါက်နေတော့တာပဲ....မထပဲ နေချင်တာ.. .သို့သော် နောက်ဆက်တွဲ အခြေအနေ မလှတာမို့လို့ ထလာကာ တံခါးဖွင့်ပေးလိုက်ရသည်..
"ဘာတုန်း မေမေရာ....အစောကြီး"
"ကားဘီးပေါက်နေတာမို့ နောင်မွန်ကို နင့်ဆိုင်ကယ် ယူသွားမလို့တဲ့ အဲ့ဒါ"
"ဟာ အပါး စီးတဲ့ ကားကကော"
"နင့်အပါး ဒီနေ့ မိုင်းရယ် သွားမှာလေ"
"ဟာ စောစီးကြာ ကိုကိုကလဲ "
"ဘယ်မှ သွားစရာမရှိဘူးမလား ပေးလိုက်ပေါ့"
"ရှိတယ် သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်"
လိမ်တာ....ဘယ်သူနဲ့မှ မချိန်းထား...ဒီနေ့ မှုံလဲ မအား...သူတို့အဆောင်က ပွဲလုပ်နေတော့ ဘယ်မှ ထွက်လို့မရ...အိုက်ထွးကလဲ သူ့အဖေနေမကောင်းလို့ ကျောင်းပိတ်တုန်း ခဏပြန်သွားတယ်...ကျန်သူတွေနဲ့လဲ မဆက်မိ..
တကယ်တမ်းကျ ကိုကို့ကို ဆိုင်ကယ်မပေးချင်လို့ပါ...
"ဒါဆို လိုက်ပို့ပေးလိုက်"
-ဟာ အမေရာ....အဲ့လောက် နှင်းတွေ ကျနေတာကို အမေသိတဲ့အတိုင်း သမီးက နှင်းခံရင် ချူ ခြာတတ်တာ လိုက်မပို့ပါဘူး အဲ့လောက်အေးနေတာ အိပ်ယာထဲပဲနေမှာ "
-ပေးလိုက်လေ ဆိုင်ကယ်"
"မရဘူး ဆို "
မေမေ့ လက်ခေါက်က သူမ ထိပ်ပေါ် ဂွပ်ခနဲ ကျလာလေပြီ...
သူမ ဆိုင်ကယ်ကို ဘယ်သူမှ ယူစီးတာ မကြိုက်...
ဘယ်လို အကြောင်းပြ ငြင်းရမှန်း မသိဖြစ်နေစဉ် အောက်ထပ်မှ ကိုကို့အသံ ကြားလိုက်သည်...
"မေမေ ကိုဖိုးဇော်နဲ့ သွားတော့မယ် ရပီ နောင့် ပြန်အိပ်နေတော့"
"ရေ့....."
"ညည်း ဒီထဲကနေ ထွက်ရဲ ထွက်လာကြည့် ငါနဲ့တွေ့မယ်"
"စိတ်ချ လုံးဝမထွက်ဘူး နှင်းထဲ လုံးဝဆိုင်ကယ်မစီး..."
ဂျိန်း....
တံခါး ဆွဲပိတ်ပြီး အိပ်ယာပေါ်ပြန်တက်လိုက်သည်...
အစောကြီး နှင်းတွေ ပိတ်နေတာကို..
ဘယ်လိုပဲသာယာသာယာ ဆိုင်နွန်းတို့ လုံးဝမထွက်...
ဘက်ဟိုးနဲ့ လာကော်ထုတ်လဲ မထွက်...သမ္မတက အရေးကြီးလို့ ဆိုင်နွန်းရေ လာတွေ့ပါ ဆိုတာတောင်
အားနာပါတယ် သမ္မတကြီးရယ် မအားသေးဘူး အိပ်ရဦးမှာ လို့ပဲ ပြောမိမှာ ဟမ်း
စောင်ကို ခေါင်းထိ တင်းနေအောင် ဆွဲခြုံပြိး ပြန်အိပ်ပျော်ရန် ကြိုးစားလိုက်သည်....
မှေးကနဲ ဖြစ်သွားစဉ်
ဖုန်းထမြည်လာတာကြောင့် လန့်နိုးလာရပြန်သည်..မျက်စိမဖွင့်ပဲ ဖုန်းစမ်းလိုက်သည်..
သာသနာဖျက်တွေ အေးဆေးကို မအိပ်ရဘူး
"ဟလို"
တဖက်က ဘာမှ မပြော....ငြိမ်နေတော့ စိတ်မရှည်...
"ဟလို ဟလို ဟလို"
"ဪ ...အင်း...သဲ လား"
မြတ်စွာဘုရား.. .....သွေးတွေ ခဲသွားပြီလားမသိ...
တစ်ကိုယ်လူံး အေးစက် တောင့်တင်းသွားသလို လူလဲ ငုတ်တုပ်ထထိုင်လျက်သား...
"မ....မ...မလားဟင်"
"အင်း...သဲ နိုးပြီလား"
"ဟုတ်...မ....မ ကို လွမ်းနေတာ မကော မလွမ်းဘူးလား...မ ရက်စက်လိုက်တာ သဲ ကို အချိန်အကြာ ကြီး ပစ်ထားတယ်...ဪ...မ ဒီနေ့ အလုပ်ပိတ်ရက်လေ စောစီးနိုးနေပီလား"
တရစပ်ပြောချနေတော့ မ ဖက်က ရယ်သံ လွင်လွင်လေး ကြားလိုက်ရသည်...
"ဟင်...မ ..ဘာရီတာလဲ..."
"ဘာမဟုတ်ပါဘူး"
"ဟွန့် သဲ ကို ရီတာမလား မရဘူး ပြော"
"မဟုတ်ပါဘူးကွယ် ခုမ ခရီးထွက်နေတယ်"
"ဘယ်သွားတာလဲ"
"လိပ်ပြာလေး လိုက်ဖမ်းတာ"
"ဟင် ..ဘယ်မှာ ဖမ်းတာလဲ မ"
"မ ခု မန်ဆူ ကားကြီးကွင်းမှာ"
"Oh. My god"
"မခေါ်ဘူးလား"
"တကယ်လား...တကယ်လား...ဟင် မ...တကယ်ပြောနေတာလား"
"တကယ်ပေါ့ "
"သဲ လာမယ် အခု လာမယ် မ စောင့်နေနော် ဘယ်မှ မသွားနဲ့"
"စောသေးတာ အရမ်းအေးတာပဲ သဲ နှင်းတွေ မတရားကျနေတာ နေမကောင်းဖြစိမယ် မလာသေးနဲ့ မ ဆိုင်တစ်ဆိုင်မှာ စောင့်နေမယ် ကားက ခုမှဆိုက်တာရယ်"
"ရတယ် မ သဲ ဘာမှ မဖြစ်ဘူး နှင်းလောက်ကတော့ အေးဆေး ခုလာပြီ မ စောင့်နေ"
"ဆိုင်ကယ်ဖြေးဖြေးမောင်းဦး လမ်းတွေ စိုနေတာ"
"ဟုတ် ဒါပဲမ"
မ ဖက် က ဖုန်းချတော့ အိပ်ယာပေါ်က ထ အနွေးထည် ခေါင်းစွပ်ကြီး အပေါ်ထပ်စွပ် ဆိုင်ကယ်ဦးထုတ် ဆွဲ.မျက်နှာလဲ သစ်မနေတော့...ကားဂိတ်မှာ လူက အများကြီး.မတစ်ယောကိတည်း ပျင်းနေရှာမှာ.....အပေါ်ကနေပြေးဆင်းလာတော့ မီးဖိုထဲ ရောက်နေတဲ့ မေမေ မမြင်ခင် အိမ်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို စက်ပင်မနှိုးတော့ပဲ လမ်းထိရောက်အောင် တွန်းပြေးရသေး...လမ်းပေါ် ရောက်မှပဲ စက်နှိုးကာ မောင်းပြေးရသည်...
အေးလိုက်သည့်ဖြစ်ခြင်း....နှင်းတွေလဲ မှန်ချစီးတာတောင် အတင်းလာရိုက်တော့ စိုရွဲနေပြီ...
လက်တွေလဲ အေးစက်တောင့်တင်းနေပြီ.. .
အမေ ပြောတော့ ဘာလေးညာလေး ငြင်းပစ်သော သူမ..
ခုကျ လမ်းပေါ်ရောက်နေပြီ ...ဘွတ်ဖိနပ်လဲ မစီး...အိမ်တွင်းစီးတဲ့ အနွေးဂွမ်းဖိနပ်ကလေးနဲ့ ဆံပင်လဲ ဖီးမလာ..မျက်နှာလဲ မသစ်လာ...
မ နဲ့ တွေ့ဖို့ အမြဲ လှချင်နေတဲ့ သူမ ဒီတစ်ခါကျ လုံးဝ စုတ်ပြတ်သတ်...
အဝိုင်းကြီးနားဆီဆိုင်ထဲ ဆီဝင်ဖြည့်တော့ ကြာသည်အောက်မေ့ရသေးသည်..
မနေ့က မထည့်ထားတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံး..
စိတ်က အရမ်းလောနေပြီ....မ ကို သုံးပတ်စာမက အရမ်းတွေ လွမ်းနေရပြီလေ....မိုင်နှုန်းအမြန်မောင်းနေပြီးမှ မ ရဲ့ ဖြေးဖြေးမောင်းနော် ဆိုတဲ့စကားပြန်ကြားပြီး တစ်ယောက်တည်း ပြုံးလျက် အရှိန်လျှော့ လိုက်သည်..
နှင်းမှုံကြားမှာ ကားကြီးကွင်းကို လှမ်းမြင်နေရပြီ....ရင်တွေလဲ ခုန်နေပါပြီနော်....
.
.
.Next to o==[]::::::::::::::::>