Unicode
၁၆၉၃။ တစ်ယောက်ယောက် ရှင်းလိုက်တာဖြစ်ရမယ်
____________________အသတ်ခံလိုက်ရတဲ့သူတွေက သတိလစ်နေတုန်းအစတ်ခံလိုက်ရတာဖြစ်မယ်လို့ နဉ်ရှု သံသယဝင်နေသည်။ တစ်ခန်းတည်းရှိနေကြတဲ့လူတွေက ဘာကိုမှသတိမထားမိကြတာမို့ ဒီအခန်းထဲရှိနေကြတဲ့လူအကုန်လုံး ကုလားသေကုလားမောအိပ်ပျော်နေကြတာဖြစ်လောက်တယ်။
နဉ်ရှုက အနံ့ခံကြည့်ပေမယ့် အိမ်ထဲမှာ ဘာနံ့မှမရပေ။ သူမ နေရာအနှံ့ကိုစစ်ဆေးကြည့်လိုက်ပြီးနောက် တံခါးနောက်ကနံရံအခြေမှာရှိနေတဲ့ ပြာပုံနုနုကိုတွေ့လိုက်ရတော့သည်။ ပြာပုံတွေက ဟိုနားတစ်ပုံဒီနားတစ်ပုံရှိနေသည်။
အိမ်ထဲမှာ တစ်ယောက်ယောက် နံ့သာတိုင်ထွန်းခဲ့တာပဲ။
နဉ်ရှုက ပြာနည်းနည်းကို လက်ထိပ်နဲ့တို့ကာအနံ့ခံကြည့်သည်။ ဘာနံ့မှမရပေ။
အန်ကယ်ရောက်လာကာ နဉ်ရှုဘေးမှာဒူးထောက်ထိုင်ချလိုက်ပြီး ပြာတွေကိုကြည့်သည်။
"ရနံ့မဲ့နံ့သာ။"
အန်ကယ်က တည့်တိုးပင်ဆိုသည်။
နဉ်ရှု နည်းနည်းအံ့ဩသွားရသည်။ သူမ အဲ့နာမည်ကိုကြားဖူးပြီး အဲ့နံ့သာမှာ ဘာရနံ့မှမရှိတာကိုသိထားသည်။
အဲ့နံ့သာမှာ အားကောင်းလွန်းတဲ့စိတ်တည်ငြိမ်စေတဲ့အာနိသင်ရှိသည်။ ဒဏ္ဍာရီထဲကသမားတော်ဟွားထော်က အဆိပ်တွေဖယ်ရှားဖို့ကွမ်းယွီရဲ့အရိုးတွေကိုခြစ်ထုတ်တဲ့အခါ ရနံ့မဲ့နံ့သာတိုင်တစ်တိုင်ထွန်းထားတာမို့ ကွမ်းယွီတစ်ယောက် ဘာနာကျင်မှုမှမခံစားခဲ့ရပေ။ သူ့အရိုးတွေခြစ်ထုတ်ခံနေရချိန်မှာ ကွမ်းယွီကား အရက်သောက်လိုက်၊ စားလိုက်၊ ရယ်လိုက်၊ ကျားကစားလိုက်ဖြင့်သာရှိနေသည်။
ထိုနည်းတူစွာပင် အသတ်ခံရသူတွေကလည်း သတိလစ်နေပြီး အခန်းထဲမှာရှိနေတဲ့လူတွေကလည်း ကုလားသေကုလားမောအိပ်ပျော်နေကြသည်။
နဉ်ရှုက ကုတင်ထောင့်စွန်းမှာကပ်နေကြတဲ့မိန်းကလေးနှစ်ယောက်ဆီလျှောက်သွားသည်။ သူမက လက်ဆန့်ကာ မိန်းကလေးတွေရဲ့လက်မောင်းကိုဆိတ်လိုက်ပေမယ့် သူမတို့က နာကျင်သွားကြပုံမပေါ်ပေ။
![](https://img.wattpad.com/cover/289935066-288-k546487.jpg)
ESTÁS LEYENDO
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Misterio / SuspensoName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...