Chapter - 4

1.8K 298 13
                                    

Unicode

၁၆၇၈။ အဆုံးမရှိတဲ့သေဆုံးခြင်းသံသရာ
_______________________

အားလုံးက ဒီမှာ သေတဲ့အထိပိတ်မိနေကြပုံရပြီး အဲ့နောက်မှာတော့ ဇာတ်ကြောင်းကပြန်စသည်။ သေတဲ့အကြိမ်တိုင်းမှာ သူတို့ အရင်တစ်ခေါက်တုန်းကသေခဲ့ရတာနဲ့မတူတဲ့ပုံစံနဲ့သေကြရသည်။

သို့သော်ငြား လူသတ်သမားကိုဘယ်သူမှမရှာနိုင်၊ လူသတ်သမားဘယ်သူဆိုတာ ဘယ်သူမှမသိတာကြောင့် အားလုံးထပ်သေကြရပြန်သည်။ သူတို့က အဆုံးမရှိတဲ့စက်ဝန်းကြီးထဲမှာပိတ်မိနေပြီး မလွတ်မြောက်နိုင်ကြချေ။

ဒါက ထပ်ကာထပ်ကာပြန်ပြနေတဲ့ရုပ်ရှင်နဲ့တူသည်။ ပြန်ပြတဲ့အကြိမ်တိုင်းမှာ မတူညီတဲ့အကြောင်းအရာတွေပါဝင်နေပေမယ့်လို့ပေါ့။

သူမတို့တာဝန်က ဒီအဆုံးမရှိတဲ့သေဆုံးခြင်းသံသရာစက်ဝန်းကြီးကိုအဆုံးသတ်ဖို့ပင်။

ဘယ်သူက လူသတ်သမားဖြစ်နိုင်လဲဆိုတာကို စိတ်ထဲသိချင်နေမိရင်း နဉ်ရှု နှာရှုပ်လိုက်သည်။ ပထမဆုံးသံသယရှိသူက ရိုးရာပန်းချီကလပ်ရဲ့ခေါင်းဆောင်ပဲ။ ဘယ်သူက ကုန်ကြမ်းစုဆောင်းဖို့ အကုန်လုံးနှင်းတွေဖုံးပြီးအေးခဲနေတဲ့ရာသီဥတုဖြစ်နေတဲ့ဒီလိုနေ့ကြီးကိုရွေးမှာတုန်း? ပြီးတော့ သူက ဒီလိုခေါင်တဲ့နေရာကိုတောင်ရွေးလိုက်သေး။

နဉ်ရှုတွေးနေတုန်းမှာပဲ သူမဘေးမှာအိပ်နေတဲ့မိန်းကလေးတစ်ယောက်က သူမကိုတီးတိုးမေးလာသည်။

"နင်က တာဝန်ထမ်းဆောင်သူလား?"

"အင်း။"

နဉ်ရှုက အလျင်စလိုပြန်ဖြေသည်။

"696။"

မိန်ကျီချင်းကပြောသည်။

"2333။"

မိန်ကျီချင်းက နဉ်ရှုကိုပြုံးပြလာသည်။

"ငါတို့နှစ်ယောက်က တကယ်ရေစက်ရှိတာပဲ။"

"နင် ဇာတ်ကြောင်းလက်ခံပြီးပြီလား? ဒီတာဝန်မပြီးရင် ငါတို့ ဒီသံသရာကြီးထဲမှာပဲထာဝရပိတ်မိနေကြတော့မှာလား?"

နဉ်ရှုက မိန်ကျီချင်းကိုမေးသည်။

"အင်း၊ အဲ့လိုဖြစ်ဖို့များတယ်။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now