Unicode
၁၇၁၄။ နင်တို့ ရှောင်လန့်ကိုသတ်လိုက်တာ!
"ငါ မင်းနဲ့လိုက်ခဲ့မယ်။"
နဉ်ရှု ခိုးကြောင်ခိုးဝှက်လုပ်နေတာကို သတိထားမိသွားတဲ့၇၉၅က ချက်ချင်းပင်ဆို၏။
နဉ်ရှုကခေါင်းငြိမ့်သည်။ သူမက ဧည့်ခန်းထဲဝင်သွားလိုက်ပြီးနောက် အဖွားအိုရဲ့အခန်းထဲဝင်သည်။ အခန်းက မှောင်မည်းကာ စိုထိုင်းနေပြီး အောက်သိုးသိုးအနံ့ထွက်နေသည်။ အခန်းနံရံမှာ ခန်းဆီးစတွေကိုဆွဲဖွင့်ထားခြင်းမရှိတဲ့ ပြတင်းပေါက်လေးတစ်ခုရှိသည်။
နဉ်ရှုက ခန်းဆီးစတွေကိုဆွဲဖွင့်လိုက်တဲ့အခါ အခန်းထဲကို အလင်းရောင်ဝင်လာပြီး အထဲကအနေအထားကို ရှင်းရှင်းလင်းလင်းမြင်သွားရစေသည်။
"လျို့ဝှက်လမ်းခလုတ်တွေများရှိမလားလို့ မြန်မြန်လေးကြည့်။"
နဉ်ရှုက ၇၉၅ကိုလှမ်းပြောသည်။ သူမကိုယ်တိုင်ကလည်း အဝတ်ဗီရိုနဲ့ နံရံမှာချိတ်ထားတဲ့ပန်းချီဟောင်းတွေဘေးမှာရှာသည်။
"သူတို့ ခြံရှေ့ရောက်လာပြီ။ ငါတို့ သွားသင့်ပြီ။"
၇၉၅ကပြောသည်။
နဉ်ရှုလည်း ခြေသံတွေကြားလိုက်သည်။ သူမက အခန်းအပြင်ထွက်ကာ တံခါးပြန်ပိတ်လိုက်၏။
အဖွားအိုရဲ့မှုန်ရီရီမျက်နလုံးတွေက မျက်ရည်တွေစီးကျနေကာ သူမကအော်သည်။
"ငါ့အိမ်ကနေ အခုချက်ချင်းထွက်သွားကြ။ နင်တို့ ရှောင်လန့်ကိုသတ်လိုက်တာ! ရှောင်လန်က မျက်စိမမြင်တဲ့ကလေးပဲလေ။ ဘာလို့ သူ့ကို ဒီလိုလုပ်ရတာလဲ? ငါ့အိမ်ကထွက်သွားကြ! ထွက်သွား..."
ကျန်းကျားစန်က နှာမှုတ်ကာဆိုသည်။
"အချိန်တန်ရင် ကျုပ်တို့သွားမှာပါ။ အခုတော့ သွားလို့မရသေးဘူး။"
"အရှက်မရှိလိုက်ကြတာ။"
အဖွားအိုကား ဒေါသတို့ဖြင့်တုန်ရီနေရှာသည်။
"အခု မင်းတို့က အိမ်ကိုသိမ်းဖို့ကြိုးစားနေကြပြီလား? ဒါ ငါ့အိမ်နော်!"
ကျန်းကျားစန်က အဖွားအိုဘေးနားလျှောက်သွားသည်။ သူက သူမရဲ့အင်္ကျီကော်လာကို ရုတ်ချည်းဆွဲလှန်လိုက်ကာ သူမလည်ပင်းမှာဆွဲထားတဲ့အနက်ရောင်ကြိုးကိုတွေ့သွားသည်။ သူက ဆွဲပြားကို ဆွဲဖြုတ်လိုက်၏။
![](https://img.wattpad.com/cover/289935066-288-k546487.jpg)
VOUS LISEZ
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Mystère / ThrillerName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...