Chapter - 8

1.9K 287 17
                                        

Unicode

၁၆၈၂။ သူမရဲ့IQကအရမ်းများနိမ့်‌နေတာလား?
_______________________

ကလေးမရဲ့မိဘတွေနဲ့ပတ်သက်ပြီး ဘာသတင်းမှရောက်မလာတော့ဘူး။ သူတို့ အသက်ရှင်နေလား၊ သေပြီလားဆိုတာမသိရ‌ဘူး။

အဖွားအိုရဲ့ယောက်ျားကတော့ ဟိုးအရင်တည်းကသေသွားပြီ။

ဒါကြောင့် ဒီမြေးအဖွားက အချင်းချင်းပဲအားထားနေရတော့တယ်။

ဖုန့်ကျွင်းယန် ဒီအိမ်ကိုရွေးရတာက ဒီအိမ်က ဒီပတ်ဝန်းကျင်မှာရှိတဲ့တစ်ခုတည်းသောနှစ်ထပ်အိမ်ဖြစ်လို့ပဲ။ အိမ်က ကလပ်အဖွဲ့ဝင်သုံးဆယ့်နှစ်ယောက်နေနိုင်လောက်တဲ့အထိ ကြီးတယ်။

ဒီအိမ်က နှစ်ထပ်အိမ်ဆိုပေမယ့် ပျက်စီးနေပြီ။

"အလောင်းကိုလွှင့်လိုက်တော့။"

အန်ကယ်က တည့်တိုးပင်ဆိုသည်။

နဉ်ရှုမှာ အတွင်းအင်္ဂါတွေအကုန်ပေါ်နေတဲ့အဘောင်းကို မကြည့်နိုင်တော့ပါချေ။ အလောင်းကိုဆွဲဖို့သူမလက်လှမ်းလိုက်ချိန်မှာ မိန်ကျီချင်းကဆိုသည်။

"ငါ နင့်ကိုကူမယ်။"

သူမတို့က နှင်းထုကြီးထဲခြေချလိုက်ပြီး အလောင်းကို ခြံတံတိုင်းဆီသယ်သွားသည်။

နဉ်ရှုက အလောင်းရဲ့ဗိုက်ပေါက်ကြီးထဲ နှင်းတွေထိုးထည့်လိုက်ပြီး အလောင်းပုပ်သိုးသွားမယ့်အချိန်ကိုလျှော့ချဖို့ အလောင်းကို နှင်းတွေနဲ့ဖုံးလိုက်သည်။

မိန်ကျီချင်းက အလောင်းကိုနှင်းတွေနဲ့ဖုံးဖို့ကူညီပေးရင်း နဉ်ရှုကိုမေးသည်။

"နောက်တစ်ယောက်က ဘယ်သူဖြစ်မယ်လို့ နင်ထင်လဲ?"

"ဘယ်သူသိမှာလဲ?"

တရားခံက ဘာကြောင့် လူသတ်မှုတွေကျူးလွန်နေတယ်ဆိုတာနဲ့ ဘာနည်းလမ်းတွေကိုသုံးနေတယ်ဆိုတာကို သူမ လုံးဝမသိဘူး။

လူသတ်ရတဲ့ရည်ရွယ်ချက်ကိုမသိရဘူး၊ လူသတ်တဲ့နည်းလမ်းကိုမသိရဘူး၊ ပြီးတော့ အကုန်လုံးက သံသယတရားခံတွေ။

နဉ်ရှုက သူမလက်‌မှာပေနေတဲ့သွေးတွေကို နှင်းနဲ့သုတ်လိုက်ပြီး မိန်ကျီချင်းကိုရုတ်တရက်ထမေးသည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now